Analysis Match Report Premier League UCL&UEL

ဆီဗီလာ 0-4 မန်စီးတီးပွဲက GOAT တွေကို ချိုးနှိမ်ခဲ့တဲ့ ဟားလန်းနဲ့ မှတ်မှတ်ရရ ပြောစရာများ

ဂုတ်ချိုးတဲ့ ဟားလန်း (သို့) GOAT တွေကို ချိုးနှိမ်ခဲ့သူ
မန်ချက်စတာစီးတီးတိုက်စစ်မှူး အာလင်း ဟားလန်းအနေနဲ့ ဒီနေ့မှာ သူ့ရဲ့ ဂိုးသွင်းမုဆိုးပီသတဲ့ နေရာယူမှု၊ ကြိုးစားအားထုတ်မှုတွေနဲ့ သွင်းဂိုး နှစ်ဂိုးကို အဝေးကွင်း ဆန်ချက်ပစ်ဟွမ်မှာ ရယူနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ရဲ့ မှတ်တမ်းမှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ လီယွန်နယ် မက်ဆီတို့ကို ချိုးနှိမ်ခဲ့တာပါ။ ဒါကတော့ ချန်ပီယံလိဂ် ပထမဆုံး ပွဲ ၂၀ မှာ ရရှိခဲ့တဲ့ နော်ဝေသားရဲ့ စံချိန်တင် ၂၅ ဂိုးမြောက်ကို ရယူနိုင်ခဲ့တာဖြစ်ပြီး ဒီအချိန်မှာ မြို့ခံပြိုင်ဘက် မန်ယူရဲ့ ရုဒ် ဗန်နစ္စတယ်လ်ရွိုင်းက ၁၆ ဂိုး၊ ရီးရဲလ်ရဲ့ ကာရင်မ် ဘင်ဇီးမားက ၁၁ ဂိုး၊ မက်ဆီက ၈ ဂိုးနဲ့ ရော်နယ်လ်ဒိုကတော့ တစ်ဂိုးမှ ရရှိမထားခဲ့တာလည်းဖြစ်ပါတယ်။

သူမှ မသွင်း ဘယ်သူသွင်းမလဲ
ဒီတစ်ခါလည်း ဟားလန်းအကြောင်းပါပဲ။ ဒီနေ့ပွဲရဲ့ ပထမ ဦးဆောင်ဂိုးကတော့ လှပတယ်လို့ ဆိုရမှာထက် သူ့ရဲ့ ကြိုးစားအားထုတ်မှု ကောင်းလွန်းတယ်လို့ ဆိုရမှာပါ။ သာမန်တိုက်စစ်မှူးတွေနဲ့ လေးလံသူတွေဆို သွင်းယူနိုင်မှာ မဟုတ်တဲ့ ဂိုးမျိုးကို နော်ဝေသားကတော့ အသင်းဖော် ဒီဘရိုင်းနားရဲ့ ညာခြမ်းဖြတ်တင်ဘောကနေ ပြေးပြေးလွှားလွှားနဲ့ လေထဲမှာ ခြေထောက်ဆန့်ထုတ်ပြီး ထောက်သွင်းယူသွားခဲ့တာဖြစ်ပြီး ကြိုးစားမှုအပြင် အမြော်အမြင်ရှိမှုနဲ့ ချိန်သားကိုက် တွက်ဆတတ်မှုတွေလည်း ပါဝင်ခဲ့ချိန်မှာ ဒုတိယဂိုးကိုလည်း သူစတင်ခဲ့တဲ့ ပေးပို့မှုကနေ ဖိုဒန်ရဲ့ ကန်ချက် ပြန်ထွက်လာခဲ့တာကို တိတိကျကျပဲ ပြေးပိတ်သွားခဲ့တာဖြစ်ပါတယ်။

