Analysis Article Premier League UCL&UEL

နိုင်သင့်တဲ့ ပွဲမျိုးကို ရှုံးနိမ့်ခဲ့ရအောင် တူဟယ်လ်နဲ့ ချဲလ်ဆီးတို့ ဘာတွေမှားခဲ့သလဲ

ချဲလ်ဆီးအသင်းအနေနဲ့ မနေ့ညက အစောပွဲစဉ်မှာ ခရိုအေးရှားကလပ် ဒီနာမို ဇာဂရက်ဘ်နဲ့ အဝေးကွင်းမှာ ပရိသတ်မပါဘဲ ကစားခဲ့ရပြီး သူတို့ရဲ့ အုပ်စု(E)မှာ အေစီမီလန်၊ ရက်ဒ်ဘူးလ် ဆာ့လ်ဇ်ဘတ်တို့ရဲ့နောက်က အားအနည်းဆုံးပြိုင်ဘက်လို့ ပြောလို့ရတဲ့ အသင်းကို ရှုံးနိမ့်ခဲ့ရတာလည်းဖြစ်ပါတယ်။

အေစီမီလန်နဲ့ ဆာ့လ်ဇ်ဘတ်တို့ကတော့ ဩစတြီးယားမြေမှာ တစ်ဂိုးစီ သရေကျခဲ့ကြတာကြောင့် ချဲလ်ဆီးကို အနိုင်ရရှိခဲ့တဲ့ အိမ်ရှင်တွေ ဒီနာမိုတို့အနေနဲ့ အုပ်စုကို ထိပ်ဆုံးက ဦးဆောင်နိုင်ခဲ့ပြီး အနောက်လန်ဒန်သားတွေကတော့ ပထမပွဲစဉ်အပြီးမှာ အုပ်စုအောက်ဆုံးနေရာမှာ ရပ်တည်ခဲ့တာပါ။

ချဲလ်ဆီးပရိသတ်တွေကြားမှာတော့ သူတို့အသင်းရဲ့ ကစားသမားတချို့ မယုံနိုင်လောက်အောင် သိသိသာသာ ခြေစွမ်းကျဆင်းမှုနဲ့ နည်းပြ သောမတ်စ် တူဟယ်လ်ရဲ့ ပြောင်းလွယ်ပြင်လွယ် မရှိသလို တစ်ဖက်အသင်းရဲ့ ခံစစ်တွေကို ဖောက်ထွင်းဖို့ တိုက်စစ်ဗျူဟာကောင်း မရှိချိန်မှာ ခံစစ်ကိုလည်း ဖရိုဖရဲ တည်ဆောက်နေပုံတွေက လူပြောများနေခဲ့ပါတယ်။

တော့တင်ဟမ်ဟော့စပါးစ်အသင်းကို ပညာပေးခဲ့ဖူးတဲ့ အိမ်ရှင် ဒီနာမိုကြယ်ပွင့် မီဆလဗ် အော်ရှစ်ချ်ရဲ့ ဂိုးကို အလွယ်တကူ ခွင့်ပြုလိုက်ရပြီး ဘာမှ ပြန်ပြီး လောက်လောက်လားလား မတုံ့ပြန်နိုင်ခဲ့တဲ့ ချဲလ်ဆီးတို့အနေနဲ့ ဒီနေ့ပွဲမှာ ဘယ်အရာတွေက ဆိုးဆိုးရွားရွား မှားယွင်းမှတွေ ဖြစ်ခဲ့သလဲ ဆိုတာတော့ ကြည့်ကြရအောင်ပါ။

အူဘာမီယန်းကို ဖုန်မခါဘဲ သုံးလာခဲ့တာ
ဂါဘွန်တိုက်စစ်မှူးကို ခေါ်ပြီဆိုတော့ သူ့လူနဲ့သူ စည်းဝါးရိုက်ထားပြီး ဘာမှ ပြောစရာမလိုအောင် နားလည်မှုတွေ ရှိလို့နေမှာပေါ့လေလို့ စောင့်ကြည့်သူတွေကတော့ နည်းပြ တူဟယ်လ်ရဲ့ ဆုံးဖြတ်ချက်အတွက် အကောင်းမြင်ခဲ့ကြပေမယ့် ဒီနေ့မှာတော့ ၃၃ နှစ်သားက ချဲလ်ဆီးတိုက်စစ်မှာ ဇာတ်တိုက်မထားဘဲ ထင်ရာမြင်ရာတွေ လုပ်နေခဲ့ပြီး အာဆင်နယ်မှာ ဒစ်လည်နေတုန်းက ပုံစံမျိုးပဲ ဖြစ်နေခဲ့တာပါ။

