La Liga UCL&UEL

ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်မှာ အဓိကကစားသမား ၄ ဦးကို အနားပေးဖို့ စီစဉ်နေတဲ့ ဇာဗီ

ဘာစီလိုနာအသင်းနည်းပြ ဇာဗီဟာ ဗစ်တိုးရီးယား ပလာဇန်နဲ့ ကစားရမယ့် ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်မှာ ပထမအသင်း ကစားသမားတွေထဲက အဓိကကစားသမား ၄ ဦးကို အနားပေးသွားမှာဖြစ်တယ်လို့ Mundo Deportivo က ဖော်ပြခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ ၂၀၂၂-၂၀၂၃ ရာသီမှာ ရှုံးပွဲအရသာကို မမြည်းစမ်းရသေးတဲ့အသင်းဖြစ်ပြီး ဗုဒ္ဓဟူးနေ့မှာ ချန်ပီယံလိဂ်အုပ်စု C အဖွင့်ပွဲစဉ်အဖြစ် ဗစ်တိုးရီးယား ပလာဇန်နဲ့ ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်နဲ့ အင်တာမီလန်တို့ကလည်း အုပ်စု C ထဲမှာ ပါဝင်နေတာကြောင့် ဗစ်တိုးရီးယား ပလာဇန်ဟာ သေမင်းတမန် အုပ်စုထဲမှာ ကျရောက်နေတယ်လို့ ဆိုရမှာဖြစ်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ယှဉ်ပြိုင်နေတဲ့ အခြားအသင်းအများစုလိုပဲ ဇာဗီရဲ့ ဘာစီလိုနာကလည်း ကမ္ဘာ့ဖလား ကစားသွားမယ့် ကစားသမားတွေ ရှိနေတာဖြစ်ပါတယ်။

ဇာဗီအနေနဲ့ ၎င်းရဲ့ လူစာရင်းကို လန်းဆန်းနေအောင် ထားဖို့အတွက် ဗုဒ္ဓဟူးနေ့ည ချက်ပထမတန်းလိဂ်ချန်ပီယံတွေနဲ့ ယှဉ်ပြိုင်ကစားမယ့်ပွဲစဉ်မှာ အဓိကကစားသမား ၄ ဦးအထိ အနားပေးသွားဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ဗဟိုခံစစ်အတွဲဖြစ်တဲ့ အဲရစ် ဂါစီယာနဲ့ အာရာအူဟိုတို့ဟာ နည်းပြ ဇာဗီရဲ့ အနားပေးမယ့် ကစားသမားစာရင်းထဲမှာ ပါဝင်နေပြီး တိုက်စစ်ကစားသမား အူ့စ်မန် ဒမ်ဘီလီနဲ့ ကွင်းလယ်ဗဟိုကစားသမား ဂါဗီလည်း ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်မှာ ပါဝင်ကစားပေးသွားမှာမဟုတ်ဘူးလို့ သိရပါတယ်။

ဒီကစားသမား ၄ ဦးစလုံးဟာ ၂၀၂၁-၂၀၂၂ ရာသီအစကတည်းက ဇာဗီရဲ့ ပွဲထွက်လူစာရင်းမှာ အမြဲတမ်း ပါဝင်ခဲ့တဲ့ ကစားသမားတွေ ဖြစ်ပြီး ပွဲစဉ်တွေ ပြည့်ကြပ်နေတဲ့ ပြက္ခဒိန်ကို ကြည့်လိုက်မယ်ဆိုရင် အုပ်စု C အဖွင့်ပွဲစဉ်မှာ မျက်နှာသစ် ကစားသမား ၄ ဦးကို ဇာဗီ ထုတ်သုံးမယ်ဆိုတာ အံ့အားသင့်စရာ မဟုတ်တော့တာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ ယခုရာသီ လာလီဂါပြိုင်ပွဲမှာ ၄ ပွဲ ကစားထားရာမှာ ၃ ပွဲနိုင် ၁ ပွဲသရေ ရလဒ် ရရှိထားပြီး ရမှတ် ၁၀ မှတ်နဲ့ အမှတ်ပေးဇယားထိပ်ဆုံးက ရီးရဲလ်မက်ဒရစ်နဲ့ ၂ မှတ်အကွာ ဒုတိယနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘာစီလိုနာအသင္းနည္းျပ ဇာဗီဟာ ဗစ္တိုးရီးယား ပလာဇန္နဲ႔ ကစားရမယ့္ ခ်န္ပီယံလိဂ္အုပ္စုအဖြင့္ပြဲစဥ္မွာ ပထမအသင္း ကစားသမားေတြထဲက အဓိကကစားသမား ၄ ဦးကို အနားေပးသြားမွာျဖစ္တယ္လို႔ Mundo Deportivo က ေဖာ္ျပခဲ့ပါတယ္။