မန်ညူယယ်လ်ရဲ့ လှပတဲ့ အဖွင့်
ဒီနေ့ ဆီဗီလာနဲ့ ချန်ပီယံလိဂ်ပွဲမှာ ယုံယုံကြည်ကြည် နေရာပေးခံရပြီး စတင်ကစားခွင့်ရသူကတော့ ဒေါ့မွန်က ပြောင်းရွှေ့လာခဲ့တဲ့ နောက်ခံလူ မန်ညူယယ်လ် အာကန်ဂျီပဲဖြစ်ပါတယ်။ အသင်းရဲ့ ခံစစ်မှာ ဂျာအို ကန်ဆယ်လို၊ ရူဘင် ဒီယက်စ်တို့နဲ့အတူ ပွဲထွက်ခွင့်ရခဲ့တာဖြစ်ပြီး သူနဲ့အတူ လူသစ် ဘယ်နောက်ခံလူ ဆာဂျီ ဂိုမက်ဇ်ကလည်း ပွဲအစကနေ စတင်ကစားခွင့် ပထမဆုံး ရရှိခဲ့တာပါ။ ဆွစ်ဇာလန် ဗဟိုနောက်ခံလူအနေနဲ့ ဆီဗီလာတို့ရဲ့ တိုက်စစ်တွေကို ပေါ်တူဂီသားတွေနဲ့အတူ တွဲဖက်ရိုက်ချိုးနိုင်ခဲ့ပြီး သက်တောင့်သက်သာ ကစားဟန်နဲ့ Clean Sheet တစ်ပွဲကိုလည်း ပိုင်ဆိုင်နိုင်ခဲ့သလို သူ့အတွက် ပေါင် ၁၇ သန်းသာ ကုန်ကျခဲ့တာကတော့ ပြိုင်ဘက်တွေရဲ့ တန်ဖိုးကြီးဂျင်းတွေကို လှောင်ပြောင်ချင်စရာလည်းဖြစ်ခဲ့ပါတယ်။

မှော်ဆရာလေး ဖိုဒန်
ဒီရာသီမှာ သိသိသာသာ တိုးတက်လာသူတစ်ဦးကတော့ ဖီးလ် ဖိုဒန်ပဲဖြစ်ပြီး ဟားလန်းနဲ့ နေရာလုမှုကိုလည်း နည်းပြ ဂွါဒီယိုလာက အဖြေရှာပေးနိုင်ခဲ့လို့ သူတို့နှစ်ဦးကြားမှာလည်း ချစ်ကြည်ရေးရရှိထားခဲ့တာပါ။ ဒီနေ့ပွဲမှာတော့ အသင်းအတွက် ဒုတိယ ဦးဆောင်ဂိုးကို ဟားလန်းကို ပေးဖို့ လိုက်ရှာပြီးမှ နော်ဝေသား လူကျွံနေခဲ့ချိန်မှာ သူ့ကို လိုက်လံတားဆီးတဲ့ ဆီဗီလာကွင်းလယ်ကစားသမား ဂူဒယ်လ်ကို နှစ်ကြိမ် လိမ်ခေါက်ပြီးမှ သူ့ခြေထောက်ကြားက ကန်သွင်းခဲ့ရာမှာ အစဉ်သတိရှိလှပါတယ်ဆိုတဲ့ မော်ရိုကိုဂိုးသမား ဘိုနို အရှုံးပေးခဲ့ရတာဖြစ်ပါတယ်။

ကီဗင်လည်းလေ လောကီသားပေမို့
သူလည်းလေ လောကီသားပေမို့ဆိုတဲ့ စကားလိုပဲ ကြယ်ပွင့်ကြီး ကီဗင် ဒီဘရိုင်းနားဟာလည်း လောကီသားပေမို့ အပိုင်အခွင့်အရေးကောင်းတွေ ဂိုးဖြစ်မလာဘဲ ကံခေတတ်ပါတယ်။ ဟားလန်းရဲ့ ဂိုးကို ဖန်တီးပေးပို့ခဲ့တဲ့ ဘယ်လ်ဂျီယမ်သားကြီးဟာ ဒုတိယပိုင်းအစမှာ နော်ဝေသားနဲ့ ဝမ်းတူးရိုက်ပြီး ရရှိခဲ့တဲ့ ကောင်တာက အကောင်းဆုံးအခွင့်အရေးကို ပြိုင်ဘက်ဂိုးသမား ဘိုနိုရဲ့ ကာကွယ်မှုမှာ ထောင့်ကန်ဘောပဲ ဖြစ်သွားခဲ့တာပါ။ တစ်ယောက်ချင်း တွေ့ချိန်မှာ ဒီဘရိုင်းနားအနေနဲ့ ဒီထက် ပိုမြန်ပြီး သန်တဲ့ ညာခြေနဲ့ ကန်နိုင်ဖို့ ခြေတစ်လှမ်း ပိုသွက်ခဲ့မယ်ဆိုရင် လွယ်ကူတဲ့ ဂိုးဖြစ်နိုင်ပေမယ့် သူ့ရဲ့ အသက်အရွယ်နဲ့ဆိုရင် ဒီလောက်ကပဲ ကျေနပ်စရာဖြစ်နေပြီလို့ ပြောရပါလိမ့်မယ်။

