Match Report Premier League UCL&UEL

ဒီပုံစံနဲ့ ချန်ပီယံလိဂ်ကို တူဟယ်လ် ဘာသွားလုပ်တာလဲ မေးရမယ့် ချဲလ်ဆီးရဲ့ ရှုံးပွဲ

ချဲလ်ဆီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ကီပါ၊ ခံစစ်မှာ ကူလီဘေလီ၊ ဖိုဖာနာ၊ အက်ဇ်ပီလီကွေတာတို့နဲ့ ပွဲထွက်လာခဲ့ကြပြီး ကွင်းလယ်မှာတော့ ရီးစ်ဂျိမ်းစ်၊ ချေးလ်ဝဲလ်၊ ကိုဗာချစ်နဲ့ မေဆန်မောင့်တို့ စုဖွဲ့လာခဲ့ကြသလို တိုက်စစ်မှာတော့ အူဘာမီယန်း၊ စတာလင်နဲ့ ဟာဗတ်ဇ်တို့က ကစားလာခဲ့ကြပါတယ်။

အိမ်ရှင် ဒီနာမို ဇာဂရက်ဘ်တို့ကတော့ ဂိုးသမား လီဗာကိုဗစ်ချ်၊ ခံစစ်မှာ ရစ္စတော့ဗ်စကီး၊ ရှူတာလို၊ ပီရစ်ချ်တို့ ကစားခဲ့ကြပြီး ကွင်းလယ်မှာတော့ မီရှစ်ချ်၊ လျူဘီချစ်ချ်၊ အီဗန်နူရှက်ချ်၊ အဒီမီ၊ မိုဟာရာမီတို့နဲ့ ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ပက်ကိုဗစ်ချ်နဲ့ သစ္စာရှိကစားသမား အော်ရှစ်ချ်တို့ ပွဲထွက်ခဲ့ကြတာဖြစ်ပါတယ်။

ပွဲချိန် ၆ မိနစ်မှာ ဧရိယာထဲမှာ လွတ်သွားတဲ့ အူဘာမီယန်းက ပိတ်သွင်းခဲ့သင့်ပေမယ့် အတွင်းကို ထပ်ချိုးပေးတဲ့ ဘောလုံးကို စတာလင် ကန်သွင်းရာမှာ ဒီနာမိုခံစစ်က ပိတ်ဆို့သွားခဲ့တာကြောင့် ချဲလ်ဆီးတို့ နစ်နာခဲ့ရပြီး နောက်တစ်ကြိမ်မှ ဟာဗတ်ဇ်ရဲ့ အနိမ့်ဘော ချိုးပေးမှုကိုတော့ မျက်နှာကို အထိုးခံထားရလို့ မျက်နှာဖုံး ဝတ်ကစားတဲ့ ဂါဘွန်တိုက်စစ်မှူးက အဝေးတိုင်မှာ စောင့်ရမယ့်အစား အနီးတိုင် ပြေးစောင့်နေလို့ ဂိုးသွင်းခွင့်နဲ့ လွဲခဲ့ရတာပါ။

ပွဲချိန် ၁၃ မိနစ်မှာတော့ ဖိကစားနေတဲ့ ချဲလ်ဆီးတို့ အရှိုက်ထိုးခံလိုက်ရပြီး အိမ်ရှင်တွေက အဖွင့်ဂိုး သွင်းယူသွားခဲ့သလို ဒီဂိုးကိုတော့ ခံစစ်ကနေ လျူဘီချစ်ချ် ကန်တင်ပြီး တန်ပြန်တိုက်စစ် စတင်ခဲ့ရာမှာ ဘောလုံးကို ပက်ကိုဗစ်ချ်က ယှဉ်တိုက်တဲ့ ကူလီဘေလီရဲ့ ဘေးကနေ ခေါင်းနဲ့ ဆတ်ချပေးခဲ့တာကို ဒီနာမိုတိုက်စစ်မှူး အော်ရှစ်ချ်က ဖိုဖာနာရဲ့ ရှေ့ကနေ တောက်လျှောက်ဆွဲပြေးပြီး ဂိုးသမား ကီပါနဲ့အတွေ့မှာ အသာလေး ကျော်ထည့်သွားခဲ့တာဖြစ်ပါတယ်။

