Premier League

ပရီးမီးယားလိဂ်တာဝန်ရှိသူတွေနဲ့ ညှိပေးဖို့ အသင်းတာဝန်ရှိသူတွေကို တောင်းဆိုလိုက်တဲ့ ကွန်တီ

အန်တိုနီယို ကွန်တီဟာ ၎င်းရဲ့အသင်းဟာ ၇ ရက်အတွင်း ၃ ပွဲအထိ ကစားရမယ့် ရူးသွပ်ချင်စရာ အချိန်ဇယားနဲ့ ရင်ဆိုင်နေရတာကြောင့် ပိုမိုကောင်းမွန်တဲ့ပွဲချိန်စာရင်းရရှိဖို့အတွက် ပရီးမီးယားလိဂ်ကို ပြောပေးဖို့ အသင်းတာဝန်ရှိသူတွေကို တောင်းဆိုလိုက်ပါတယ်။

တော့တင်ဟမ်ဟော့စပါးဟာ ယနေ့ညမှာ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်အဖြစ် မာဆေးလ်အသင်းကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဒီပွဲစဉ်ဟာ စပါးစ်အတွက် တစ်ပတ်အတွင်း ကစားရမယ့် ၃ ပွဲထဲက ပထမဆုံး ပွဲစဉ်ဖြစ်လာမှာ ဖြစ်ပါတယ်။

ဒီပွဲစဉ်ပြီးတာနဲ့ ကွန်တီရဲ့ စပါးစ်ဟာ အင်္ဂါနေ့ညမှာ စပို့တင်း လစ္စဘွန်းနဲ့ ရင်ဆိုင်ဖို့ ပေါ်တူဂီကို ခရီးထွက်ခွာရမှာဖြစ်ပြီး ဒီပွဲစဉ်တွေဟာ မြောက်လန်ဒန်ကလပ်အသင်းအနေနဲ့ ၇ ရက်အတွင်း ပရီးမီးယားလိဂ် ၃ ပွဲ ကစားခဲ့ပြီးနောက်မှာ ကစားသွားရမှာဖြစ်ပါတယ်။

ကွန်တီက ၎င်းရဲ့အသင်း ပွဲချိန်ဇယားဟာ အလွန်ကြပ်နေတဲ့အပေါ် ပြစ်တင်ကြိမ်းမောင်းလိုက်ပြီး “ရိုးရိုးသားသားပြောရရင် တော့တင်ဟမ်နဲ့ပတ်သက်ပြီး ဒီပွဲချိန်ဇယားကို ကြည့်ရတာ မယုံနိုင်စရာပါပဲ။ အဲဒါက ရူးသွပ်မှုပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ တစ်ပတ်ထဲမှာ နော်တင်ဟမ် ဖောရက်စ်၊ ဝက်စ်ဟမ်း၊ ဖူလ်ဟမ်တို့နဲ့ ၃ ပွဲကစားခဲ့ရလို့ပါ။ အခု ကျွန်တော်တို့က ၄ ရက်အပြီးတိုင်းမှာ ကစားနေရတယ်။ ဒါပေမယ့် ကျွန်တော်တို့ အရေးကြီးတဲ့ပွဲစဉ် ၃ ပွဲဖြစ်တဲ့ မာဆေးလ်နဲ့ ချန်ပီယံလိဂ်ပွဲ၊ စီးတီး အဝေးကွင်းပွဲနဲ့ စပို့တင်း လစ္စဘွန်းအဝေးကွင်းပွဲ စကစားရတော့မယ်”

“ကျွန်တော့်အထင်တော့ ကျွန်တော့် နည်းပြဘဝတလျှောက်လုံးမှာ ဒီလိုမျိုး ပွဲချိန်ဇယားကို မြင်ရတာ ပထမဆုံးအကြိမ်ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ရိုးရိုးသားသားပြောရရင် ကျွန်တော် တခြားအသင်းတွေရဲ့ ပွဲချိန်ဇယားကို တစ်ချက်ကြည့်လိုက်တဲ့အချိန်မှာ တော့တင်ဟမ်က အရမ်းကို အပြစ်ပေးခံနေရတဲ့အခြေအနေကို မြင်တွေ့ခဲ့ရပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ပရီးမီးယားလိဂ် အခြား ချန်ပီယံလိဂ်ဝင်ခွင့်ရ အသင်းတွေဖြစ်တဲ့ ချဲလ်ဆီးနဲ့ မန်ချက်စတာစီးတီးတို့ ၂ သင်းစလုံးဟာ ၈ ရက်အတွင်း ပြည်တွင်းပွဲစဉ် ၃ ပွဲသာ ကစားခဲ့ရတာဖြစ်ပြီး ယမန်နေ့ညမှာ ၉ ရက်အတွင်း ၃ ပွဲကစားရမယ့်အထဲက ပထမဆုံးပွဲစဉ်ကို စတင်ကစားခဲ့ကြတာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ ၇ ရက်အတွင်း ၃ ပွဲမကစားရမီ ၈ ရက်အတွင်းမှာ ၃ ပွဲအထိ ကစားခဲ့ရတာဖြစ်ပြီး ကွန်တီက “ဒီလိုအခြေအနေမှာ ကျွန်တော်တို့က ကံမကောင်းပေမယ့် အနာဂတ်မှာတော့ ကျွန်တော် အသင်းနဲ့လည်း စကားပြောခဲ့ပါတယ်။ ကျွန်တော်တို့ ပရီးမီးယားလိဂ်နဲ့ စကားပြောဖို့အတွက် လုပ်မှရမယ်ဆိုတာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ဒီလိုမျိုး ပွဲချိန်စာရင်းမျိုး ရှိနေတဲ့အချိန်မှာ သေချာ ဆွေးနွေးသွားရမှာမို့လို့ပါ။ တစ်ရက်ပိုပို တစ်ရက်လျော့လျော့ ခင်ဗျားရဲ့ ဘဝကို လုံးဝ ပြောင်းလဲလိုက်နိုင်တယ်။ ခင်ဗျား ရမှတ်တွေ လျော့ကျနိုင်တယ်။ ဒါက တော့တင်ဟမ်လိုအသင်းမျိုးအတွက် မကောင်းပါဘူး”

