La Liga Ligue1 Premier League

ကမ္ဘာ့တန်ဖိုးအကြီးဆုံးလူစာရင်းကို ပိုင်ဆိုင်ထားတဲ့စာရင်းမှာ ဦးဆောင်နေတဲ့ ပရီးမီးယားလိဂ်ထိပ်သီးများ

လေ့လာဆန်းစစ်မှုအသစ်တွေအရ ပရီးမီးယားလိဂ်ထိပ်သီးအသင်းတွေဟာ ၎င်းတို့ရဲ့ ဥရောပပြိုင်ဘက်တွေထက် ပိုမို တန်ဖိုးကြီးမားတဲ့ အသင်းကို ပိုင်ဆိုင်ထားပြီး မန်စီးတီး၊ မန်ယူနိုက်တက်၊ ချဲလ်ဆီးတို့ရဲ့ လူစာရင်းဟာ စုစုပေါင်း ပေါင် ၂.၅ ဘီလီယံအထိ တန်ဖိုးရှိနေတာဖြစ်ပါတယ်။

CIES ဘောလုံး သုတေသနအဖွဲ့က နွေရာသီအပြောင်းအရွှေ့ဈေးကွက် ပိတ်ပြီးနောက် ရက်ပိုင်းအကြာမှာ ကိန်းဂဏန်းတွေကို လေ့လာခဲ့ပြီး ဥရောပထိပ်တန်းလိဂ် ၅ ခုထဲက အသင်းတွေကို ၎င်းတို့ရဲ့ လူစာရင်း တည်ဆောက်ဖို့ ပေးချေခဲ့တဲ့ ပြောင်းရွှေ့ကြေးအရ အဆင့်သတ်မှတ်ခဲ့ပါတယ်။

အံ့အားသင့်စရာ မကောင်းစွာနဲ့ပဲ အင်္ဂလိပ်အသင်းတွေဟာ ဒီစာရင်းထဲမှာ ဦးဆောင်နေပြီး ဂွါဒီယိုလာရဲ့ မန်ချက်စတာစီးတီးအသင်းဟာ ထပ်ဆောင်းပေးချေရနိုင်တဲ့ ပမာဏအပါအဝင် လူစာရင်းဟာ ပေါင် ၉၁၇ သန်း ကျသင့်ပြီး ထိပ်ဆုံးကနေ ဦးဆောင်နေတာဖြစ်ပါတယ်။

လက်ရှိ ပရီးမီးယားလိဂ်ချန်ပီယံနောက်က ဒုတိယလိုက်နေတဲ့အသင်းကတော့ မန်ချက်စတာယူနိုက်တက်အသင်းဖြစ်ပြီး သရဲနီတွေရဲ့ လူစာရင်းဟာ အားလုံးပေါင်း ပေါင် ၈၆၃ သန်း ကုန်ကျပြီး ဒုတိယနေရာကနေ ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ဈေးကွက်တွေမှာ စုစုပေါင်း ပေါင် ၂ ဘီလီယံ ဝန်းကျင် ငွေသုံးကြမ်းခဲ့ပြီးနောက် လူစာရင်းတန်ဖိုးဟာ ပေါင် ၇၅၉ သန်းအထိ ရှိခဲ့ပြီး ထိပ်ဆုံး ၃ သင်းထဲမှာ ပါဝင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်အပြင်ဘက်က ပီအက်စ်ဂျီအသင်းဟာ ကာတာအုပ်စုလက်အောက်မှာ ဥရောပ အောင်မြင်မှု ရယူဖို့အတွက် လုံလောက်တဲ့ လူစာရင်းလို့ မျှော်လင့်ထားတဲ့ လက်ရှိလူစာရင်းဟာ စုစုပေါင်း ပေါင်သန်း ၇၃၀ ကုန်ကျခဲ့ပြီး အဆင့် ၄ နေရာမှာ သက်တောင့်သက်သာနဲ့ ရပ်တည်နေပါတယ်။

စပိန်လာလီဂါဘီလူးကြီးတွေဖြစ်ကြတဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာအသင်းတို့ရဲ့အထက် အဆင့် ၅ နေရာမှာ ရပ်တည်နေတဲ့အသင်းကတော့ လီဗာပူးလ်ဖြစ်ပြီး ယာဂန် ကလော့ပ် လက်ရှိ ပိုင်ဆိုင်ထားတဲ့ ထိပ်တန်းလူစာရင်းအတွက် ပေါင် ၆၆၉ သန်းအထိ ပေးချေခဲ့ရတာဖြစ်ပါတယ်။

ပြီးတဲ့နောက် အဆင့် ၈ နဲ့ ၉ နေရာတို့မှာ မြောက်လန်ဒန်ပြိုင်ဘက်တွေဖြစ်တဲ့ အာဆင်နယ်နဲ့ တော့တင်ဟမ်ဟော့စပါးအသင်းတို့က ပေါင်သန်း ၄၆၀၊ ပေါင် ၄၄၇ သန်းနဲ့ အသီးသီး ရပ်တည်နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

အက်သလက်တီကို မက်ဒရစ်အသင်းကတော့ စုစုပေါင်း ငွေကြေးသုံးစွဲမှု ပေါင် ၄၃၂ သန်းနဲ့ အဆင့် ၁၀ နေရာမှာ ရပ်တည်နေပြီး ဒီစာရင်းထဲမှာ မန်ချက်စတာ ၂ သင်းတည်းသာ ယူရို ၁ ဘီလီယံနဲ့အထက် ငွေကြေးသုံးစွဲခဲ့တဲ့ အသင်းတွေအဖြစ် ရပ်တည်နေပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေလ့လာဆန္းစစ္မႈအသစ္ေတြအရ ပရီးမီးယားလိဂ္ထိပ္သီးအသင္းေတြဟာ ၎တို႔ရဲ႕ ဥေရာပၿပိဳင္ဘက္ေတြထက္ ပိုမို တန္ဖိုးႀကီးမားတဲ့ အသင္းကို ပိုင္ဆိုင္ထားၿပီး မန္စီးတီး၊ မန္ယူႏိုက္တက္၊ ခ်ဲလ္ဆီးတို႔ရဲ႕ လူစာရင္းဟာ စုစုေပါင္း ေပါင္ ၂.၅ ဘီလီယံအထိ တန္ဖိုးရွိေနတာျဖစ္ပါတယ္။

