La Liga Match Report UCL&UEL

ဟာဇတ်ရဲ့ တစ်ကျော့ပြန် ခြေစွမ်းနဲ့ ဆဲလ်တစ်ကို ကျော်ဖြတ်တဲ့ ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ကူတွာ၊ ခံစစ်မှာ အလာဘာ၊ မီလီတို၊ ဖယ်လွန် မန်ဒီ၊ ကာဗာဟယ်လ်တို့နဲ့ ပွဲထွက်လာခဲ့ကြပြီး ကွင်းလယ်မှာတော့ တိုနီ ခရူးစ်၊ မိုဒရစ်ချ်နဲ့ ချွာမင်နီတို့ ကစားခဲ့ကြသလို တိုက်စစ်မှာတော့ ဗယ်လ်ဗာဒီ၊ ဘင်ဇီးမားနဲ့ ဗီနီးရှပ်စ် ဂျူနီယာတို့ကို အသုံးပြုလာခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် ဆဲလ်တစ်တို့ကတော့ ဂိုးသမား ဂျိုးဟတ်၊ ခံစစ်မှာ ကာတာ-ဗစ်ကာစ်၊ ဂျင့်ဇ်၊ တေလာနဲ့ ယူရာနိုဗစ်ချ်တို့ကို ခင်းကျင်းလာခဲ့ကြပြီး ကွင်းလယ်မှာတော့ မဂ္ဂရီဂါ၊ ဟာတာတဲ၊ အိုရိုင်လီတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဂျိုတာ၊ အဘာဒါနဲ့ ဂျာကူမာကစ်တို့ကို ပွဲထုတ်လာခဲ့ကြတာပါ။

ဆဲလ်တစ်တို့အနေနဲ့ ရီးရဲလ်ကို ရှိန်မနေဘဲ အိမ်ကွင်းအားနဲ့ ပွဲစကတည်းက ထိုးဖောက်ကစားသွားခဲ့သလို သူတို့ရဲ့ တိုက်စစ်ပိုင်းက ခင်းကျင်းမှု သိပ်မကောင်းခဲ့လို့သာ ဂိုးရှေ့မှာ ဧည့်သည်ခံစစ်ကို မကျော်နိုင်ခဲ့တာဖြစ်ပြီး နည်းပြ ပေါ့စတီကိုဂလူးရဲ့ Pressing ကစားပုံက တော်တော်လေးတော့ မဆိုးဘူးလို့ ပြောစရာဖြစ်ခဲ့ပါတယ်။

ဂျပန်သား ဖူရူဟရှိကို အရန်ခုံမှာ ထားခဲ့ပေမယ့် နောက်ထပ် ဂျပန်သားပဲဖြစ်တဲ့ ဟာတာတဲရဲ့ လှုပ်ရှားမှုတွေက စပိန်သားတစ်ယောက်ကို ကြည့်နေရသလား ထင်ရသလို မဂ္ဂရီဂါရဲ့ မိနစ် ၂၀ ကန်ချက်က တိုင်မထိခဲ့ဘူးဆိုရင် ရီးရဲလ်တို့ နောက်က လိုက်ကစားခဲ့ရနိုင်ပြီး လက်ရှိချန်ပီယံတွေရဲ့ ကြိုးစားအားထုတ်မှုတွေကတော့ အလွဲတွေပဲ များနေခဲ့သလို ပွဲချိန် မိနစ် ၃၀ မှာတော့ ဘင်ဇီးမားရဲ့ ဒဏ်ရာကြောင့် ဟာဇတ်နဲ့ လဲကစားခဲ့ရတာပါ။

