International La Liga Ligue1

မက်ဆီပါမလာဘဲ ပြိုင်ဘက်တွေ ဦးဆောင်နေတဲ့ Ballon d’Or ကို ကောင်းတယ်ဆိုတဲ့ ပူယိုလ်

ဘာစီလိုနာအသင်းခေါင်းဆောင်ဟောင်း ကာလက်စ် ပူယိုလ်က သူ့ရဲ့ အသင်းဖော်ဟောင်း လီယွန်နယ် မက်ဆီ ပဏာမစာရင်းမှာတောင် ပါဝင်မလာနိုင်တော့တဲ့ ဒီနှစ် ဘယ်လွန်ဒေါဆုဟာ အရွေ့သစ်တစ်ခုဖြစ်ပြီး ဘောလုံးလောကသားတွေအတွက် ကောင်းခြင်းလက္ခဏာ ဆောင်တယ်လို့ ထောက်ခံပြောကြားလိုက်ပါတယ်။

အသက် ၄၄ နှစ်အရွယ် စပိန်လက်ရွေးစင် နောက်ခံလူဟောင်းဟာ နူးကမ့်မှာ ၁၉၉၉ ကနေ ၂၀၀၄ ခုနှစ်အထိ တစ်သင်းတည်း ကစားခဲ့တဲ့ ကစားသမား One Club Man အဖြစ် ရှိခဲ့တာဖြစ်ပြီး မက်ဆီနဲ့အတူ ၁၀ ရာသီလောက် လက်တွဲဖြတ်သန်းခဲ့ဖူးသူလည်းဖြစ်သလို ဒီတစ်ကြိမ်မှာတော့ သူ့ရဲ့ အသင်းဖော်ဟောင်း မပါတဲ့ ဆုအတွက် အများထင်ထားတာနဲ့ တခြားစီဖြစ်တဲ့ အမြင်ကို ထုတ်ပြောလိုက်တာပါ။

လက်ရှိမှာတော့ ဒီဆုကို ရရှိဖို့ ဘာစီလိုနာအသင်းဆီ ရောက်ရှိနေတဲ့ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးဟောင်း ရောဘတ် လီဗန်ဒေါ့ဗ်စကီးက ဦးဆောင်နေတယ်လို့ အပြောများနေကြပြီး ပြီးခဲ့တဲ့ ရာသီမှာ ပြိုင်ပွဲစုံ ၅၇ ဂိုး သွင်းယူနိုင်ခဲ့တဲ့ အသက် ၃၄ နှစ်အရွယ် ပိုလန်သားဟာ ဒီရာသီမှာတော့ ကာတာလန်သားတွေနဲ့ ပူးပေါင်းထားခဲ့တာဖြစ်ပါတယ်။

“သူက ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတစ်ယောက်ဖြစ်ပြီး ဂိုးတွေကြောင့်ပဲ ဒီလိုဆိုရတာ မဟုတ်ပါဘူး။ ဘောလုံးကို ဘယ်လို ကိုင်ထားရမယ် ဆိုတာ သိတယ်။ အသင်းဖော်တွေနဲ့ ဘယ်လို ပူးပေါင်းလုပ်ဆောင်ရမလဲဆိုတာလည်း သိပါတယ်။ ဒါကြောင့် ဒီနှစ်မှာ ဘယ်လွန်ဒေါဆုကို သူရသွားဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ တကယ်တော့ ပြီးခဲ့တဲ့ နှစ်တွေက စွမ်းဆောင်ရည်ကောင်းတွေနဲ့ ရယူနိုင်ခဲ့သင့်တာဖြစ်ပြီး ဒါက ကောင်းသော လက္ခဏာပါပဲ”လို့ ဆိုလိုက်တာပါ။

