Match Report Premier League UCL&UEL

အိမ်ကွင်းမှာ ဒုတိယပိုင်း Come Back Win နဲ့ ကွန်ဖရင့်လိဂ်ကို အဖွင့်လှတဲ့ ဝက်စ်ဟမ်း

ဝက်စ်ဟမ်းအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အာရီယိုးလား၊ ခံစစ်မှာ အော့ဘွန်နာ၊ ခယ်ရာ၊ ဆိုဖာလ်၊ အီမာဆန်တို့နဲ့ ပွဲထွက်လာခဲ့ကြပြီး ကွင်းလယ်မှာတော့ ဖလင်း ဒေါင်းစ်၊ ဒက်ကလန် ရိုက်စ်နဲ့ လန်ဇီနီတို့ ကစားခဲ့ကြသလို တိုက်စစ်မှာတော့ ကော်နေး၊ စကာမက်ကာနဲ့ ဘင်ရာမာတို့ကို အသုံးပြုခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ရိုမေးနီးယားကလပ် စတူအာ ဘူခါရက်စ်တို့ကတော့ ဂိုးသမား တာနိုဗာနူး၊ ခံစစ်မှာ ဒါဝါ၊ တမ်း၊ ခရီတူနဲ့ ရာဒူနိုဗစ်ချ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ အိုအိုင်ဒါ၊ အိုလာရူနဲ့ အက်ဒ်ဂျူးမားတို့ကို ခင်းကျင်းလာခဲ့ကြပြီး တိုက်စစ်မှာတော့ ကော်ဒီးယား၊ ကိုမန်နဲ့ ကွမ်ပါညိုတို့ကို ပွဲထွက်စေခဲ့တာပါ။

ဝက်စ်ဟမ်းတို့ထက်တောင် အရပ်ရှည်သူတွေ များနေခဲ့တဲ့ စတူအာတို့ အမြင့်ဘောတွေနဲ့ ခြိမ်းခြောက်နေခဲ့သလို တည်ကန်ဘောတွေကနေလည်း ဂိုးရဖို့ ကြိုးစားနေခဲ့ပြီး အိမ်ရှင်ခံစစ်က ရုန်းကန်နေခဲ့ရသလို အထနှေးနေခဲ့တဲ့ ဒေးဗစ်မွိုက်စ်ရဲ့ လူတွေကြောင့် ရိုမေးနီးယားသားတွေ အခွင့်အရေး ရခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၃၄ မိနစ်မှာတော့ စတူအာတို့ အဖွင့်ဂိုး စတင်သွင်းယူသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ပွဲချိန် ၃၄ မိနစ်မှာ ဘယ်ခြမ်းကနေ ထိုးဖောက်လာခဲ့ပြီး ကိုမန်ချပေးတဲ့ ဘောလုံးကို အိုလာရူက အနိမ့်ဘော ဖြတ်ပို့ခဲ့ရာမှာ အန္တရာယ်ကို မမြင်တဲ့ အီမာဆန် ရှင်းထုတ်နိုင်ခြင်းမရှိတာကြောင့် အဝေးတိုင်ဘက်မှာ လွတ်နေတဲ့ ကော်ဒီးယားက ပိတ်သွင်းယူသွားခဲ့တာပါ။

ပထမပိုင်းမှာတော့ ဝက်စ်ဟမ်းတို့ ချေပဂိုးရဖို့ ကြိုးစားမှုတွေက တိုက်စစ်က စကာမက်ကာနဲ့ အဖွဲ့ရဲ့ လွဲချော်မှုတွေကြောင့် အရာမထင်ဘဲ ဖြစ်နေခဲ့သလို တစ်ဂိုး-ဂိုးမရှိနဲ့ စတူအာတို့ပဲ ဦးဆောင်နိုင်ခဲ့ကြပြီး ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာတော့ စကာမက်ကာ၊ လန်ဇီနီနဲ့ ဘင်ရာမာတို့အစား အန်တိုနီယို၊ ပါကေးတာနဲ့ ဘိုဝင်တို့ကို နည်းပြ ဒေးဗစ်မွိုက်စ်က ထည့်သွင်းလာခဲ့ပါတယ်။

ဒုတိယပိုင်း ပွဲချိန် ၆၉ မိနစ်မှာတော့ ဝက်စ်ဟမ်းတို့ ချေပဂိုး ပြန်လည်ရှာဖွေနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကော်နေးကို ဘောလုံးမပါဘဲ ဝင်တိုက်မိတဲ့ ဂိုးသမား တာနိုဗာနူးကြောင့် ရတဲ့ ပင်နယ်တီကို ဘိုဝင်က ဂိုးပိုက်ခေါင်မိုးကို အပြင်းကန်သွင်းပြီး ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့လို့ တစ်ဂိုးစီသရေဖြစ်နေခဲ့တာပါ။

