Ligue1 Match Report Serie A UCL&UEL

အုပ်စုတွင်း အခက်ဆုံးပြိုင်ဘက် ဂျူဗီကို အမ်ဘာပေ ခြေစွမ်းပြပြီး အနိုင်ယူတဲ့ PSG

ပီအက်စ်ဂျီအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဒွန်နာရမ်မာ၊ ခံစစ်မှာ ဆာဂျီယို ရာမို့စ်၊ မားကင်ညို့စ်၊ ကင်ပမ်ဘီတို့နဲ့ ပွဲထွက်လာခဲ့ပြီး ကွင်းလယ်မှာတော့ ဗီတင်ညာ၊ ဗာရက်တီ၊ ဟာကီမီနဲ့ နူနို မန်ဒက်စ်တို့ကို အထိုင်ချလာခဲ့သလို တိုက်စစ်မှာတော့ နေမာ၊ မက်ဆီနဲ့ အမ်ဘာပေတို့ပဲ ကစားလာခဲ့ကြတာဖြစ်ပါတယ်။

ဧည့်သည် ဂျူဗင်တပ်စ်အသင်းကတော့ ဂိုးသမား ပါရင်၊ ခံစစ်မှာ ဘိုနူချီ၊ ဒါနီလို၊ ဘရီးမားတို့နဲ့ အထိုင်ချခဲ့သလို ကွင်းလယ်မှာတော့ ကွာဒရာဒို၊ ပါရေးဒက်စ်၊ ရာဗျို၊ မီရက်တီနဲ့ ကော့စ်တစ်ချ်တို့ကို စုဖွဲ့လာခဲ့ပြီး တိုက်စစ်မှာတော့ ဗလာဟိုဗစ်ချ်နဲ့ မီလစ်ခ်တို့ကို ပွဲထုတ်လာခဲ့ကြတာပါ။

ပွဲချိန် ၅ မိနစ်မှာကတည်းက ပီအက်စ်ဂျီတို့ အဖွင့်ဂိုး စတင်ရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဘောလုံးရလာခဲ့တဲ့ အမ်ဘာပေက နေမာကို ပေးခဲ့ပြီး နေမာက သူတို့ရဲ့ ဒီရာသီမှာ ခဏခဏလုပ်နေကျ ပုံစံနဲ့ ဂျူဗင်တပ်စ်ခံစစ်တန်းပေါ် ကျော်ချပေးခဲ့ရာမှာ အမ်ဘာပေက ပြေးထွက်ပြီး မြေမကျ Volley ကန်သွင်းသွားခဲ့လို့ ဂိုးသမား ပါရင် ကာကွယ်ဖို့ အချိန်မမီဘဲ ခံလိုက်ရတာဖြစ်ပါတယ်။

ပွဲချိန် ၁၉ မိနစ်မှာတော့ ညာတောင်ပံက ကွာဒရာဒိုရဲ့ ဖြတ်တင်ဘောကနေ မီလစ်ခ်ရဲ့ ခေါင်းတိုက်ချက်ပြင်းပြင်းကို ဒွန်နာရမ်မာ ပုတ်ထုတ်ခဲ့ရပြီး ကင်ပမ်ဘီကလွဲရင် Jumping မကောင်းတဲ့ ပီအက်စ်ဂျီခံစစ်ရဲ့ အားနည်းချက်က ပေါ်လွင်ခဲ့တာဖြစ်သလို ခံစစ်သမားစစ်စစ်တွေ မဟုတ်တဲ့ ဗီတင်ညာနဲ့ ဗာရက်တီတို့ကလည်း အကောင်သေးတဲ့အတွက် အထိနာဖို့ နီးစပ်ခဲ့တာပါ။

ပွဲချိန် ၂၂ မိနစ်မှာတော့ ပီအက်စ်ဂျီတို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို ရရှိသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းကနေ ဗာရက်တီ ပေးတဲ့ ဘောလုံးကို လက်ခံရရှိခဲ့တဲ့ အမ်ဘာပေက လူကြားထဲကနေ ဧရိယာထဲ ရောက်နေတဲ့ ဟာကီမီနဲ့ ဝမ်းတူးရိုက်ပြီး မြောက်နေတဲ့ ဘောလုံးကို မြေမကျခင်မှာပဲ First Time Shot ကန်သွင်းယူသွားခဲ့လို့ ဂျူဗီခံစစ်တွေ ထပ်ပြီး အငိုက်မိခဲ့ကြရတာဖြစ်ပါတယ်။