တူဟယ်လ်ခင်းကျင်းလာတဲ့ ကွင်းလယ်မှာ ဘာမှ ကစားပုံ မယ်မယ်ရရ မရှိဘဲ ဖြစ်နေခဲ့သလို တစ်ချက်တစ်ချက်မှ ကောင်တာကစားတဲ့ အိမ်ရှင် ဒီနာမိုတို့ရဲ့ တိုက်စစ်ကိုလည်း ခံစစ်က အတော်လေး ခုခံကာကွယ်နေခဲ့ရပြီး အခွင့်အရေး ပြန်ရခဲ့ချိန်မှာတော့ အာဆင်နယ်နေ့ရက်တွေကလို နေရာယူပုံက အဆင်မပြေဖြစ်နေခဲ့တဲ့ အူဘာမီယန်းက အလေအလွင့်တွေပဲ များနေခဲ့တာပါ။

ပထမပိုင်းမှာ စတာလင်၊ မေဆန်မောင်နဲ့ အူဘာမီယန်းတို့ရဲ့ အလုပ်မဖြစ်မှုတွေက တစ်ဖက်တိုက်စစ်က ဘောလုံးရလာတိုင်း မျက်လုံးပြူးရတဲ့ ဒီနာမိုတိုက်စစ်မှူး အော်ရှစ်ချ်နဲ့တော့ ဆီနဲ့ရေလို ကွာခဲ့ပြီး ဒီနာမိုတို့ကို လောက်လောက်လားလား မခြိမ်းခြောက်နိုင်ဘဲ ဘောလုံးပိုင်ဆိုင်မှု ၆၉ ရာခိုင်နှုန်းအထိ ရခဲ့တဲ့ ပွဲမှာ ချဲလ်ဆီးတို့ တစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်နေခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာတော့ အက်ဇ်ပီလီကွေတာအစား ဇီးယက်ရှ်ကို ထည့်ပြီး တိုက်စစ်ကို ပြောင်းလဲခဲ့သလို Pressing ပိုကစားနိုင်ခဲ့ပေမယ့် တိုက်စစ်ရဲ့ နေရာယူမှုတွေမှာတော့ နေရာခွဲဝေမှုတွေမှာ နားလည်မှု မရှိသေးဘဲ ဘယ်သူက တောင်ပံ၊ ဘယ်သူက တိုက်စစ်မှန်း မသိအောင် ဖြစ်နေခဲ့သလို ပွဲချိန် ၄၉ မိနစ်မှာတော့ အူဘာမီယန်း ဂိုးသွင်းနိုင်ခဲ့ပေမယ့် ဖန်တီးတဲ့ ချေးလ်ဝဲလ် လူကျွံနေခဲ့လို့ စိတ်ပျက်ခဲ့ရတာပါ။

ချဲလ်ဆီးတို့ရဲ့ ဒီရာသီ စိတ်ပျက်စရာ ကစားပုံဆုကို ရရှိဖို့ မေဆန်မောင့်ကလည်း အကောင်းဆုံး ပံ့ပိုးပေးနေတာကို တွေ့ရပြီး ချန်ပီယံလိဂ် ဖိုင်နယ်မှာ လှလှပပ ဖန်တီးပေးခဲ့တဲ့ သူ့ရဲ့ ကစားပုံဟောင်းနဲ့ ဘာမှ မဆိုင်ဘဲ ကစားကွက် လိုက်ဖျက်သလို ထင်ရချိန်မှာ တူဟယ်လ်အနေနဲ့ စောစောစီးစီး လူလဲဖို့ ပျက်ကွက်နေခဲ့ပြီး ပွဲချိန် ၅၆ မိနစ်မှာတော့ ရစ္စတော့ဗ်စကီးရဲ့ လှပတဲ့ အဝေးကန်ချက်ကို ကီပါ ကာကွယ်သွားခဲ့လို့ အရှက်မကွဲခဲ့ရတာဖြစ်ပါတယ်။