ပူယိုလ်အနေနဲ့ ပြီးခဲ့တဲ့ နှစ်တွေကတည်းက ရသင့်တယ်ဆိုတဲ့ ဒီစကားကို ဆိုလိုက်တာဟာ မက်ဆီရဲ့ ဆုတွေဟာ နာမည်ကြောင့်သာ ရခဲ့တာဖြစ်ပြီး မထိုက်တန်ဘူးလို့ ပြောလိုက်တာလားလို့ ပရိသတ်တွေ စဉ်းစားစရာဖြစ်ခဲ့ကြပြီး အာဂျင်တီးနားသားရဲ့ ဘာစီလိုနာ စီနီယာဖြစ်သလို သူလက်တွဲခေါ်ခဲ့ရတဲ့သူကို လက်ရှိမှာ ညှာတာဖေးမနေစရာ ကိစ္စလည်း မရှိတာကြောင့် သူ့ရဲ့ ပွင့်လင်းတဲ့ စရိုက်အတိုင်း ထုတ်ပြောလိုက်တာလို့ ထင်မြင်နေကြပါတယ်။

“ဘင်ဇီးမားနဲ့ လီဗန်ဒေါ့ဗ်စကီးက လက်ရှိ ကမ္ဘာ့အကောင်းဆုံးနှစ်ယောက်ပါပဲ။ ဘင်ဇီးမားက ခရစ္စတီယာနို ရော်နယ်လ်ဒို မရှိတော့ကတည်းက ရီးရဲလ်မက်ဒရစ်ကို အကောင်းဆုံး ဦးဆောင်ပေးထားနိုင်ခဲ့သလို လီဗန်ဒေါ့ဗ်စကီးကလည်း ဘိုင်ယန်မြူးနစ်မှာ နှစ်တိုင်းလိုလို မယုံနိုင်စရာ စွမ်းရည်တွေ ပြသခဲ့သူပါ”လို့ ကာတာလန်သားကြီးက ဆိုပါတယ်။

ဘင်ဇီးမားကတော့ ပြီးခဲ့တဲ့ ရီးရဲလ်ရဲ့ ချန်ပီယံလိဂ်နဲ့ လာလီဂါဖလားနှစ်လုံးအောင်မြင်မှုမှာ အခရာကျခဲ့သူဖြစ်ပြီး ၂၀၂၁-၂၂ ရာသီအတွင်း ပြိုင်ပွဲစုံ ၄၆ ပွဲမှာ သွင်းဂိုး ၄၄ ဂိုးနဲ့ ဖန်တီးမှု ၁၅ ကြိမ် မှတ်တမ်းတင်နိုင်ခဲ့သလို စပိန်ဆူပါဖလားနဲ့ ယူအီးအက်ဖ်အေ ဆူပါဖလားတို့ကို ရယူထားနိုင်ခဲ့ပြီး နိုင်ငံအသင်းအဆင့်မှာလည်း ပြင်သစ်နဲ့ နေးရှင်းလိဂ်ဖလားကို ရရှိထားသူပါ။

ဘာစီလိုနာမှာ လက်ရှိကစားနေသူတစ်ဦးဖြစ်တဲ့ မက်ဆီရဲ့ အသင်းဖော်ဟောင်းတစ်ဦးလည်းဖြစ်သူ နောက်ခံလူ ဂျော်ဒီ အယ်လ်ဘာကတော့ “နှစ်တိုင်းလိုလို ဒီဆုနဲ့ မက်ဆီပဲ ထိုက်တန်တယ်လို့ ကျွန်တော် ပြောခဲ့ပေမယ့် ဒီနှစ်တော့ ဘင်ဇီးမားနဲ့ ထိုက်တန်တယ်လို့ ပြောင်းပြောရပါတော့မယ်”လို့ ဆိုလိုက်ပြီး ပြီးခဲ့တဲ့ ရာသီမှာ ၈၉ မိနစ်ကို တစ်ဂိုးရခဲ့တဲ့ ၃၄ နှစ်အရွယ် ပြင်သစ်သားဘက်က ရပ်တည်လိုက်ပါတယ်။

