Match Report UCL&UEL

ဒေါက်ဂလပ် လူးဝီးဇ်မွှေလို့ အိုလင်ပီယာကို့စ်ကို အိမ်ကွင်းမှာ ရှုံးချက်နာခဲ့တဲ့ ဗီလာ

အက်စတန် ဗီလာဟာ ယူရိုပါလိဂ် ကွန်းဖရင့်လိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်အဖြစ် ဗီလာပါ့ခ်မှာ ကစားခဲ့တဲ့ပွဲစဉ်မှာ အယုဘ် အယ်လ် ကာဘီရဲ့ ဟက်ထရစ်ကြောင့် ၄-၂ နဲ့ အိမ်ကွင်းရှုံးပွဲရင်ဆိုင်ခဲ့ရပါတယ်။

အူနိုင်း အမ်မရီရဲ့အသင်းဟာ ၁၉၈၂ ခုနှစ် နောက်ပိုင်း ပထမဆုံး ဥရောပဖလားကို အနိုင်ရဖို့ ရေပန်းအစားဆုံးအသင်းအဖြစ် ပွဲကို စတင်ခဲ့တာဖြစ်ပေမယ့်လည်း အယ်လ် ကာဘီက ဂရိကလပ်အတွက် ဦးဆောင်ဂိုး ၂ ဂိုး သွင်းယူပြီး အလွန်ကောင်းမွန်တဲ့ခြေစွမ်းကို ပြသခဲ့တာဖြစ်ပါတယ်။

အိုလီ ဝပ်ကင်းစ်နဲ့ မူဆာ ဒီယာဘီတို့က အိမ်ရှင် အက်စတန် ဗီလာအတွက် ချေပဂိုးကို သွင်းယူပေးနိုင်ခဲ့ပေမယ့်လည်း ဒေါက်ဂလပ် လူးဝီးဇ်က ပင်နယ်တီဧရိယာထဲမှာ ဘောလုံးကို လက်နဲ့ထိခဲ့တာကြောင့် ရခဲ့တဲ့ပင်နယ်တီကနေ အယ်လ်ကာဘီက ဟက်ထရစ်သွင်းဂိုးကို သွင်းယူသွားခဲ့ပြီး ဆန်တီယေဂို ဟက်ဇီက နောက်ထပ်ဦးဆောင်ဂိုးကိုပါ ထပ်မံသွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဟက်ဇီရဲ့ ကန်ချက်က ခွန်ဆာနဲ့ ထိပြီး လမ်းကြောင်းပြောင်းသွားခဲ့တာကြောင့် အော်လ်ဆင် ဘယ်လိုမှ မကာကွယ်နိုင်လိုက်ဘဲ ဂိုးပေါက်ထဲကို ဝင်သွားခဲ့တာဖြစ်ပါတယ်။

ဒေါက်ဂလပ် လူးဝီးဇ်ဟာ နောက်ကျချေပဂိုး သွင်းယူပေးနိုင်မယ့်အခွင့်အရေးရခဲ့ပြီး ပင်နယ်တီကန်သွင်းခွင့်ရခဲ့ပေမယ့်လည်း စိတ်ပျက်ဖွယ် လွဲချော်သွားခဲ့တာဖြစ်ပါတယ်။

အက်စတန် ဗီလာဟာ လာမယ့်အပတ် ဂရိကို သွားကစားရမယ့်ပွဲစဉ်မှာ အိုလင်ပီယာကို့စ်ကို အနည်းဆုံး ၃ ဂိုးလောက်ပြတ်မှသာ ဗိုလ်လုပွဲတက်ရောက်နိုင်တော့မှာဖြစ်ပြီး အူနိုင်း အမ်မရီရဲ့အသင်းက ဘယ်လို အံ့အားသင့်စရာကောင်းတဲ့အရာတွေကို လုပ်ပြနိုင်မလဲဆိုတာပဲ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
အက္စတန္ ဗီလာဟာ ယူ႐ိုပါလိဂ္ ကြန္းဖရင့္လိဂ္ ဆီမီးဖိုင္နယ္ ပထမအေက်ာ့ပြဲစဥ္အျဖစ္ ဗီလာပါ့ခ္မွာ ကစားခဲ့တဲ့ပြဲစဥ္မွာ အယုဘ္ အယ္လ္ ကာဘီရဲ႕ ဟက္ထရစ္ေၾကာင့္ ၄-၂ နဲ႔ အိမ္ကြင္းရႈံးပြဲရင္ဆိုင္ခဲ့ရပါတယ္။

