Premier League UCL&UEL

ဒိုင်နမို ဇာဂရက်နဲ့ပွဲမှာ ပျောက်နေတဲ့ ချဲလ်ဆီးကြယ်ပွင့်ကို ဝေဖန်လိုက်တဲ့ လူးဘတ်ဖ်

ချဲလ်ဆီးနောက်ခံကစားသမားဟောင်း ဖရန့်ခ် လူးဘတ်ဖ်က အင်္ဂါနေ့ညက ဒိုင်နမို ဇာဂရက်နဲ့ပွဲစဉ်မှာ ခြေစွမ်း မပြသနိုင်ခဲ့တဲ့ မေဆန် မောင့်ကို ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ အင်္ဂါနေ့ညက ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ပထမဆုံးပွဲစဉ်ကို ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပေမယ့်လည်း ဒိုင်နမို ဇာဂရက်ကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် မျှော်မျန်းထားသလို ဖြစ်မလာခဲ့တာဖြစ်ပါတယ်။ ဒိုင်နမို ဇာဂရက်အသင်းဟာ ပထမပိုင်း ၁၃ မိနစ်မှာပဲ အော်ရှစ်ချ်က သွင်းယူပေးသွားခဲ့ပြီး အဲဒီသွင်းဂိုးဟာ အိမ်ရှင်အသင်းအတွက် ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်ကို အနိုင်ရဖို့ လုံလောက်တဲ့ သွင်းဂိုးလည်း ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

ချဲလ်ဆီးဟာ အင်္ဂါနေ့ညပွဲစဉ်မှာ ဘောလုံးပိုင်ဆိုင်မှု အသာစီး ရယူထားနိုင်ခဲ့ပြီး ဂိုးပေါက် ၃ ကြိမ် ကန်သွင်းမှု ပြုလုပ်နိုင်ခဲ့ပေမယ့်လည်း ဂိုးပေါက် ရှာတွေ့ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။

သောမတ်စ် တူဟယ်ရဲ့အသင်းမှာ စိတ်ပျက်စရာ ခြေစွမ်းပြသခဲ့တဲ့ ကစားသမားတွေထဲမှာ မေဆန် မောင့်လည်း တစ်ဦးအပါအဝင်ဖြစ်ခဲ့ပြီး ကိုဗာချစ်နဲ့အတူ ကွင်းလယ်မှာ ပွဲထွက်လာခဲ့တဲ့ အင်္ဂလန်ကွင်းလယ်ကြယ်ပွင့်ဟာ ပွဲအပေါ်မှာ အကျိုးသက်ရောက်မှု ပြသနိုင်ဖို့အတွက် ရုန်းကန်ခဲ့ရတာ ဖြစ်ပါတယ်။

မေဆန် မောင့်ဟာ ပွဲအပြီးမှာ ချဲလ်ဆီးပရိသတ်တွေဆီကနေ ပစ်မှတ်ထား ဝေဖန်ပြစ်တင်မှုတွေ ခံခဲ့ရပြီး အချို့ဆိုရင် ယူ-၂၃ အသင်းကိုတောင် အဆင့်လျှော့ချဖို့ ပြောဆိုခဲ့ကြတာဖြစ်ပါတယ်။

ချဲလ်ဆီးနောက်ခံကစားသမားဟောင်းဖြစ်တဲ့ ပြင်သစ်ဂန္တဝင် ဖရန့်ခ် လူးဘတ်ဖ်ကလည်း အင်္ဂလန်ကွင်းလယ်ကြယ်ပွင့်ရဲ့ စိတ်ပျက်ဖွယ် စွမ်းဆောင်ရည်အတွက် ပြစ်တင်ဝေဖန်မှုတွေ ပြုလုပ်ခဲ့ပြီး အင်္ဂါနေ့ညက ဒိုင်နမို ဇာဂရက်နဲ့ပွဲမှာ ပျောက်ကွယ်နေခဲ့တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် မေဆန်အကြောင်း ပြောချင်တယ်။ ဘာလို့လဲဆိုတော့ သူက ချဲလ်ဆီးက ကောင်လေးတစ်ယောက်ဖြစ်နေတာကြောင့် ကျွန်တော်တို့ သူ့အကြောင်း ဘယ်တုန်းကမှ မပြောခဲ့ကြလို့ပါ။ ဒါပေမယ့် သူ ပျောက်နေခဲ့တယ်နော်။ ကျွန်တော် စိတ်မကောင်းပါဘူး။ မေဆန် ပျောက်ကွယ်နေခဲ့တယ်။ သူ ဘယ်ရောက်နေလဲဆိုတာ ကျွန်တော် သိချင်တယ်။ သူက ထူးခြားဆန်းကြယ်ပြီး အရမ်းကောင်းတဲ့ကစားသမားပါ။ ဒါပေမယ့်လည်း ဒီပွဲမှာ သူ့ရဲ့ ပါဝင်ပတ်သက်မှုက မလုံလောက်ခဲ့ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