ဒီနှစ်မှာ ဘယ်လွန်ဒေါဆုအတွက် အပြိုင်အဆိုင်ဖြစ်နေကြတဲ့ ပြင်သစ်သားနဲ့ ပိုလန်တို့ဟာ အာဂျင်တီးနားသားထက် အသက်ပိုကြီးသူတွေလည်း ဖြစ်နေကြတာက သူတို့ရဲ့ ထိုက်တန်မှုအတွက် ပိုမိုယုံကြည်စရာလည်းဖြစ်ခဲ့သလို ဒီဆုကို ဆွတ်ခူးခဲ့ရင် ဘယ်လွန်ဒေါခေတ်မှာ အသက်ကြီးဆုံး ရယူနိုင်ခဲ့တဲ့ အီတလီနောက်ခံလူ ဖာဘီယို ကန်နာဗာရိုနဲ့ ခရိုအေးရှားကွင်းလယ်လူ လူကာ မိုဒရစ်ချ်တို့ရဲ့ ၃၃ နှစ် စံချိန်ကိုလည်း ကျော်ဖြတ်နိုင်ကြမှာဖြစ်ပါတယ်။

ဥရောပအကောင်းဆုကို ပြင်သစ်ဘောလုံးမဂ္ဂဇင်းက စတင်ချီးမြှင့်ခဲ့ချိန်မှာ ဘလက်ပူးလ်အသင်းနဲ့အတူ ပထမဆုံး ရရှိခဲ့တဲ့ အင်္ဂလန်သားကြီး ဆာစတန်လီ မက်သယူးစ်ကတော့ ဒီဆုရဲ့ သမိုင်းတစ်လျှောက် အသက်အကြီးဆုံး စံချိန်ရှင်အဖြစ်လည်း မှတ်တမ်းဝင်ထားခဲ့ပြီး အသက် ၄၁ နှစ်အရွယ်မှာ ဆွတ်ခူးထားနိုင်ခဲ့တာဖြစ်သလို ခရစ္စတီယာနို ရော်နယ်လ်ဒိုကတော့ အသက် ၂၀ မှာ အငယ်ဆုံးအဖြစ် ရရှိထားတာလည်းဖြစ်ကြောင်း စုစည်းဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘာစီလိုနာအသင္းေခါင္းေဆာင္ေဟာင္း ကာလက္စ္ ပူယိုလ္က သူ႔ရဲ႕ အသင္းေဖာ္ေဟာင္း လီယြန္နယ္ မက္ဆီ ပဏာမစာရင္းမွာေတာင္ ပါဝင္မလာႏိုင္ေတာ့တဲ့ ဒီႏွစ္ ဘယ္လြန္ေဒါဆုဟာ အေ႐ြ႕သစ္တစ္ခုျဖစ္ၿပီး ေဘာလုံးေလာကသားေတြအတြက္ ေကာင္းျခင္းလကၡဏာ ေဆာင္တယ္လို႔ ေထာက္ခံေျပာၾကားလိုက္ပါတယ္။

အသက္ ၄၄ ႏွစ္အ႐ြယ္ စပိန္လက္ေ႐ြးစင္ ေနာက္ခံလူေဟာင္းဟာ ႏူးကမ့္မွာ ၁၉၉၉ ကေန ၂၀၀၄ ခုႏွစ္အထိ တစ္သင္းတည္း ကစားခဲ့တဲ့ ကစားသမား One Club Man အျဖစ္ ရွိခဲ့တာျဖစ္ၿပီး မက္ဆီနဲ႔အတူ ၁၀ ရာသီေလာက္ လက္တြဲျဖတ္သန္းခဲ့ဖူးသူလည္းျဖစ္သလို ဒီတစ္ႀကိမ္မွာေတာ့ သူ႔ရဲ႕ အသင္းေဖာ္ေဟာင္း မပါတဲ့ ဆုအတြက္ အမ်ားထင္ထားတာနဲ႔ တျခားစီျဖစ္တဲ့ အျမင္ကို ထုတ္ေျပာလိုက္တာပါ။

လက္ရွိမွာေတာ့ ဒီဆုကို ရရွိဖို႔ ဘာစီလိုနာအသင္းဆီ ေရာက္ရွိေနတဲ့ ဘိုင္ယန္ျမဴးနစ္တိုက္စစ္မႉးေဟာင္း ေရာဘတ္ လီဗန္ေဒါ့ဗ္စကီးက ဦးေဆာင္ေနတယ္လို႔ အေျပာမ်ားေနၾကၿပီး ၿပီးခဲ့တဲ့ ရာသီမွာ ၿပိဳင္ပြဲစုံ ၅၇ ဂိုး သြင္းယူႏိုင္ခဲ့တဲ့ အသက္ ၃၄ ႏွစ္အ႐ြယ္ ပိုလန္သားဟာ ဒီရာသီမွာေတာ့ ကာတာလန္သားေတြနဲ႔ ပူးေပါင္းထားခဲ့တာျဖစ္ပါတယ္။

