Ligue1

ပီအက်စ်ဂျီကြယ်ပွင့် ၃ ဦးကို ဘောင်မကျော်ဖို့ သတိပေးလိုက်တဲ့ နည်းပြ ဂဲလ်တီယာ

ပီအက်စ်ဂျီနည်းပြ ခရစ္စတိုဖီ ဂဲလ်တီယာဟာ အသင်းရဲ့ စူပါစတား ကစားသမားတွေဖြစ်တဲ့ လီယွန်နယ် မက်ဆီ၊ နေမာနဲ့ အမ်ဘပေတို့ ၃ ဦးကို ပြင်းပြင်းထန်ထန် သတိပေးပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ကြယ်ပွင့်ကစားသမား ၃ ဦးဟာ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ အရန်ခုံထိုင်ရမယ်ဆိုရင်လည်း နည်းပြရဲ့ ဆုံးဖြတ်ချက်ကို လက်ခံရမယ်လို့ ပြောကြားခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။ နည်းပြ ဂဲလ်တီယာမရောက်ရှိခင်တုန်းက နည်းပြဟောင်း ပိုချက်တီနိုဟာ လူစာရင်းကို အလှည့်ကျ မကြာခဏ အသုံးပြုခြင်းမရှိခဲ့ပေမယ့်လည်း နည်းပြသစ် ဂဲလ်တီယာကတော့ စနေနေ့ညနေက နွန့်စ်နဲ့ပွဲမှာ နေမာကို အရန်ခုံထိုင်ခိုင်းခဲ့တာဖြစ်ပါတယ်။

ဘရာဇီးလ်တိုက်စစ်မှူးဟာ နောက်ဆုံးမှာတော့ မိနစ် ၆၀ ဝန်းကျင်မှာ အမ်ဘာပေရဲ့ နေရာမှာ လူစားဝင်ကစားပေးခဲ့ပြီး ပြင်သစ်တိုက်စစ်မှူးဟာ လူစားလဲလှယ်ခြင်းခံခဲ့ရပေမယ့်လည်း နည်းပြရဲ့ဆုံးဖြတ်ချက်ကို မကျေနပ်တဲ့လက္ခဏာမျိုး တစ်စုံတရာ ပြသခဲ့ခြင်းမရှိခဲ့တာ ဖြစ်ပါတယ်။

ဂဲလ်တီယာက အသင်းဟာ ပထမဦးစားပေးအဖြစ် အမြဲတမ်းရှိနေမယ်လို့ သတိပေးခဲ့ပြီး ပြင်သစ်လူမျိုးနည်းပြဟာ လိဂန်းပွဲစဉ် ၆ ပွဲမှာ ၂၄ ဂိုးအထိ စံချိန်တင်သွင်းယူနိုင်အောင် အလွန်ကောင်းမွန်တဲ့အလုပ်ကို လုပ်ဆောင်နေတာဖြစ်ပါတယ်။

“ကျွန်တော် အဲဒါကို ၂ ကြိမ် ပြောခဲ့တယ်။ ပထမတစ်ကြိမ်က တစ်ယောက်ချင်းစီဖြစ်ပြီး နောက်တစ်ကြိမ်က အသင်းသားတွေ အားလုံးကို ပြောခဲ့တာပါ။ သူတို့တွေကို အလှည့်ကျအသုံးပြုတာမျိုး ဖြစ်လာနိုင်တယ်။ အဲဒါကို မှန်ကန်တဲ့ ခံယူချက်နဲ့ လက်ခံရမယ်လို့ ပြောခဲ့ပါတယ်”

“ခင်ဗျားက အဲဒါက အသစ်လို့ ပြောပေမယ့် အဲဒါက အရမ်းအလုပ်များတဲ့ အချိန်စာရင်းကြောင့် အားလုံးအတွက် တာဝန်တစ်ခုပါ။ ကျွန်တော်တို့ အများကြီး ကစားခဲ့ရတယ်။ ၃ ရက်တိုင်းမှာ ကစားခဲ့ရတယ်။ ပြီးတော့ ၄ ရက်တိုင်းမှာ ကစားရတယ်။ ပြီးတော့ ကမ္ဘာ့ဖလားကလည်း ရှိနေတယ်။ အားလုံးအနေနဲ့ သူတို့တွေ ပွဲစဉ်အားလုံးမှာ ကစားလို့မရနိုင်ဘူးဆိုတကို နားလည်ရပါမယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်

အမ်ဘာပေနဲ့ မက်ဆီက လွဲပြီး နေမာအပြင် ဝါရင့်နောက်ခံလူ ဆာဂျီယို ရာမို့စ်လည်း နွန့်စ်နဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ အရန်ခုံ ထိုင်ခဲ့ရတာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင်ဟောင်းဟာ ၆၂ မိနစ်မှ လူစားဝင် ကစားခွင့် ရရှိခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပီအက္စ္ဂ်ီနည္းျပ ခရစၥတိုဖီ ဂဲလ္တီယာဟာ အသင္းရဲ႕ စူပါစတား ကစားသမားေတြျဖစ္တဲ့ လီယြန္နယ္ မက္ဆီ၊ ေနမာနဲ႔ အမ္ဘေပတို႔ ၃ ဦးကို ျပင္းျပင္းထန္ထန္ သတိေပးေျပာဆိုမႈေတြ ျပဳလုပ္ခဲ့ပါတယ္။

