Match Report Premier League UCL&UEL

Goal Machine ဟားလန်းရဲ့ သွင်းဂိုးတွေနဲ့ ဆီဗီလာကို အေးဆေးအနိုင်ယူတဲ့ မန်စီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အီဒါဆန်၊ ခံစစ်မှာ ရူဘင် ဒီယက်စ်၊ ကန်ဆယ်လိုတို့နဲ့အတူ လူသစ်တွေဖြစ်ကြတဲ့ အကန်ဂျီနဲ့ ဆာဂျီ ဂိုမက်ဇ်တို့ ပွဲထွက်ကစားလာခဲ့ကြပြီး ကွင်းလယ်မှာတော့ ရိုဒရီ၊ ဒီဘရိုင်းနားနဲ့ ဘာနာဒို ဆေးလ်ဗားတို့ကို အထိုင်ချလာခဲ့ကြသလို တိုက်စစ်မှာတော့ ဂရီးလစ်ရှ်၊ ဖိုဒန်နဲ့ ဟားလန်းတို့ကို အသုံးပြုခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် ဆီဗီလာတို့ကတော့ ဂိုးသမား ဘိုနို၊ ခံစစ်မှာ နီယန်ဇူး၊ ကာမိုနာ၊ နားဗက်စ်နဲ့ အကူညာတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဂူဒယ်လ်၊ ဒီလေးနီ၊ အဲလက်စ် တဲလက်စ်၊ အာလေဟန်ဒရို ဂိုမက်ဇ်နဲ့ အစ္စကိုတို့ကို စုဖွဲ့ပြီး တိုက်စစ်မှူးစစ်စစ် တစ်ယောက်မှ မပါဘဲ ကစားလာခဲ့ကြတာပါ။

ပွဲချိန် ၈ မိနစ်မှာ ဒီဘရိုင်းနားရဲ့ ဖြတ်တင်ဘောကို ဟားလန်း ခေါင်းတိုက်ချက် လွဲချော်သွားခဲ့ပြီး ဂရီးလစ်ရှ်နဲ့ ဒီဘရိုင်းနားတို့ရဲ့ အခွင့်အရေးတွေကတော့ လွဲချော်မှုတွေပဲ ဖြစ်ခဲ့ကြသလို ဖိုဒန် ကြိုးစားကစားနိုင်ပေမယ့် ဆီဗီလာခံစစ်ကလည်း ခပ်ကြမ်းကြမ်း ပိတ်ဆို့သွားခဲ့လို့ ထိုးဖောက်ဖို့ကတော့ သိပ်မလွယ်ကူဘဲဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၂၄ မိနစ်မှာတော့ မန်စီးတီးတို့ အဖွင့်ဂိုး သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ကန်ဆယ်လို ပေးတဲ့ ဘောလုံးကို ဖိုဒန်က ဒီဘရိုင်းနားရဲ့ လမ်းကြောင်းထဲ ထည့်ပေးရာမှာ ဒီဘရိုင်းနားက ညာခြမ်းကနေ ဖြတ်တင်ပေးတာကို ဂိုးသွင်းစက် ဟားလန်းက လျှောထိုးပိတ်သွင်းပြီး ဆီဗီလာခံစစ်ကို ချိုးဖျက်ခဲ့တာပါ။

ပထမပိုင်းမှာတော့ စီးတီးတို့ ဂိုးပေါက်သိပ်မတည့်သလို ဟားလန်းရဲ့ ကန်ချက်တစ်ကြိမ်ကိုလည်း ဂိုးသမား ဘိုနို ပုတ်ထုတ်သွားခဲ့တာကြောင့် တစ်ဂိုး-ဂိုးမရှိနဲ့ပဲ ဧည့်သည်တွေ ဦးဆောင်နိုင်ခဲ့ကြသလို ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာတော့ ဆီဗီလာတို့ဘက်က ရာကီတစ်ချ်နဲ့ ဒီလေးနီအစား ဂျော်ဒန်နဲ့ ရာဖာ မီယာတို့ကို ထည့်ကစားပြီး တိုက်စစ်မြှင့်လာခဲ့ကြပါတယ်။

