Premier League

ချဲလ်ဆီးနည်းပြသစ်ဖြစ်လာဖို့ ဘယ်နည်းပြတွေက ရေပန်းစားနေလဲ

ချဲလ်ဆီးအသင်းဟာ အင်္ဂါနေ့ညက ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်မှာ ဒိုင်နမို ဇာဂရက်ကို ၁-၀ နဲ့ စိတ်ပျက်ဖွယ် ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း နည်းပြ သောမတ်စ် တူဟယ်ကို ယနေ့နံနက်အစောပိုင်းမှာပဲ ရာထူးကနေ ထုတ်ပယ်လိုက်ပြီဖြစ်ပါတယ်။

ဒါပေမယ့်လည်း အံ့အားသင့်စရာအကောင်းဆုံးက လောင်းကစားဒိုင်တွေဟ တူဟယ်ရဲ့ နေရာမှာ အစားထိုးနိုင်ခြေရှိတဲ့ နည်းပြလောင်းတွေစာရင်းကို ကြေးဖွင့်ထားခဲ့ရာမှာ ဘရိုက်တန်နည်းပြ ဂရေဟမ် ပေါ့တားက ဦးဆောင်နေတာဖြစ်ပါတယ်။

စင်ယော်တွေဟာ ယခုရာသီ ပရီးမီးယားလိဂ်မှာ အကောင်းဆုံးစတင်ထားနိုင်ခဲ့ပြီး မကြာသေးမီက လက်စတာစီးတီးအသင်းကို အိမ်ကွင်းမှာ ၅-၂ နဲ့ အနိုင်ယူခဲ့တာဖြစ်ပေမယ့် ဂရေဟမ် ပေါ့တားဟာ ချဲလ်ဆီးနည်းပြသစ် ဖြစ်လာနိုင်သူအဖြစ် သတင်းထွက်ပေါ်နေတဲ့ တစ်ဦးတည်းသောနည်းပြတော့မဟုတ်တာဖြစ်ပါတယ်။

Sky Bet ရဲ့ ဖော်ပြချက်အရ မူရီဆီယို ပိုချက်တီနို၊ ဇီဒန်းတို့လို နည်းပြတွေတောင်မှ စတမ်းဖို့ဒ် ဘရစ်ချ်မှာ နည်းပြသစ်အဖြစ် တာဝန်ယူနိုင်တဲ့ အစောပိုင်း ရေပန်းအစားဆုံးနည်းပြတွေအဖြစ် ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအခြေအနေအထိ ဂရေဟမ် ပေါ့တားက ၇ လေး ၄ လေးနဲ့ ချဲလ်ဆီးအသင်းနည်းပြရာထူးကို ရရှိနိုင်ဖို့ အဖြစ်နိုင်ဆုံးနည်းပြအဖြစ် ဦးဆောင်နေပြီး ဒုတိယနေရာမှာတော့ ပိုချက်တီနိုက ၅ လေး ၂ လေးနဲ့ ရပ်တည်နေသလို ရီးရဲလ်မက်ဒရစ်နည်းပြဟောင်း ဇီဒန်းကလည်း တတိယနေရာမှာ ၆ လေး ၁ လေးနဲ့ ရပ်တည်နေတာဖြစ်ပါတယ်။

Sky Bet ရဲ့ စာရင်းထဲမှာ ချဲလ်ဆီးနည်းပြသစ်ဖြစ်လာနိုင်တဲ့ နောက်ထပ် နည်းပြတစ်ဦးကတော့ အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဂါးရတ် ဆောက်ဂိတ်လည်း ပါဝင်နေပြီး ၁၆ လေး ၁ လေး ကြေးဖွင့်ခြင်း ခံထားရပြီး အင်္ဂလန်နည်းပြအနေနဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ အလွန်နီးကပ်နေပြီဖြစ်တာကြောင့် စတမ်းဖို့ဒ် ဘရစ်ချ်ကို သွားရောက်ဖို့က တော်တော်လေး မဖြစ်နိုင်ဘူးဆိုပေမယ့် ဘောလုံးမှာက ထူးဆန်းတာတွေ ဖြစ်တတ်တဲ့အလေ့အထတော့ ရှိတာဖြစ်ပါတယ်။

