Premier League

ပရီးမီးယားလိဂ္နဲ႔ အထိုင္ဖ်က္တဲ့ နည္းျပေတြရဲ႕ လားရာ

ဒီရာသီ ပရီးမီးယားလိဂ္ကို ၾကည့္မိေတာ့ ရာသီဝက္မွာကတည္းက ခ်န္ပီယံဆုအတြက္ ရင္ခုန္စရာမရွိေတာ့ေလာက္ေအာင္ လီဗာပူးလ္တုိ႔က ဦးေဆာင္ေနခဲ့ပါၿပီ။ က်န္တဲ့အသင္းေတြကေတာ့ ထိပ္ဆုံးကို မ်က္ေစာင္းထိုးသလို၊ အားက်သလို၊ မနာလိုသလို… လိုလိုလုိေတြနဲ႔သာ ၾကည့္ေနခဲ့ရတယ္။

လီဗာပူးလ္ဘာေကာင္းတာလဲလို႔ ေမးရင္ အာဖရိကေတာင္ပံႏွစ္ဖက္ရဲ႕ ထက္ျမက္မွဳကို အလုပ္ျဖစ္ေအာင္ ေရွ႕က ဘရာဇီးလ္သား ဖာမီႏိုက ခြင္ရွာေပးတတ္တယ္။ ဒါကို မာေနးနဲ႔ ဆာလားတုိ႔ ခူးၿပီးခပ္ၿပီး စား႐ုံပဲ။ ဘယ္လိုပိတ္ကစားကစား အခ်ိန္တန္ရင္ အဆင္ေျပသြားတာပဲ။ VAR ဘာညာကေတာ့ နည္းနည္းအျငင္းပြားစရာရွိတာေပါ့ေလ။

ဒါေပမယ့္ ဒီအရာေတြထက္ပိုတဲ့ အရာက လီဗာပူးလ္မွာ ရွိေနၿပီး က်န္တဲ့အသင္းေတြမွာ ေပ်ာက္ဆုံးေနတာတစ္ခုရွိတယ္။ Consistency လို႔ ေခၚတဲ့ တည္ၿငိမ္မွဳနဲ႔ အေျပာင္းအလဲမရွိမွဳပါပဲ။ ဒါက အဓိကကြာဟခ်က္ျဖစ္ၿပီး လီဗာပူးလ္ဟာ အေရးႀကီးတဲ့ အတြဲအဖက္နဲ႔ ခံစစ္အထိုင္၊ ကြင္းလယ္အထိုင္ကို ဘယ္တုန္းကမွ မဖ်က္ခဲ့တာဟာ ႀကီးမားတဲ့ အားသာခ်က္လည္းျဖစ္ပါတယ္။

ပြဲပယ္ဒဏ္ရာရကစားသမားမ်ဳိးကလြဲလို႔ အင္ျပည့္အားျပည့္သုံးစြဲတတ္တဲ့ လီဗာပူးလ္ရဲ႕ ဒီလူေတြခ်ည္း သုံးေနတာဟာ သူတုိ႔ရဲ႕ မိနစ္ကိုးဆယ္ မေမာမပန္းကစားႏုိင္တဲ့ သက္လုံကို ခ်ီးက်ဴးရမွာျဖစ္ေပမယ့္ အျမဲတမ္းတြဲကစားေနတဲ့သူေတြဟာ ဘယ္တုန္းကမွ နားလည္မွဳ မလြဲခဲ့တာ၊ အမွားအယြင္း နည္းခဲ့တာကေတာ့ သိသာထင္ရွားခဲ့ပါတယ္။