ဘင်ဇီးမားအစား ပိုလှုပ်ကစားလာနိုင်ခဲ့တဲ့ ဟာဇတ်ကြောင့် ဆဲလ်တစ်တို့ တိုက်စစ်သိပ်မကစားနိုင်တော့ဘဲ ရီးရဲလ်တို့ ထိထိရောက်ရောက် ပြန်ကစားလာနိုင်ခဲ့သလို ပထမပိုင်း ပြီးခါနီး ဗီးနီးရှပ်စ်ရဲ့ ကန်ချက်နှစ်ကြိမ်ကိုတော့ ဂျိုးဟတ် ကာကွယ်သွားနိုင်ခဲ့တဲ့အတွက် ပထမပိုင်းမှာ ဂိုးမရှိသရေပဲ ဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာတော့ မီလီတိုအစား ရူဒီဂါ ဝင်ကစားခဲ့ပြီး ရီးရဲလ်တို့ အပြောင်းအလဲလုပ်ခဲ့သလို ပွဲချိန် ၅၆ မိနစ်မှာတော့ အဖွင့်ဂိုးရယူသွားခဲ့ပြီး ခံစစ်ကနေ Play Out လုပ်ပြီး ဆဲလ်တစ် Pressing ကို ဖောက်ထွက်နိုင်ခဲ့တဲ့ ဗယ်လ်ဗာဒီရဲ့ ညာခြမ်းက ဖြတ်တင်ဘောကို ဘယ်အစွန်က ပြေးဝင်လာခဲ့တဲ့ ဗီနီးရှပ်စ်က အချိန်မဆိုင်းဘဲ အနိမ့်ဘော ကန်သွင်းယူနိုင်ခဲ့လို့ ဧည့်သည် စပိန်သားတွေ စတင်ဦးဆောင်ခဲ့ကြတာပါ။

တစ်ဂိုးရသွားလို့ ဖွင့်တိုက်တဲ့ ဆဲလ်တစ်ကို ရီးရဲလ်တို့ ဂိုးရဖို့ မခက်တော့ဘဲ ပွဲချိန် မိနစ် ၆၀ မှာ ဒုတိယဂိုး ရယူနိုင်ခဲ့ကြပြီး ဒီဂိုးကတော့ တန်ပြန် တိုက်စစ်ကနေ ဟာဇတ်က တစ်ကိုယ်တော် ဖောက်ထွက်ပြီး ဧရိယာထိပ်အရောက်မှာ မိုဒရစ်ချ်ကို ချပေးရာမှာ ခရိုအေးရှားသားကြီးက သူ့ရဲ့ စတိုင်အတိုင်း ဘယ်ယိမ်းညာယိမ်းလုပ်ပြီးမှ ညာခြေနဲ့ ပြောင်းပြန်ကန်ထည့်သွားခဲ့ရာမှာ ဂျိုးဟတ် အငိုက်မိသွားပြီး နှစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၇၇ မိနစ်မှာတော့ ခြေစွမ်းပြနေတဲ့ ဟာဇတ်က အသင်းအတွက် တတိယ အနိုင်ဂိုးကို သွင်းယူသွားနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ ဖော်မြူလာကွက်နဲ့ ကွင်းလယ်ကနေ ခရူးစ်က ဧရိယာညာဘက် Half Space ကို ထောင့်ဖြတ်ကန်တင်ပေးတာကို ကာဗာဟယ်လ်က တစ်ချက်ထိပြန်ချိုးပေးခဲ့ပြီး တိုက်စစ်မှူး နေရာမှာ ရှိနေတဲ့ ဟာဇတ်က အနီးကပ် ပိတ်သွင်းသွားနိုင်ခဲ့တာပါ။

