Ligue1

ပီးရက်ဇ်ကို ယမ်းပုံမီးကျ ဒေါသထွက်အောင် ရိလိုက်တဲ့ အမ်ဘာပေ

ပီအက်စ်ဂျီစူပါစတား အမ်ဘာပေဟာ ရီးရဲလ်မက်ဒရစ်အသင်းကို ငွေရေးကြေးရေးကြောင့် ငြင်းပယ်ခဲ့တယ်ဆိုတဲ့ ပြောဆိုမှုတွေကို ခပ်ချေချေပဲ တုံ့ပြန်ခဲ့ပါတယ်။

အမ်ဘာပေဟာ ဥရောပထိပ်သီးအသင်းကြီးဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ကို ယခုနွေရာသီ အစောပိုင်းကာလမှာ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ ပီအက်စ်ဂျီအသင်းနဲ့ပဲ စာချုပ်သစ် ချုပ်ဆိုဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ပြင်သစ်တိုက်စစ်မှူးဟာ ပီအက်စ်ဂျီနဲ့ ၃ နှစ်သက်တမ်းတိုး စာချုပ် ချုပ်ဆိုခဲ့ပြီး စာချုပ်သစ်ကြောင့် ကမ္ဘာ့ လစာအမြင့်မားဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

MARCA ရဲ့ ဖော်ပြချက်အရ အမ်ဘာပေဟာ လက်ရှိမှာ တစ်နှစ်ကို ယူရိုသန်း ၅၀ အထိ အံ့အားသင့်ဖွယ် ရရှိနေပြီး လိဂန်းချန်ပီယံတွေနဲ့ စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာ ပုံရိပ်အသုံးပြုခွင့် ၁၀၀ ရာခိုင်နှုန်း ထိန်းချုပ်ထားမှုနဲ့အတူဆိုရင် ယူရိုသန်း ၁၈၀ အထိ ရရှိမှာဖြစ်ပါတယ်။

New York Times နဲ့ အင်တာဗျူးမှာ အမ်ဘာပေက ရီးရဲလ်မက်ဒရစ်အသင်းကို ငွေကြေးကြောင့်သက်သက် ငြင်းပယ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုတွေနဲ့ပတ်သက်ပြီး ဖွင့်ဟပြောဆိုခဲ့တာဖြစ်ပြီး ၎င်းက ဘယ်အသင်းကို ပြောင်းပြောင်း လိုချင်သလောက် ပိုက်ဆံရနိုင်လောက်အောင် ကောင်းမွန်တဲ့ကစားသမားဖြစ်တယ်လို့ ဂုဏ်ဆာခဲ့တာဖြစ်ပါတယ်။

“ရီးရဲလ်မက်ဒရစ်ထက် ပီအက်စ်ဂျီကိုပဲ ရွေးချယ်ခဲ့တာက ငွေကြေးကြောင့်လားဆိုရင် မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော် ဘယ်ပဲသွားသွား လိုချင်တဲ့ပိုက်ဆံ ရနိုင်လို့ပဲ။ ကျွန်တော်က ဒီလိုမျိုး ကစားသမားပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အမ်ဘာပေဟာ ၂၀၁၇ ခုနှစ်မှာ မိုနာကိုကနေ ပီအက်စ်ဂျီကို ပြောင်းရွှေ့လာပြီးနောက် ၂၂၂ ပွဲ ပါဝင်ကစားပေးထားရာမှာ သွင်းဂိုး ၁၇၈ ဂိုးနဲ့ ဂိုးဖန်တီးမှု ၈၈ ကြိမ် ပြုလုပ်ပေးထားတဲ့ ကစားသမားဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပီအက္စ္ဂ်ီစူပါစတား အမ္ဘာေပဟာ ရီးရဲလ္မက္ဒရစ္အသင္းကို ေငြေရးေၾကးေရးေၾကာင့္ ျငင္းပယ္ခဲ့တယ္ဆိုတဲ့ ေျပာဆိုမႈေတြကို ခပ္ေခ်ေခ်ပဲ တုံ႔ျပန္ခဲ့ပါတယ္။

အမ္ဘာေပဟာ ဥေရာပထိပ္သီးအသင္းႀကီးျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္ကို ယခုေႏြရာသီ အေစာပိုင္းကာလမွာ ေျပာင္းေ႐ႊ႕ဖို႔ နီးစပ္ခဲ့ေပမယ့္လည္း ေနာက္ဆုံးမွာေတာ့ ပီအက္စ္ဂ်ီအသင္းနဲ႔ပဲ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။

ျပင္သစ္တိုက္စစ္မႉးဟာ ပီအက္စ္ဂ်ီနဲ႔ ၃ ႏွစ္သက္တမ္းတိုး စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ၿပီး စာခ်ဳပ္သစ္ေၾကာင့္ ကမာၻ႔ လစာအျမင့္မားဆုံးကစားသမားေတြထဲက တစ္ဦးျဖစ္လာခဲ့တာ ျဖစ္ပါတယ္။

MARCA ရဲ႕ ေဖာ္ျပခ်က္အရ အမ္ဘာေပဟာ လက္ရွိမွာ တစ္ႏွစ္ကို ယူ႐ိုသန္း ၅၀ အထိ အံ့အားသင့္ဖြယ္ ရရွိေနၿပီး လိဂန္းခ်န္ပီယံေတြနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးခ်ိန္မွာ ပုံရိပ္အသုံးျပဳခြင့္ ၁၀၀ ရာခိုင္ႏႈန္း ထိန္းခ်ဳပ္ထားမႈနဲ႔အတူဆိုရင္ ယူ႐ိုသန္း ၁၈၀ အထိ ရရွိမွာျဖစ္ပါတယ္။

New York Times နဲ႔ အင္တာဗ်ဴးမွာ အမ္ဘာေပက ရီးရဲလ္မက္ဒရစ္အသင္းကို ေငြေၾကးေၾကာင့္သက္သက္ ျငင္းပယ္ခဲ့တယ္ဆိုတဲ့ စြပ္စြဲမႈေတြနဲ႔ပတ္သက္ၿပီး ဖြင့္ဟေျပာဆိုခဲ့တာျဖစ္ၿပီး ၎က ဘယ္အသင္းကို ေျပာင္းေျပာင္း လိုခ်င္သေလာက္ ပိုက္ဆံရႏိုင္ေလာက္ေအာင္ ေကာင္းမြန္တဲ့ကစားသမားျဖစ္တယ္လို႔ ဂုဏ္ဆာခဲ့တာျဖစ္ပါတယ္။

“ရီးရဲလ္မက္ဒရစ္ထက္ ပီအက္စ္ဂ်ီကိုပဲ ေ႐ြးခ်ယ္ခဲ့တာက ေငြေၾကးေၾကာင့္လားဆိုရင္ မဟုတ္ပါဘူး။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္ ဘယ္ပဲသြားသြား လိုခ်င္တဲ့ပိုက္ဆံ ရႏိုင္လို႔ပဲ။ ကြၽန္ေတာ္က ဒီလိုမ်ိဳး ကစားသမားပါ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အမ္ဘာေပဟာ ၂၀၁၇ ခုႏွစ္မွာ မိုနာကိုကေန ပီအက္စ္ဂ်ီကို ေျပာင္းေ႐ႊ႕လာၿပီးေနာက္ ၂၂၂ ပြဲ ပါဝင္ကစားေပးထားရာမွာ သြင္းဂိုး ၁၇၈ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၈၈ ႀကိမ္ ျပဳလုပ္ေပးထားတဲ့ ကစားသမားျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.