Premier League UCL&UEL

အာဆင်နယ်တို့ ယူရိုပါလိဂ်ရနိုင်ခြေရှိ၊ မရှိ ဟောကိန်းထုတ်လိုက်တဲ့ စူပါကွန်ပျူတာ

အာဆင်နယ်အသင်းဟာ ကြာသပတေးနေ့ညမှာ ယူရိုပါလိဂ်အုပ်စု A အဖွင့်ပွဲစဉ်အဖြစ် ဆွစ်ဇာလန်ကို သွားရောက်ပြီး ဇူးရစ်ချ်အသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ ဥရောပပြိုင်ပွဲတွေနဲ့ ကင်းကွာခဲ့တာ ၁ နှစ်ကြာခဲ့ပြီးနောက် ပြန်လည် ပါဝင်ယှဉ်ပြိုင်ခွင့်ရခဲ့တဲ့ ယူရိုပါလိဂ်ပြိုင်ပွဲမှာ အကောင်းဆုံး ရလဒ်ကို မျှော်မှန်းထားမှာဖြစ်ပါတယ်။

ယူရိုပါလိဂ် အစောပိုင်း အဆင့်တွေဟာ အလှည့်ကျ ပွဲထွက်ခွင့်ပေးဖို့အတွက် အကောင်းဆုံး စမ်းသပ်စရာ ရေခံမြေခံကောင်းဖြစ်ပြီး ပြိုင်ပွဲထဲမှာ အားနည်းတဲ့ ပြိုင်ဘက်တွေလည်း ရှိနေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အလှည့်ကျ စမ်းသပ်မှုသာ တိုးတက်မှုရှိတယ်ဆိုရင် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပြန်လည်ပါဝင်နိုင်မယ့် လမ်းကြောင်းဖြစ်လာနိုင်သလို ဆုဖလားရရှိဖို့အတွက်လည်း လမ်းပွင့်လာမှာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ယူရိုပါလိဂ်ပြိုင်ပွဲကို ယုံကြည်မှုအပြည့်နဲ့ ယှဉ်ပြိုင်သွားမှာဖြစ်တာကြောင့် စူပါကွန်ပျူတာကလည်း ဂန်းနားတွေကို ဗိုလ်စွဲဖို့ ၁၀ ရာခိုင်နှုန်းသေချာတဲ့အသင်းအဖြစ် ထောက်ခံခဲ့ပြီး အာဆင်နယ်ရဲ့ အနီးကပ်ဆုံးပြိုင်ဘက်တွေထက် ၂ ဆ အခွင့်အရေးပိုမိုပိုင်ဆိုင်နေတာဖြစ်ပါတယ်။

အာဆင်နယ်ရဲ့ အုပ်စုပြိုင်ဘက်တွေဖြစ်တဲ့ ပီအက်စ်ဗွီ၊ မန်ချက်စတာယူနိုက်တက်တို့ ၂ သင်းစလုံးဟာ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ခြေ ၅ ရာခိုင်နှုန်းသာ ရရှိခဲ့ပြီး ချန်ပီယံလိဂ်ကနေ ဆင်းလာနိုင်တဲ့ အသင်းတွေကို စူပါကွန်ပျူတာက တွက်ချက်ရာမှာလည်း ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်တို့လို အသင်းတွေတောင် ဂန်းနားတွေလောက် အခွင့်အရေးမရှိဘူးလို့ ဟောကိန်းထုတ်ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် အာတီတာရဲ့အသင်းဟာ ပြိုင်ပွဲမစခင်ကတည်းက ဗိုလ်စွဲနိုင်ခြေအရှိဆုံးအသင်းအဖြစ် အလားအလာများစွာရှိနေပြီဖြစ်ပေမယ့်လည်း ယူရိုပါလိဂ်ပြိုင်ပွဲနဲ့ ပရီးမီးယားလိဂ်ရာသီမှာ မျှော်မှန်းထားသလို ဖြစ်လာမလားဆိုတာကို စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းဟာ ၾကာသပေတးေန႔ညမွာ ယူ႐ိုပါလိဂ္အုပ္စု A အဖြင့္ပြဲစဥ္အျဖစ္ ဆြစ္ဇာလန္ကို သြားေရာက္ၿပီး ဇူးရစ္ခ်္အသင္းနဲ႔ ယွဥ္ၿပိဳင္ကစားသြားရမွာ ျဖစ္ပါတယ္။

