International Match Report World Cup

လူဇင်ဘတ်ကို ၁၀ ဂိုးသွင်းပြီး ကမ္ဘာ့ဖလားသွားတော့မယ့် ယူရိုချန်ပီယံ အမျိုးသမီးအင်္ဂလန်

အင်္ဂလန်အသင်းအနေနဲ့ ဒီနေ့မှာ လူဇင်ဘတ်အသင်းနဲ့ ရင်ဆိုင်ခဲ့တဲ့ အိမ်ကွင်းပွဲစဉ်မှာတော့ ဂိုးသမား အယ်လီ ရိုးဘပ်ခ်၊ ခံစစ်မှာ လီယာ ဝီလီယမ်ဆန်၊ အဲလက်စ် ဂရင်းဝုဒ်၊ လူစီ ဘရွန့်ဇ်နဲ့ ရေချယ် ဒေလီတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ကီရာ ဝဲ့လ်ရှ်၊ အယ်လာ တွန်းန်နဲ့ ဂျော်ဂျာ စတန်ဝေးတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ နီကီတာ ပဲရစ္စ၊ အလက်စီယာ ရူဆိုနဲ့ ဘက်သ် မိဒ်တို့ကို အသုံးပြုခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၁၁ မိနစ်မှာ အင်္ဂလန်တို့ အဖွင့်ဂိုး စတင်ရှာဖွေနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ တိုက်စစ်မှူး ရူဆို ဧရိယာထဲမှာ တွန်းလှဲခံရတာကြောင့်ရတဲ့ ပင်နယ်တီကို ကွင်းလယ်လူ စတန်ဝေးက လူဇင်ဘတ်ဂိုးသမား ရှီလ်မေရဲ့ ညာဘက်အောက်ထောင့်ကို ကန်သွင်းပြီး စတင်ဦးဆောင်နိုင်ခဲ့ကြတာပါ။

ပွဲချိန် ၁၇ မိနစ်မှာတော့ ခြင်္သေ့မတွေအတွက် ဒုတိယဂိုးကို ထပ်မံရရှိခဲ့ပြီး နောက်ခံလူ ဝီလီယမ်ဆန်ရဲ့ ဖြတ်တင်ဘောကနေ လူဇင်ဘတ် နောက်ခံလူနှစ်ယောက်နောက်မှာ ပြေးထွက်နေရာယူထားခဲ့တဲ့ တိုက်စစ်မှူး ရူဆိုက ခေါင်းတိုက်ချက် ခပ်ပြင်းပြင်းနဲ့ သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၂၆ မိနစ်မှာ အင်္ဂလန်တို့ပဲ တတိယဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ တောက်လျှောက် တိုက်စစ်ဆင်ဆွဲပြေးလာခဲ့တဲ့ မိဒ်က အတွင်းကို Cut Back လုပ်ပေးတာကို ဧရိယာထဲကို ဝင်လာခဲ့တဲ့ စတန်ဝေးက အနိမ့်ဘော ကန်သွင်းခဲ့ရာမှာ လူဇင်ဘတ်ဂိုးသမားရဲ့ ပေါင်ကြားထဲက ဝင်သွားခဲ့တာပါ။

ပွဲချိန် ၃၈ မိနစ်မှာတော့ အိမ်ရှင်တွေပဲ စတုတ္ထဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာထောင့်ကန်ဘောကို အတိုပေးတာကနေ ကွင်းလယ်လူ တွန်းန်က ဘယ်ခြမ်းအဝေးတိုင်ဘက်ကို ဖြတ်တင်ပေးခဲ့ရာမှာ ဘယ်နောက်ခံလူ ဒေလီက လူကပ်ခံမထားရဘဲ တစ်ယောက်တည်း လွတ်လွတ်ကျွတ်ကျွတ် ‌ခေါင်းတိုက်သွားခဲ့တာဖြစ်ပါတယ်။