အူဘာမီယန်းအနေနဲ့ ကန်လို့ရတဲ့ ဘောလုံးမျိုးကို လူပေးတာ၊ Match Sharpness လို့ ခေါ်တဲ့ ပွဲတစ်ပွဲကို အကောင်းဆုံးကစားနိုင်မယ့် ကြံ့ခိုင်မှု၊ အာရုံစူးစိုက်မှုမျိုး နည်းနေတာတွေကို တွေ့မြင်ခဲ့ရပြီး နေရာယူပုံ အလွဲတွေနဲ့အတူ နှစ်ဂိုးလောက် ရနိုင်တဲ့ အခွင့်အရေးတွေကို လွှင့်ပစ်ခဲ့သလို နည်းပြ တူဟယ်လ်ရဲ့ ကွင်းလယ်ကလည်း သူ့အတွက် ဖန်တီးပေးနိုင်မှု နည်းခဲ့တာဖြစ်ပါတယ်။

ရွှီရှောင်ကွင်းလယ်နဲ့ ကစားနေတာ
ပွဲစထွက်လာကတည်းက ကိုဗာချစ်နဲ့ မေဆန်မောင့်ကို တွဲပေးခဲ့တာက နည်းနည်းတော့ များတယ်လို့ ပြောရမလိုဖြစ်နေခဲ့ပြီး အားလုံးထက်စာရင် အကောင်းဆုံးပုံစံရနေတဲ့ လော့ဖ်တပ်စ်-ချိခ်ကို ချန်ပစ်ခဲ့သလို ကွင်းလယ်က တစ်ဖက်အသင်းရဲ့ ကစားကွက်အပေါ် ထိထိရောက်ရောက် မတုံ့ပြန်နိုင်ခဲ့ဘဲ ကောင်တာတွေကို ခံစစ်သုံးယောက်နဲ့ တိုက်ရိုက်ပေးတွေ့ပြီး ပြဿနာတွေ ရှာဖွေခဲ့တာကို တွေ့ခဲ့ရပါတယ်။

ခံစစ်မကောင်းလို့ တိုက်စစ်များ ကောင်းသလားဆိုတော့လည်း တူဟယ်လ်အတွက် ဖန်တီးမှုဗျူဟာက ကောင်းကောင်းမရှိဘဲ ပြဿနာတွေပဲ ဖန်တီးတတ်ခဲ့သလို မောင့်ရဲ့ အထိုင်ကစားပုံက ပေးလိုက်ရတဲ့ ဂိုးကို သက်ရောက်မှု ကြီးမားခဲ့ပြီး ကွင်းလယ်နဲ့အတူ နားလည်မှုကောင်းမရှိတဲ့ ခံစစ်တွေက အစကတည်းက မျက်နှာမရပါဘူးဆိုတဲ့ ဂိုးသမား ကီပါကို တစ်လုံးပြီးတစ်လုံး အလှူပေးနေခဲ့တာပါ။

ဒီနာမိုကို လျှော့တွက်တာ
ချဲလ်ဆီးတို့အနေနဲ့ ဒီနာမိုကို သူ့အိမ်ကွင်းမှာ ဘာတွေလုပ်နိုင်တယ်ဆိုတာ မတွေးဘဲ လျှော့တွက်ခဲ့ပါတယ်။ အိမ်ရှင်တိုက်စစ်မှူး အော်ရှစ်ချ်ဆိုတာက စပါးစ်ကို ပညာကောင်းကောင်းပေးဖူးတဲ့သူဖြစ်သလို ဒီနေ့မှာလည်း ချဲလ်ဆီးကို ငိုစရာတွေ ထပ်ပေးခဲ့တာပါ။ အက်ဇ်ပီလီကွေတာ၊ ဖိုဖာနာ၊ ကူလီဘေလီတို့ရဲ့ ခံစစ်စုဖွဲ့ပုံက လေးလံနေခဲ့သလို ဒီကနေ အခွင့်ကောင်းယူခဲ့တဲ့ ဒီနာမိုတိုက်စစ်က ပက်ကိုဗစ်ချ်က ကူလီဘေလီကို ပညာပေးခဲ့သလို အော်ရှစ်ချ်ကတော့ ဖိုဖာနာဟာ ဥရောပအဆင့် မမီသေးကြောင်းကို ပြသပေးခဲ့တာဖြစ်ပါတယ်။