ပွဲချိန် ၄၈ မိနစ်မှာ ဒီဘရိုင်းနားရဲ့ တစ်ဦးချင်းတွေ့တဲ့ ကန်ချက်ကို ဆီဗီလာဂိုးသမား ဘိုနို ပုတ်ထုတ်သွားခဲ့လို့ စီးတီးတို့ အပိုင်ဂိုးနဲ့ လွဲခဲ့ရသလို အိမ်ရှင်တွေဘက်ကတော့ မန်စီးတီးတို့ကို ချေပနိုင်ဖို့ ကွင်းလယ်က အဲလက်စ် တဲလက်စ်အစား တိုက်စစ်မှူး ဒေါလ်ဘတ်ကို ထည့်သွင်းပြီး အရှိန်ပိုမြှင့်ဖို့ ကြိုးစားလာခဲ့တာပါ။

ဒါပေမယ့် ပွဲချိန် ၅၈ မိနစ်မှာတော့ စီးတီးတို့ပဲ နောက်ထပ် ဦးဆောင်ဂိုးတစ်ဂိုး ထပ်မံသွင်းယူနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ ကန်ဆယ်လိုရဲ့ ပေးပို့မှုကို ညာတောင်ပံသမား ဖိုဒန်က ဆီဗီလာကွင်းလယ်လူ ဂူဒယ်လ်ကို ကျော်ဖြတ်ပြီးမှ ပေးရမယ့် ဟားလန်း လူကျွံနေတာကြောင့် မပေးတော့ဘဲ အနီးတိုင်ခြေကို အနိမ့်ဘော ချိုးကန်သွင်းခဲ့ရာမှာ ခြေထောက်ကြားက ထွက်လာခဲ့တဲ့ ဘောလုံးက ဂိုးသမား ဘိုနိုကို အငိုက်မိစေခဲ့တာလည်းဖြစ်ပါတယ်။

ဒီနောက်မှာတော့ ဂရီးလစ်ရှ်အစား ဂွန်ဒိုးဝမ်ကို လူစားထည့်သွင်းခဲ့ပြီး ကွင်းလယ်တည်ငြိမ်ဖို့ ဂွါဒီယိုလာက လုပ်ဆောင်လာခဲ့သလို ဆာဂျီ ဂိုမက်ဇ်ရဲ့ ဖြတ်တင်ဘောကို ဟားလန်းရဲ့ ပိတ်သွင်းချက်က ဘေးထွက်သွားခဲ့ပြီး ပွဲချိန် ၆၄ မိနစ်မှာ ဘာနာဒို ဆေးလ်ဗား ခေါင်းတိုက်ချပေးတာကနေ ဂွန်ဒိုးဝမ် ဂိုးသွင်းခဲ့ပေမယ့် လူကျွံနေခဲ့လို့ ဆီဗီလာတို့ သက်သာသွားခဲ့တာပါ။

ပွဲချိန် ၆၇ မိနစ်မှာတော့ စီးတီးတို့ပဲ တတိယ ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ဟားလန်း ချပေးတာကနေ ဖိုဒန်ရဲ့ လူကြားထဲက ကန်သွင်းချက်ကို ဂိုးသမား ဘိုနို ပုတ်ထုတ်နိုင်ခဲ့ပေမယ့် ပြန်ထွက်လာတဲ့ ဘောလုံးကို ဆီဗီလာနောက်ခံလူတွေ ဘယ်သူကမှ ကပ်မထားဘဲ လွတ်နေခဲ့တဲ့ ဟားလန်းက အလိုက်သင့် ပြေးဝင်ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။