ပက်ပ်ရဲ့ ပြီးပြည့်စုံတဲ့ နိုင်ပွဲ
လေးဂိုးသွင်းတယ်၊ တစ်ဂိုးမှ ပြန်မပေးရဘူးဆိုတာ နည်းပြ ပက်ပ် ဂွါဒီယိုလာအတွက်တော့ ပြီးပြည့်စုံတဲ့ နိုင်ပွဲဖြစ်ပါတယ်။ တကယ်တော့ စပိန်သားကြီးက သုံးဂိုးကတည်းက ကျေနပ်ခဲ့တာဖြစ်ပြီး သူ့ရဲ့ လူငယ်တိုက်စစ်အတွဲဖြစ်တဲ့ ဖိုဒန်နဲ့ ဟားလန်းကို ချက်ချင်းလဲပစ်ခဲ့သလို လာမယ့် စပါးစ်နဲ့ ပွဲအတွက် လန်းဆန်းနေဖို့ နော်ဝေသားရဲ့ ဟက်ထရစ်ရခွင့်ကိုတောင် ပယ်ချခဲ့တာပါ။ ဟားလန်းရဲ့ ဒီရာသီ ၈ ပွဲမှာ ၁၂ ဂိုးဆိုတာက ဆရာပက်ပ်အတွက်တော့ ချိုမြိန်လွန်းနေပြီဖြစ်သလို လာမယ့် စပါးစ်ကို တီးပြီး ပရီးမီးယားလိဂ်ချန်ပီယံ ကာကွယ်မှုကို ပိုမိုခိုင်မာစေဖို့ပဲ ပြင်ဆင်ရတော့မှာဖြစ်ပါတယ်။

ချန်ပီယံလိဂ်ဂိုး စတင်ရရှိခဲ့တဲ့ ဆရာကြီး
ဘင်ဖီကာနဲ့ ငယ်ငယ်ရွယ်ရွယ်မှာ Commanding Center Back ဖြစ်လာပြီး စောစောစီးစီး ဆရာကြီးဘဝနဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေကို ကစားခွင့် ရရှိထားတဲ့ နောက်ခံလူ ရူဘင် ဒီယက်စ်အတွက် ဒီပွဲမတိုင်ခင်အထိ မန်စီးတီးရောက်လာပြီးမှ ကစားခဲ့တဲ့ ၁၉ ပွဲနဲ့ အသင်းဟောင်းက ၁၃ ပွဲ၊ စုစုပေါင်း ချန်ပီယံလိဂ် ၃၂ ပွဲမှာ တစ်ဂိုးမှ ရမထားသေးတာတော့ နည်းနည်း ကံခေခဲ့တယ်လို့ ပြောရမှာဖြစ်ပါတယ်။ ချန်ပီယံလိဂ် ၆ ရာသီကို ကုန်ဆုံးခဲ့ပြီးတဲ့ အသက်၂၅ နှစ်အရွယ် ပေါ်တူဂီသားဟာ ဒီနေ့မှာတော့ ၇ ရာသီမြောက် အဖွင့်ပွဲစဉ်မှာ ပထမဆုံးသွင်းဂိုးကို ရယူနိုင်ခဲ့တာဖြစ်ပြီး နောက်ခံလူတွေရဲ့ ထောင့်ကန်ဘောကနေ ခေါင်းတိုက်သွင်းယူမှုမျိုး မဟုတ်ဘဲ လက်ရွေးစင်အသင်းဖော် ကန်ဆယ်လိုရဲ့ အနိမ့်ဘော ဖြတ်တင်မှုကို တိုက်စစ်မှူးတစ်ယောက်လို တစ်ဖက်ခံစစ်မှူးတွေကြားက နေရာယူ ပိတ်သွင်းပြသွားခဲ့တာကတော့ ထူးခြားမှုလည်းဖြစ်ခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဂုတ္ခ်ိဳးတဲ့ ဟားလန္း (သို႔) GOAT ေတြကို ခ်ိဳးႏွိမ္ခဲ့သူ
မန္ခ်က္စတာစီးတီးတိုက္စစ္မႉး အာလင္း ဟားလန္းအေနနဲ႔ ဒီေန႔မွာ သူ႔ရဲ႕ ဂိုးသြင္းမုဆိုးပီသတဲ့ ေနရာယူမႈ၊ ႀကိဳးစားအားထုတ္မႈေတြနဲ႔ သြင္းဂိုး ႏွစ္ဂိုးကို အေဝးကြင္း ဆန္ခ်က္ပစ္ဟြမ္မွာ ရယူႏိုင္ခဲ့ၿပီး ခ်န္ပီယံလိဂ္ရဲ႕ မွတ္တမ္းမွာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ လီယြန္နယ္ မက္ဆီတို႔ကို ခ်ိဳးႏွိမ္ခဲ့တာပါ။ ဒါကေတာ့ ခ်န္ပီယံလိဂ္ ပထမဆုံး ပြဲ ၂၀ မွာ ရရွိခဲ့တဲ့ ေနာ္ေဝသားရဲ႕ စံခ်ိန္တင္ ၂၅ ဂိုးေျမာက္ကို ရယူႏိုင္ခဲ့တာျဖစ္ၿပီး ဒီအခ်ိန္မွာ ၿမိဳ႕ခံၿပိဳင္ဘက္ မန္ယူရဲ႕ ႐ုဒ္ ဗန္နစၥတယ္လ္႐ြိဳင္းက ၁၆ ဂိုး၊ ရီးရဲလ္ရဲ႕ ကာရင္မ္ ဘင္ဇီးမားက ၁၁ ဂိုး၊ မက္ဆီက ၈ ဂိုးနဲ႔ ေရာ္နယ္လ္ဒိုကေတာ့ တစ္ဂိုးမွ ရရွိမထားခဲ့တာလည္းျဖစ္ပါတယ္။