ပထမပိုင်းမှာတော့ ပီအက်စ်ဂျီတို့ နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ကြပြီး ဒုတိယပိုင်းအစမှာတော့ အီတလီ ဒီဘရိုင်းနားလို့ နာမည်ကြီးနေတဲ့ မီရက်တီတစ်ယောက် ကွင်းလယ်မှာ ပျောက်ချင်းမလှ ပျောက်နေတာကြောင့် အမေရိကန်သား မက်ကင်နီနဲ့ ဂျူဗင်တပ်စ်တို့ လူစားလဲကစားပြီး လုပ်အားနှုန်းနဲ့ အသာစီးရဖို့ ကြိုးစားလာခဲ့ကြတာပါ။

ပွဲချိန် ၅၃ မိနစ်မှာတော့ ဂျူဗင်တပ်စ်တို့ ချေပဂိုးတစ်ဂိုး ပြန်လည်ရှာဖွေနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းမှာရတဲ့ ထောင့်ကန်ဘောကနေ အတိုပေးပြီး ကော့စ်တစ်ချ် ကန်တင်ပေးတာကို ပီအက်စ်ဂျီတို့ရဲ့ အားနည်းချက်ဖြစ်တဲ့ အမြင့်ဘောကို အသုံးချပြီး ကင်ပမ်ဘီနဲ့ နူနို မန်ဒက်စ်တို့ ရှင်းမထုတ်နိုင်ချိန်မှာ လူစားဝင်ကစားသမား မက်ကင်နီက ခေါင်းတိုက် သွင်းယူသွားခဲ့လို့ နှစ်ဂိုး-တစ်ဂိုးဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၅၆ မိနစ်မှာ ညာခြမ်းက ကွာဒရာဒိုရဲ့ ဖြတ်တင်ဘောကနေ ဗလာဟိုဗစ်ချ် ခေါင်းတိုက်သွင်းတာကို ပီအက်စ်ဂျီခံစစ်က အသည်းအသန် ကာကွယ်ခဲ့ရပြန်ပြီး ပွဲချိန် ၆၄ မိနစ်မှာတော့ နေမာနဲ့ မက်ဆီရဲ့ တွဲလုံးကနေ အမ်ဘာပေ အလွတ်ကန်ခွင့်ရခဲ့ပေမယ့် တိုင်ဘေးက ထွက်သွားခဲ့လို့ ရလဒ်တွေ မပြောင်းနိုင်ဘဲ ဖြစ်နေခဲ့ကြတာပါ။

ပွဲချိန် ၈၁ မိနစ်မှာ လိုကာတယ်လီရဲ့ ကြိုးစားမှုနှစ်ကြိမ်ကို ဒွန်နာရမ်မာ ကာကွယ်ခဲ့ရပြီး နေမာနဲ့ မက်ဆီတို့ကတော့ ဂျူဗီဂိုးသမား ပါရင်ကို ရင်ခုန်အောင် မလုပ်နိုင်ကြတော့တာကြောင့် ပွဲချိန်အပြည့်မှာတော့ အိမ်ရှင် ပီအက်စ်ဂျီတို့အနေနဲ့ အမ်ဘာပေရဲ့ ပထမပိုင်း သွင်းဂိုးနှစ်ဂိုးနဲ့ပဲ အောင်ပွဲခံနိုင်ခဲ့ကြတာဖြစ်ပါတယ်။

ဂျူဗင်တပ်စ်ကို နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပေမယ့် အရင်လို အဝေးဂိုး မရှိတော့ချိန်မှာ အသင်းကြီးနှစ်သင်းကြားက နိုင်ပွဲက ပီအက်စ်ဂျီတို့အဖို့ တန်ဖိုးထားစရာလည်းဖြစ်ခဲ့ပြီး အုပ်စု(H)မှာ ဘင်ဖီကာနဲ့ မက္ကာဘီ ဟိုင်ဖာတို့ကို သိပ်ထည့်တွက်စရာမလိုချိန်မှာ မက်ဆီ၊ နေမာ၊ အမ်ဘာပေတို့ရဲ့အားတွေနဲ့ ဒီရာသီ ချန်ပီယံလိဂ်ကို ဗိုလ်စွဲဖို့ လုပ်ဆောင်နိုင်မှာလား စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပီအက္စ္ဂ်ီအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ဒြန္နာရမ္မာ၊ ခံစစ္မွာ ဆာဂ်ီယို ရာမို႔စ္၊ မားကင္ညိဳ႕စ္၊ ကင္ပမ္ဘီတို႔နဲ႔ ပြဲထြက္လာခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဗီတင္ညာ၊ ဗာရက္တီ၊ ဟာကီမီနဲ႔ ႏူႏို မန္ဒက္စ္တို႔ကို အထိုင္ခ်လာခဲ့သလို တိုက္စစ္မွာေတာ့ ေနမာ၊ မက္ဆီနဲ႔ အမ္ဘာေပတို႔ပဲ ကစားလာခဲ့ၾကတာျဖစ္ပါတယ္။