မေဆန် မောင့်ဟာ ယခုရာသီ စတမ်းဖို့ဒ် ဘရစ်ချ်မှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရသူဖြစ်ပြီး ချဲလ်ဆီးအသင်း လက်ရှိအချိန်အထိ ကစားထားတဲ့ ၇ ပွဲစလုံးမှာ ပါဝင်ကစားပေးခဲ့ပေမယ့်လည်း သွင်းဂိုးရော ဂိုးဖန်တီးမှုပါ တစ်ကြိမ်မှ ပြုလုပ်ထားနိုင်ခြင်းမရှိသေးတဲ့ ကစားသမားဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ အင်္ဂါနေ့ည ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်မှာ ဒိုင်နမို ဇာဂရက်ကို ၁-၀ နဲ့ အံ့အားသင့်ဖွယ်ရှုံးနိမ့်ပြီးနောက်ပိုင်း နည်းပြ သောမတ်စ် တူဟယ်ကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီဖြစ်ကြောင့် ဗုဒ္ဓဟူးနံနက်အစောပိုင်းမှာ အသင်းရဲ့တရားဝင်တွစ်တာအကောင့်ကနေ ထုတ်ပြန်ကြေညာသွားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးေနာက္ခံကစားသမားေဟာင္း ဖရန႔္ခ္ လူးဘတ္ဖ္က အဂၤါေန႔ညက ဒိုင္နမို ဇာဂရက္နဲ႔ပြဲစဥ္မွာ ေျခစြမ္း မျပသႏိုင္ခဲ့တဲ့ ေမဆန္ ေမာင့္ကို ျပစ္တင္ေဝဖန္ခဲ့ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ အဂၤါေန႔ညက ယခုရာသီ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲရဲ႕ ပထမဆုံးပြဲစဥ္ကို ယွဥ္ၿပိဳင္ကစားခဲ့တာျဖစ္ေပမယ့္လည္း ဒိုင္နမို ဇာဂရက္ကို ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့တာေၾကာင့္ ေမွ်ာ္မ်န္းထားသလို ျဖစ္မလာခဲ့တာျဖစ္ပါတယ္။ ဒိုင္နမို ဇာဂရက္အသင္းဟာ ပထမပိုင္း ၁၃ မိနစ္မွာပဲ ေအာ္ရွစ္ခ်္က သြင္းယူေပးသြားခဲ့ၿပီး အဲဒီသြင္းဂိုးဟာ အိမ္ရွင္အသင္းအတြက္ ခ်န္ပီယံလိဂ္အုပ္စုအဖြင့္ပြဲစဥ္ကို အႏိုင္ရဖို႔ လုံေလာက္တဲ့ သြင္းဂိုးလည္း ျဖစ္ခဲ့တာ ျဖစ္ပါတယ္။

ခ်ဲလ္ဆီးဟာ အဂၤါေန႔ညပြဲစဥ္မွာ ေဘာလုံးပိုင္ဆိုင္မႈ အသာစီး ရယူထားႏိုင္ခဲ့ၿပီး ဂိုးေပါက္ ၃ ႀကိမ္ ကန္သြင္းမႈ ျပဳလုပ္ႏိုင္ခဲ့ေပမယ့္လည္း ဂိုးေပါက္ ရွာေတြ႕ျခင္း မရွိခဲ့တာ ျဖစ္ပါတယ္။

ေသာမတ္စ္ တူဟယ္ရဲ႕အသင္းမွာ စိတ္ပ်က္စရာ ေျခစြမ္းျပသခဲ့တဲ့ ကစားသမားေတြထဲမွာ ေမဆန္ ေမာင့္လည္း တစ္ဦးအပါအဝင္ျဖစ္ခဲ့ၿပီး ကိုဗာခ်စ္နဲ႔အတူ ကြင္းလယ္မွာ ပြဲထြက္လာခဲ့တဲ့ အဂၤလန္ကြင္းလယ္ၾကယ္ပြင့္ဟာ ပြဲအေပၚမွာ အက်ိဳးသက္ေရာက္မႈ ျပသႏိုင္ဖို႔အတြက္ ႐ုန္းကန္ခဲ့ရတာ ျဖစ္ပါတယ္။