ဂျူဗင်တပ်နည်းပြ အယ်လီဂရီကလည်း ၁၆ လေး ၁ လေးနဲ့ပဲ ကြေးဖွင့်ခံထားရပြီး အက်သလက်တီကို မက်ဒရစ်နည်းပြ ဒီယေဂို ဆီမီယွန်နီကတော့ ၁၂ လေး ၁ လေးနဲ့ အနည်းငယ်ပိုပြီး ဖြစ်နိုင်ခြေများနေတာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ ဒီ နည်းပြတွေထဲက တစ်ဦးကို ခေါ်ယူဖို့အတွက် ကြီးမားတဲ့ အတားအဆီးတွေ ရင်ဆိုင်ရနိုင်တာကြောင့် လောင်းကစားဒိုင်တွေက အစောပိုင်း ရေပန်းအစားဆုံးထဲမှာ ဂရေဟမ် ပေါ့တားကို ကြေးအမြင့်ဆုံးဖွင့်ထားတာ သိပ်တော့ အံ့အားသင့်စရာမရှိတော့တာဖြစ်ပါတယ်။

The Telegraph က မတ် လောရဲ့ ပြောကြားချက်အရ ချဲလ်ဆီးအသင်းဟာ ဂရေဟမ် ပေါ့တားအပြင် ပိုချက်တီနို၊ ဇီဒန်းတို့ကိုလည်း သိပ်မကြာမီ ကာလအတွင်း ဆွေးနွေးပြောဆိုမှုတွေ ပြုလုပ်ဖို့ ကြိုးပမ်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။ The Telegraph ဂျာနယ်လစ် မတ် လောက ဘင်ဖီကာ နည်းပြ ရော်ဂျာ ရှမစ်ဒ်ကိုတောင် ချဲလ်ဆီးအသင်းပိုင်ရှင်သစ်တွေ ရှာဖွေနေတဲ့ ဖြစ်နိုင်ဖွယ် ရွေးချယ်မှုတွေထဲက တစ်ခုအဖြစ် ဖော်ပြခဲ့ပါသေးတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးအသင္းဟာ အဂၤါေန႔ညက ခ်န္ပီယံလိဂ္အုပ္စုအဖြင့္ပြဲစဥ္မွာ ဒိုင္နမို ဇာဂရက္ကို ၁-၀ နဲ႔ စိတ္ပ်က္ဖြယ္ ရႈံးနိမ့္ခဲ့ၿပီးေနာက္ပိုင္း နည္းျပ ေသာမတ္စ္ တူဟယ္ကို ယေန႔နံနက္အေစာပိုင္းမွာပဲ ရာထူးကေန ထုတ္ပယ္လိုက္ၿပီျဖစ္ပါတယ္။

ဒါေပမယ့္လည္း အံ့အားသင့္စရာအေကာင္းဆုံးက ေလာင္းကစားဒိုင္ေတြဟ တူဟယ္ရဲ႕ ေနရာမွာ အစားထိုးႏိုင္ေျခရွိတဲ့ နည္းျပေလာင္းေတြစာရင္းကို ေၾကးဖြင့္ထားခဲ့ရာမွာ ဘ႐ိုက္တန္နည္းျပ ဂေရဟမ္ ေပါ့တားက ဦးေဆာင္ေနတာျဖစ္ပါတယ္။

စင္ေယာ္ေတြဟာ ယခုရာသီ ပရီးမီးယားလိဂ္မွာ အေကာင္းဆုံးစတင္ထားႏိုင္ခဲ့ၿပီး မၾကာေသးမီက လက္စတာစီးတီးအသင္းကို အိမ္ကြင္းမွာ ၅-၂ နဲ႔ အႏိုင္ယူခဲ့တာျဖစ္ေပမယ့္ ဂေရဟမ္ ေပါ့တားဟာ ခ်ဲလ္ဆီးနည္းျပသစ္ ျဖစ္လာႏိုင္သူအျဖစ္ သတင္းထြက္ေပၚေနတဲ့ တစ္ဦးတည္းေသာနည္းျပေတာ့မဟုတ္တာျဖစ္ပါတယ္။

Sky Bet ရဲ႕ ေဖာ္ျပခ်က္အရ မူရီဆီယို ပိုခ်က္တီႏို၊ ဇီဒန္းတို႔လို နည္းျပေတြေတာင္မွ စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ နည္းျပသစ္အျဖစ္ တာဝန္ယူႏိုင္တဲ့ အေစာပိုင္း ေရပန္းအစားဆုံးနည္းျပေတြအျဖစ္ ထြက္ေပၚေနခဲ့တာ ျဖစ္ပါတယ္။