တစ်မိနစ်အကြာမှာ အင်္ဂလန်တို့ပဲ ပဉ္စမမြောက်ဂိုးကို သွင်းယူသွားခဲ့ကြပြန်ပြီး လူဇင်ဘတ်ရဲ့ စပေးဘောက မကြာခင် ပျက်ရာကနေ ဘယ်ခြမ်းက တိုက်စစ်ဆင်လာတဲ့ နောက်ခံလူ ဒေလီက အတွင်းကို Cut Back ပြန်ချပေးရာမှာ တောင်ပံတိုက်စစ်မှူး မိဒ်က ဝင်ဖျက်တဲ့ နောက်ခံလူနှစ်ဦးကို တစ်ချက် ခေါက်ပြီးမှ ဂိုးသမားနဲ့အတွေ့မှာ ကန်သွင်းယူသွားခဲ့လို့ ပထမပိုင်းမှာ ငါးဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့တာပါ။

ဒုတိယပိုင်းအစမှာတော့ အင်္ဂလန်တို့ဘက်က ဝီလီယမ်ဆန်၊ စတန်ဝေးနဲ့ ရူဆိုတို့အစား မီလီ ဘရိုက်၊ ကေတီ ဇီလမ်နဲ့ ဘက်သ်နီ အင်္ဂလန်တို့ကို ထည့်သွင်းကစားခဲ့ပြီး ပွဲချိန် ၄၇ မိနစ်မှာတော့ ဘယ်ခြမ်းကနေ ဧရိယာထဲမှာ ဘောလုံးရသွားခဲ့တဲ့ မိဒ်က အနိမ့်ဘော ဖြတ်ချိုးပေးတာကို လူစားဝင်လာတဲ့ အင်္ဂလန်က လူဇင်ဘတ်နောက်ခံလူနှစ်ယောက်ကြားကနေ အနီးကပ် ပိတ်သွင်းပြီး အသင်းအတွက် ဆဌမဂိုး ရယူပေးနိုင်ခဲ့ပါတယ်။

ပွဲချိန် ၅၉ မိနစ်မှာတော့ အင်္ဂလန်တို့ သတ္တမမြောက် သွင်းဂိုးကို ရှာဖွေနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ အင်္ဂလန်က နောက်ပြန်ချပေးတဲ့‌ ဘောလုံးကို တွန်းန်က ညာဘက် Half Space ထဲ ထိုးပေးခဲ့ရာမှာ အသင်းအတွက် ဂိုးမသွင်းနိုင်တာ တစ်နှစ်ရှိပြီးမှ စနေနေ့က ဩစတြီးယားနဲ့ပွဲမှာ ဂိုးပေါက်ပြန်တွေ့တဲ့ ပဲရစ္စက အနိမ့်ဘော ထောင့်ဖြတ်ကန်သွင်းနိုင်ခဲ့လို့ သူ့ရဲ့ နှစ်ပွဲဆက်သွင်းဂိုးနဲ့ ပျော်ရွှင်နိုင်ခဲ့တာပါ။

ပွဲချိန် ၆၁ မိနစ်မှာတော့ မိဒ်နဲ့ ဒေလီတို့အစား လော်ရင် ဟမ့်ပ်နဲ့ ဒမ်မီ စတုတ်ခ်တို့ကို နည်းပြ ဆာရီနာ ဗီးဂ်မန်းက လူစားလဲခဲ့ပြီး ပွဲချိန် ၇၃ မိနစ်မှာတော့ သတ္တမဂိုးသွင်းရှင် ပဲရစ္စကို ဧရိယာထဲမှာ ခြေချိတ်ခံခဲ့ရလို့ ရခဲ့တဲ့ ပင်နယ်တီကို ကွင်းလယ်လူ တွန်းန်က ဂိုးသမားကို လှည့်စားပြီး ဒိုက်ပစ်တဲ့ ဘက်နဲ့ တခြားစီ ကန်သွင်းပြသွားခဲ့လို့ ရှစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့ပါတယ်။