ဒီနောက်မှာတော့ ကိုဗာချစ်အစား ဂျော်ဂျင်ညိုနဲ့ အူဘာမီယန်းအစား ဘရိုယာတို့ကို လဲကစားခဲ့ပြီး ဘယ်ခြမ်းမှာတော့ ချေးလ်ဝဲလ်အစား ကူကူရဲလားကို ထပ်မံထည့်သွင်းခဲ့သလို ဟာဗတ်ဇ်က တိုက်စစ်မှူးနေရာမှာ ပြောင်းမကစားဘဲ ဘရိုယာနဲ့ ရှေ့မှာ တိုင်ပတ်နေတာက ကြည့်ရဆိုးခဲ့ပြီး ပွဲချိန် ၈၂ မိနစ်မှာတော့ မေဆန်မောင့်ရဲ့ အတိုမ,ပေးတာကို ဟာဗတ်ဇ် ခေါင်းတိုက်ဖို့ နောက်ကျနေခဲ့တာက အပိုင်တစ်ဂိုး နစ်နာစေခဲ့တာပါ။

ပွဲချိန် ၈၆ မိနစ်မှာတော့ ဒီနာမိုခံစစ်နဲ့ ငြိပြီး ပြန်ထွက်လာတဲ့ ဘောလုံးကို ရီးစ်ဂျိမ်းစ် ကန်တာက တိုင်ထိထွက်ခဲ့ပြီး ဒီကရတဲ့ ထောင့်ကန်ဘောက ပြန်ထွက်လာတာကို ဂျော်ဂျင်ညို ထပ်တင်ပေးတာရာမှာ မေဆန်မောင့်ရဲ့ အနီးကပ် ကန်ချက်ကို ဂိုးသမား လီဗာကိုဗစ်ချ် ပုတ်ထုတ်သွားခဲ့တာကြောင့် ပွဲအချိန်အပြည့်အထိ ဂိုးမရခဲ့ဘဲ နာကျင်အချိန်ပိုမှာလည်း ဇီးယက်ရှ်က ဖရီးကစ်တွေကို ဖြုန်းတီးသွားတာကြောင့် ဘဲဥမကွဲခဲ့ရတာဖြစ်ပါတယ်။

ပွဲသိမ်းခရာမှုတ်ချိန်မှာတော့ လူတိုင်းသိနေပြီဖြစ်ပြီး ဘာ Upgrade မှ မရှိတဲ့ ကစားကွက်နဲ့ တူဟယ်လ်တစ်ယောက် ချန်ပီယံလိဂ်ကို ဘာသွားလုပ်တာလဲလို့ မေးရမလိုဖြစ်ခဲ့ပြီး တိုက်စစ်ပိုင်းနဲ့ ဖန်တီးပုံဖော်မှုအတွက် ဘာအဖြေမှ ရှိမနေတဲ့ ချဲလ်ဆီးတို့အတွက် အဝေးကွင်းမှာ အားအနည်းဆုံး ပြိုင်ဘက်ကို တစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ကီပါ၊ ခံစစ္မွာ ကူလီေဘလီ၊ ဖိုဖာနာ၊ အက္ဇ္ပီလီေကြတာတို႔နဲ႔ ပြဲထြက္လာခဲ့ၾကၿပီး ကြင္းလယ္မွာေတာ့ ရီးစ္ဂ်ိမ္းစ္၊ ေခ်းလ္ဝဲလ္၊ ကိုဗာခ်စ္နဲ႔ ေမဆန္ေမာင့္တို႔ စုဖြဲ႕လာခဲ့ၾကသလို တိုက္စစ္မွာေတာ့ အူဘာမီယန္း၊ စတာလင္နဲ႔ ဟာဗတ္ဇ္တို႔က ကစားလာခဲ့ၾကပါတယ္။