ကဲ… က်န္တဲ့ အသင္းေတြေရာ… မန္စီးတီးရဲ႕ လူစာရင္းက လီဗာပူးလ္ကို ဘာျဖစ္လုိ႔ မယွဥ္ႏုိင္ရမွာလဲ။ ေခါင္းတစ္လုံးသာတဲ့ ပရီးမီးယားလိဂ္ ဂိုးသြင္းဘုရင္ အေဂြ႐ို၊ အိုေဇးလ္ကို ေနာက္ေကာက္ခ်ျပခဲ့တဲ့ ဒီဘ႐ိုင္းနား၊ အဂၤလန္သား စတာလင္၊ ဘယ္တစ္ေပါက္ဆုိ ေၾကာက္စရာ မာရက္ဇ္နဲ႔ ေမာ္ဒန္ ေနာက္ခံလူေတြထဲက အေကာင္းဆုံးတစ္ဦးျဖစ္တဲ့ လာေပါ့တ္တို႔ဟာ ဒဏ္ရာေၾကာင့္ နားေနတဲ့ ဆာေနးကို ထည့္မတြက္ရင္ေတာင္မွ တခ်ဳိ႕ေနရာေတြမွာ လီဗာပူးလ္ထက္ ပုိသာပါတယ္။ ဒါေပမယ့္ ဘာျဖစ္လို႔ လွမ္းေခၚရင္ေတာင္ မၾကားတဲ့ အကြာအေဝးကို ေရာက္ေနရတာလဲ။

အဓိကကေတာ့ အထိုင္ဖ်က္တဲ့ ျပႆနာပါ။ ဂြါဒီယိုလာရဲ႕ ငယ္က်င့္လုိ႔လည္း ေျပာရမွာေပါ့။ ဒါက သူ႕တပည့္ အာတီတာလည္း ရသြားခဲ့တယ္။ ဘုိင္ယန္မွာကတည္းက ခံစစ္ဗဟိုကို ကြင္းလယ္အဖ်က္ကစားသမားေတြ သုံးၿပီး စမ္းခဲ့တယ္။ ဘြန္ဒက္စ္လီဂါနဲ႔ ဘုိင္ယန္ဆုိတာ တျခားအသင္းေတြထက္ ေခါင္းတစ္လုံးမက သာၿပီးသား… အဆင္ေျပတယ္၊ ေအာင္ျမင္တယ္ေလ။ ဒါေပမယ့္ ပရီးမီးယားလိဂ္မွာေတာ့ ေနာက္တန္းေတြ ႀက့ံခိုင္ေနတာကိုေတာင္မွ ဖာနန္ဒင္ဟိုနဲ႔ ႐ိုဒရီကို ခံစစ္မွာ သုံးတာကေတာ့ ဘယ္လိုမွ အဆင္မေျပသလို ဖ်က္ထုတ္ပုံအျမင္မွာလည္း ပုံစံတက် မရလို႔ မ႐ွဳံးသင့္တဲ့ပြဲေတြ႐ွဳံး၊ သေရမက်သင့္ဘဲ က်ေနခဲ့ရတယ္။

လက္စတာလည္း ဘာထူးလဲ။ ခံစစ္ကို ေလးေယာက္တန္းကစားေနက်ကေန သုံးေယာက္တန္းလုပ္ၿပီး ေခ်းလ္ဝဲလ္ကို ေရွ႕ပုိ႔တယ္။ အသင္းရဲ႕ ေဆးဆရာေတြျဖစ္တဲ့ ပရက္နဲ႔ ဂေရးကို ထည့္သုံးတယ္။ ရလဒ္ေတြ ဆက္တုိက္က်ၿပီး ဒုကၡေရာက္သြားသလုိ ခ်ဲလ္ဆီးနဲ႔ လမ္းပတ္ကေရာ ဘာထူးလဲ။ အမ္မရီ အာဆင္နယ္က ထြက္ခဲ့ရတာ သူအဆင္ေျပခဲ့တဲ့ ၃-၅-၂ ကို ဖ်က္ခဲ့လို႔ျဖစ္သလို အာတီတာလည္း ခ်ာကာ+ေတာ္ရဲရားကြင္းလယ္အထိုင္ကို ဖ်က္ၿပီး မာတီနယ္လီ+ဆာကာ ေတာင္ပံအတြဲကို သုံးလုိက္တာနဲ႔ တိုင္ပတ္ေတာ့တာပဲေလ။