သူမွ မသြင္း ဘယ္သူသြင္းမလဲ
ဒီတစ္ခါလည္း ဟားလန္းအေၾကာင္းပါပဲ။ ဒီေန႔ပြဲရဲ႕ ပထမ ဦးေဆာင္ဂိုးကေတာ့ လွပတယ္လို႔ ဆိုရမွာထက္ သူ႔ရဲ႕ ႀကိဳးစားအားထုတ္မႈ ေကာင္းလြန္းတယ္လို႔ ဆိုရမွာပါ။ သာမန္တိုက္စစ္မႉးေတြနဲ႔ ေလးလံသူေတြဆို သြင္းယူႏိုင္မွာ မဟုတ္တဲ့ ဂိုးမ်ိဳးကို ေနာ္ေဝသားကေတာ့ အသင္းေဖာ္ ဒီဘ႐ိုင္းနားရဲ႕ ညာျခမ္းျဖတ္တင္ေဘာကေန ေျပးေျပးလႊားလႊားနဲ႔ ေလထဲမွာ ေျခေထာက္ဆန႔္ထုတ္ၿပီး ေထာက္သြင္းယူသြားခဲ့တာျဖစ္ၿပီး ႀကိဳးစားမႈအျပင္ အေျမာ္အျမင္ရွိမႈနဲ႔ ခ်ိန္သားကိုက္ တြက္ဆတတ္မႈေတြလည္း ပါဝင္ခဲ့ခ်ိန္မွာ ဒုတိယဂိုးကိုလည္း သူစတင္ခဲ့တဲ့ ေပးပို႔မႈကေန ဖိုဒန္ရဲ႕ ကန္ခ်က္ ျပန္ထြက္လာခဲ့တာကို တိတိက်က်ပဲ ေျပးပိတ္သြားခဲ့တာျဖစ္ပါတယ္။