အိမ္ရွင္ ဒီနာမို ဇာဂရက္ဘ္တို႔ကေတာ့ ဂိုးသမား လီဗာကိုဗစ္ခ်္၊ ခံစစ္မွာ ရစၥေတာ့ဗ္စကီး၊ ရႉတာလို၊ ပီရစ္ခ်္တို႔ ကစားခဲ့ၾကၿပီး ကြင္းလယ္မွာေတာ့ မီရွစ္ခ်္၊ လ်ဴဘီခ်စ္ခ်္၊ အီဗန္ႏူရွက္ခ်္၊ အဒီမီ၊ မိုဟာရာမီတို႔နဲ႔ ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ပက္ကိုဗစ္ခ်္နဲ႔ သစၥာရွိကစားသမား ေအာ္ရွစ္ခ်္တို႔ ပြဲထြက္ခဲ့ၾကတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၆ မိနစ္မွာ ဧရိယာထဲမွာ လြတ္သြားတဲ့ အူဘာမီယန္းက ပိတ္သြင္းခဲ့သင့္ေပမယ့္ အတြင္းကို ထပ္ခ်ိဳးေပးတဲ့ ေဘာလုံးကို စတာလင္ ကန္သြင္းရာမွာ ဒီနာမိုခံစစ္က ပိတ္ဆို႔သြားခဲ့တာေၾကာင့္ ခ်ဲလ္ဆီးတို႔ နစ္နာခဲ့ရၿပီး ေနာက္တစ္ႀကိမ္မွ ဟာဗတ္ဇ္ရဲ႕ အနိမ့္ေဘာ ခ်ိဳးေပးမႈကိုေတာ့ မ်က္ႏွာကို အထိုးခံထားရလို႔ မ်က္ႏွာဖုံး ဝတ္ကစားတဲ့ ဂါဘြန္တိုက္စစ္မႉးက အေဝးတိုင္မွာ ေစာင့္ရမယ့္အစား အနီးတိုင္ ေျပးေစာင့္ေနလို႔ ဂိုးသြင္းခြင့္နဲ႔ လြဲခဲ့ရတာပါ။

ပြဲခ်ိန္ ၁၃ မိနစ္မွာေတာ့ ဖိကစားေနတဲ့ ခ်ဲလ္ဆီးတို႔ အရႈိက္ထိုးခံလိုက္ရၿပီး အိမ္ရွင္ေတြက အဖြင့္ဂိုး သြင္းယူသြားခဲ့သလို ဒီဂိုးကိုေတာ့ ခံစစ္ကေန လ်ဴဘီခ်စ္ခ်္ ကန္တင္ၿပီး တန္ျပန္တိုက္စစ္ စတင္ခဲ့ရာမွာ ေဘာလုံးကို ပက္ကိုဗစ္ခ်္က ယွဥ္တိုက္တဲ့ ကူလီေဘလီရဲ႕ ေဘးကေန ေခါင္းနဲ႔ ဆတ္ခ်ေပးခဲ့တာကို ဒီနာမိုတိုက္စစ္မႉး ေအာ္ရွစ္ခ်္က ဖိုဖာနာရဲ႕ ေရွ႕ကေန ေတာက္ေလွ်ာက္ဆြဲေျပးၿပီး ဂိုးသမား ကီပါနဲ႔အေတြ႕မွာ အသာေလး ေက်ာ္ထည့္သြားခဲ့တာျဖစ္ပါတယ္။