“ခင်ဗျား အနိုင်ရသူတစ်ယောက်အဖြစ် စပြီး စဉ်းစားချင်တဲ့အခါကျရင် အသေးစိတ်ကို ဂရုစိုက်ရပါမယ်။ ပွဲချိန်စာရင်းက အသေးစိတ်ကျပြီး အဲဒါက အသင်းတိုင်းအတွက် အရးကြီးတယ်။ အထူးသဖြင့် အရေးကြီးတဲ့တစ်စုံတရာအတွက် တိုက်ပွဲဝင်နေရတဲ့အသင်းအတွက်ပေါ့။ ကျွန်တော်တို့ အနာဂတ်မှာ အများကြီး ပိုကောင်းအောင်လုပ်နိုင်မယ်လို့ ထင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အန္တိုနီယို ကြန္တီဟာ ၎ရဲ႕အသင္းဟာ ၇ ရက္အတြင္း ၃ ပြဲအထိ ကစားရမယ့္ ႐ူးသြပ္ခ်င္စရာ အခ်ိန္ဇယားနဲ႔ ရင္ဆိုင္ေနရတာေၾကာင့္ ပိုမိုေကာင္းမြန္တဲ့ပြဲခ်ိန္စာရင္းရရွိဖို႔အတြက္ ပရီးမီးယားလိဂ္ကို ေျပာေပးဖို႔ အသင္းတာဝန္ရွိသူေတြကို ေတာင္းဆိုလိုက္ပါတယ္။

ေတာ့တင္ဟမ္ေဟာ့စပါးဟာ ယေန႔ညမွာ ခ်န္ပီယံလိဂ္အုပ္စုအဖြင့္ပြဲစဥ္အျဖစ္ မာေဆးလ္အသင္းကို အိမ္ကြင္းမွာ လက္ခံယွဥ္ၿပိဳင္သြားရမွာျဖစ္ၿပီး ဒီပြဲစဥ္ဟာ စပါးစ္အတြက္ တစ္ပတ္အတြင္း ကစားရမယ့္ ၃ ပြဲထဲက ပထမဆုံး ပြဲစဥ္ျဖစ္လာမွာ ျဖစ္ပါတယ္။

ဒီပြဲစဥ္ၿပီးတာနဲ႔ ကြန္တီရဲ႕ စပါးစ္ဟာ အဂၤါေန႔ညမွာ စပို႔တင္း လစၥဘြန္းနဲ႔ ရင္ဆိုင္ဖို႔ ေပၚတူဂီကို ခရီးထြက္ခြာရမွာျဖစ္ၿပီး ဒီပြဲစဥ္ေတြဟာ ေျမာက္လန္ဒန္ကလပ္အသင္းအေနနဲ႔ ၇ ရက္အတြင္း ပရီးမီးယားလိဂ္ ၃ ပြဲ ကစားခဲ့ၿပီးေနာက္မွာ ကစားသြားရမွာျဖစ္ပါတယ္။