ကေလာ့ပ္နဲ႔ သူတို႔ေတြ ဘာကြာသလဲလို႔ ေမးရင္ အဲ့ဒါပါပဲ။ အထိုင္ဖ်က္ၿပီး အသင္းကို Consistency ေပ်ာက္ေအာင္ လုပ္လိုက္ၾကတာပါ။ သူတို႔ကိုယ္ သူတုိ႔ေတာ့ နည္းစနစ္ေတြကို ေျပာင္းလဲပိုင္ႏုိင္တဲ့ Tactician ေတြလို႔ ထင္ေနၾကမွာျဖစ္ေပမယ့္ ေမာ္ဒန္ေဘာလုံးဟာ ဟိုဒင္းယား မခံပါဘူး။ အဲ့ဒီအတြက္ ေပးဆပ္ၾကရတာပါပဲ။

ဒီလိုနဲ႔ ဒီအသင္းေတြဟာ ပရီးမီးယားလိဂ္မွာ ဒုကၡေရာက္ေနၾကသလို လီဗာပူးလ္ကို ခ်န္ပီယံဆုအပ္ဖို႔ ျပင္ဆင္မွန္းမသိ ျပင္ဆင္ေနခဲ့ၾကတာပါ။ သူတုိ႔ရဲ႕အေနအထားဟာ လီဗာပူးလ္ကုိ အႏိုင္ရဖို႔ မေျပာနဲ႔ သေရပြဲေတြ႕ေအာင္ လုပ္ႏုိင္မယ့္ အဆင့္ေတာင္ မရွိေတာ့ဘဲ မတည္ၿငိမ္မွဳေတြက သူတုိ႔ရဲ႕ အဆင့္အတန္းကို တစ္ဆင့္နိမ့္ေနရာကို ေလွ်ာ့ခ်လိုက္ၾကပါတယ္။

အထိုင္ေျပာင္းကစားတယ္၊ ဗ်ဴဟာပုိင္းေျပာင္းတဲ့ Tactical Tweak လုိ႔ သူတုိ႔ကေတာ့ ေတြးမွာျဖစ္ေပမယ့္ ပရိသတ္ကေတာ့ အထိုင္ဖ်က္လိုက္တယ္လုိ႔ပဲ ႐ိုး႐ိုးသားသား ႐ွဳျမင္မွာပါ။ အသင္းတစ္သင္းရဲ႕ တည္ၿငိမ္မွဳဟာ ဘယ္ေလာက္အထိအေရးႀကီးတယ္။ နားလည္မွဳရွိၿပီးသား ကစားသမားေတြကို မေသမခ်င္း တြဲေပးထားသင့္တယ္ဆုိတဲ့ Consistency ကို လက္မခံႏိုင္ေသးသမွ် ကာလပတ္လုံး အုိးနင္းခြက္နင္းေတြ ျမင္ရဖို႔ ရွိေနၿပီး လက္ခံႏုိင္သြားခ်ိန္မွာလည္း လီဗာပူးလ္က လုိက္မမီေတာ့ဘူး မဟုတ္လား ဂြါဒီယိုလာနဲ႔ ေဘာ္ဒါေတြေရ…

KIZARNO
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ဒီရာသီ ပရီးမီးယားလိဂ်ကို ကြည့်မိတော့ ရာသီဝက်မှာကတည်းက ချန်ပီယံဆုအတွက် ရင်ခုန်စရာမရှိတော့လောက်အောင် လီဗာပူးလ်တို့က ဦးဆောင်နေခဲ့ပါပြီ။ ကျန်တဲ့အသင်းတွေကတော့ ထိပ်ဆုံးကို မျက်စောင်းထိုးသလို၊ အားကျသလို၊ မနာလိုသလို… လိုလိုလိုတွေနဲ့သာ ကြည့်နေခဲ့ရတယ်။

လီဗာပူးလ်ဘာကောင်းတာလဲလို့ မေးရင် အာဖရိကတောင်ပံနှစ်ဖက်ရဲ့ ထက်မြက်မှုကို အလုပ်ဖြစ်အောင် ရှေ့က ဘရာဇီးလ်သား ဖာမီနိုက ခွင်ရှာပေးတတ်တယ်။ ဒါကို မာနေးနဲ့ ဆာလားတို့ ခူးပြီးခပ်ပြီး စားရုံပဲ။ ဘယ်လိုပိတ်ကစားကစား အချိန်တန်ရင် အဆင်ပြေသွားတာပဲ။ VAR ဘာညာကတော့ နည်းနည်းအငြင်းပွားစရာရှိတာပေါ့လေ။