တူဟယ္လ္ခင္းက်င္းလာတဲ့ ကြင္းလယ္မွာ ဘာမွ ကစားပုံ မယ္မယ္ရရ မရွိဘဲ ျဖစ္ေနခဲ့သလို တစ္ခ်က္တစ္ခ်က္မွ ေကာင္တာကစားတဲ့ အိမ္ရွင္ ဒီနာမိုတို႔ရဲ႕ တိုက္စစ္ကိုလည္း ခံစစ္က အေတာ္ေလး ခုခံကာကြယ္ေနခဲ့ရၿပီး အခြင့္အေရး ျပန္ရခဲ့ခ်ိန္မွာေတာ့ အာဆင္နယ္ေန႔ရက္ေတြကလို ေနရာယူပုံက အဆင္မေျပျဖစ္ေနခဲ့တဲ့ အူဘာမီယန္းက အေလအလြင့္ေတြပဲ မ်ားေနခဲ့တာပါ။

ပထမပိုင္းမွာ စတာလင္၊ ေမဆန္ေမာင္နဲ႔ အူဘာမီယန္းတို႔ရဲ႕ အလုပ္မျဖစ္မႈေတြက တစ္ဖက္တိုက္စစ္က ေဘာလုံးရလာတိုင္း မ်က္လုံးျပဴးရတဲ့ ဒီနာမိုတိုက္စစ္မႉး ေအာ္ရွစ္ခ်္နဲ႔ေတာ့ ဆီနဲ႔ေရလို ကြာခဲ့ၿပီး ဒီနာမိုတို႔ကို ေလာက္ေလာက္လားလား မၿခိမ္းေျခာက္ႏိုင္ဘဲ ေဘာလုံးပိုင္ဆိုင္မႈ ၆၉ ရာခိုင္ႏႈန္းအထိ ရခဲ့တဲ့ ပြဲမွာ ခ်ဲလ္ဆီးတို႔ တစ္ဂိုး-ဂိုးမရွိနဲ႔ ရႈံးနိမ့္ေနခဲ့ပါတယ္။

ဒုတိယပိုင္းအစမွာေတာ့ အက္ဇ္ပီလီေကြတာအစား ဇီးယက္ရွ္ကို ထည့္ၿပီး တိုက္စစ္ကို ေျပာင္းလဲခဲ့သလို Pressing ပိုကစားႏိုင္ခဲ့ေပမယ့္ တိုက္စစ္ရဲ႕ ေနရာယူမႈေတြမွာေတာ့ ေနရာခြဲေဝမႈေတြမွာ နားလည္မႈ မရွိေသးဘဲ ဘယ္သူက ေတာင္ပံ၊ ဘယ္သူက တိုက္စစ္မွန္း မသိေအာင္ ျဖစ္ေနခဲ့သလို ပြဲခ်ိန္ ၄၉ မိနစ္မွာေတာ့ အူဘာမီယန္း ဂိုးသြင္းႏိုင္ခဲ့ေပမယ့္ ဖန္တီးတဲ့ ေခ်းလ္ဝဲလ္ လူကြၽံေနခဲ့လို႔ စိတ္ပ်က္ခဲ့ရတာပါ။

ခ်ဲလ္ဆီးတို႔ရဲ႕ ဒီရာသီ စိတ္ပ်က္စရာ ကစားပုံဆုကို ရရွိဖို႔ ေမဆန္ေမာင့္ကလည္း အေကာင္းဆုံး ပံ့ပိုးေပးေနတာကို ေတြ႕ရၿပီး ခ်န္ပီယံလိဂ္ ဖိုင္နယ္မွာ လွလွပပ ဖန္တီးေပးခဲ့တဲ့ သူ႔ရဲ႕ ကစားပုံေဟာင္းနဲ႔ ဘာမွ မဆိုင္ဘဲ ကစားကြက္ လိုက္ဖ်က္သလို ထင္ရခ်ိန္မွာ တူဟယ္လ္အေနနဲ႔ ေစာေစာစီးစီး လူလဲဖို႔ ပ်က္ကြက္ေနခဲ့ၿပီး ပြဲခ်ိန္ ၅၆ မိနစ္မွာေတာ့ ရစၥေတာ့ဗ္စကီးရဲ႕ လွပတဲ့ အေဝးကန္ခ်က္ကို ကီပါ ကာကြယ္သြားခဲ့လို႔ အရွက္မကြဲခဲ့ရတာျဖစ္ပါတယ္။

