Ligue1 UCL&UEL

ထိရုံနဲ့ ဂိုးမယ့်အလုံးကို မပေးဘဲ တကိုယ်ကောင်းဆန်လို့ အမ်ဘာပေကို အော်ဟစ်ခဲ့တဲ့ နေမာ

ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး နေမာဟာ ဂျူဗင်တပ်အသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်အတွင်း အမ်ဘာပေ ဘောလုံးမပေးဘဲ တကိုယ်ကောင်း ဆန်ခဲ့ပြီးနောက် အော်ဟစ်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

ပီအက်စ်ဂျီဟာ ပထမပိုင်းအပြီးမှာ အမ်ဘာပေရဲ့ ၂၂ မိနစ်အတွင်း သွင်းယူခဲ့တဲ့ ဦးဆောင်ဂိုး ၂ ဂိုးကြောင့် ၂-၀ နဲ့ ဦးဆောင်နိုင်ခဲ့တာဖြစ်ပြီး ပထမဂိုးဟာ နေမာက ဂျူဗင်တပ်ခံစစ်ကို ကျော်ပြီး အမ်ဘာပေအတွက် ဖြတ်တင်ပေးပို့ခဲ့ရာမှာ အသက် ၂၃ နှစ်အရွယ်ကစားသမားက အလွန်ကောင်းမွန်တဲ့ မြေမကျဘောကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ၂၂ မိနစ်မှာ ညာနောက်ခံလူ ဟာကီမီရဲ့ ပေးပို့မှုကနေတဆင့် အမ်ဘာပေ အမှားအယွင်းမရှိ အဆုံးသတ်ပြီး ဒုတိယမြောက် ဦးဆောင်ဂိုးကို ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ ပီအက်စ်ဂျီအသင်းက တတိယမြောက် ဦးဆောင်ဂိုး ရရှိဖို့အတွက် ကြိုးပမ်းနေခဲ့ချိန်မှာ အမ်ဘာပေက လီယွန်နယ် မက်ဆီ ခင်းပေးလိုက်တဲ့ဘောလုံးကို ညာတောင်ပံကနေ ဆွဲပြေးလာပြီး ဘယ်ဖက်ခြမ်းမှာ နေမာ လူကပ်မခံထားရဘဲ လွတ်နေပေမယ့် ပြင်သစ်တိုက်စစ်မှူးဟာ ဘောလုံးမပေးပို့ဘဲ ကိုယ်တိုင်ကန်သွင်းခဲ့ရာမှာ ဘေးကို ဝိုက်ထွက်သွားခဲ့တာဖြစ်ပါတယ်။

နေမာဟာ အလွယ်တကူ တစ်ချက်ထိ ပိတ်သွင်းနိုင်မယ့်အလုံးကို အမ်ဘာပေက ဘောလုံးပေးပို့ခဲ့ခြင်းမရှိတာကြောင့် ဒေါသထွက်ခဲ့ပြီး ပြင်သစ်တိုက်စစ်မှူးသာ ဟက်ထရစ်ရချင်ဇောနဲ့ တကိုယ်ကောင်းမဆန်ခဲ့ဘူးဆိုရင် ပီအက်စ်ဂျီအသင်းက ၃-၀ နဲ့ ဦးဆောင်နိုင်ခဲ့မှာဖြစ်ပေမယ့်လည်း အဲဒီလို မဖြစ်ခဲ့တာဖြစ်ပါတယ်။

ဒီထက် ပိုပြီးဆိုးရွားသွားစေတဲ့အရာကတော့ ဂျူဗင်တပ်အသင်းဟာ နောက်ထပ် မိနစ်အနည်းငယ်အကြာမှာ ဝက်စ်တန် မက်ကန်နီရဲ့သွင်းဂိုးကြောင့် ချေပဂိုး ရရှိသွားခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ရက်သတ္တပတ်တွေကတည်းက နေမာနဲ့ အမ်ဘာပေတို့ကြားမှာ တင်းမာမှုတွေ မြင့်တက်နေခဲ့တာဖြစ်ပေမယ့်လည်း ပြင်သစ်တိုက်စစ်မှူးကတော့ ဒီပွဲမတိုင်ခင် မီဒီယာတွေနဲ့ တွေ့ဆုံချိန်မှာ ကောလာဟလတွေကို ငြင်းပယ်သွားခဲ့တာဖြစ်ပါတယ်။

“နေမာနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် ဒါက ၆ နှစ်မြောက်ပါ။ ကျွန်တော်တို့ လေးစားမှုပေါ် အခြေခံတဲ့ ဆက်ဆံရေးမျိုး အမြဲတမ်းရှိခဲ့ကြတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် တစ်ခါတလေမှာ အနည်းငယ် အေးစက်ပြီး အနည်းငယ် ပူပြင်းတဲ့အခိုက်အတန့်တွေလိုမျိုး အချိန်တွေ ကျွန်တော်တို့ အမြဲတမ်းရှိခဲ့ပါတယ်”