ပွဲချိန် မိနစ် ၉၀ မှာတော့ ဂိုးသွင်းတာကို ဘရိတ်အုပ်မရတဲ့ အင်္ဂလန်တို့ ကိုးနဝင်းကြေသွားခဲ့ပြီး ဒီဂိုးကိုတော့ ဂရင်းဝုဒ်ရဲ့ ထောင့်ကန်ဘောကနေ ဘရွန့်ဇ်က ခေါင်းတိုက်သွင်းခဲ့တာကို လူဇင်ဘတ်ဂိုးသမား ပုတ်ထုတ်လို့ ပြန်ကျလာတဲ့ ဘောလုံးကို လူစားဝင် တောင်ပံကစားသမား ဟမ့်ပ်က ပိတ်သွင်းပြီး ရယူသွားခဲ့တာပါ။

အင်္ဂလန်တို့ ဒီလောက်နဲ့တော့ ရပ်တန့်မသွားသေးဘဲ နာကျင်အချိန်ပို ၂ မိနစ်မှာ သူတို့အတွက် ရေတွက်လို့ လှပစေမယ့် ဒသမဂိုးကို ရယူခဲ့သလို ဒီဂိုးကိုတော့ ဇီလမ်ရဲ့ ညာထောင့်ကန်ဘောကနေ ပျော်သလောက်သွင်းဖို့ ကြိုးစားနေတဲ့ ခြင်္သေ့မတွေထဲ ဟမ့်ပ်နဲ့ မထိဘဲ ကျလာတဲ့ ဘောလုံးကို နောက်က စောင့်နေတဲ့ အင်္ဂလန်က သူ့ရဲ့ ဒုတိယဂိုးအဖြစ် သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ အင်္ဂလန်တို့ လူဇင်ဘတ်အပေါ် ဆယ်ဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံနိုင်ခဲ့ကြပြီး သူတို့ရဲ့ အုပ်စု(D)က ၁၀ ပွဲမြောက် နောက်ဆုံး ပွဲစဉ်ကို လှလှပပ အဆုံးသတ်ခဲ့ကြသလို ၁၀ ပွဲကစား ၁၀ ပွဲနိုင် သွင်းဂိုး ၈၀၊ ပေးဂိုးမရှိ၊ ရမှတ် ၃၀ နဲ့ ခြေစစ်ပွဲအောင်မြင်ခဲ့ကြပြီး ဒုတိယနေရာက ဩစတြီးယားကတော့ Play-off ကစားရတော့မှာပါ။

