Premier League

ဒီရာသီမှာ လီဗာပူးလ်အားကိုးရမယ့် အသင်းဖော်နာမည်ကို ပြောပြလိုက်တဲ့ ဖာမီနို

လီဗာပူးလ်ကြယ်ပွင့်တိုက်စစ်မှူး ရောဘတ်တို ဖာမီနိုက ယခုရာသီမှာ ဒါဝင် နူးညက်ဇ်က လီဗာပူးလ်အတွက် ဘယ်လောက်အထိ အရေးပါမယ်လို့ ယုံကြည်ထားလဲဆိုတာကို ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

နူးညက်ဇ်ဟာ ယခုနွေရာသီမှာ ဘိုင်ယန်မြူးနစ်ကို ထွက်ခွာသွားတဲ့ ဆာဒီယို မာနေးရဲ့နေရာမှာ အစားထိုးခေါ်ယူမှုအဖြစ် ပေါင် ၈၅ သန်းအထိ မြင့်တက်နိုင်တဲ့ ပြောင်းရွှေ့ကြေးနဲ့ ဘင်ဖီကာကနေ ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။

၂၀၂၂-၂၀၂၃ ပရီးမီးယားလိဂ်ရာသီမစခင် ကွန်မြူနတီဒိုင်းလုပွဲအဖြစ် မန်စီးတီးနဲ့ ကစားခဲ့တဲ့ပွဲမှာ ပွဲဦးထွက်သွင်းဂိုး သွင်းယူနိုင်ခဲ့ပြီး ဖူလ်ဟမ်နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ အန်ဒါဆန်ကို ခေါင်းနဲ့တိုက်ခဲ့လို့ အနီကတ်ပြထုတ်ပယ်ခံခဲ့ရပြီးနောက် ဥရုဂွေးတိုက်စစ်မှူးဟာ ပြစ်တင်ဝေဖန်မှုတွေခံခဲ့ရတာ ဖြစ်ပါတယ်။

အသက် ၂၃ နှစ်အရွယ်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ စနေနေ့က မာဆေးဆိုဒ်ဒါဘီပွဲစဉ်မှာ ၃ ပွဲပယ် ပြစ်ဒဏ်ပြည့်လို့ ပြန်လည်ပါဝင်ကစားပေးခဲ့ပေမယ့်လည်း ဂိုးမရှိ သရေကျခဲ့တာကြောင့် ပရိသတ်အများစုက ဥရုဂွေးကြယ်ပွင့်ရဲ့ စွမ်းဆောင်ရည်ကို ညည်းတွားခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဖာမီနိုက နူးညက်ဇ်ဟာ ယခုရာသီ ဆုဖလားတွေ ရရှိဖို့ ကြိုးပမ်းမယ့် လီဗာပူးလ်အသင်းမှာ မဏ္ဍိုင်တစ်ခုအဖြစ် ရှိနေဆဲဖြစ်တယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။

“ဒါဝင်က သူငယ်ချင်းကောင်းတစ်ယောက်ပါ။ သူက ကျွန်တော်တို့ကို အများကြီး အကူအညီပေးတယ်လို့ ထင်ပါတယ်။ နေရာတိုင်းမှာ ယှဉ်ပြိုင်မှုတွေ အမြဲတမ်းရှိနေတာ သိသာပါတယ်”

“ကျွန်တော်တို့က အသင်းအဖွဲ့ဖြစ်ပြီး လီဗာပူးလ်အတွက် အကောင်းဆုံးက ဘာဖြစ်မလဲ တွေးဆနေကြသူတွေပါ။ အနိုင် ၃ မှတ်ရယူပြီး အသင်းကို ကူညီဖို့ ကြိုးပမ်းနေသူတွေပါ။ နည်းပြရဲ့ ဆုံးဖြတ်ချက်အရ ပါဝင်ကစားရတဲ့အချိန်တိုင်း ကျွန်တော် အမြဲတမ်း အားလုံး ပေးဖို့ ကြိုးစားပါတယ်။ အဲဒီတော့ ကျွန်တော် ကစားဖို့ အခွင့်အရေးပိုရနိုင်တာပေါ့”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္ၾကယ္ပြင့္တိုက္စစ္မႉး ေရာဘတ္တို ဖာမီႏိုက ယခုရာသီမွာ ဒါဝင္ ႏူးညက္ဇ္က လီဗာပူးလ္အတြက္ ဘယ္ေလာက္အထိ အေရးပါမယ္လို႔ ယုံၾကည္ထားလဲဆိုတာကို ထုတ္ေဖာ္ ေျပာၾကားခဲ့ပါတယ္။