ေမဆန္ ေမာင့္ဟာ ပြဲအၿပီးမွာ ခ်ဲလ္ဆီးပရိသတ္ေတြဆီကေန ပစ္မွတ္ထား ေဝဖန္ျပစ္တင္မႈေတြ ခံခဲ့ရၿပီး အခ်ိဳ႕ဆိုရင္ ယူ-၂၃ အသင္းကိုေတာင္ အဆင့္ေလွ်ာ့ခ်ဖို႔ ေျပာဆိုခဲ့ၾကတာျဖစ္ပါတယ္။

ခ်ဲလ္ဆီးေနာက္ခံကစားသမားေဟာင္းျဖစ္တဲ့ ျပင္သစ္ဂႏၲဝင္ ဖရန႔္ခ္ လူးဘတ္ဖ္ကလည္း အဂၤလန္ကြင္းလယ္ၾကယ္ပြင့္ရဲ႕ စိတ္ပ်က္ဖြယ္ စြမ္းေဆာင္ရည္အတြက္ ျပစ္တင္ေဝဖန္မႈေတြ ျပဳလုပ္ခဲ့ၿပီး အဂၤါေန႔ညက ဒိုင္နမို ဇာဂရက္နဲ႔ပြဲမွာ ေပ်ာက္ကြယ္ေနခဲ့တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္ ေမဆန္အေၾကာင္း ေျပာခ်င္တယ္။ ဘာလို႔လဲဆိုေတာ့ သူက ခ်ဲလ္ဆီးက ေကာင္ေလးတစ္ေယာက္ျဖစ္ေနတာေၾကာင့္ ကြၽန္ေတာ္တို႔ သူ႔အေၾကာင္း ဘယ္တုန္းကမွ မေျပာခဲ့ၾကလို႔ပါ။ ဒါေပမယ့္ သူ ေပ်ာက္ေနခဲ့တယ္ေနာ္။ ကြၽန္ေတာ္ စိတ္မေကာင္းပါဘူး။ ေမဆန္ ေပ်ာက္ကြယ္ေနခဲ့တယ္။ သူ ဘယ္ေရာက္ေနလဲဆိုတာ ကြၽန္ေတာ္ သိခ်င္တယ္။ သူက ထူးျခားဆန္းၾကယ္ၿပီး အရမ္းေကာင္းတဲ့ကစားသမားပါ။ ဒါေပမယ့္လည္း ဒီပြဲမွာ သူ႔ရဲ႕ ပါဝင္ပတ္သက္မႈက မလုံေလာက္ခဲ့ပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။

ေမဆန္ ေမာင့္ဟာ ယခုရာသီ စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ ေျခစြမ္းျပသႏိုင္ဖို႔ ႐ုန္းကန္ေနရသူျဖစ္ၿပီး ခ်ဲလ္ဆီးအသင္း လက္ရွိအခ်ိန္အထိ ကစားထားတဲ့ ၇ ပြဲစလုံးမွာ ပါဝင္ကစားေပးခဲ့ေပမယ့္လည္း သြင္းဂိုးေရာ ဂိုးဖန္တီးမႈပါ တစ္ႀကိမ္မွ ျပဳလုပ္ထားႏိုင္ျခင္းမရွိေသးတဲ့ ကစားသမားျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ အဂၤါေန႔ည ခ်န္ပီယံလိဂ္အုပ္စုအဖြင့္ပြဲစဥ္မွာ ဒိုင္နမို ဇာဂရက္ကို ၁-၀ နဲ႔ အံ့အားသင့္ဖြယ္ရႈံးနိမ့္ၿပီးေနာက္ပိုင္း နည္းျပ ေသာမတ္စ္ တူဟယ္ကို ရာထူးကေန ထုတ္ပယ္လိုက္ၿပီျဖစ္ေၾကာင့္ ဗုဒၶဟူးနံနက္အေစာပိုင္းမွာ အသင္းရဲ႕တရားဝင္တြစ္တာအေကာင့္ကေန ထုတ္ျပန္ေၾကညာသြားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.