အင်္ဂလန်တို့အတွက်‌ ခြေစစ်ပွဲတွေမှာ‌ တောင်ပံတိုက်စစ်မှူး ဘက်သ် မိဒ်ကတော့ ၁၃ ဂိုးအထိ သွင်းယူပေးခဲ့သလို သူတို့ရဲ့ ဂိုးသွင်းအားကို ပြသနိုင်ခဲ့ပြီးတဲ့နောက် ဩစတေးလျနဲ့ နယူးဇီလန်မှာ ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမယ့် ၂၀၂၃ အမျိုးသမီး ကမ္ဘာ့ဖလားကို ယူရိုဖလားကြီးအပြီးမှာ ဆက်လက်ရယူသွားနိုင်မလားဆိုတာ ခြင်္သေ့မတွေကို ရွှေတောင်ပံတပ်ပေးခဲ့တဲ့ နယ်သာလန်သူ ဆာရီနာ ဗီးဂ်မန်းရဲ့ ကိုင်တွယ်မှုနဲ့အတူ စောင့်ကြည့်ရမှာ ဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အဂၤလန္အသင္းအေနနဲ႔ ဒီေန႔မွာ လူဇင္ဘတ္အသင္းနဲ႔ ရင္ဆိုင္ခဲ့တဲ့ အိမ္ကြင္းပြဲစဥ္မွာေတာ့ ဂိုးသမား အယ္လီ ႐ိုးဘပ္ခ္၊ ခံစစ္မွာ လီယာ ဝီလီယမ္ဆန္၊ အဲလက္စ္ ဂရင္းဝုဒ္၊ လူစီ ဘ႐ြန႔္ဇ္နဲ႔ ေရခ်ယ္ ေဒလီတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ကီရာ ဝဲ့လ္ရွ္၊ အယ္လာ တြန္းန္နဲ႔ ေဂ်ာ္ဂ်ာ စတန္ေဝးတို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ နီကီတာ ပဲရစၥ၊ အလက္စီယာ ႐ူဆိုနဲ႔ ဘက္သ္ မိဒ္တို႔ကို အသုံးျပဳခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၁၁ မိနစ္မွာ အဂၤလန္တို႔ အဖြင့္ဂိုး စတင္ရွာေဖြႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ တိုက္စစ္မႉး ႐ူဆို ဧရိယာထဲမွာ တြန္းလွဲခံရတာေၾကာင့္ရတဲ့ ပင္နယ္တီကို ကြင္းလယ္လူ စတန္ေဝးက လူဇင္ဘတ္ဂိုးသမား ရွီလ္ေမရဲ႕ ညာဘက္ေအာက္ေထာင့္ကို ကန္သြင္းၿပီး စတင္ဦးေဆာင္ႏိုင္ခဲ့ၾကတာပါ။

ပြဲခ်ိန္ ၁၇ မိနစ္မွာေတာ့ ျခေသၤ့မေတြအတြက္ ဒုတိယဂိုးကို ထပ္မံရရွိခဲ့ၿပီး ေနာက္ခံလူ ဝီလီယမ္ဆန္ရဲ႕ ျဖတ္တင္ေဘာကေန လူဇင္ဘတ္ ေနာက္ခံလူႏွစ္ေယာက္ေနာက္မွာ ေျပးထြက္ေနရာယူထားခဲ့တဲ့ တိုက္စစ္မႉး ႐ူဆိုက ေခါင္းတိုက္ခ်က္ ခပ္ျပင္းျပင္းနဲ႔ သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၂၆ မိနစ္မွာ အဂၤလန္တို႔ပဲ တတိယဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့ၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန ေတာက္ေလွ်ာက္ တိုက္စစ္ဆင္ဆြဲေျပးလာခဲ့တဲ့ မိဒ္က အတြင္းကို Cut Back လုပ္ေပးတာကို ဧရိယာထဲကို ဝင္လာခဲ့တဲ့ စတန္ေဝးက အနိမ့္ေဘာ ကန္သြင္းခဲ့ရာမွာ လူဇင္ဘတ္ဂိုးသမားရဲ႕ ေပါင္ၾကားထဲက ဝင္သြားခဲ့တာပါ။

ပြဲခ်ိန္ ၃၈ မိနစ္မွာေတာ့ အိမ္ရွင္ေတြပဲ စတုတၳဂိုးကို ထပ္မံသြင္းယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာေထာင့္ကန္ေဘာကို အတိုေပးတာကေန ကြင္းလယ္လူ တြန္းန္က ဘယ္ျခမ္းအေဝးတိုင္ဘက္ကို ျဖတ္တင္ေပးခဲ့ရာမွာ ဘယ္ေနာက္ခံလူ ေဒလီက လူကပ္ခံမထားရဘဲ တစ္ေယာက္တည္း လြတ္လြတ္ကြၽတ္ကြၽတ္ ‌ေခါင္းတိုက္သြားခဲ့တာျဖစ္ပါတယ္။