လက်ကျန်ပွဲချိန်တွေမှာတော့ ဗီနီးရှပ်စ်နဲ့ မိုဒရစ်ချ်တို့အစား အဆန်စီယိုနဲ့ ရိုဒရီဂိုတို့ကို ထည့်သွင်းကစားသွားခဲ့ပြီး ရီးရဲလ်တို့ အနိုင်ရလဒ်ကို ထိန်းသိမ်းသွားခဲ့သလို ပွဲချိန်အပြည့်မှာတော့ ဆဲလ်တစ်ကွင်းမှာ သုံးဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံနိုင်ခဲ့ကြသလို လက်ရှိချန်ပီယံတွေအနေနဲ့ ဆုဖလားကာကွယ်ဖို့ တပ်လှန့်အချက်ပေးလိုက်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ရီးရဲလ္မက္ဒရစ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ကူတြာ၊ ခံစစ္မွာ အလာဘာ၊ မီလီတို၊ ဖယ္လြန္ မန္ဒီ၊ ကာဗာဟယ္လ္တို႔နဲ႔ ပြဲထြက္လာခဲ့ၾကၿပီး ကြင္းလယ္မွာေတာ့ တိုနီ ခ႐ူးစ္၊ မိုဒရစ္ခ်္နဲ႔ ခြၽာမင္နီတို႔ ကစားခဲ့ၾကသလို တိုက္စစ္မွာေတာ့ ဗယ္လ္ဗာဒီ၊ ဘင္ဇီးမားနဲ႔ ဗီနီးရွပ္စ္ ဂ်ဴနီယာတို႔ကို အသုံးျပဳလာခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ ဆဲလ္တစ္တို႔ကေတာ့ ဂိုးသမား ဂ်ိဳးဟတ္၊ ခံစစ္မွာ ကာတာ-ဗစ္ကာစ္၊ ဂ်င့္ဇ္၊ ေတလာနဲ႔ ယူရာႏိုဗစ္ခ်္တို႔ကို ခင္းက်င္းလာခဲ့ၾကၿပီး ကြင္းလယ္မွာေတာ့ မဂၢရီဂါ၊ ဟာတာတဲ၊ အို႐ိုင္လီတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဂ်ိဳတာ၊ အဘာဒါနဲ႔ ဂ်ာကူမာကစ္တို႔ကို ပြဲထုတ္လာခဲ့ၾကတာပါ။

ဆဲလ္တစ္တို႔အေနနဲ႔ ရီးရဲလ္ကို ရွိန္မေနဘဲ အိမ္ကြင္းအားနဲ႔ ပြဲစကတည္းက ထိုးေဖာက္ကစားသြားခဲ့သလို သူတို႔ရဲ႕ တိုက္စစ္ပိုင္းက ခင္းက်င္းမႈ သိပ္မေကာင္းခဲ့လို႔သာ ဂိုးေရွ႕မွာ ဧည့္သည္ခံစစ္ကို မေက်ာ္ႏိုင္ခဲ့တာျဖစ္ၿပီး နည္းျပ ေပါ့စတီကိုဂလူးရဲ႕ Pressing ကစားပုံက ေတာ္ေတာ္ေလးေတာ့ မဆိုးဘူးလို႔ ေျပာစရာျဖစ္ခဲ့ပါတယ္။

ဂ်ပန္သား ဖူ႐ူဟရွိကို အရန္ခုံမွာ ထားခဲ့ေပမယ့္ ေနာက္ထပ္ ဂ်ပန္သားပဲျဖစ္တဲ့ ဟာတာတဲရဲ႕ လႈပ္ရွားမႈေတြက စပိန္သားတစ္ေယာက္ကို ၾကည့္ေနရသလား ထင္ရသလို မဂၢရီဂါရဲ႕ မိနစ္ ၂၀ ကန္ခ်က္က တိုင္မထိခဲ့ဘူးဆိုရင္ ရီးရဲလ္တို႔ ေနာက္က လိုက္ကစားခဲ့ရႏိုင္ၿပီး လက္ရွိခ်န္ပီယံေတြရဲ႕ ႀကိဳးစားအားထုတ္မႈေတြကေတာ့ အလြဲေတြပဲ မ်ားေနခဲ့သလို ပြဲခ်ိန္ မိနစ္ ၃၀ မွာေတာ့ ဘင္ဇီးမားရဲ႕ ဒဏ္ရာေၾကာင့္ ဟာဇတ္နဲ႔ လဲကစားခဲ့ရတာပါ။

ဘင္ဇီးမားအစား ပိုလႈပ္ကစားလာႏိုင္ခဲ့တဲ့ ဟာဇတ္ေၾကာင့္ ဆဲလ္တစ္တို႔ တိုက္စစ္သိပ္မကစားႏိုင္ေတာ့ဘဲ ရီးရဲလ္တို႔ ထိထိေရာက္ေရာက္ ျပန္ကစားလာႏိုင္ခဲ့သလို ပထမပိုင္း ၿပီးခါနီး ဗီးနီးရွပ္စ္ရဲ႕ ကန္ခ်က္ႏွစ္ႀကိမ္ကိုေတာ့ ဂ်ိဳးဟတ္ ကာကြယ္သြားႏိုင္ခဲ့တဲ့အတြက္ ပထမပိုင္းမွာ ဂိုးမရွိသေရပဲ ျဖစ္ေနခဲ့ပါတယ္။