ဒီနောက်မှာတော့ ဝက်စ်ဟမ်းတို့ ကစားရှိန် ပိုမြှင့်လာခဲ့ကြပြီး ပွဲချိန် ၇၄ မိနစ်မှာတော့ ဦးဆောင်ဂိုး ပြန်လည်ရှာဖွေနိုင်ခဲ့ကြသလို စတူအာခံစစ်က ရှင်းထုတ်ပုံ အမှားကနေ ပြေးဝင်ရယူခဲ့တဲ့ အန်တိုနီယိုရဲ့ ခြေထဲက လျှံထွက်လာတဲ့ ဘောလုံးကို ဘယ်နောက်ခံလူ အီမာဆန်က ပြေးကန်ပြီး နှစ်ဂိုး-တစ်ဂိုး ဖြစ်နေခဲ့ပါတယ်။

ပွဲချိန်မိနစ် ၉၀ မှာတော့ ဝက်စ်ဟမ်းတို့ အနိုင်ပြတ်သားစေမယ့် တတိယဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဖော်နယ်လ်စ် နောက်ပေါက်နဲ့ ချပေးတဲ့ ဘောလုံးကို အန်တိုနီယိုက ကပ်ထားတဲ့ နောက်ခံလူကို လှည့်ထွက်ပြေးပြီးမှ ဘယ်ခြေနဲ့ ကန်သွင်းခဲ့ရာမှာ ဂိုးသမားလက်နဲ့ထိပြီး ဝင်သွားခဲ့လို့ အိမ်ရှင်တွေ မော်ကြွားနိုင်ခဲ့ကြတာပါ။

ပွဲချိန်အပြည့်မှာတော့ ဝက်စ်ဟမ်းတို့ အိမ်ကွင်းမှာ စတူအာ ဘူခါရက်စ်တို့ကို နောက်က လိုက်ကစားပြီး ရုန်းပြနိုင်ခဲ့တဲ့ သုံးဂိုး-တစ်ဂိုးနိုင်ပွဲနဲ့ အောင်ပွဲခံနိုင်ခဲ့သလို ဒီရာသီမှာ ရလဒ်တွေ သိပ်မကောင်းသေးတဲ့ အရှေ့လန်ဒန်က ဟမ်းမားတွေအနေနဲ့ ကွန်ဖရင့်လိဂ်ကတော့ သူတို့တွေရဲ့ ယုံကြည်မှု တည်ဆောက်ရာဒေသဖြစ်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT OWNERS
SPORTS A2Z.

ZAWGYI:

ဝက္စ္ဟမ္းအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား အာရီယိုးလား၊ ခံစစ္မွာ ေအာ့ဘြန္နာ၊ ခယ္ရာ၊ ဆိုဖာလ္၊ အီမာဆန္တို႔နဲ႔ ပြဲထြက္လာခဲ့ၾကၿပီး ကြင္းလယ္မွာေတာ့ ဖလင္း ေဒါင္းစ္၊ ဒက္ကလန္ ႐ိုက္စ္နဲ႔ လန္ဇီနီတို႔ ကစားခဲ့ၾကသလို တိုက္စစ္မွာေတာ့ ေကာ္ေနး၊ စကာမက္ကာနဲ႔ ဘင္ရာမာတို႔ကို အသုံးျပဳခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ ႐ိုေမးနီးယားကလပ္ စတူအာ ဘူခါရက္စ္တို႔ကေတာ့ ဂိုးသမား တာႏိုဗာႏူး၊ ခံစစ္မွာ ဒါဝါ၊ တမ္း၊ ခရီတူနဲ႔ ရာဒူႏိုဗစ္ခ်္တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ အိုအိုင္ဒါ၊ အိုလာ႐ူနဲ႔ အက္ဒ္ဂ်ဴးမားတို႔ကို ခင္းက်င္းလာခဲ့ၾကၿပီး တိုက္စစ္မွာေတာ့ ေကာ္ဒီးယား၊ ကိုမန္နဲ႔ ကြမ္ပါညိဳတို႔ကို ပြဲထြက္ေစခဲ့တာပါ။

ဝက္စ္ဟမ္းတို႔ထက္ေတာင္ အရပ္ရွည္သူေတြ မ်ားေနခဲ့တဲ့ စတူအာတို႔ အျမင့္ေဘာေတြနဲ႔ ၿခိမ္းေျခာက္ေနခဲ့သလို တည္ကန္ေဘာေတြကေနလည္း ဂိုးရဖို႔ ႀကိဳးစားေနခဲ့ၿပီး အိမ္ရွင္ခံစစ္က ႐ုန္းကန္ေနခဲ့ရသလို အထေႏွးေနခဲ့တဲ့ ေဒးဗစ္မြိဳက္စ္ရဲ႕ လူေတြေၾကာင့္ ႐ိုေမးနီးယားသားေတြ အခြင့္အေရး ရခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၃၄ မိနစ္မွာေတာ့ စတူအာတို႔ အဖြင့္ဂိုး စတင္သြင္းယူသြားခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ပြဲခ်ိန္ ၃၄ မိနစ္မွာ ဘယ္ျခမ္းကေန ထိုးေဖာက္လာခဲ့ၿပီး ကိုမန္ခ်ေပးတဲ့ ေဘာလုံးကို အိုလာ႐ူက အနိမ့္ေဘာ ျဖတ္ပို႔ခဲ့ရာမွာ အႏၲရာယ္ကို မျမင္တဲ့ အီမာဆန္ ရွင္းထုတ္ႏိုင္ျခင္းမရွိတာေၾကာင့္ အေဝးတိုင္ဘက္မွာ လြတ္ေနတဲ့ ေကာ္ဒီးယားက ပိတ္သြင္းယူသြားခဲ့တာပါ။