ဒီဂိုးရအပြီးမှာတော့ မန်စီးတီးတို့ဘက်က ဟားလန်းရဲ့ ဟက်ထရစ်အစား အရေးကြီးတဲ့ စနေနေ့ စပါးစ်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွက် အမြော်အမြင်ရှိတဲ့ လုပ်ရပ်အဖြစ် နည်းပြ ဂွါဒီယိုလာက အနားပေးသွားခဲ့ပြီး ဂိုးရပြီးပြီးချင်း သူနဲ့ ဖိုဒန်တို့ကို ပါးလ်မား၊ အယ်လ်ဗာရက်ဇ်တို့နဲ့ လူစားလဲ ကစားသွားခဲ့ပြီး ပွဲချိန် ၇၈ မိနစ်မှာတော့ ဒီဘရိုင်းနားနဲ့ ရိုဒရီအစား မာရက်ဇ်နဲ့ ကယ်လ်ဗင် ဖိလစ်တို့ကို ထပ်မံထည့်သွင်းခဲ့ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ စီးတီးတို့ပဲ ပွဲကို ထိန်းကစားသွားခဲ့ပြီး နာကျင်အချိန်ပို ၂ မိနစ်မှာတော့ စီးတီးတို့ စတုတ္ထ ဦးဆောင်ဂိုးကို ရယူသွားနိုင်ခဲ့သလို ဒီဂိုးကတော့ ညာခြမ်းကနေ မာရက်ဇ် ပေးတာကို ကန်ဆယ်လိုက အနိမ့်ဘော ချိုးပေးခဲ့ရာမှာ ထောင့်ကန်ဘောကနေ နောက်ပြန်မဆင်းရသေးတဲ့ နောက်ခံလူ ရူဘင် ဒီယက်စ်က သူ့ရဲ့ ပထမဆုံး ချန်ပီယံလိဂ်ဂိုးအဖြစ် အနီးကပ် ပိတ်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ ဆီဗီလာကွင်းမှာ မန်ချက်စတာစီးတီးတို့ လေးဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံနိုင်ခဲ့ကြပြီး ပြီးခဲ့တဲ့ နှစ်ကထက် ပိုကောင်းလာတဲ့ ဖိုဒန်နဲ့ ယူရိုသန်း ၆၀ ဟာ မုန့်ဖိုးပေးရသလို မှတ်ရအောင် ခြေစွမ်းပြနေတဲ့ ဂိုးသွင်းစက်သစ် ဟားလန်းတို့နဲ့အတူ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ အိပ်မက်တွေက ပိုမိုထင်ရှားလာနိုင်ပြီဖြစ်ကြောင်း‌ ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား အီဒါဆန္၊ ခံစစ္မွာ ႐ူဘင္ ဒီယက္စ္၊ ကန္ဆယ္လိုတို႔နဲ႔အတူ လူသစ္ေတြျဖစ္ၾကတဲ့ အကန္ဂ်ီနဲ႔ ဆာဂ်ီ ဂိုမက္ဇ္တို႔ ပြဲထြက္ကစားလာခဲ့ၾကၿပီး ကြင္းလယ္မွာေတာ့ ႐ိုဒရီ၊ ဒီဘ႐ိုင္းနားနဲ႔ ဘာနာဒို ေဆးလ္ဗားတို႔ကို အထိုင္ခ်လာခဲ့ၾကသလို တိုက္စစ္မွာေတာ့ ဂရီးလစ္ရွ္၊ ဖိုဒန္နဲ႔ ဟားလန္းတို႔ကို အသုံးျပဳခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ ဆီဗီလာတို႔ကေတာ့ ဂိုးသမား ဘိုႏို၊ ခံစစ္မွာ နီယန္ဇူး၊ ကာမိုနာ၊ နားဗက္စ္နဲ႔ အကူညာတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဂူဒယ္လ္၊ ဒီေလးနီ၊ အဲလက္စ္ တဲလက္စ္၊ အာေလဟန္ဒ႐ို ဂိုမက္ဇ္နဲ႔ အစၥကိုတို႔ကို စုဖြဲ႕ၿပီး တိုက္စစ္မႉးစစ္စစ္ တစ္ေယာက္မွ မပါဘဲ ကစားလာခဲ့ၾကတာပါ။

ပြဲခ်ိန္ ၈ မိနစ္မွာ ဒီဘ႐ိုင္းနားရဲ႕ ျဖတ္တင္ေဘာကို ဟားလန္း ေခါင္းတိုက္ခ်က္ လြဲေခ်ာ္သြားခဲ့ၿပီး ဂရီးလစ္ရွ္နဲ႔ ဒီဘ႐ိုင္းနားတို႔ရဲ႕ အခြင့္အေရးေတြကေတာ့ လြဲေခ်ာ္မႈေတြပဲ ျဖစ္ခဲ့ၾကသလို ဖိုဒန္ ႀကိဳးစားကစားႏိုင္ေပမယ့္ ဆီဗီလာခံစစ္ကလည္း ခပ္ၾကမ္းၾကမ္း ပိတ္ဆို႔သြားခဲ့လို႔ ထိုးေဖာက္ဖို႔ကေတာ့ သိပ္မလြယ္ကူဘဲျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၂၄ မိနစ္မွာေတာ့ မန္စီးတီးတို႔ အဖြင့္ဂိုး သြင္းယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန ကန္ဆယ္လို ေပးတဲ့ ေဘာလုံးကို ဖိုဒန္က ဒီဘ႐ိုင္းနားရဲ႕ လမ္းေၾကာင္းထဲ ထည့္ေပးရာမွာ ဒီဘ႐ိုင္းနားက ညာျခမ္းကေန ျဖတ္တင္ေပးတာကို ဂိုးသြင္းစက္ ဟားလန္းက ေလွ်ာထိုးပိတ္သြင္းၿပီး ဆီဗီလာခံစစ္ကို ခ်ိဳးဖ်က္ခဲ့တာပါ။