တစ္မိနစ္အၾကာမွာ အဂၤလန္တို႔ပဲ ပၪၥမေျမာက္ဂိုးကို သြင္းယူသြားခဲ့ၾကျပန္ၿပီး လူဇင္ဘတ္ရဲ႕ စေပးေဘာက မၾကာခင္ ပ်က္ရာကေန ဘယ္ျခမ္းက တိုက္စစ္ဆင္လာတဲ့ ေနာက္ခံလူ ေဒလီက အတြင္းကို Cut Back ျပန္ခ်ေပးရာမွာ ေတာင္ပံတိုက္စစ္မႉး မိဒ္က ဝင္ဖ်က္တဲ့ ေနာက္ခံလူႏွစ္ဦးကို တစ္ခ်က္ ေခါက္ၿပီးမွ ဂိုးသမားနဲ႔အေတြ႕မွာ ကန္သြင္းယူသြားခဲ့လို႔ ပထမပိုင္းမွာ ငါးဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ႏိုင္ခဲ့တာပါ။

ဒုတိယပိုင္းအစမွာေတာ့ အဂၤလန္တို႔ဘက္က ဝီလီယမ္ဆန္၊ စတန္ေဝးနဲ႔ ႐ူဆိုတို႔အစား မီလီ ဘ႐ိုက္၊ ေကတီ ဇီလမ္နဲ႔ ဘက္သ္နီ အဂၤလန္တို႔ကို ထည့္သြင္းကစားခဲ့ၿပီး ပြဲခ်ိန္ ၄၇ မိနစ္မွာေတာ့ ဘယ္ျခမ္းကေန ဧရိယာထဲမွာ ေဘာလုံးရသြားခဲ့တဲ့ မိဒ္က အနိမ့္ေဘာ ျဖတ္ခ်ိဳးေပးတာကို လူစားဝင္လာတဲ့ အဂၤလန္က လူဇင္ဘတ္ေနာက္ခံလူႏွစ္ေယာက္ၾကားကေန အနီးကပ္ ပိတ္သြင္းၿပီး အသင္းအတြက္ ဆဌမဂိုး ရယူေပးႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၅၉ မိနစ္မွာေတာ့ အဂၤလန္တို႔ သတၱမေျမာက္ သြင္းဂိုးကို ရွာေဖြႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ အဂၤလန္က ေနာက္ျပန္ခ်ေပးတဲ့‌ ေဘာလုံးကို တြန္းန္က ညာဘက္ Half Space ထဲ ထိုးေပးခဲ့ရာမွာ အသင္းအတြက္ ဂိုးမသြင္းႏိုင္တာ တစ္ႏွစ္ရွိၿပီးမွ စေနေန႔က ဩစႀတီးယားနဲ႔ပြဲမွာ ဂိုးေပါက္ျပန္ေတြ႕တဲ့ ပဲရစၥက အနိမ့္ေဘာ ေထာင့္ျဖတ္ကန္သြင္းႏိုင္ခဲ့လို႔ သူ႔ရဲ႕ ႏွစ္ပြဲဆက္သြင္းဂိုးနဲ႔ ေပ်ာ္႐ႊင္ႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၆၁ မိနစ္မွာေတာ့ မိဒ္နဲ႔ ေဒလီတို႔အစား ေလာ္ရင္ ဟမ့္ပ္နဲ႔ ဒမ္မီ စတုတ္ခ္တို႔ကို နည္းျပ ဆာရီနာ ဗီးဂ္မန္းက လူစားလဲခဲ့ၿပီး ပြဲခ်ိန္ ၇၃ မိနစ္မွာေတာ့ သတၱမဂိုးသြင္းရွင္ ပဲရစၥကို ဧရိယာထဲမွာ ေျခခ်ိတ္ခံခဲ့ရလို႔ ရခဲ့တဲ့ ပင္နယ္တီကို ကြင္းလယ္လူ တြန္းန္က ဂိုးသမားကို လွည့္စားၿပီး ဒိုက္ပစ္တဲ့ ဘက္နဲ႔ တျခားစီ ကန္သြင္းျပသြားခဲ့လို႔ ရွစ္ဂိုး-ဂိုးမရွိျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၉၀ မွာေတာ့ ဂိုးသြင္းတာကို ဘရိတ္အုပ္မရတဲ့ အဂၤလန္တို႔ ကိုးနဝင္းေၾကသြားခဲ့ၿပီး ဒီဂိုးကိုေတာ့ ဂရင္းဝုဒ္ရဲ႕ ေထာင့္ကန္ေဘာကေန ဘ႐ြန႔္ဇ္က ေခါင္းတိုက္သြင္းခဲ့တာကို လူဇင္ဘတ္ဂိုးသမား ပုတ္ထုတ္လို႔ ျပန္က်လာတဲ့ ေဘာလုံးကို လူစားဝင္ ေတာင္ပံကစားသမား ဟမ့္ပ္က ပိတ္သြင္းၿပီး ရယူသြားခဲ့တာပါ။