လက္ရွိအေျခအေနအထိ ဂေရဟမ္ ေပါ့တားက ၇ ေလး ၄ ေလးနဲ႔ ခ်ဲလ္ဆီးအသင္းနည္းျပရာထူးကို ရရွိႏိုင္ဖို႔ အျဖစ္ႏိုင္ဆုံးနည္းျပအျဖစ္ ဦးေဆာင္ေနၿပီး ဒုတိယေနရာမွာေတာ့ ပိုခ်က္တီႏိုက ၅ ေလး ၂ ေလးနဲ႔ ရပ္တည္ေနသလို ရီးရဲလ္မက္ဒရစ္နည္းျပေဟာင္း ဇီဒန္းကလည္း တတိယေနရာမွာ ၆ ေလး ၁ ေလးနဲ႔ ရပ္တည္ေနတာျဖစ္ပါတယ္။

Sky Bet ရဲ႕ စာရင္းထဲမွာ ခ်ဲလ္ဆီးနည္းျပသစ္ျဖစ္လာႏိုင္တဲ့ ေနာက္ထပ္ နည္းျပတစ္ဦးကေတာ့ အဂၤလန္လက္ေ႐ြးစင္အသင္းနည္းျပ ဂါးရတ္ ေဆာက္ဂိတ္လည္း ပါဝင္ေနၿပီး ၁၆ ေလး ၁ ေလး ေၾကးဖြင့္ျခင္း ခံထားရၿပီး အဂၤလန္နည္းျပအေနနဲ႔ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲ အလြန္နီးကပ္ေနၿပီျဖစ္တာေၾကာင့္ စတမ္းဖို႔ဒ္ ဘရစ္ခ်္ကို သြားေရာက္ဖို႔က ေတာ္ေတာ္ေလး မျဖစ္ႏိုင္ဘူးဆိုေပမယ့္ ေဘာလုံးမွာက ထူးဆန္းတာေတြ ျဖစ္တတ္တဲ့အေလ့အထေတာ့ ရွိတာျဖစ္ပါတယ္။

ဂ်ဴဗင္တပ္နည္းျပ အယ္လီဂရီကလည္း ၁၆ ေလး ၁ ေလးနဲ႔ပဲ ေၾကးဖြင့္ခံထားရၿပီး အက္သလက္တီကို မက္ဒရစ္နည္းျပ ဒီေယဂို ဆီမီယြန္နီကေတာ့ ၁၂ ေလး ၁ ေလးနဲ႔ အနည္းငယ္ပိုၿပီး ျဖစ္ႏိုင္ေျခမ်ားေနတာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ ဒီ နည္းျပေတြထဲက တစ္ဦးကို ေခၚယူဖို႔အတြက္ ႀကီးမားတဲ့ အတားအဆီးေတြ ရင္ဆိုင္ရႏိုင္တာေၾကာင့္ ေလာင္းကစားဒိုင္ေတြက အေစာပိုင္း ေရပန္းအစားဆုံးထဲမွာ ဂေရဟမ္ ေပါ့တားကို ေၾကးအျမင့္ဆုံးဖြင့္ထားတာ သိပ္ေတာ့ အံ့အားသင့္စရာမရွိေတာ့တာျဖစ္ပါတယ္။

The Telegraph က မတ္ ေလာရဲ႕ ေျပာၾကားခ်က္အရ ခ်ဲလ္ဆီးအသင္းဟာ ဂေရဟမ္ ေပါ့တားအျပင္ ပိုခ်က္တီႏို၊ ဇီဒန္းတို႔ကိုလည္း သိပ္မၾကာမီ ကာလအတြင္း ေဆြးေႏြးေျပာဆိုမႈေတြ ျပဳလုပ္ဖို႔ ႀကိဳးပမ္းသြားမွာျဖစ္တယ္လို႔ သိရပါတယ္။ The Telegraph ဂ်ာနယ္လစ္ မတ္ ေလာက ဘင္ဖီကာ နည္းျပ ေရာ္ဂ်ာ ရွမစ္ဒ္ကိုေတာင္ ခ်ဲလ္ဆီးအသင္းပိုင္ရွင္သစ္ေတြ ရွာေဖြေနတဲ့ ျဖစ္ႏိုင္ဖြယ္ ေ႐ြးခ်ယ္မႈေတြထဲက တစ္ခုအျဖစ္ ေဖာ္ျပခဲ့ပါေသးတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.