ဧည့္သည္ ဂ်ဴဗင္တပ္စ္အသင္းကေတာ့ ဂိုးသမား ပါရင္၊ ခံစစ္မွာ ဘိုႏူခ်ီ၊ ဒါနီလို၊ ဘရီးမားတို႔နဲ႔ အထိုင္ခ်ခဲ့သလို ကြင္းလယ္မွာေတာ့ ကြာဒရာဒို၊ ပါေရးဒက္စ္၊ ရာဗ်ိဳ၊ မီရက္တီနဲ႔ ေကာ့စ္တစ္ခ်္တို႔ကို စုဖြဲ႕လာခဲ့ၿပီး တိုက္စစ္မွာေတာ့ ဗလာဟိုဗစ္ခ်္နဲ႔ မီလစ္ခ္တို႔ကို ပြဲထုတ္လာခဲ့ၾကတာပါ။

ပြဲခ်ိန္ ၅ မိနစ္မွာကတည္းက ပီအက္စ္ဂ်ီတို႔ အဖြင့္ဂိုး စတင္ရယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန ေဘာလုံးရလာခဲ့တဲ့ အမ္ဘာေပက ေနမာကို ေပးခဲ့ၿပီး ေနမာက သူတို႔ရဲ႕ ဒီရာသီမွာ ခဏခဏလုပ္ေနက် ပုံစံနဲ႔ ဂ်ဴဗင္တပ္စ္ခံစစ္တန္းေပၚ ေက်ာ္ခ်ေပးခဲ့ရာမွာ အမ္ဘာေပက ေျပးထြက္ၿပီး ေျမမက် Volley ကန္သြင္းသြားခဲ့လို႔ ဂိုးသမား ပါရင္ ကာကြယ္ဖို႔ အခ်ိန္မမီဘဲ ခံလိုက္ရတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၁၉ မိနစ္မွာေတာ့ ညာေတာင္ပံက ကြာဒရာဒိုရဲ႕ ျဖတ္တင္ေဘာကေန မီလစ္ခ္ရဲ႕ ေခါင္းတိုက္ခ်က္ျပင္းျပင္းကို ဒြန္နာရမ္မာ ပုတ္ထုတ္ခဲ့ရၿပီး ကင္ပမ္ဘီကလြဲရင္ Jumping မေကာင္းတဲ့ ပီအက္စ္ဂ်ီခံစစ္ရဲ႕ အားနည္းခ်က္က ေပၚလြင္ခဲ့တာျဖစ္သလို ခံစစ္သမားစစ္စစ္ေတြ မဟုတ္တဲ့ ဗီတင္ညာနဲ႔ ဗာရက္တီတို႔ကလည္း အေကာင္ေသးတဲ့အတြက္ အထိနာဖို႔ နီးစပ္ခဲ့တာပါ။

ပြဲခ်ိန္ ၂၂ မိနစ္မွာေတာ့ ပီအက္စ္ဂ်ီတို႔ပဲ ဒုတိယ ဦးေဆာင္ဂိုးကို ရရွိသြားခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းကေန ဗာရက္တီ ေပးတဲ့ ေဘာလုံးကို လက္ခံရရွိခဲ့တဲ့ အမ္ဘာေပက လူၾကားထဲကေန ဧရိယာထဲ ေရာက္ေနတဲ့ ဟာကီမီနဲ႔ ဝမ္းတူး႐ိုက္ၿပီး ေျမာက္ေနတဲ့ ေဘာလုံးကို ေျမမက်ခင္မွာပဲ First Time Shot ကန္သြင္းယူသြားခဲ့လို႔ ဂ်ဴဗီခံစစ္ေတြ ထပ္ၿပီး အငိုက္မိခဲ့ၾကရတာျဖစ္ပါတယ္။