သုံးသင့်သူတွေကို မသုံးခဲ့တာ
ဒီနေ့ပွဲမှာ တူဟယ်လ်အနေနဲ့ အူဘာမီယန်းကို အလောတကြီး ထည့်သွင်းခဲ့ပေမယ့် ကွင်းလယ်မှာ တကယ်လိုအပ်တဲ့ ဇာကာရီးယားကိုတော့ မသုံးဘဲ အရန်ခုံမှာသာ ထားခဲ့တာဖြစ်ပါတယ်။ ကွင်းလယ်ရဲ့ ပွဲပန်းမှုကို မလျှော့ချနိုင်သေးချိန်မှာ ကိုဗာချစ်အစား ဒုတိယပိုင်းမှာ ဝင်ကစားခဲ့တဲ့ ဂျော်ဂျင်ညိုက သာမန်ပဲဖြစ်ခဲ့ပြီး အသင်းအတွက် လုပ်အားနှုန်းကို မပေးစွမ်းနိုင်ခဲ့ဘူးလို့ ဆိုရမှာပါ။ ဒီအစား ဂါလာဂါ၊ လော့ဖ်တပ်စ်ချိခ်နဲ့ ဇာကာရီးယားတို့ တစ်ယောက်ယောက်ကို ထည့်ခဲ့ရမှ အလုပ်ဖြစ်နိုင်သေးတာဖြစ်ပြီး ဘယ်သူ့ကိုမှ မယုံရဲခဲ့တာလည်း ပြဿနာတစ်ခုဖြစ်နေခဲ့ပါတယ်။

အားလုံး ရိုးကုန်တဲ့ ကစားကွက်
တစ်ချိန်တုန်းကတော့ ခံစစ်မှာ ကျစ်လျစ်အောင်လုပ်ပြီး ဒုန်းဒိုင်းဆို ဂိုးယူတဲ့ ချဲလ်ဆီးဟာ စပါးစ်နဲ့ ကစားဟန် မတူပေမယ့် သဘောချင်းတော့ တူခဲ့ပြီး ဒီကနေပဲ ချန်ပီယံလိဂ်ဖလားကို ရသွားခဲ့တာပါ။ စပါးစ်တို့လည်း ဒီရာသီမှာ ရုန်းကန်နေခဲ့ရလို့ ကွန်တီက အမျိုးမျိုး ပြောင်းလဲနေချိန်မှာ တူဟယ်လ်ကတော့ မူလပုံစံကနေ ပြောင်းခဲ့တာက ၃-၅-၂ ဆန်ဆန် တိုက်စစ်မှူးနှစ်ယောက်လိုလို ကစားလာခဲ့တာသာဖြစ်ပြီး အဝိုင်းထဲကို လေးထောင့် ရိုက်ထည့်နေသလိုပဲဖြစ်နေခဲ့ချိန်မှာ စတာလင်ရဲ့ ခြေစွမ်းက တစ်နေ့ရွှေ၊ တစ်နေ့ငွေဖြစ်ခဲ့ပြီး ဘယ်အသင်းနဲ့တွေ့တွေ့ ဂိုးသွင်းဖို့ ခက်ခဲလွန်းနေခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့မှာလည်း ၃-၄-၃ ပြောင်းကစားခဲ့ချိန်မှာ အလုပ်မဖြစ်မှုကတော့ အရင်အတိုင်းပဲဖြစ်ပြီး စာရွက်ပေါ်က ကစားကွက်ထက် ရွေ့လျားမှု၊ အချိတ်အဆက်နဲ့ တစ်ဦးနဲ့တစ်ဦး နားလည်မှုတွေကို ချဲလ်ဆီးတို့ သင်ယူသင့်နေပါပြီ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်ဲလ္ဆီးအသင္းအေနနဲ႔ မေန႔ညက အေစာပြဲစဥ္မွာ ခ႐ိုေအးရွားကလပ္ ဒီနာမို ဇာဂရက္ဘ္နဲ႔ အေဝးကြင္းမွာ ပရိသတ္မပါဘဲ ကစားခဲ့ရၿပီး သူတို႔ရဲ႕ အုပ္စု(E)မွာ ေအစီမီလန္၊ ရက္ဒ္ဘူးလ္ ဆာ့လ္ဇ္ဘတ္တို႔ရဲ႕ေနာက္က အားအနည္းဆုံးၿပိဳင္ဘက္လို႔ ေျပာလို႔ရတဲ့ အသင္းကို ရႈံးနိမ့္ခဲ့ရတာလည္းျဖစ္ပါတယ္။