“အချိန်တွေရှိပါသေးတယ်။ ခင်ဗျား တွေ့ပါလိမ့်မယ်။ ကျွန်တော်တို့တွေက အကောင်းဆုံးမိတ်ဆွေတွေဖြစ်ကြပြီး တစ်ခါတလေမှာ စကားသိပ်မပြောကြပါဘူး။ အဲဒါက ကျွန်တော်တို့ ဆက်ဆံရေးပုံစံကိုက အဲဒီလိုမျိုး ဖြစ်နေလို့ပါ။ ဒါပေမယ့်လည်း လေးစားမှုတွေ အများကြီးရှိကြပါတယ်”

“သူ့လိုမျိုး ကစားသမားအတွက်၊ ကျွန်တော်တို့အသင်းမှာ သူ့ရဲ့ အရေးပါမှုနဲ့ သူက ကစားတစ်ဦးအဖြစ် ကိုယ်စားပြုနေတဲ့အပေါ် လေးစားမှု အများကြီးရှိပါတယ်။ နောက်ပြီးတော့ ခင်ဗျားမှာ ဒီလိုမျိုး အားကောင်းတဲ့ စရိုက်လက္ခဏာရှိတဲ့ ကစားသမား ၂ ဦးရှိတဲ့အခါမှာ ဘဝဆိုတာ မျဉ်းဖြောင့်အတိုင်းမဟုတ်ပါဘူး။ တစ်ခါတလေမှာ အရာတော်တော်များများ ဖြစ်ပျက်တတ်တာ သေချာပေမယ့် လေးစားမှုနဲ့ ပီအက်စ်ဂျီရဲ့ အကျိုးစီးပွားက အမြဲတမ်း ကျန်ရှိနေမှာပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပီအက္စ္ဂ်ီၾကယ္ပြင့္တိုက္စစ္မႉး ေနမာဟာ ဂ်ဴဗင္တပ္အသင္းနဲ႔ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္အတြင္း အမ္ဘာေပ ေဘာလုံးမေပးဘဲ တကိုယ္ေကာင္း ဆန္ခဲ့ၿပီးေနာက္ ေအာ္ဟစ္ခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။

ပီအက္စ္ဂ်ီဟာ ပထမပိုင္းအၿပီးမွာ အမ္ဘာေပရဲ႕ ၂၂ မိနစ္အတြင္း သြင္းယူခဲ့တဲ့ ဦးေဆာင္ဂိုး ၂ ဂိုးေၾကာင့္ ၂-၀ နဲ႔ ဦးေဆာင္ႏိုင္ခဲ့တာျဖစ္ၿပီး ပထမဂိုးဟာ ေနမာက ဂ်ဴဗင္တပ္ခံစစ္ကို ေက်ာ္ၿပီး အမ္ဘာေပအတြက္ ျဖတ္တင္ေပးပို႔ခဲ့ရာမွာ အသက္ ၂၃ ႏွစ္အ႐ြယ္ကစားသမားက အလြန္ေကာင္းမြန္တဲ့ ေျမမက်ေဘာကန္သြင္းသြားခဲ့တာျဖစ္ပါတယ္။ ပီအက္စ္ဂ်ီအသင္းဟာ ၂၂ မိနစ္မွာ ညာေနာက္ခံလူ ဟာကီမီရဲ႕ ေပးပို႔မႈကေနတဆင့္ အမ္ဘာေပ အမွားအယြင္းမရွိ အဆုံးသတ္ၿပီး ဒုတိယေျမာက္ ဦးေဆာင္ဂိုးကို ရရွိသြားခဲ့တာ ျဖစ္ပါတယ္။

ဒုတိယပိုင္းမွာ ပီအက္စ္ဂ်ီအသင္းက တတိယေျမာက္ ဦးေဆာင္ဂိုး ရရွိဖို႔အတြက္ ႀကိဳးပမ္းေနခဲ့ခ်ိန္မွာ အမ္ဘာေပက လီယြန္နယ္ မက္ဆီ ခင္းေပးလိုက္တဲ့ေဘာလုံးကို ညာေတာင္ပံကေန ဆြဲေျပးလာၿပီး ဘယ္ဖက္ျခမ္းမွာ ေနမာ လူကပ္မခံထားရဘဲ လြတ္ေနေပမယ့္ ျပင္သစ္တိုက္စစ္မႉးဟာ ေဘာလုံးမေပးပို႔ဘဲ ကိုယ္တိုင္ကန္သြင္းခဲ့ရာမွာ ေဘးကို ဝိုက္ထြက္သြားခဲ့တာျဖစ္ပါတယ္။