ပထမပိုင္းမွာေတာ့ ဝက္စ္ဟမ္းတို႔ ေခ်ပဂိုးရဖို႔ ႀကိဳးစားမႈေတြက တိုက္စစ္က စကာမက္ကာနဲ႔ အဖြဲ႕ရဲ႕ လြဲေခ်ာ္မႈေတြေၾကာင့္ အရာမထင္ဘဲ ျဖစ္ေနခဲ့သလို တစ္ဂိုး-ဂိုးမရွိနဲ႔ စတူအာတို႔ပဲ ဦးေဆာင္ႏိုင္ခဲ့ၾကၿပီး ဒုတိယပိုင္း ျပန္လည္စတင္ခ်ိန္မွာေတာ့ စကာမက္ကာ၊ လန္ဇီနီနဲ႔ ဘင္ရာမာတို႔အစား အန္တိုနီယို၊ ပါေကးတာနဲ႔ ဘိုဝင္တို႔ကို နည္းျပ ေဒးဗစ္မြိဳက္စ္က ထည့္သြင္းလာခဲ့ပါတယ္။

ဒုတိယပိုင္း ပြဲခ်ိန္ ၆၉ မိနစ္မွာေတာ့ ဝက္စ္ဟမ္းတို႔ ေခ်ပဂိုး ျပန္လည္ရွာေဖြႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ေကာ္ေနးကို ေဘာလုံးမပါဘဲ ဝင္တိုက္မိတဲ့ ဂိုးသမား တာႏိုဗာႏူးေၾကာင့္ ရတဲ့ ပင္နယ္တီကို ဘိုဝင္က ဂိုးပိုက္ေခါင္မိုးကို အျပင္းကန္သြင္းၿပီး ဂိုးအျဖစ္ ေျပာင္းလဲႏိုင္ခဲ့လို႔ တစ္ဂိုးစီသေရျဖစ္ေနခဲ့တာပါ။

ဒီေနာက္မွာေတာ့ ဝက္စ္ဟမ္းတို႔ ကစားရွိန္ ပိုျမႇင့္လာခဲ့ၾကၿပီး ပြဲခ်ိန္ ၇၄ မိနစ္မွာေတာ့ ဦးေဆာင္ဂိုး ျပန္လည္ရွာေဖြႏိုင္ခဲ့ၾကသလို စတူအာခံစစ္က ရွင္းထုတ္ပုံ အမွားကေန ေျပးဝင္ရယူခဲ့တဲ့ အန္တိုနီယိုရဲ႕ ေျခထဲက လွ်ံထြက္လာတဲ့ ေဘာလုံးကို ဘယ္ေနာက္ခံလူ အီမာဆန္က ေျပးကန္ၿပီး ႏွစ္ဂိုး-တစ္ဂိုး ျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္မိနစ္ ၉၀ မွာေတာ့ ဝက္စ္ဟမ္းတို႔ အႏိုင္ျပတ္သားေစမယ့္ တတိယဂိုးကို ထပ္မံသြင္းယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန ေဖာ္နယ္လ္စ္ ေနာက္ေပါက္နဲ႔ ခ်ေပးတဲ့ ေဘာလုံးကို အန္တိုနီယိုက ကပ္ထားတဲ့ ေနာက္ခံလူကို လွည့္ထြက္ေျပးၿပီးမွ ဘယ္ေျခနဲ႔ ကန္သြင္းခဲ့ရာမွာ ဂိုးသမားလက္နဲ႔ထိၿပီး ဝင္သြားခဲ့လို႔ အိမ္ရွင္ေတြ ေမာ္ႂကြားႏိုင္ခဲ့ၾကတာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ ဝက္စ္ဟမ္းတို႔ အိမ္ကြင္းမွာ စတူအာ ဘူခါရက္စ္တို႔ကို ေနာက္က လိုက္ကစားၿပီး ႐ုန္းျပႏိုင္ခဲ့တဲ့ သုံးဂိုး-တစ္ဂိုးႏိုင္ပြဲနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့သလို ဒီရာသီမွာ ရလဒ္ေတြ သိပ္မေကာင္းေသးတဲ့ အေရွ႕လန္ဒန္က ဟမ္းမားေတြအေနနဲ႔ ကြန္ဖရင့္လိဂ္ကေတာ့ သူတို႔ေတြရဲ႕ ယုံၾကည္မႈ တည္ေဆာက္ရာေဒသျဖစ္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT OWNERS
SPORTS A2Z.