ပထမပိုင္းမွာေတာ့ စီးတီးတို႔ ဂိုးေပါက္သိပ္မတည့္သလို ဟားလန္းရဲ႕ ကန္ခ်က္တစ္ႀကိမ္ကိုလည္း ဂိုးသမား ဘိုႏို ပုတ္ထုတ္သြားခဲ့တာေၾကာင့္ တစ္ဂိုး-ဂိုးမရွိနဲ႔ပဲ ဧည့္သည္ေတြ ဦးေဆာင္ႏိုင္ခဲ့ၾကသလို ဒုတိယပိုင္း ျပန္လည္စတင္ခ်ိန္မွာေတာ့ ဆီဗီလာတို႔ဘက္က ရာကီတစ္ခ်္နဲ႔ ဒီေလးနီအစား ေဂ်ာ္ဒန္နဲ႔ ရာဖာ မီယာတို႔ကို ထည့္ကစားၿပီး တိုက္စစ္ျမႇင့္လာခဲ့ၾကပါတယ္။

ပြဲခ်ိန္ ၄၈ မိနစ္မွာ ဒီဘ႐ိုင္းနားရဲ႕ တစ္ဦးခ်င္းေတြ႕တဲ့ ကန္ခ်က္ကို ဆီဗီလာဂိုးသမား ဘိုႏို ပုတ္ထုတ္သြားခဲ့လို႔ စီးတီးတို႔ အပိုင္ဂိုးနဲ႔ လြဲခဲ့ရသလို အိမ္ရွင္ေတြဘက္ကေတာ့ မန္စီးတီးတို႔ကို ေခ်ပႏိုင္ဖို႔ ကြင္းလယ္က အဲလက္စ္ တဲလက္စ္အစား တိုက္စစ္မႉး ေဒါလ္ဘတ္ကို ထည့္သြင္းၿပီး အရွိန္ပိုျမႇင့္ဖို႔ ႀကိဳးစားလာခဲ့တာပါ။

ဒါေပမယ့္ ပြဲခ်ိန္ ၅၈ မိနစ္မွာေတာ့ စီးတီးတို႔ပဲ ေနာက္ထပ္ ဦးေဆာင္ဂိုးတစ္ဂိုး ထပ္မံသြင္းယူႏိုင္ခဲ့ၿပီး ဒီဂိုးကိုေတာ့ ကန္ဆယ္လိုရဲ႕ ေပးပို႔မႈကို ညာေတာင္ပံသမား ဖိုဒန္က ဆီဗီလာကြင္းလယ္လူ ဂူဒယ္လ္ကို ေက်ာ္ျဖတ္ၿပီးမွ ေပးရမယ့္ ဟားလန္း လူကြၽံေနတာေၾကာင့္ မေပးေတာ့ဘဲ အနီးတိုင္ေျခကို အနိမ့္ေဘာ ခ်ိဳးကန္သြင္းခဲ့ရာမွာ ေျခေထာက္ၾကားက ထြက္လာခဲ့တဲ့ ေဘာလုံးက ဂိုးသမား ဘိုႏိုကို အငိုက္မိေစခဲ့တာလည္းျဖစ္ပါတယ္။

ဒီေနာက္မွာေတာ့ ဂရီးလစ္ရွ္အစား ဂြန္ဒိုးဝမ္ကို လူစားထည့္သြင္းခဲ့ၿပီး ကြင္းလယ္တည္ၿငိမ္ဖို႔ ဂြါဒီယိုလာက လုပ္ေဆာင္လာခဲ့သလို ဆာဂ်ီ ဂိုမက္ဇ္ရဲ႕ ျဖတ္တင္ေဘာကို ဟားလန္းရဲ႕ ပိတ္သြင္းခ်က္က ေဘးထြက္သြားခဲ့ၿပီး ပြဲခ်ိန္ ၆၄ မိနစ္မွာ ဘာနာဒို ေဆးလ္ဗား ေခါင္းတိုက္ခ်ေပးတာကေန ဂြန္ဒိုးဝမ္ ဂိုးသြင္းခဲ့ေပမယ့္ လူကြၽံေနခဲ့လို႔ ဆီဗီလာတို႔ သက္သာသြားခဲ့တာပါ။

