Premier League

၁၄.၂.၂၀၂၀ အတြက္ ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းႏွင့္ ဆက္စပ္သတင္းမ်ား စုစည္းမွဳ

တစ္ေန႔တာအတြင္း ရရွိထားခဲ့တဲ့ ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းနဲ႔ ပတ္သက္တဲ့ ဆက္စပ္သတင္းေတြကို တစ္စုတစ္စည္းတည္း ဖတ္ရွဳႏုိင္ဖို႔အတြက္ တစ္ေနရာတည္းမွာ ေဖာ္ျပေပးလုိက္ပါတယ္။

– မိမိအေနနဲ႔ အုိင္းယက္စ္ေတာင္ပံကစားသမား ဟာကင္မ္ ဇီယက္ခ်္ကို ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းဆီကို ေျပာင္းေရႊ႕ေစဖို႔ ဆႏၵရွိခဲ့တာျဖစ္ေၾကာင္း ကစားသမားေဟာင္း ရာေဖးလ္ ဗန္ဒါဗတ္က စိတ္ပ်က္စြာေျပာၾကား။

– လာမယ့္ေႏြရာသီမွာ အဂၤလန္ကြင္းလယ္လူ အဲရစ္ ဒိုင္ယာအေနနဲ႔ စာခ်ဳပ္သစ္မခ်ဳပ္ဘူးဆုိရင္ ေရာင္းခ်သြားဖို႔ စပါးစ္အသင္း တာဝန္ရွိသူေတြ စီစဥ္ထား။ ဒီကစားသမားဟာ အသင္းအတြက္ ခံစစ္ဗဟိုနဲ႔ ကြင္းလယ္အဖ်က္ကစားႏိုင္ၿပီး အသုံးဝင္ေပမယ့္ မူဝါဒအတုိင္းပဲ က်င့္သုံးသြားဖို႔ ရွိေန။

– အသင္းနဲ႔ စာခ်ဳပ္သက္တမ္းမတုိးျဖစ္ေသးတဲ့ ကြင္းလယ္အဖ်က္ကစားသမား အဲရစ္ ဒိုင္ယာက မိမိကစားခ်င္တဲ့ေနရာဟာ ကြင္းလယ္ မဟုတ္ဘဲ ခံစစ္ဗဟိုမွာ ျဖစ္တယ္လို႔ နည္းျပ ေမာ္ရင္ဟိုကို ေျပာလုိက္ၿပီး ဒီေနရာမွာ ပုိမိုအသုံးျပဳသြားမယ္လို႔ ေမွ်ာ္လင့္တယ္လုိ႔ဆုိ။

– ပိုခ်က္တီႏိုလက္ထက္ကတည္းက အရန္ခုံမွာပဲ ထိုင္ခဲ့ရတာမ်ားေနခဲ့တဲ့ ကြင္းလယ္လူ ဗစ္တာ ဝမ္ယာမာနဲ႔ ေနာက္ခံလူ ဟြမ္ ဖြဳိက္သ္တို႔ကို လာမယ့္ေႏြရာသီအေျပာင္းအေရႊ႕ကာလမွ ေရာင္းခ်ၿပီး သူတို႔ဆီက ေပါင္ ၂၅ သန္းေလာက္ရမယ္လို႔ စပါးစ္ေမွ်ာ္လင့္။

– တန္းဆင္းဇုန္အႏၲရာယ္နဲ႔ ရင္ဆုိင္ေနရတဲ့ ေနာ့ဝစ္ခ်္စီးတီးကို စပါးစ္ေစာင့္ၾကည့္ေနၿပီး သူတုိ႔ရဲ႕ ကစားသမားႏွစ္ဦးျဖစ္တဲ့ မက္စ္ ေအရြန္စ္နဲ႔ ဘန္ ေဂါ့ဖရီတို႔အတြက္ လာမယ့္ေႏြရာသီမွာ ႏွစ္ဦးေပါင္း ေပါင္သန္း ၈၀ ေလာက္ အသုံးျပဳသြားဖို႔ ရွိေန။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: တစ်နေ့တာအတွင်း ရရှိထားခဲ့တဲ့ တော့တင်ဟမ်ဟော့စပါးစ်အသင်းနဲ့ ပတ်သက်တဲ့ ဆက်စပ်သတင်းတွေကို တစ်စုတစ်စည်းတည်း ဖတ်ရှုနိုင်ဖို့အတွက် တစ်နေရာတည်းမှာ ဖော်ပြပေးလိုက်ပါတယ်။

– မိမိအနေနဲ့ အိုင်းယက်စ်တောင်ပံကစားသမား ဟာကင်မ် ဇီယက်ချ်ကို တော့တင်ဟမ်ဟော့စပါးစ်အသင်းဆီကို ပြောင်းရွှေ့စေဖို့ ဆန္ဒရှိခဲ့တာဖြစ်ကြောင်း ကစားသမားဟောင်း ရာဖေးလ် ဗန်ဒါဗတ်က စိတ်ပျက်စွာပြောကြား။

– လာမယ့်နွေရာသီမှာ အင်္ဂလန်ကွင်းလယ်လူ အဲရစ် ဒိုင်ယာအနေနဲ့ စာချုပ်သစ်မချုပ်ဘူးဆိုရင် ရောင်းချသွားဖို့ စပါးစ်အသင်း တာဝန်ရှိသူတွေ စီစဉ်ထား။ ဒီကစားသမားဟာ အသင်းအတွက် ခံစစ်ဗဟိုနဲ့ ကွင်းလယ်အဖျက်ကစားနိုင်ပြီး အသုံးဝင်ပေမယ့် မူဝါဒအတိုင်းပဲ ကျင့်သုံးသွားဖို့ ရှိနေ။

– အသင်းနဲ့ စာချုပ်သက်တမ်းမတိုးဖြစ်သေးတဲ့ ကွင်းလယ်အဖျက်ကစားသမား အဲရစ် ဒိုင်ယာက မိမိကစားချင်တဲ့နေရာဟာ ကွင်းလယ် မဟုတ်ဘဲ ခံစစ်ဗဟိုမှာ ဖြစ်တယ်လို့ နည်းပြ မော်ရင်ဟိုကို ပြောလိုက်ပြီး ဒီနေရာမှာ ပိုမိုအသုံးပြုသွားမယ်လို့ မျှော်လင့်တယ်လို့ဆို။

– ပိုချက်တီနိုလက်ထက်ကတည်းက အရန်ခုံမှာပဲ ထိုင်ခဲ့ရတာများနေခဲ့တဲ့ ကွင်းလယ်လူ ဗစ်တာ ဝမ်ယာမာနဲ့ နောက်ခံလူ ဟွမ် ဖွိုက်သ်တို့ကို လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှ ရောင်းချပြီး သူတို့ဆီက ပေါင် ၂၅ သန်းလောက်ရမယ်လို့ စပါးစ်မျှော်လင့်။

– တန်းဆင်းဇုန်အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ နော့ဝစ်ချ်စီးတီးကို စပါးစ်စောင့်ကြည့်နေပြီး သူတို့ရဲ့ ကစားသမားနှစ်ဦးဖြစ်တဲ့ မက်စ် အေရွန်စ်နဲ့ ဘန် ဂေါ့ဖရီတို့အတွက် လာမယ့်နွေရာသီမှာ နှစ်ဦးပေါင်း ပေါင်သန်း ၈၀ လောက် အသုံးပြုသွားဖို့ ရှိနေ။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.