“သူက ကမာၻ႔အေကာင္းဆုံး တိုက္စစ္မႉးတစ္ေယာက္ျဖစ္ၿပီး ဂိုးေတြေၾကာင့္ပဲ ဒီလိုဆိုရတာ မဟုတ္ပါဘူး။ ေဘာလုံးကို ဘယ္လို ကိုင္ထားရမယ္ ဆိုတာ သိတယ္။ အသင္းေဖာ္ေတြနဲ႔ ဘယ္လို ပူးေပါင္းလုပ္ေဆာင္ရမလဲဆိုတာလည္း သိပါတယ္။ ဒါေၾကာင့္ ဒီႏွစ္မွာ ဘယ္လြန္ေဒါဆုကို သူရသြားဖို႔ ကြၽန္ေတာ္ ေမွ်ာ္လင့္ပါတယ္။ တကယ္ေတာ့ ၿပီးခဲ့တဲ့ ႏွစ္ေတြက စြမ္းေဆာင္ရည္ေကာင္းေတြနဲ႔ ရယူႏိုင္ခဲ့သင့္တာျဖစ္ၿပီး ဒါက ေကာင္းေသာ လကၡဏာပါပဲ”လို႔ ဆိုလိုက္တာပါ။

ပူယိုလ္အေနနဲ႔ ၿပီးခဲ့တဲ့ ႏွစ္ေတြကတည္းက ရသင့္တယ္ဆိုတဲ့ ဒီစကားကို ဆိုလိုက္တာဟာ မက္ဆီရဲ႕ ဆုေတြဟာ နာမည္ေၾကာင့္သာ ရခဲ့တာျဖစ္ၿပီး မထိုက္တန္ဘူးလို႔ ေျပာလိုက္တာလားလို႔ ပရိသတ္ေတြ စဥ္းစားစရာျဖစ္ခဲ့ၾကၿပီး အာဂ်င္တီးနားသားရဲ႕ ဘာစီလိုနာ စီနီယာျဖစ္သလို သူလက္တြဲေခၚခဲ့ရတဲ့သူကို လက္ရွိမွာ ညႇာတာေဖးမေနစရာ ကိစၥလည္း မရွိတာေၾကာင့္ သူ႔ရဲ႕ ပြင့္လင္းတဲ့ စ႐ိုက္အတိုင္း ထုတ္ေျပာလိုက္တာလို႔ ထင္ျမင္ေနၾကပါတယ္။

“ဘင္ဇီးမားနဲ႔ လီဗန္ေဒါ့ဗ္စကီးက လက္ရွိ ကမာၻ႔အေကာင္းဆုံးႏွစ္ေယာက္ပါပဲ။ ဘင္ဇီးမားက ခရစၥတီယာႏို ေရာ္နယ္လ္ဒို မရွိေတာ့ကတည္းက ရီးရဲလ္မက္ဒရစ္ကို အေကာင္းဆုံး ဦးေဆာင္ေပးထားႏိုင္ခဲ့သလို လီဗန္ေဒါ့ဗ္စကီးကလည္း ဘိုင္ယန္ျမဴးနစ္မွာ ႏွစ္တိုင္းလိုလို မယုံႏိုင္စရာ စြမ္းရည္ေတြ ျပသခဲ့သူပါ”လို႔ ကာတာလန္သားႀကီးက ဆိုပါတယ္။