မန္ညဴယယ္လ္ရဲ႕ လွပတဲ့ အဖြင့္
ဒီေန႔ ဆီဗီလာနဲ႔ ခ်န္ပီယံလိဂ္ပြဲမွာ ယုံယုံၾကည္ၾကည္ ေနရာေပးခံရၿပီး စတင္ကစားခြင့္ရသူကေတာ့ ေဒါ့မြန္က ေျပာင္းေ႐ႊ႕လာခဲ့တဲ့ ေနာက္ခံလူ မန္ညဴယယ္လ္ အာကန္ဂ်ီပဲျဖစ္ပါတယ္။ အသင္းရဲ႕ ခံစစ္မွာ ဂ်ာအို ကန္ဆယ္လို၊ ႐ူဘင္ ဒီယက္စ္တို႔နဲ႔အတူ ပြဲထြက္ခြင့္ရခဲ့တာျဖစ္ၿပီး သူနဲ႔အတူ လူသစ္ ဘယ္ေနာက္ခံလူ ဆာဂ်ီ ဂိုမက္ဇ္ကလည္း ပြဲအစကေန စတင္ကစားခြင့္ ပထမဆုံး ရရွိခဲ့တာပါ။ ဆြစ္ဇာလန္ ဗဟိုေနာက္ခံလူအေနနဲ႔ ဆီဗီလာတို႔ရဲ႕ တိုက္စစ္ေတြကို ေပၚတူဂီသားေတြနဲ႔အတူ တြဲဖက္႐ိုက္ခ်ိဳးႏိုင္ခဲ့ၿပီး သက္ေတာင့္သက္သာ ကစားဟန္နဲ႔ Clean Sheet တစ္ပြဲကိုလည္း ပိုင္ဆိုင္ႏိုင္ခဲ့သလို သူ႔အတြက္ ေပါင္ ၁၇ သန္းသာ ကုန္က်ခဲ့တာကေတာ့ ၿပိဳင္ဘက္ေတြရဲ႕ တန္ဖိုးႀကီးဂ်င္းေတြကို ေလွာင္ေျပာင္ခ်င္စရာလည္းျဖစ္ခဲ့ပါတယ္။

ေမွာ္ဆရာေလး ဖိုဒန္
ဒီရာသီမွာ သိသိသာသာ တိုးတက္လာသူတစ္ဦးကေတာ့ ဖီးလ္ ဖိုဒန္ပဲျဖစ္ၿပီး ဟားလန္းနဲ႔ ေနရာလုမႈကိုလည္း နည္းျပ ဂြါဒီယိုလာက အေျဖရွာေပးႏိုင္ခဲ့လို႔ သူတို႔ႏွစ္ဦးၾကားမွာလည္း ခ်စ္ၾကည္ေရးရရွိထားခဲ့တာပါ။ ဒီေန႔ပြဲမွာေတာ့ အသင္းအတြက္ ဒုတိယ ဦးေဆာင္ဂိုးကို ဟားလန္းကို ေပးဖို႔ လိုက္ရွာၿပီးမွ ေနာ္ေဝသား လူကြၽံေနခဲ့ခ်ိန္မွာ သူ႔ကို လိုက္လံတားဆီးတဲ့ ဆီဗီလာကြင္းလယ္ကစားသမား ဂူဒယ္လ္ကို ႏွစ္ႀကိမ္ လိမ္ေခါက္ၿပီးမွ သူ႔ေျခေထာက္ၾကားက ကန္သြင္းခဲ့ရာမွာ အစဥ္သတိရွိလွပါတယ္ဆိုတဲ့ ေမာ္႐ိုကိုဂိုးသမား ဘိုႏို အရႈံးေပးခဲ့ရတာျဖစ္ပါတယ္။

ကီဗင္လည္းေလ ေလာကီသားေပမို႔
သူလည္းေလ ေလာကီသားေပမို႔ဆိုတဲ့ စကားလိုပဲ ၾကယ္ပြင့္ႀကီး ကီဗင္ ဒီဘ႐ိုင္းနားဟာလည္း ေလာကီသားေပမို႔ အပိုင္အခြင့္အေရးေကာင္းေတြ ဂိုးျဖစ္မလာဘဲ ကံေခတတ္ပါတယ္။ ဟားလန္းရဲ႕ ဂိုးကို ဖန္တီးေပးပို႔ခဲ့တဲ့ ဘယ္လ္ဂ်ီယမ္သားႀကီးဟာ ဒုတိယပိုင္းအစမွာ ေနာ္ေဝသားနဲ႔ ဝမ္းတူး႐ိုက္ၿပီး ရရွိခဲ့တဲ့ ေကာင္တာက အေကာင္းဆုံးအခြင့္အေရးကို ၿပိဳင္ဘက္ဂိုးသမား ဘိုႏိုရဲ႕ ကာကြယ္မႈမွာ ေထာင့္ကန္ေဘာပဲ ျဖစ္သြားခဲ့တာပါ။ တစ္ေယာက္ခ်င္း ေတြ႕ခ်ိန္မွာ ဒီဘ႐ိုင္းနားအေနနဲ႔ ဒီထက္ ပိုျမန္ၿပီး သန္တဲ့ ညာေျခနဲ႔ ကန္ႏိုင္ဖို႔ ေျခတစ္လွမ္း ပိုသြက္ခဲ့မယ္ဆိုရင္ လြယ္ကူတဲ့ ဂိုးျဖစ္ႏိုင္ေပမယ့္ သူ႔ရဲ႕ အသက္အ႐ြယ္နဲ႔ဆိုရင္ ဒီေလာက္ကပဲ ေက်နပ္စရာျဖစ္ေနၿပီလို႔ ေျပာရပါလိမ့္မယ္။