အူႏိုင္း အမ္မရီရဲ႕အသင္းဟာ ၁၉၈၂ ခုႏွစ္ ေနာက္ပိုင္း ပထမဆုံး ဥေရာပဖလားကို အႏိုင္ရဖို႔ ေရပန္းအစားဆုံးအသင္းအျဖစ္ ပြဲကို စတင္ခဲ့တာျဖစ္ေပမယ့္လည္း အယ္လ္ ကာဘီက ဂရိကလပ္အတြက္ ဦးေဆာင္ဂိုး ၂ ဂိုး သြင္းယူၿပီး အလြန္ေကာင္းမြန္တဲ့ေျခစြမ္းကို ျပသခဲ့တာျဖစ္ပါတယ္။

အိုလီ ဝပ္ကင္းစ္နဲ႔ မူဆာ ဒီယာဘီတို႔က အိမ္ရွင္ အက္စတန္ ဗီလာအတြက္ ေခ်ပဂိုးကို သြင္းယူေပးႏိုင္ခဲ့ေပမယ့္လည္း ေဒါက္ဂလပ္ လူးဝီးဇ္က ပင္နယ္တီဧရိယာထဲမွာ ေဘာလုံးကို လက္နဲ႔ထိခဲ့တာေၾကာင့္ ရခဲ့တဲ့ပင္နယ္တီကေန အယ္လ္ကာဘီက ဟက္ထရစ္သြင္းဂိုးကို သြင္းယူသြားခဲ့ၿပီး ဆန္တီေယဂို ဟက္ဇီက ေနာက္ထပ္ဦးေဆာင္ဂိုးကိုပါ ထပ္မံသြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ဟက္ဇီရဲ႕ ကန္ခ်က္က ခြန္ဆာနဲ႔ ထိၿပီး လမ္းေၾကာင္းေျပာင္းသြားခဲ့တာေၾကာင့္ ေအာ္လ္ဆင္ ဘယ္လိုမွ မကာကြယ္ႏိုင္လိုက္ဘဲ ဂိုးေပါက္ထဲကို ဝင္သြားခဲ့တာျဖစ္ပါတယ္။

ေဒါက္ဂလပ္ လူးဝီးဇ္ဟာ ေနာက္က်ေခ်ပဂိုး သြင္းယူေပးႏိုင္မယ့္အခြင့္အေရးရခဲ့ၿပီး ပင္နယ္တီကန္သြင္းခြင့္ရခဲ့ေပမယ့္လည္း စိတ္ပ်က္ဖြယ္ လြဲေခ်ာ္သြားခဲ့တာျဖစ္ပါတယ္။

အက္စတန္ ဗီလာဟာ လာမယ့္အပတ္ ဂရိကို သြားကစားရမယ့္ပြဲစဥ္မွာ အိုလင္ပီယာကို႔စ္ကို အနည္းဆုံး ၃ ဂိုးေလာက္ျပတ္မွသာ ဗိုလ္လုပြဲတက္ေရာက္ႏိုင္ေတာ့မွာျဖစ္ၿပီး အူႏိုင္း အမ္မရီရဲ႕အသင္းက ဘယ္လို အံ့အားသင့္စရာေကာင္းတဲ့အရာေတြကို လုပ္ျပႏိုင္မလဲဆိုတာပဲ ေစာင့္ၾကည့္ရေတာ့မွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.