ဘာစီလိုနာအသင္းဟာ ၂၀၂၂-၂၀၂၃ ရာသီမွာ ရႈံးပြဲအရသာကို မျမည္းစမ္းရေသးတဲ့အသင္းျဖစ္ၿပီး ဗုဒၶဟူးေန႔မွာ ခ်န္ပီယံလိဂ္အုပ္စု C အဖြင့္ပြဲစဥ္အျဖစ္ ဗစ္တိုးရီးယား ပလာဇန္နဲ႔ ယွဥ္ၿပိဳင္ကစားသြားရမွာ ျဖစ္ပါတယ္။

ဘိုင္ယန္ျမဴးနစ္နဲ႔ အင္တာမီလန္တို႔ကလည္း အုပ္စု C ထဲမွာ ပါဝင္ေနတာေၾကာင့္ ဗစ္တိုးရီးယား ပလာဇန္ဟာ ေသမင္းတမန္ အုပ္စုထဲမွာ က်ေရာက္ေနတယ္လို႔ ဆိုရမွာျဖစ္ၿပီး ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ယွဥ္ၿပိဳင္ေနတဲ့ အျခားအသင္းအမ်ားစုလိုပဲ ဇာဗီရဲ႕ ဘာစီလိုနာကလည္း ကမာၻ႔ဖလား ကစားသြားမယ့္ ကစားသမားေတြ ရွိေနတာျဖစ္ပါတယ္။

ဇာဗီအေနနဲ႔ ၎ရဲ႕ လူစာရင္းကို လန္းဆန္းေနေအာင္ ထားဖို႔အတြက္ ဗုဒၶဟူးေန႔ည ခ်က္ပထမတန္းလိဂ္ခ်န္ပီယံေတြနဲ႔ ယွဥ္ၿပိဳင္ကစားမယ့္ပြဲစဥ္မွာ အဓိကကစားသမား ၄ ဦးအထိ အနားေပးသြားဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

ဗဟိုခံစစ္အတြဲျဖစ္တဲ့ အဲရစ္ ဂါစီယာနဲ႔ အာရာအူဟိုတို႔ဟာ နည္းျပ ဇာဗီရဲ႕ အနားေပးမယ့္ ကစားသမားစာရင္းထဲမွာ ပါဝင္ေနၿပီး တိုက္စစ္ကစားသမား အူ႔စ္မန္ ဒမ္ဘီလီနဲ႔ ကြင္းလယ္ဗဟိုကစားသမား ဂါဗီလည္း ခ်န္ပီယံလိဂ္အုပ္စုအဖြင့္ပြဲစဥ္မွာ ပါဝင္ကစားေပးသြားမွာမဟုတ္ဘူးလို႔ သိရပါတယ္။

ဒီကစားသမား ၄ ဦးစလုံးဟာ ၂၀၂၁-၂၀၂၂ ရာသီအစကတည္းက ဇာဗီရဲ႕ ပြဲထြက္လူစာရင္းမွာ အၿမဲတမ္း ပါဝင္ခဲ့တဲ့ ကစားသမားေတြ ျဖစ္ၿပီး ပြဲစဥ္ေတြ ျပည့္ၾကပ္ေနတဲ့ ျပကၡဒိန္ကို ၾကည့္လိုက္မယ္ဆိုရင္ အုပ္စု C အဖြင့္ပြဲစဥ္မွာ မ်က္ႏွာသစ္ ကစားသမား ၄ ဦးကို ဇာဗီ ထုတ္သုံးမယ္ဆိုတာ အံ့အားသင့္စရာ မဟုတ္ေတာ့တာျဖစ္ပါတယ္။

ဘာစီလိုနာအသင္းဟာ ယခုရာသီ လာလီဂါၿပိဳင္ပြဲမွာ ၄ ပြဲ ကစားထားရာမွာ ၃ ပြဲႏိုင္ ၁ ပြဲသေရ ရလဒ္ ရရွိထားၿပီး ရမွတ္ ၁၀ မွတ္နဲ႔ အမွတ္ေပးဇယားထိပ္ဆုံးက ရီးရဲလ္မက္ဒရစ္နဲ႔ ၂ မွတ္အကြာ ဒုတိယေနရာမွာ ရပ္တည္ေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.