ပြဲခ်ိန္ ၆၇ မိနစ္မွာေတာ့ စီးတီးတို႔ပဲ တတိယ ဦးေဆာင္ဂိုးကို သြင္းယူႏိုင္ခဲ့ၿပီး ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန ဟားလန္း ခ်ေပးတာကေန ဖိုဒန္ရဲ႕ လူၾကားထဲက ကန္သြင္းခ်က္ကို ဂိုးသမား ဘိုႏို ပုတ္ထုတ္ႏိုင္ခဲ့ေပမယ့္ ျပန္ထြက္လာတဲ့ ေဘာလုံးကို ဆီဗီလာေနာက္ခံလူေတြ ဘယ္သူကမွ ကပ္မထားဘဲ လြတ္ေနခဲ့တဲ့ ဟားလန္းက အလိုက္သင့္ ေျပးဝင္ပိတ္သြင္းခဲ့တာျဖစ္ပါတယ္။

ဒီဂိုးရအၿပီးမွာေတာ့ မန္စီးတီးတို႔ဘက္က ဟားလန္းရဲ႕ ဟက္ထရစ္အစား အေရးႀကီးတဲ့ စေနေန႔ စပါးစ္နဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္အတြက္ အေျမာ္အျမင္ရွိတဲ့ လုပ္ရပ္အျဖစ္ နည္းျပ ဂြါဒီယိုလာက အနားေပးသြားခဲ့ၿပီး ဂိုးရၿပီးၿပီးခ်င္း သူနဲ႔ ဖိုဒန္တို႔ကို ပါးလ္မား၊ အယ္လ္ဗာရက္ဇ္တို႔နဲ႔ လူစားလဲ ကစားသြားခဲ့ၿပီး ပြဲခ်ိန္ ၇၈ မိနစ္မွာေတာ့ ဒီဘ႐ိုင္းနားနဲ႔ ႐ိုဒရီအစား မာရက္ဇ္နဲ႔ ကယ္လ္ဗင္ ဖိလစ္တို႔ကို ထပ္မံထည့္သြင္းခဲ့ပါတယ္။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ စီးတီးတို႔ပဲ ပြဲကို ထိန္းကစားသြားခဲ့ၿပီး နာက်င္အခ်ိန္ပို ၂ မိနစ္မွာေတာ့ စီးတီးတို႔ စတုတၳ ဦးေဆာင္ဂိုးကို ရယူသြားႏိုင္ခဲ့သလို ဒီဂိုးကေတာ့ ညာျခမ္းကေန မာရက္ဇ္ ေပးတာကို ကန္ဆယ္လိုက အနိမ့္ေဘာ ခ်ိဳးေပးခဲ့ရာမွာ ေထာင့္ကန္ေဘာကေန ေနာက္ျပန္မဆင္းရေသးတဲ့ ေနာက္ခံလူ ႐ူဘင္ ဒီယက္စ္က သူ႔ရဲ႕ ပထမဆုံး ခ်န္ပီယံလိဂ္ဂိုးအျဖစ္ အနီးကပ္ ပိတ္သြင္းႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ ဆီဗီလာကြင္းမွာ မန္ခ်က္စတာစီးတီးတို႔ ေလးဂိုး-ဂိုးမရွိနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကၿပီး ၿပီးခဲ့တဲ့ ႏွစ္ကထက္ ပိုေကာင္းလာတဲ့ ဖိုဒန္နဲ႔ ယူ႐ိုသန္း ၆၀ ဟာ မုန႔္ဖိုးေပးရသလို မွတ္ရေအာင္ ေျခစြမ္းျပေနတဲ့ ဂိုးသြင္းစက္သစ္ ဟားလန္းတို႔နဲ႔အတူ ခ်န္ပီယံလိဂ္မွာ ဗိုလ္စြဲဖို႔ အိပ္မက္ေတြက ပိုမိုထင္ရွားလာႏိုင္ၿပီျဖစ္ေၾကာင္း‌ ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.