အာဆင္နယ္ဟာ ဥေရာပၿပိဳင္ပြဲေတြနဲ႔ ကင္းကြာခဲ့တာ ၁ ႏွစ္ၾကာခဲ့ၿပီးေနာက္ ျပန္လည္ ပါဝင္ယွဥ္ၿပိဳင္ခြင့္ရခဲ့တဲ့ ယူ႐ိုပါလိဂ္ၿပိဳင္ပြဲမွာ အေကာင္းဆုံး ရလဒ္ကို ေမွ်ာ္မွန္းထားမွာျဖစ္ပါတယ္။

ယူ႐ိုပါလိဂ္ အေစာပိုင္း အဆင့္ေတြဟာ အလွည့္က် ပြဲထြက္ခြင့္ေပးဖို႔အတြက္ အေကာင္းဆုံး စမ္းသပ္စရာ ေရခံေျမခံေကာင္းျဖစ္ၿပီး ၿပိဳင္ပြဲထဲမွာ အားနည္းတဲ့ ၿပိဳင္ဘက္ေတြလည္း ရွိေနတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အလွည့္က် စမ္းသပ္မႈသာ တိုးတက္မႈရွိတယ္ဆိုရင္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ျပန္လည္ပါဝင္ႏိုင္မယ့္ လမ္းေၾကာင္းျဖစ္လာႏိုင္သလို ဆုဖလားရရွိဖို႔အတြက္လည္း လမ္းပြင့္လာမွာျဖစ္ပါတယ္။

အာဆင္နယ္အသင္းဟာ ယူ႐ိုပါလိဂ္ၿပိဳင္ပြဲကို ယုံၾကည္မႈအျပည့္နဲ႔ ယွဥ္ၿပိဳင္သြားမွာျဖစ္တာေၾကာင့္ စူပါကြန္ပ်ဴတာကလည္း ဂန္းနားေတြကို ဗိုလ္စြဲဖို႔ ၁၀ ရာခိုင္ႏႈန္းေသခ်ာတဲ့အသင္းအျဖစ္ ေထာက္ခံခဲ့ၿပီး အာဆင္နယ္ရဲ႕ အနီးကပ္ဆုံးၿပိဳင္ဘက္ေတြထက္ ၂ ဆ အခြင့္အေရးပိုမိုပိုင္ဆိုင္ေနတာျဖစ္ပါတယ္။

အာဆင္နယ္ရဲ႕ အုပ္စုၿပိဳင္ဘက္ေတြျဖစ္တဲ့ ပီအက္စ္ဗြီ၊ မန္ခ်က္စတာယူႏိုက္တက္တို႔ ၂ သင္းစလုံးဟာ ယူ႐ိုပါလိဂ္ၿပိဳင္ပြဲမွာ ဗိုလ္စြဲႏိုင္ေျခ ၅ ရာခိုင္ႏႈန္းသာ ရရွိခဲ့ၿပီး ခ်န္ပီယံလိဂ္ကေန ဆင္းလာႏိုင္တဲ့ အသင္းေတြကို စူပါကြန္ပ်ဴတာက တြက္ခ်က္ရာမွာလည္း ဘာစီလိုနာနဲ႔ ဘိုင္ယန္ျမဴးနစ္တို႔လို အသင္းေတြေတာင္ ဂန္းနားေတြေလာက္ အခြင့္အေရးမရွိဘူးလို႔ ေဟာကိန္းထုတ္ခဲ့တာျဖစ္ပါတယ္။

ဒါေၾကာင့္ အာတီတာရဲ႕အသင္းဟာ ၿပိဳင္ပြဲမစခင္ကတည္းက ဗိုလ္စြဲႏိုင္ေျခအရွိဆုံးအသင္းအျဖစ္ အလားအလာမ်ားစြာရွိေနၿပီျဖစ္ေပမယ့္လည္း ယူ႐ိုပါလိဂ္ၿပိဳင္ပြဲနဲ႔ ပရီးမီးယားလိဂ္ရာသီမွာ ေမွ်ာ္မွန္းထားသလို ျဖစ္လာမလားဆိုတာကို ေစာင့္ၾကည့္သြားရမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.