ၾကယ္ပြင့္ကစားသမား ၃ ဦးဟာ ႀကိဳက္သည္ျဖစ္ေစ၊ မႀကိဳက္သည္ျဖစ္ေစ အရန္ခုံထိုင္ရမယ္ဆိုရင္လည္း နည္းျပရဲ႕ ဆုံးျဖတ္ခ်က္ကို လက္ခံရမယ္လို႔ ေျပာၾကားျခင္းခံခဲ့ရတာ ျဖစ္ပါတယ္။ နည္းျပ ဂဲလ္တီယာမေရာက္ရွိခင္တုန္းက နည္းျပေဟာင္း ပိုခ်က္တီႏိုဟာ လူစာရင္းကို အလွည့္က် မၾကာခဏ အသုံးျပဳျခင္းမရွိခဲ့ေပမယ့္လည္း နည္းျပသစ္ ဂဲလ္တီယာကေတာ့ စေနေန႔ညေနက ႏြန႔္စ္နဲ႔ပြဲမွာ ေနမာကို အရန္ခုံထိုင္ခိုင္းခဲ့တာျဖစ္ပါတယ္။

ဘရာဇီးလ္တိုက္စစ္မႉးဟာ ေနာက္ဆုံးမွာေတာ့ မိနစ္ ၆၀ ဝန္းက်င္မွာ အမ္ဘာေပရဲ႕ ေနရာမွာ လူစားဝင္ကစားေပးခဲ့ၿပီး ျပင္သစ္တိုက္စစ္မႉးဟာ လူစားလဲလွယ္ျခင္းခံခဲ့ရေပမယ့္လည္း နည္းျပရဲ႕ဆုံးျဖတ္ခ်က္ကို မေက်နပ္တဲ့လကၡဏာမ်ိဳး တစ္စုံတရာ ျပသခဲ့ျခင္းမရွိခဲ့တာ ျဖစ္ပါတယ္။

ဂဲလ္တီယာက အသင္းဟာ ပထမဦးစားေပးအျဖစ္ အၿမဲတမ္းရွိေနမယ္လို႔ သတိေပးခဲ့ၿပီး ျပင္သစ္လူမ်ိဳးနည္းျပဟာ လိဂန္းပြဲစဥ္ ၆ ပြဲမွာ ၂၄ ဂိုးအထိ စံခ်ိန္တင္သြင္းယူႏိုင္ေအာင္ အလြန္ေကာင္းမြန္တဲ့အလုပ္ကို လုပ္ေဆာင္ေနတာျဖစ္ပါတယ္။

“ကြၽန္ေတာ္ အဲဒါကို ၂ ႀကိမ္ ေျပာခဲ့တယ္။ ပထမတစ္ႀကိမ္က တစ္ေယာက္ခ်င္းစီျဖစ္ၿပီး ေနာက္တစ္ႀကိမ္က အသင္းသားေတြ အားလုံးကို ေျပာခဲ့တာပါ။ သူတို႔ေတြကို အလွည့္က်အသုံးျပဳတာမ်ိဳး ျဖစ္လာႏိုင္တယ္။ အဲဒါကို မွန္ကန္တဲ့ ခံယူခ်က္နဲ႔ လက္ခံရမယ္လို႔ ေျပာခဲ့ပါတယ္”

“ခင္ဗ်ားက အဲဒါက အသစ္လို႔ ေျပာေပမယ့္ အဲဒါက အရမ္းအလုပ္မ်ားတဲ့ အခ်ိန္စာရင္းေၾကာင့္ အားလုံးအတြက္ တာဝန္တစ္ခုပါ။ ကြၽန္ေတာ္တို႔ အမ်ားႀကီး ကစားခဲ့ရတယ္။ ၃ ရက္တိုင္းမွာ ကစားခဲ့ရတယ္။ ၿပီးေတာ့ ၄ ရက္တိုင္းမွာ ကစားရတယ္။ ၿပီးေတာ့ ကမာၻ႔ဖလားကလည္း ရွိေနတယ္။ အားလုံးအေနနဲ႔ သူတို႔ေတြ ပြဲစဥ္အားလုံးမွာ ကစားလို႔မရႏိုင္ဘူးဆိုတကို နားလည္ရပါမယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္

အမ္ဘာေပနဲ႔ မက္ဆီက လြဲၿပီး ေနမာအျပင္ ဝါရင့္ေနာက္ခံလူ ဆာဂ်ီယို ရာမို႔စ္လည္း ႏြန႔္စ္နဲ႔ ကစားခဲ့တဲ့ ပြဲစဥ္မွာ အရန္ခုံ ထိုင္ခဲ့ရတာျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္အသင္းေခါင္းေဆာင္ေဟာင္းဟာ ၆၂ မိနစ္မွ လူစားဝင္ ကစားခြင့္ ရရွိခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.