La Liga

လေ့ကျင့်ရေးက ဗီဒီယိုထွက်လာပြီးနောက် ဟာဇက်တော့ သွားပြီလို့ ထင်နေတဲ့ ပရိသတ်များ

ပရိသတ်တွေဟာ ရီးရဲလ်မက်ဒရစ်အသင်းလေ့ကျင့်ရေးအစီအစဉ်က ဗီဒီယိုဖိုင် လူမှုကွန်ရက်ပေါ်မှာ ထွက်ပေါ်လာခဲ့ပြီးနောက် အီဒင် ဟာဇက်ကတော့ ပြီးသွားပြီလို့ ထင်ခဲ့ကြပါတယ်။

ဗီဒီယိုထဲမှာ ရီးရဲလ်မက်ဒရစ်ကစားသမားတွေဟာ တစ်ဦးချင်းရင်ဆိုင်တဲ့ လေ့ကျင့်ရေးအစီအစဉ်ကို ပြုလုပ်နေခဲ့ကြတာဖြစ်ပြီး တိုက်စစ်ကစားသမားဟာ နောက်ခံလူကို အနိုင်ယူပြီး ဂိုးသမားကို ကျော်ဖြတ် ဂိုးသွင်းယူဖို့ ကြိုးပမ်းနေခဲ့တာဖြစ်ပါတယ်။

ဝါရင့် ကွင်းလယ်ကစားသမား လူကာ မိုဒရစ်ဟာ အလွန်ကောင်းမွန်တဲ့ ဘောလုံးစကေးအချို့ ပြသခဲ့ပြီး နောက်ထပ်ကွင်းလယ်ကစားသမားတစ်ဦးဖြစ်တဲ့ ဗယ်ဗာဒီကလည်း ၎င်းရဲ့ အရည်အသွေးကို ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘယ်လ်ဂျီယမ် တောင်ပံကစားသမား အီဒင် ဟာဇက်အလှည့်မှာတော့ မှားယွင်းတဲ့ အကြောင်းအရင်းတွေကြောင့် ပရိသတ်တွေရဲ့ အာရုံစူးစိုက်မှုကို ခံခဲ့ရတာ ဖြစ်ပါတယ်။

ဟာဇက်ဟာ နောက်ခံတောင်ပံကစားသမား လူးကပ်စ် ဗက်စ်ကွက်ဇ်ကို ကျော်ဖြတ်ဖို့ လုပ်ဆောင်ခဲ့တာဖြစ်ပေမယ့်လည်း ၎င်းရဲ့ ပထမဆုံး အားထုတ်မှုမှာပဲ စပိန်ကြယ်ပွင့်ကို ဖြတ်ကျော်နိုင်ဖို့ ရုန်းကန်ခဲ့ရပြီး နောက်ဆုံးမှာတော့ ဂိုးသမား အလွယ်တကူ ကာကွယ်နိုင်ခဲ့တဲ့ အားပျော့တဲ့ ကန်ချက်သာ ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

ပရိသတ်တွေက အီဒင် ဟာဇက်နဲ့ပတ်သက်ပြီး ဟာသလုပ်ဖို့အတွက် အလျင်အမြန်ပဲ မှတ်ချက်ပေးခဲ့ကြပြီး ပထမပရိသတ်တစ်ဦးက “ဟာဇက်ကို တောင့်တောင့်ကြီး မြင်ရတာ နာကျင်စရာပဲ”လို့ ရေးသားခဲ့ပြီး နောက်ထပ် ပရိသတ်တစ်ဦးကလည်း “ဟာဇက်ကတော့ လုံးဝကို အကျိုးသက်ရောက်မှု မရှိတော့တာ ဒါက သက်သေပဲ”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ဒါဟာ ပရိသတ်တွေဆီကနေ အလွန်ကို ပြင်းထန်တဲ့ အကဲဖြတ်မှုဖြစ်ခဲ့ပြီး အထူးသဖြင့် ဒါဟာ လေ့ကျင့်ရေးအစီအစဉ်တစ်ခုလောက်သာ ဖြစ်နေတာကြောင့်ဖြစ်ပေမယ့် ဗီဒီယိုထဲမှာ နောက်ပိုင်းတော့ ဟာဇက်က အမှန်တကယ် ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

အီဒင် ဟာဇက်ဟာ ၂၀၁၉ ခုနှစ် နွေရာသီမှာ ချဲလ်ဆီးအသင်းကနေ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ပြီးနောက်ပိုင်း ပရိသတ်တွေနဲ့ အသင်းက မျှော်မှန်းထားတဲ့အတိုင်း လုပ်ပြနိုင်ခြင်းမရှိသေးသူဖြစ်ပြီး ဘာနေဗျူးမှာ ရှိနေခဲ့တဲ့အချိန်အများစုကိုလည်း ဒဏ်ရာပြဿနာတွေကြောင့် ရုန်းကန်နေခဲ့ရတာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပရိသတ်တွေဟာ ရီးရဲလ်မက်ဒရစ်အသင်းလေ့ကျင့်ရေးအစီအစဉ်က ဗီဒီယိုဖိုင် လူမှုကွန်ရက်ပေါ်မှာ ထွက်ပေါ်လာခဲ့ပြီးနောက် အီဒင် ဟာဇက်ကတော့ ပြီးသွားပြီလို့ ထင်ခဲ့ကြပါတယ်။








REF: INTERNET SOURCES
SPORTS A2Z.