ေနမာဟာ အလြယ္တကူ တစ္ခ်က္ထိ ပိတ္သြင္းႏိုင္မယ့္အလုံးကို အမ္ဘာေပက ေဘာလုံးေပးပို႔ခဲ့ျခင္းမရွိတာေၾကာင့္ ေဒါသထြက္ခဲ့ၿပီး ျပင္သစ္တိုက္စစ္မႉးသာ ဟက္ထရစ္ရခ်င္ေဇာနဲ႔ တကိုယ္ေကာင္းမဆန္ခဲ့ဘူးဆိုရင္ ပီအက္စ္ဂ်ီအသင္းက ၃-၀ နဲ႔ ဦးေဆာင္ႏိုင္ခဲ့မွာျဖစ္ေပမယ့္လည္း အဲဒီလို မျဖစ္ခဲ့တာျဖစ္ပါတယ္။

ဒီထက္ ပိုၿပီးဆိုး႐ြားသြားေစတဲ့အရာကေတာ့ ဂ်ဴဗင္တပ္အသင္းဟာ ေနာက္ထပ္ မိနစ္အနည္းငယ္အၾကာမွာ ဝက္စ္တန္ မက္ကန္နီရဲ႕သြင္းဂိုးေၾကာင့္ ေခ်ပဂိုး ရရွိသြားခဲ့တာ ျဖစ္ၿပီး ၿပီးခဲ့တဲ့ရက္သတၱပတ္ေတြကတည္းက ေနမာနဲ႔ အမ္ဘာေပတို႔ၾကားမွာ တင္းမာမႈေတြ ျမင့္တက္ေနခဲ့တာျဖစ္ေပမယ့္လည္း ျပင္သစ္တိုက္စစ္မႉးကေတာ့ ဒီပြဲမတိုင္ခင္ မီဒီယာေတြနဲ႔ ေတြ႕ဆုံခ်ိန္မွာ ေကာလာဟလေတြကို ျငင္းပယ္သြားခဲ့တာျဖစ္ပါတယ္။

“ေနမာနဲ႔ပတ္သက္ၿပီး ေျပာရမယ္ဆိုရင္ ဒါက ၆ ႏွစ္ေျမာက္ပါ။ ကြၽန္ေတာ္တို႔ ေလးစားမႈေပၚ အေျခခံတဲ့ ဆက္ဆံေရးမ်ိဳး အၿမဲတမ္းရွိခဲ့ၾကတယ္လို႔ ထင္ပါတယ္။ ဒါေပမယ့္ တစ္ခါတေလမွာ အနည္းငယ္ ေအးစက္ၿပီး အနည္းငယ္ ပူျပင္းတဲ့အခိုက္အတန႔္ေတြလိုမ်ိဳး အခ်ိန္ေတြ ကြၽန္ေတာ္တို႔ အၿမဲတမ္းရွိခဲ့ပါတယ္”

“အခ်ိန္ေတြရွိပါေသးတယ္။ ခင္ဗ်ား ေတြ႕ပါလိမ့္မယ္။ ကြၽန္ေတာ္တို႔ေတြက အေကာင္းဆုံးမိတ္ေဆြေတြျဖစ္ၾကၿပီး တစ္ခါတေလမွာ စကားသိပ္မေျပာၾကပါဘူး။ အဲဒါက ကြၽန္ေတာ္တို႔ ဆက္ဆံေရးပုံစံကိုက အဲဒီလိုမ်ိဳး ျဖစ္ေနလို႔ပါ။ ဒါေပမယ့္လည္း ေလးစားမႈေတြ အမ်ားႀကီးရွိၾကပါတယ္”

“သူ႔လိုမ်ိဳး ကစားသမားအတြက္၊ ကြၽန္ေတာ္တို႔အသင္းမွာ သူ႔ရဲ႕ အေရးပါမႈနဲ႔ သူက ကစားတစ္ဦးအျဖစ္ ကိုယ္စားျပဳေနတဲ့အေပၚ ေလးစားမႈ အမ်ားႀကီးရွိပါတယ္။ ေနာက္ၿပီးေတာ့ ခင္ဗ်ားမွာ ဒီလိုမ်ိဳး အားေကာင္းတဲ့ စ႐ိုက္လကၡဏာရွိတဲ့ ကစားသမား ၂ ဦးရွိတဲ့အခါမွာ ဘဝဆိုတာ မ်ဥ္းေျဖာင့္အတိုင္းမဟုတ္ပါဘူး။ တစ္ခါတေလမွာ အရာေတာ္ေတာ္မ်ားမ်ား ျဖစ္ပ်က္တတ္တာ ေသခ်ာေပမယ့္ ေလးစားမႈနဲ႔ ပီအက္စ္ဂ်ီရဲ႕ အက်ိဳးစီးပြားက အၿမဲတမ္း က်န္ရွိေနမွာပါ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.