အဂၤလန္တို႔ ဒီေလာက္နဲ႔ေတာ့ ရပ္တန႔္မသြားေသးဘဲ နာက်င္အခ်ိန္ပို ၂ မိနစ္မွာ သူတို႔အတြက္ ေရတြက္လို႔ လွပေစမယ့္ ဒသမဂိုးကို ရယူခဲ့သလို ဒီဂိုးကိုေတာ့ ဇီလမ္ရဲ႕ ညာေထာင့္ကန္ေဘာကေန ေပ်ာ္သေလာက္သြင္းဖို႔ ႀကိဳးစားေနတဲ့ ျခေသၤ့မေတြထဲ ဟမ့္ပ္နဲ႔ မထိဘဲ က်လာတဲ့ ေဘာလုံးကို ေနာက္က ေစာင့္ေနတဲ့ အဂၤလန္က သူ႔ရဲ႕ ဒုတိယဂိုးအျဖစ္ သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ အဂၤလန္တို႔ လူဇင္ဘတ္အေပၚ ဆယ္ဂိုး-ဂိုးမရွိနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကၿပီး သူတို႔ရဲ႕ အုပ္စု(D)က ၁၀ ပြဲေျမာက္ ေနာက္ဆုံး ပြဲစဥ္ကို လွလွပပ အဆုံးသတ္ခဲ့ၾကသလို ၁၀ ပြဲကစား ၁၀ ပြဲႏိုင္ သြင္းဂိုး ၈၀၊ ေပးဂိုးမရွိ၊ ရမွတ္ ၃၀ နဲ႔ ေျခစစ္ပြဲေအာင္ျမင္ခဲ့ၾကၿပီး ဒုတိယေနရာက ဩစႀတီးယားကေတာ့ Play-off ကစားရေတာ့မွာပါ။

အဂၤလန္တို႔အတြက္‌ ေျခစစ္ပြဲေတြမွာ‌ ေတာင္ပံတိုက္စစ္မႉး ဘက္သ္ မိဒ္ကေတာ့ ၁၃ ဂိုးအထိ သြင္းယူေပးခဲ့သလို သူတို႔ရဲ႕ ဂိုးသြင္းအားကို ျပသႏိုင္ခဲ့ၿပီးတဲ့ေနာက္ ဩစေတးလ်နဲ႔ နယူးဇီလန္မွာ ပူးတြဲအိမ္ရွင္အျဖစ္ က်င္းပမယ့္ ၂၀၂၃ အမ်ိဳးသမီး ကမာၻ႔ဖလားကို ယူ႐ိုဖလားႀကီးအၿပီးမွာ ဆက္လက္ရယူသြားႏိုင္မလားဆိုတာ ျခေသၤ့မေတြကို ေ႐ႊေတာင္ပံတပ္ေပးခဲ့တဲ့ နယ္သာလန္သူ ဆာရီနာ ဗီးဂ္မန္းရဲ႕ ကိုင္တြယ္မႈနဲ႔အတူ ေစာင့္ၾကည့္ရမွာ ျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.