ဒီေနာက္မွာေတာ့ ကိုဗာခ်စ္အစား ေဂ်ာ္ဂ်င္ညိဳနဲ႔ အူဘာမီယန္းအစား ဘ႐ိုယာတို႔ကို လဲကစားခဲ့ၿပီး ဘယ္ျခမ္းမွာေတာ့ ေခ်းလ္ဝဲလ္အစား ကူကူရဲလားကို ထပ္မံထည့္သြင္းခဲ့သလို ဟာဗတ္ဇ္က တိုက္စစ္မႉးေနရာမွာ ေျပာင္းမကစားဘဲ ဘ႐ိုယာနဲ႔ ေရွ႕မွာ တိုင္ပတ္ေနတာက ၾကည့္ရဆိုးခဲ့ၿပီး ပြဲခ်ိန္ ၈၂ မိနစ္မွာေတာ့ ေမဆန္ေမာင့္ရဲ႕ အတိုမ,ေပးတာကို ဟာဗတ္ဇ္ ေခါင္းတိုက္ဖို႔ ေနာက္က်ေနခဲ့တာက အပိုင္တစ္ဂိုး နစ္နာေစခဲ့တာပါ။

ပြဲခ်ိန္ ၈၆ မိနစ္မွာေတာ့ ဒီနာမိုခံစစ္နဲ႔ ၿငိၿပီး ျပန္ထြက္လာတဲ့ ေဘာလုံးကို ရီးစ္ဂ်ိမ္းစ္ ကန္တာက တိုင္ထိထြက္ခဲ့ၿပီး ဒီကရတဲ့ ေထာင့္ကန္ေဘာက ျပန္ထြက္လာတာကို ေဂ်ာ္ဂ်င္ညိဳ ထပ္တင္ေပးတာရာမွာ ေမဆန္ေမာင့္ရဲ႕ အနီးကပ္ ကန္ခ်က္ကို ဂိုးသမား လီဗာကိုဗစ္ခ်္ ပုတ္ထုတ္သြားခဲ့တာေၾကာင့္ ပြဲအခ်ိန္အျပည့္အထိ ဂိုးမရခဲ့ဘဲ နာက်င္အခ်ိန္ပိုမွာလည္း ဇီးယက္ရွ္က ဖရီးကစ္ေတြကို ျဖဳန္းတီးသြားတာေၾကာင့္ ဘဲဥမကြဲခဲ့ရတာျဖစ္ပါတယ္။

ပြဲသိမ္းခရာမႈတ္ခ်ိန္မွာေတာ့ လူတိုင္းသိေနၿပီျဖစ္ၿပီး ဘာ Upgrade မွ မရွိတဲ့ ကစားကြက္နဲ႔ တူဟယ္လ္တစ္ေယာက္ ခ်န္ပီယံလိဂ္ကို ဘာသြားလုပ္တာလဲလို႔ ေမးရမလိုျဖစ္ခဲ့ၿပီး တိုက္စစ္ပိုင္းနဲ႔ ဖန္တီးပုံေဖာ္မႈအတြက္ ဘာအေျဖမွ ရွိမေနတဲ့ ခ်ဲလ္ဆီးတို႔အတြက္ အေဝးကြင္းမွာ အားအနည္းဆုံး ၿပိဳင္ဘက္ကို တစ္ဂိုး-ဂိုးမရွိနဲ႔ ရႈံးနိမ့္ခဲ့ရပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.