ေအစီမီလန္နဲ႔ ဆာ့လ္ဇ္ဘတ္တို႔ကေတာ့ ဩစႀတီးယားေျမမွာ တစ္ဂိုးစီ သေရက်ခဲ့ၾကတာေၾကာင့္ ခ်ဲလ္ဆီးကို အႏိုင္ရရွိခဲ့တဲ့ အိမ္ရွင္ေတြ ဒီနာမိုတို႔အေနနဲ႔ အုပ္စုကို ထိပ္ဆုံးက ဦးေဆာင္ႏိုင္ခဲ့ၿပီး အေနာက္လန္ဒန္သားေတြကေတာ့ ပထမပြဲစဥ္အၿပီးမွာ အုပ္စုေအာက္ဆုံးေနရာမွာ ရပ္တည္ခဲ့တာပါ။

ခ်ဲလ္ဆီးပရိသတ္ေတြၾကားမွာေတာ့ သူတို႔အသင္းရဲ႕ ကစားသမားတခ်ိဳ႕ မယုံႏိုင္ေလာက္ေအာင္ သိသိသာသာ ေျခစြမ္းက်ဆင္းမႈနဲ႔ နည္းျပ ေသာမတ္စ္ တူဟယ္လ္ရဲ႕ ေျပာင္းလြယ္ျပင္လြယ္ မရွိသလို တစ္ဖက္အသင္းရဲ႕ ခံစစ္ေတြကို ေဖာက္ထြင္းဖို႔ တိုက္စစ္ဗ်ဴဟာေကာင္း မရွိခ်ိန္မွာ ခံစစ္ကိုလည္း ဖ႐ိုဖရဲ တည္ေဆာက္ေနပုံေတြက လူေျပာမ်ားေနခဲ့ပါတယ္။

ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းကို ပညာေပးခဲ့ဖူးတဲ့ အိမ္ရွင္ ဒီနာမိုၾကယ္ပြင့္ မီဆလဗ္ ေအာ္ရွစ္ခ်္ရဲ႕ ဂိုးကို အလြယ္တကူ ခြင့္ျပဳလိုက္ရၿပီး ဘာမွ ျပန္ၿပီး ေလာက္ေလာက္လားလား မတုံ႔ျပန္ႏိုင္ခဲ့တဲ့ ခ်ဲလ္ဆီးတို႔အေနနဲ႔ ဒီေန႔ပြဲမွာ ဘယ္အရာေတြက ဆိုးဆိုး႐ြား႐ြား မွားယြင္းမွေတြ ျဖစ္ခဲ့သလဲ ဆိုတာေတာ့ ၾကည့္ၾကရေအာင္ပါ။

အူဘာမီယန္းကို ဖုန္မခါဘဲ သုံးလာခဲ့တာ
ဂါဘြန္တိုက္စစ္မႉးကို ေခၚၿပီဆိုေတာ့ သူ႔လူနဲ႔သူ စည္းဝါး႐ိုက္ထားၿပီး ဘာမွ ေျပာစရာမလိုေအာင္ နားလည္မႈေတြ ရွိလို႔ေနမွာေပါ့ေလလို႔ ေစာင့္ၾကည့္သူေတြကေတာ့ နည္းျပ တူဟယ္လ္ရဲ႕ ဆုံးျဖတ္ခ်က္အတြက္ အေကာင္းျမင္ခဲ့ၾကေပမယ့္ ဒီေန႔မွာေတာ့ ၃၃ ႏွစ္သားက ခ်ဲလ္ဆီးတိုက္စစ္မွာ ဇာတ္တိုက္မထားဘဲ ထင္ရာျမင္ရာေတြ လုပ္ေနခဲ့ၿပီး အာဆင္နယ္မွာ ဒစ္လည္ေနတုန္းက ပုံစံမ်ိဳးပဲ ျဖစ္ေနခဲ့တာပါ။