ဘင္ဇီးမားကေတာ့ ၿပီးခဲ့တဲ့ ရီးရဲလ္ရဲ႕ ခ်န္ပီယံလိဂ္နဲ႔ လာလီဂါဖလားႏွစ္လုံးေအာင္ျမင္မႈမွာ အခရာက်ခဲ့သူျဖစ္ၿပီး ၂၀၂၁-၂၂ ရာသီအတြင္း ၿပိဳင္ပြဲစုံ ၄၆ ပြဲမွာ သြင္းဂိုး ၄၄ ဂိုးနဲ႔ ဖန္တီးမႈ ၁၅ ႀကိမ္ မွတ္တမ္းတင္ႏိုင္ခဲ့သလို စပိန္ဆူပါဖလားနဲ႔ ယူအီးအက္ဖ္ေအ ဆူပါဖလားတို႔ကို ရယူထားႏိုင္ခဲ့ၿပီး ႏိုင္ငံအသင္းအဆင့္မွာလည္း ျပင္သစ္နဲ႔ ေနးရွင္းလိဂ္ဖလားကို ရရွိထားသူပါ။

ဘာစီလိုနာမွာ လက္ရွိကစားေနသူတစ္ဦးျဖစ္တဲ့ မက္ဆီရဲ႕ အသင္းေဖာ္ေဟာင္းတစ္ဦးလည္းျဖစ္သူ ေနာက္ခံလူ ေဂ်ာ္ဒီ အယ္လ္ဘာကေတာ့ “ႏွစ္တိုင္းလိုလို ဒီဆုနဲ႔ မက္ဆီပဲ ထိုက္တန္တယ္လို႔ ကြၽန္ေတာ္ ေျပာခဲ့ေပမယ့္ ဒီႏွစ္ေတာ့ ဘင္ဇီးမားနဲ႔ ထိုက္တန္တယ္လို႔ ေျပာင္းေျပာရပါေတာ့မယ္”လို႔ ဆိုလိုက္ၿပီး ၿပီးခဲ့တဲ့ ရာသီမွာ ၈၉ မိနစ္ကို တစ္ဂိုးရခဲ့တဲ့ ၃၄ ႏွစ္အ႐ြယ္ ျပင္သစ္သားဘက္က ရပ္တည္လိုက္ပါတယ္။

ဒီႏွစ္မွာ ဘယ္လြန္ေဒါဆုအတြက္ အၿပိဳင္အဆိုင္ျဖစ္ေနၾကတဲ့ ျပင္သစ္သားနဲ႔ ပိုလန္တို႔ဟာ အာဂ်င္တီးနားသားထက္ အသက္ပိုႀကီးသူေတြလည္း ျဖစ္ေနၾကတာက သူတို႔ရဲ႕ ထိုက္တန္မႈအတြက္ ပိုမိုယုံၾကည္စရာလည္းျဖစ္ခဲ့သလို ဒီဆုကို ဆြတ္ခူးခဲ့ရင္ ဘယ္လြန္ေဒါေခတ္မွာ အသက္ႀကီးဆုံး ရယူႏိုင္ခဲ့တဲ့ အီတလီေနာက္ခံလူ ဖာဘီယို ကန္နာဗာ႐ိုနဲ႔ ခ႐ိုေအးရွားကြင္းလယ္လူ လူကာ မိုဒရစ္ခ်္တို႔ရဲ႕ ၃၃ ႏွစ္ စံခ်ိန္ကိုလည္း ေက်ာ္ျဖတ္ႏိုင္ၾကမွာျဖစ္ပါတယ္။

ဥေရာပအေကာင္းဆုကို ျပင္သစ္ေဘာလုံးမဂၢဇင္းက စတင္ခ်ီးျမႇင့္ခဲ့ခ်ိန္မွာ ဘလက္ပူးလ္အသင္းနဲ႔အတူ ပထမဆုံး ရရွိခဲ့တဲ့ အဂၤလန္သားႀကီး ဆာစတန္လီ မက္သယူးစ္ကေတာ့ ဒီဆုရဲ႕ သမိုင္းတစ္ေလွ်ာက္ အသက္အႀကီးဆုံး စံခ်ိန္ရွင္အျဖစ္လည္း မွတ္တမ္းဝင္ထားခဲ့ၿပီး အသက္ ၄၁ ႏွစ္အ႐ြယ္မွာ ဆြတ္ခူးထားႏိုင္ခဲ့တာျဖစ္သလို ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကေတာ့ အသက္ ၂၀ မွာ အငယ္ဆုံးအျဖစ္ ရရွိထားတာလည္းျဖစ္ေၾကာင္း စုစည္းေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.