ႏူးညက္ဇ္ဟာ ယခုေႏြရာသီမွာ ဘိုင္ယန္ျမဴးနစ္ကို ထြက္ခြာသြားတဲ့ ဆာဒီယို မာေနးရဲ႕ေနရာမွာ အစားထိုးေခၚယူမႈအျဖစ္ ေပါင္ ၈၅ သန္းအထိ ျမင့္တက္ႏိုင္တဲ့ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ဘင္ဖီကာကေန ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ပါတယ္။

၂၀၂၂-၂၀၂၃ ပရီးမီးယားလိဂ္ရာသီမစခင္ ကြန္ျမဴနတီဒိုင္းလုပြဲအျဖစ္ မန္စီးတီးနဲ႔ ကစားခဲ့တဲ့ပြဲမွာ ပြဲဦးထြက္သြင္းဂိုး သြင္းယူႏိုင္ခဲ့ၿပီး ဖူလ္ဟမ္နဲ႔ ကစားခဲ့တဲ့ ပရီးမီးယားလိဂ္အဖြင့္ပြဲစဥ္မွာ အန္ဒါဆန္ကို ေခါင္းနဲ႔တိုက္ခဲ့လို႔ အနီကတ္ျပထုတ္ပယ္ခံခဲ့ရၿပီးေနာက္ ဥ႐ုေဂြးတိုက္စစ္မႉးဟာ ျပစ္တင္ေဝဖန္မႈေတြခံခဲ့ရတာ ျဖစ္ပါတယ္။

အသက္ ၂၃ ႏွစ္အ႐ြယ္တိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့ စေနေန႔က မာေဆးဆိုဒ္ဒါဘီပြဲစဥ္မွာ ၃ ပြဲပယ္ ျပစ္ဒဏ္ျပည့္လို႔ ျပန္လည္ပါဝင္ကစားေပးခဲ့ေပမယ့္လည္း ဂိုးမရွိ သေရက်ခဲ့တာေၾကာင့္ ပရိသတ္အမ်ားစုက ဥ႐ုေဂြးၾကယ္ပြင့္ရဲ႕ စြမ္းေဆာင္ရည္ကို ညည္းတြားခဲ့ၾကတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဖာမီႏိုက ႏူးညက္ဇ္ဟာ ယခုရာသီ ဆုဖလားေတြ ရရွိဖို႔ ႀကိဳးပမ္းမယ့္ လီဗာပူးလ္အသင္းမွာ မ႑ိဳင္တစ္ခုအျဖစ္ ရွိေနဆဲျဖစ္တယ္လို႔ ယုံၾကည္ေနတာ ျဖစ္ပါတယ္။

“ဒါဝင္က သူငယ္ခ်င္းေကာင္းတစ္ေယာက္ပါ။ သူက ကြၽန္ေတာ္တို႔ကို အမ်ားႀကီး အကူအညီေပးတယ္လို႔ ထင္ပါတယ္။ ေနရာတိုင္းမွာ ယွဥ္ၿပိဳင္မႈေတြ အၿမဲတမ္းရွိေနတာ သိသာပါတယ္”

“ကြၽန္ေတာ္တို႔က အသင္းအဖြဲ႕ျဖစ္ၿပီး လီဗာပူးလ္အတြက္ အေကာင္းဆုံးက ဘာျဖစ္မလဲ ေတြးဆေနၾကသူေတြပါ။ အႏိုင္ ၃ မွတ္ရယူၿပီး အသင္းကို ကူညီဖို႔ ႀကိဳးပမ္းေနသူေတြပါ။ နည္းျပရဲ႕ ဆုံးျဖတ္ခ်က္အရ ပါဝင္ကစားရတဲ့အခ်ိန္တိုင္း ကြၽန္ေတာ္ အၿမဲတမ္း အားလုံး ေပးဖို႔ ႀကိဳးစားပါတယ္။ အဲဒီေတာ့ ကြၽန္ေတာ္ ကစားဖို႔ အခြင့္အေရးပိုရႏိုင္တာေပါ့”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.