ကြန္တီက ၎ရဲ႕အသင္း ပြဲခ်ိန္ဇယားဟာ အလြန္ၾကပ္ေနတဲ့အေပၚ ျပစ္တင္ႀကိမ္းေမာင္းလိုက္ၿပီး “႐ိုး႐ိုးသားသားေျပာရရင္ ေတာ့တင္ဟမ္နဲ႔ပတ္သက္ၿပီး ဒီပြဲခ်ိန္ဇယားကို ၾကည့္ရတာ မယုံႏိုင္စရာပါပဲ။ အဲဒါက ႐ူးသြပ္မႈပါ။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔ တစ္ပတ္ထဲမွာ ေနာ္တင္ဟမ္ ေဖာရက္စ္၊ ဝက္စ္ဟမ္း၊ ဖူလ္ဟမ္တို႔နဲ႔ ၃ ပြဲကစားခဲ့ရလို႔ပါ။ အခု ကြၽန္ေတာ္တို႔က ၄ ရက္အၿပီးတိုင္းမွာ ကစားေနရတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ အေရးႀကီးတဲ့ပြဲစဥ္ ၃ ပြဲျဖစ္တဲ့ မာေဆးလ္နဲ႔ ခ်န္ပီယံလိဂ္ပြဲ၊ စီးတီး အေဝးကြင္းပြဲနဲ႔ စပို႔တင္း လစၥဘြန္းအေဝးကြင္းပြဲ စကစားရေတာ့မယ္”

“ကြၽန္ေတာ့္အထင္ေတာ့ ကြၽန္ေတာ့္ နည္းျပဘဝတေလွ်ာက္လုံးမွာ ဒီလိုမ်ိဳး ပြဲခ်ိန္ဇယားကို ျမင္ရတာ ပထမဆုံးအႀကိမ္ျဖစ္ေကာင္း ျဖစ္ႏိုင္ပါတယ္။ ႐ိုး႐ိုးသားသားေျပာရရင္ ကြၽန္ေတာ္ တျခားအသင္းေတြရဲ႕ ပြဲခ်ိန္ဇယားကို တစ္ခ်က္ၾကည့္လိုက္တဲ့အခ်ိန္မွာ ေတာ့တင္ဟမ္က အရမ္းကို အျပစ္ေပးခံေနရတဲ့အေျခအေနကို ျမင္ေတြ႕ခဲ့ရပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ပရီးမီးယားလိဂ္ အျခား ခ်န္ပီယံလိဂ္ဝင္ခြင့္ရ အသင္းေတြျဖစ္တဲ့ ခ်ဲလ္ဆီးနဲ႔ မန္ခ်က္စတာစီးတီးတို႔ ၂ သင္းစလုံးဟာ ၈ ရက္အတြင္း ျပည္တြင္းပြဲစဥ္ ၃ ပြဲသာ ကစားခဲ့ရတာျဖစ္ၿပီး ယမန္ေန႔ညမွာ ၉ ရက္အတြင္း ၃ ပြဲကစားရမယ့္အထဲက ပထမဆုံးပြဲစဥ္ကို စတင္ကစားခဲ့ၾကတာျဖစ္ပါတယ္။

လီဗာပူးလ္အသင္းဟာ ၇ ရက္အတြင္း ၃ ပြဲမကစားရမီ ၈ ရက္အတြင္းမွာ ၃ ပြဲအထိ ကစားခဲ့ရတာျဖစ္ၿပီး ကြန္တီက “ဒီလိုအေျခအေနမွာ ကြၽန္ေတာ္တို႔က ကံမေကာင္းေပမယ့္ အနာဂတ္မွာေတာ့ ကြၽန္ေတာ္ အသင္းနဲ႔လည္း စကားေျပာခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ ပရီးမီးယားလိဂ္နဲ႔ စကားေျပာဖို႔အတြက္ လုပ္မွရမယ္ဆိုတာပါ။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔ ဒီလိုမ်ိဳး ပြဲခ်ိန္စာရင္းမ်ိဳး ရွိေနတဲ့အခ်ိန္မွာ ေသခ်ာ ေဆြးေႏြးသြားရမွာမို႔လို႔ပါ။ တစ္ရက္ပိုပို တစ္ရက္ေလ်ာ့ေလ်ာ့ ခင္ဗ်ားရဲ႕ ဘဝကို လုံးဝ ေျပာင္းလဲလိုက္ႏိုင္တယ္။ ခင္ဗ်ား ရမွတ္ေတြ ေလ်ာ့က်ႏိုင္တယ္။ ဒါက ေတာ့တင္ဟမ္လိုအသင္းမ်ိဳးအတြက္ မေကာင္းပါဘူး”

“ခင္ဗ်ား အႏိုင္ရသူတစ္ေယာက္အျဖစ္ စၿပီး စဥ္းစားခ်င္တဲ့အခါက်ရင္ အေသးစိတ္ကို ဂ႐ုစိုက္ရပါမယ္။ ပြဲခ်ိန္စာရင္းက အေသးစိတ္က်ၿပီး အဲဒါက အသင္းတိုင္းအတြက္ အရးႀကီးတယ္။ အထူးသျဖင့္ အေရးႀကီးတဲ့တစ္စုံတရာအတြက္ တိုက္ပြဲဝင္ေနရတဲ့အသင္းအတြက္ေပါ့။ ကြၽန္ေတာ္တို႔ အနာဂတ္မွာ အမ်ားႀကီး ပိုေကာင္းေအာင္လုပ္ႏိုင္မယ္လို႔ ထင္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.