အူဘာမီယန္းအေနနဲ႔ ကန္လို႔ရတဲ့ ေဘာလုံးမ်ိဳးကို လူေပးတာ၊ Match Sharpness လို႔ ေခၚတဲ့ ပြဲတစ္ပြဲကို အေကာင္းဆုံးကစားႏိုင္မယ့္ ႀကံ့ခိုင္မႈ၊ အာ႐ုံစူးစိုက္မႈမ်ိဳး နည္းေနတာေတြကို ေတြ႕ျမင္ခဲ့ရၿပီး ေနရာယူပုံ အလြဲေတြနဲ႔အတူ ႏွစ္ဂိုးေလာက္ ရႏိုင္တဲ့ အခြင့္အေရးေတြကို လႊင့္ပစ္ခဲ့သလို နည္းျပ တူဟယ္လ္ရဲ႕ ကြင္းလယ္ကလည္း သူ႔အတြက္ ဖန္တီးေပးႏိုင္မႈ နည္းခဲ့တာျဖစ္ပါတယ္။

႐ႊီေရွာင္ကြင္းလယ္နဲ႔ ကစားေနတာ
ပြဲစထြက္လာကတည္းက ကိုဗာခ်စ္နဲ႔ ေမဆန္ေမာင့္ကို တြဲေပးခဲ့တာက နည္းနည္းေတာ့ မ်ားတယ္လို႔ ေျပာရမလိုျဖစ္ေနခဲ့ၿပီး အားလုံးထက္စာရင္ အေကာင္းဆုံးပုံစံရေနတဲ့ ေလာ့ဖ္တပ္စ္-ခ်ိခ္ကို ခ်န္ပစ္ခဲ့သလို ကြင္းလယ္က တစ္ဖက္အသင္းရဲ႕ ကစားကြက္အေပၚ ထိထိေရာက္ေရာက္ မတုံ႔ျပန္ႏိုင္ခဲ့ဘဲ ေကာင္တာေတြကို ခံစစ္သုံးေယာက္နဲ႔ တိုက္႐ိုက္ေပးေတြ႕ၿပီး ျပႆနာေတြ ရွာေဖြခဲ့တာကို ေတြ႕ခဲ့ရပါတယ္။

ခံစစ္မေကာင္းလို႔ တိုက္စစ္မ်ား ေကာင္းသလားဆိုေတာ့လည္း တူဟယ္လ္အတြက္ ဖန္တီးမႈဗ်ဴဟာက ေကာင္းေကာင္းမရွိဘဲ ျပႆနာေတြပဲ ဖန္တီးတတ္ခဲ့သလို ေမာင့္ရဲ႕ အထိုင္ကစားပုံက ေပးလိုက္ရတဲ့ ဂိုးကို သက္ေရာက္မႈ ႀကီးမားခဲ့ၿပီး ကြင္းလယ္နဲ႔အတူ နားလည္မႈေကာင္းမရွိတဲ့ ခံစစ္ေတြက အစကတည္းက မ်က္ႏွာမရပါဘူးဆိုတဲ့ ဂိုးသမား ကီပါကို တစ္လုံးၿပီးတစ္လုံး အလႉေပးေနခဲ့တာပါ။

ဒီနာမိုကို ေလွ်ာ့တြက္တာ
ခ်ဲလ္ဆီးတို႔အေနနဲ႔ ဒီနာမိုကို သူ႔အိမ္ကြင္းမွာ ဘာေတြလုပ္ႏိုင္တယ္ဆိုတာ မေတြးဘဲ ေလွ်ာ့တြက္ခဲ့ပါတယ္။ အိမ္ရွင္တိုက္စစ္မႉး ေအာ္ရွစ္ခ်္ဆိုတာက စပါးစ္ကို ပညာေကာင္းေကာင္းေပးဖူးတဲ့သူျဖစ္သလို ဒီေန႔မွာလည္း ခ်ဲလ္ဆီးကို ငိုစရာေတြ ထပ္ေပးခဲ့တာပါ။ အက္ဇ္ပီလီေကြတာ၊ ဖိုဖာနာ၊ ကူလီေဘလီတို႔ရဲ႕ ခံစစ္စုဖြဲ႕ပုံက ေလးလံေနခဲ့သလို ဒီကေန အခြင့္ေကာင္းယူခဲ့တဲ့ ဒီနာမိုတိုက္စစ္က ပက္ကိုဗစ္ခ်္က ကူလီေဘလီကို ပညာေပးခဲ့သလို ေအာ္ရွစ္ခ်္ကေတာ့ ဖိုဖာနာဟာ ဥေရာပအဆင့္ မမီေသးေၾကာင္းကို ျပသေပးခဲ့တာျဖစ္ပါတယ္။