ဒုတိယပိုင္းအစမွာေတာ့ မီလီတိုအစား ႐ူဒီဂါ ဝင္ကစားခဲ့ၿပီး ရီးရဲလ္တို႔ အေျပာင္းအလဲလုပ္ခဲ့သလို ပြဲခ်ိန္ ၅၆ မိနစ္မွာေတာ့ အဖြင့္ဂိုးရယူသြားခဲ့ၿပီး ခံစစ္ကေန Play Out လုပ္ၿပီး ဆဲလ္တစ္ Pressing ကို ေဖာက္ထြက္ႏိုင္ခဲ့တဲ့ ဗယ္လ္ဗာဒီရဲ႕ ညာျခမ္းက ျဖတ္တင္ေဘာကို ဘယ္အစြန္က ေျပးဝင္လာခဲ့တဲ့ ဗီနီးရွပ္စ္က အခ်ိန္မဆိုင္းဘဲ အနိမ့္ေဘာ ကန္သြင္းယူႏိုင္ခဲ့လို႔ ဧည့္သည္ စပိန္သားေတြ စတင္ဦးေဆာင္ခဲ့ၾကတာပါ။

တစ္ဂိုးရသြားလို႔ ဖြင့္တိုက္တဲ့ ဆဲလ္တစ္ကို ရီးရဲလ္တို႔ ဂိုးရဖို႔ မခက္ေတာ့ဘဲ ပြဲခ်ိန္ မိနစ္ ၆၀ မွာ ဒုတိယဂိုး ရယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကေတာ့ တန္ျပန္ တိုက္စစ္ကေန ဟာဇတ္က တစ္ကိုယ္ေတာ္ ေဖာက္ထြက္ၿပီး ဧရိယာထိပ္အေရာက္မွာ မိုဒရစ္ခ်္ကို ခ်ေပးရာမွာ ခ႐ိုေအးရွားသားႀကီးက သူ႔ရဲ႕ စတိုင္အတိုင္း ဘယ္ယိမ္းညာယိမ္းလုပ္ၿပီးမွ ညာေျခနဲ႔ ေျပာင္းျပန္ကန္ထည့္သြားခဲ့ရာမွာ ဂ်ိဳးဟတ္ အငိုက္မိသြားၿပီး ႏွစ္ဂိုး-ဂိုးမရွိျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၇၇ မိနစ္မွာေတာ့ ေျခစြမ္းျပေနတဲ့ ဟာဇတ္က အသင္းအတြက္ တတိယ အႏိုင္ဂိုးကို သြင္းယူသြားႏိုင္ခဲ့ၿပီး ဒီဂိုးကိုေတာ့ ေဖာ္ျမဴလာကြက္နဲ႔ ကြင္းလယ္ကေန ခ႐ူးစ္က ဧရိယာညာဘက္ Half Space ကို ေထာင့္ျဖတ္ကန္တင္ေပးတာကို ကာဗာဟယ္လ္က တစ္ခ်က္ထိျပန္ခ်ိဳးေပးခဲ့ၿပီး တိုက္စစ္မႉး ေနရာမွာ ရွိေနတဲ့ ဟာဇတ္က အနီးကပ္ ပိတ္သြင္းသြားႏိုင္ခဲ့တာပါ။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ဗီနီးရွပ္စ္နဲ႔ မိုဒရစ္ခ်္တို႔အစား အဆန္စီယိုနဲ႔ ႐ိုဒရီဂိုတို႔ကို ထည့္သြင္းကစားသြားခဲ့ၿပီး ရီးရဲလ္တို႔ အႏိုင္ရလဒ္ကို ထိန္းသိမ္းသြားခဲ့သလို ပြဲခ်ိန္အျပည့္မွာေတာ့ ဆဲလ္တစ္ကြင္းမွာ သုံးဂိုး-ဂိုးမရွိနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကသလို လက္ရွိခ်န္ပီယံေတြအေနနဲ႔ ဆုဖလားကာကြယ္ဖို႔ တပ္လွန႔္အခ်က္ေပးလိုက္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.