ပထမပိုင္းမွာေတာ့ ပီအက္စ္ဂ်ီတို႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ႏိုင္ခဲ့ၾကၿပီး ဒုတိယပိုင္းအစမွာေတာ့ အီတလီ ဒီဘ႐ိုင္းနားလို႔ နာမည္ႀကီးေနတဲ့ မီရက္တီတစ္ေယာက္ ကြင္းလယ္မွာ ေပ်ာက္ခ်င္းမလွ ေပ်ာက္ေနတာေၾကာင့္ အေမရိကန္သား မက္ကင္နီနဲ႔ ဂ်ဴဗင္တပ္စ္တို႔ လူစားလဲကစားၿပီး လုပ္အားႏႈန္းနဲ႔ အသာစီးရဖို႔ ႀကိဳးစားလာခဲ့ၾကတာပါ။

ပြဲခ်ိန္ ၅၃ မိနစ္မွာေတာ့ ဂ်ဴဗင္တပ္စ္တို႔ ေခ်ပဂိုးတစ္ဂိုး ျပန္လည္ရွာေဖြႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းမွာရတဲ့ ေထာင့္ကန္ေဘာကေန အတိုေပးၿပီး ေကာ့စ္တစ္ခ်္ ကန္တင္ေပးတာကို ပီအက္စ္ဂ်ီတို႔ရဲ႕ အားနည္းခ်က္ျဖစ္တဲ့ အျမင့္ေဘာကို အသုံးခ်ၿပီး ကင္ပမ္ဘီနဲ႔ ႏူႏို မန္ဒက္စ္တို႔ ရွင္းမထုတ္ႏိုင္ခ်ိန္မွာ လူစားဝင္ကစားသမား မက္ကင္နီက ေခါင္းတိုက္ သြင္းယူသြားခဲ့လို႔ ႏွစ္ဂိုး-တစ္ဂိုးျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၅၆ မိနစ္မွာ ညာျခမ္းက ကြာဒရာဒိုရဲ႕ ျဖတ္တင္ေဘာကေန ဗလာဟိုဗစ္ခ်္ ေခါင္းတိုက္သြင္းတာကို ပီအက္စ္ဂ်ီခံစစ္က အသည္းအသန္ ကာကြယ္ခဲ့ရျပန္ၿပီး ပြဲခ်ိန္ ၆၄ မိနစ္မွာေတာ့ ေနမာနဲ႔ မက္ဆီရဲ႕ တြဲလုံးကေန အမ္ဘာေပ အလြတ္ကန္ခြင့္ရခဲ့ေပမယ့္ တိုင္ေဘးက ထြက္သြားခဲ့လို႔ ရလဒ္ေတြ မေျပာင္းႏိုင္ဘဲ ျဖစ္ေနခဲ့ၾကတာပါ။

ပြဲခ်ိန္ ၈၁ မိနစ္မွာ လိုကာတယ္လီရဲ႕ ႀကိဳးစားမႈႏွစ္ႀကိမ္ကို ဒြန္နာရမ္မာ ကာကြယ္ခဲ့ရၿပီး ေနမာနဲ႔ မက္ဆီတို႔ကေတာ့ ဂ်ဴဗီဂိုးသမား ပါရင္ကို ရင္ခုန္ေအာင္ မလုပ္ႏိုင္ၾကေတာ့တာေၾကာင့္ ပြဲခ်ိန္အျပည့္မွာေတာ့ အိမ္ရွင္ ပီအက္စ္ဂ်ီတို႔အေနနဲ႔ အမ္ဘာေပရဲ႕ ပထမပိုင္း သြင္းဂိုးႏွစ္ဂိုးနဲ႔ပဲ ေအာင္ပြဲခံႏိုင္ခဲ့ၾကတာျဖစ္ပါတယ္။

ဂ်ဴဗင္တပ္စ္ကို ႏွစ္ဂိုး-တစ္ဂိုးနဲ႔ အႏိုင္ရရွိခဲ့ေပမယ့္ အရင္လို အေဝးဂိုး မရွိေတာ့ခ်ိန္မွာ အသင္းႀကီးႏွစ္သင္းၾကားက ႏိုင္ပြဲက ပီအက္စ္ဂ်ီတို႔အဖို႔ တန္ဖိုးထားစရာလည္းျဖစ္ခဲ့ၿပီး အုပ္စု(H)မွာ ဘင္ဖီကာနဲ႔ မကၠာဘီ ဟိုင္ဖာတို႔ကို သိပ္ထည့္တြက္စရာမလိုခ်ိန္မွာ မက္ဆီ၊ ေနမာ၊ အမ္ဘာေပတို႔ရဲ႕အားေတြနဲ႔ ဒီရာသီ ခ်န္ပီယံလိဂ္ကို ဗိုလ္စြဲဖို႔ လုပ္ေဆာင္ႏိုင္မွာလား ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.