ပက္ပ္ရဲ႕ ၿပီးျပည့္စုံတဲ့ ႏိုင္ပြဲ
ေလးဂိုးသြင္းတယ္၊ တစ္ဂိုးမွ ျပန္မေပးရဘူးဆိုတာ နည္းျပ ပက္ပ္ ဂြါဒီယိုလာအတြက္ေတာ့ ၿပီးျပည့္စုံတဲ့ ႏိုင္ပြဲျဖစ္ပါတယ္။ တကယ္ေတာ့ စပိန္သားႀကီးက သုံးဂိုးကတည္းက ေက်နပ္ခဲ့တာျဖစ္ၿပီး သူ႔ရဲ႕ လူငယ္တိုက္စစ္အတြဲျဖစ္တဲ့ ဖိုဒန္နဲ႔ ဟားလန္းကို ခ်က္ခ်င္းလဲပစ္ခဲ့သလို လာမယ့္ စပါးစ္နဲ႔ ပြဲအတြက္ လန္းဆန္းေနဖို႔ ေနာ္ေဝသားရဲ႕ ဟက္ထရစ္ရခြင့္ကိုေတာင္ ပယ္ခ်ခဲ့တာပါ။ ဟားလန္းရဲ႕ ဒီရာသီ ၈ ပြဲမွာ ၁၂ ဂိုးဆိုတာက ဆရာပက္ပ္အတြက္ေတာ့ ခ်ိဳၿမိန္လြန္းေနၿပီျဖစ္သလို လာမယ့္ စပါးစ္ကို တီးၿပီး ပရီးမီးယားလိဂ္ခ်န္ပီယံ ကာကြယ္မႈကို ပိုမိုခိုင္မာေစဖို႔ပဲ ျပင္ဆင္ရေတာ့မွာျဖစ္ပါတယ္။

ခ်န္ပီယံလိဂ္ဂိုး စတင္ရရွိခဲ့တဲ့ ဆရာႀကီး
ဘင္ဖီကာနဲ႔ ငယ္ငယ္႐ြယ္႐ြယ္မွာ Commanding Center Back ျဖစ္လာၿပီး ေစာေစာစီးစီး ဆရာႀကီးဘဝနဲ႔ ခ်န္ပီယံလိဂ္ပြဲစဥ္ေတြကို ကစားခြင့္ ရရွိထားတဲ့ ေနာက္ခံလူ ႐ူဘင္ ဒီယက္စ္အတြက္ ဒီပြဲမတိုင္ခင္အထိ မန္စီးတီးေရာက္လာၿပီးမွ ကစားခဲ့တဲ့ ၁၉ ပြဲနဲ႔ အသင္းေဟာင္းက ၁၃ ပြဲ၊ စုစုေပါင္း ခ်န္ပီယံလိဂ္ ၃၂ ပြဲမွာ တစ္ဂိုးမွ ရမထားေသးတာေတာ့ နည္းနည္း ကံေခခဲ့တယ္လို႔ ေျပာရမွာျဖစ္ပါတယ္။ ခ်န္ပီယံလိဂ္ ၆ ရာသီကို ကုန္ဆုံးခဲ့ၿပီးတဲ့ အသက္၂၅ ႏွစ္အ႐ြယ္ ေပၚတူဂီသားဟာ ဒီေန႔မွာေတာ့ ၇ ရာသီေျမာက္ အဖြင့္ပြဲစဥ္မွာ ပထမဆုံးသြင္းဂိုးကို ရယူႏိုင္ခဲ့တာျဖစ္ၿပီး ေနာက္ခံလူေတြရဲ႕ ေထာင့္ကန္ေဘာကေန ေခါင္းတိုက္သြင္းယူမႈမ်ိဳး မဟုတ္ဘဲ လက္ေ႐ြးစင္အသင္းေဖာ္ ကန္ဆယ္လိုရဲ႕ အနိမ့္ေဘာ ျဖတ္တင္မႈကို တိုက္စစ္မႉးတစ္ေယာက္လို တစ္ဖက္ခံစစ္မႉးေတြၾကားက ေနရာယူ ပိတ္သြင္းျပသြားခဲ့တာကေတာ့ ထူးျခားမႈလည္းျဖစ္ခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.