CIES ေဘာလုံး သုေတသနအဖြဲ႕က ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္ ပိတ္ၿပီးေနာက္ ရက္ပိုင္းအၾကာမွာ ကိန္းဂဏန္းေတြကို ေလ့လာခဲ့ၿပီး ဥေရာပထိပ္တန္းလိဂ္ ၅ ခုထဲက အသင္းေတြကို ၎တို႔ရဲ႕ လူစာရင္း တည္ေဆာက္ဖို႔ ေပးေခ်ခဲ့တဲ့ ေျပာင္းေ႐ႊ႕ေၾကးအရ အဆင့္သတ္မွတ္ခဲ့ပါတယ္။

အံ့အားသင့္စရာ မေကာင္းစြာနဲ႔ပဲ အဂၤလိပ္အသင္းေတြဟာ ဒီစာရင္းထဲမွာ ဦးေဆာင္ေနၿပီး ဂြါဒီယိုလာရဲ႕ မန္ခ်က္စတာစီးတီးအသင္းဟာ ထပ္ေဆာင္းေပးေခ်ရႏိုင္တဲ့ ပမာဏအပါအဝင္ လူစာရင္းဟာ ေပါင္ ၉၁၇ သန္း က်သင့္ၿပီး ထိပ္ဆုံးကေန ဦးေဆာင္ေနတာျဖစ္ပါတယ္။

လက္ရွိ ပရီးမီးယားလိဂ္ခ်န္ပီယံေနာက္က ဒုတိယလိုက္ေနတဲ့အသင္းကေတာ့ မန္ခ်က္စတာယူႏိုက္တက္အသင္းျဖစ္ၿပီး သရဲနီေတြရဲ႕ လူစာရင္းဟာ အားလုံးေပါင္း ေပါင္ ၈၆၃ သန္း ကုန္က်ၿပီး ဒုတိယေနရာကေန ရပ္တည္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ ၿပီးခဲ့တဲ့ အေျပာင္းအေ႐ႊ႕ေဈးကြက္ေတြမွာ စုစုေပါင္း ေပါင္ ၂ ဘီလီယံ ဝန္းက်င္ ေငြသုံးၾကမ္းခဲ့ၿပီးေနာက္ လူစာရင္းတန္ဖိုးဟာ ေပါင္ ၇၅၉ သန္းအထိ ရွိခဲ့ၿပီး ထိပ္ဆုံး ၃ သင္းထဲမွာ ပါဝင္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ပရီးမီးယားလိဂ္အျပင္ဘက္က ပီအက္စ္ဂ်ီအသင္းဟာ ကာတာအုပ္စုလက္ေအာက္မွာ ဥေရာပ ေအာင္ျမင္မႈ ရယူဖို႔အတြက္ လုံေလာက္တဲ့ လူစာရင္းလို႔ ေမွ်ာ္လင့္ထားတဲ့ လက္ရွိလူစာရင္းဟာ စုစုေပါင္း ေပါင္သန္း ၇၃၀ ကုန္က်ခဲ့ၿပီး အဆင့္ ၄ ေနရာမွာ သက္ေတာင့္သက္သာနဲ႔ ရပ္တည္ေနပါတယ္။

စပိန္လာလီဂါဘီလူးႀကီးေတြျဖစ္ၾကတဲ့ ရီးရဲလ္မက္ဒရစ္နဲ႔ ဘာစီလိုနာအသင္းတို႔ရဲ႕အထက္ အဆင့္ ၅ ေနရာမွာ ရပ္တည္ေနတဲ့အသင္းကေတာ့ လီဗာပူးလ္ျဖစ္ၿပီး ယာဂန္ ကေလာ့ပ္ လက္ရွိ ပိုင္ဆိုင္ထားတဲ့ ထိပ္တန္းလူစာရင္းအတြက္ ေပါင္ ၆၆၉ သန္းအထိ ေပးေခ်ခဲ့ရတာျဖစ္ပါတယ္။

ၿပီးတဲ့ေနာက္ အဆင့္ ၈ နဲ႔ ၉ ေနရာတို႔မွာ ေျမာက္လန္ဒန္ၿပိဳင္ဘက္ေတြျဖစ္တဲ့ အာဆင္နယ္နဲ႔ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းတို႔က ေပါင္သန္း ၄၆၀၊ ေပါင္ ၄၄၇ သန္းနဲ႔ အသီးသီး ရပ္တည္ႏိုင္ခဲ့ၾကတာ ျဖစ္ပါတယ္။

အက္သလက္တီကို မက္ဒရစ္အသင္းကေတာ့ စုစုေပါင္း ေငြေၾကးသုံးစြဲမႈ ေပါင္ ၄၃၂ သန္းနဲ႔ အဆင့္ ၁၀ ေနရာမွာ ရပ္တည္ေနၿပီး ဒီစာရင္းထဲမွာ မန္ခ်က္စတာ ၂ သင္းတည္းသာ ယူ႐ို ၁ ဘီလီယံနဲ႔အထက္ ေငြေၾကးသုံးစြဲခဲ့တဲ့ အသင္းေတြအျဖစ္ ရပ္တည္ေနပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.