သုံးသင့္သူေတြကို မသုံးခဲ့တာ
ဒီေန႔ပြဲမွာ တူဟယ္လ္အေနနဲ႔ အူဘာမီယန္းကို အေလာတႀကီး ထည့္သြင္းခဲ့ေပမယ့္ ကြင္းလယ္မွာ တကယ္လိုအပ္တဲ့ ဇာကာရီးယားကိုေတာ့ မသုံးဘဲ အရန္ခုံမွာသာ ထားခဲ့တာျဖစ္ပါတယ္။ ကြင္းလယ္ရဲ႕ ပြဲပန္းမႈကို မေလွ်ာ့ခ်ႏိုင္ေသးခ်ိန္မွာ ကိုဗာခ်စ္အစား ဒုတိယပိုင္းမွာ ဝင္ကစားခဲ့တဲ့ ေဂ်ာ္ဂ်င္ညိဳက သာမန္ပဲျဖစ္ခဲ့ၿပီး အသင္းအတြက္ လုပ္အားႏႈန္းကို မေပးစြမ္းႏိုင္ခဲ့ဘူးလို႔ ဆိုရမွာပါ။ ဒီအစား ဂါလာဂါ၊ ေလာ့ဖ္တပ္စ္ခ်ိခ္နဲ႔ ဇာကာရီးယားတို႔ တစ္ေယာက္ေယာက္ကို ထည့္ခဲ့ရမွ အလုပ္ျဖစ္ႏိုင္ေသးတာျဖစ္ၿပီး ဘယ္သူ႔ကိုမွ မယုံရဲခဲ့တာလည္း ျပႆနာတစ္ခုျဖစ္ေနခဲ့ပါတယ္။

အားလုံး ႐ိုးကုန္တဲ့ ကစားကြက္
တစ္ခ်ိန္တုန္းကေတာ့ ခံစစ္မွာ က်စ္လ်စ္ေအာင္လုပ္ၿပီး ဒုန္းဒိုင္းဆို ဂိုးယူတဲ့ ခ်ဲလ္ဆီးဟာ စပါးစ္နဲ႔ ကစားဟန္ မတူေပမယ့္ သေဘာခ်င္းေတာ့ တူခဲ့ၿပီး ဒီကေနပဲ ခ်န္ပီယံလိဂ္ဖလားကို ရသြားခဲ့တာပါ။ စပါးစ္တို႔လည္း ဒီရာသီမွာ ႐ုန္းကန္ေနခဲ့ရလို႔ ကြန္တီက အမ်ိဳးမ်ိဳး ေျပာင္းလဲေနခ်ိန္မွာ တူဟယ္လ္ကေတာ့ မူလပုံစံကေန ေျပာင္းခဲ့တာက ၃-၅-၂ ဆန္ဆန္ တိုက္စစ္မႉးႏွစ္ေယာက္လိုလို ကစားလာခဲ့တာသာျဖစ္ၿပီး အဝိုင္းထဲကို ေလးေထာင့္ ႐ိုက္ထည့္ေနသလိုပဲျဖစ္ေနခဲ့ခ်ိန္မွာ စတာလင္ရဲ႕ ေျခစြမ္းက တစ္ေန႔ေ႐ႊ၊ တစ္ေန႔ေငြျဖစ္ခဲ့ၿပီး ဘယ္အသင္းနဲ႔ေတြ႕ေတြ႕ ဂိုးသြင္းဖို႔ ခက္ခဲလြန္းေနခဲ့တာ ျဖစ္ပါတယ္။ ဒီေန႔မွာလည္း ၃-၄-၃ ေျပာင္းကစားခဲ့ခ်ိန္မွာ အလုပ္မျဖစ္မႈကေတာ့ အရင္အတိုင္းပဲျဖစ္ၿပီး စာ႐ြက္ေပၚက ကစားကြက္ထက္ ေ႐ြ႕လ်ားမႈ၊ အခ်ိတ္အဆက္နဲ႔ တစ္ဦးနဲ႔တစ္ဦး နားလည္မႈေတြကို ခ်ဲလ္ဆီးတို႔ သင္ယူသင့္ေနပါၿပီ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.