ဒါပေမယ့် ဒီအရာတွေထက်ပိုတဲ့ အရာက လီဗာပူးလ်မှာ ရှိနေပြီး ကျန်တဲ့အသင်းတွေမှာ ပျောက်ဆုံးနေတာတစ်ခုရှိတယ်။ Consistency လို့ ခေါ်တဲ့ တည်ငြိမ်မှုနဲ့ အပြောင်းအလဲမရှိမှုပါပဲ။ ဒါက အဓိကကွာဟချက်ဖြစ်ပြီး လီဗာပူးလ်ဟာ အရေးကြီးတဲ့ အတွဲအဖက်နဲ့ ခံစစ်အထိုင်၊ ကွင်းလယ်အထိုင်ကို ဘယ်တုန်းကမှ မဖျက်ခဲ့တာဟာ ကြီးမားတဲ့ အားသာချက်လည်းဖြစ်ပါတယ်။

ပွဲပယ်ဒဏ်ရာရကစားသမားမျိုးကလွဲလို့ အင်ပြည့်အားပြည့်သုံးစွဲတတ်တဲ့ လီဗာပူးလ်ရဲ့ ဒီလူတွေချည်း သုံးနေတာဟာ သူတို့ရဲ့ မိနစ်ကိုးဆယ် မမောမပန်းကစားနိုင်တဲ့ သက်လုံကို ချီးကျူးရမှာဖြစ်ပေမယ့် အမြဲတမ်းတွဲကစားနေတဲ့သူတွေဟာ ဘယ်တုန်းကမှ နားလည်မှု မလွဲခဲ့တာ၊ အမှားအယွင်း နည်းခဲ့တာကတော့ သိသာထင်ရှားခဲ့ပါတယ်။

ကဲ… ကျန်တဲ့ အသင်းတွေရော… မန်စီးတီးရဲ့ လူစာရင်းက လီဗာပူးလ်ကို ဘာဖြစ်လို့ မယှဉ်နိုင်ရမှာလဲ။ ခေါင်းတစ်လုံးသာတဲ့ ပရီးမီးယားလိဂ် ဂိုးသွင်းဘုရင် အဂွေရို၊ အိုဇေးလ်ကို နောက်ကောက်ချပြခဲ့တဲ့ ဒီဘရိုင်းနား၊ အင်္ဂလန်သား စတာလင်၊ ဘယ်တစ်ပေါက်ဆို ကြောက်စရာ မာရက်ဇ်နဲ့ မော်ဒန် နောက်ခံလူတွေထဲက အကောင်းဆုံးတစ်ဦးဖြစ်တဲ့ လာပေါ့တ်တို့ဟာ ဒဏ်ရာကြောင့် နားနေတဲ့ ဆာနေးကို ထည့်မတွက်ရင်တောင်မှ တချို့နေရာတွေမှာ လီဗာပူးလ်ထက် ပိုသာပါတယ်။ ဒါပေမယ့် ဘာဖြစ်လို့ လှမ်းခေါ်ရင်တောင် မကြားတဲ့ အကွာအဝေးကို ရောက်နေရတာလဲ။

အဓိကကတော့ အထိုင်ဖျက်တဲ့ ပြဿနာပါ။ ဂွါဒီယိုလာရဲ့ ငယ်ကျင့်လို့လည်း ပြောရမှာပေါ့။ ဒါက သူ့တပည့် အာတီတာလည်း ရသွားခဲ့တယ်။ ဘိုင်ယန်မှာကတည်းက ခံစစ်ဗဟိုကို ကွင်းလယ်အဖျက်ကစားသမားတွေ သုံးပြီး စမ်းခဲ့တယ်။ ဘွန်ဒက်စ်လီဂါနဲ့ ဘိုင်ယန်ဆိုတာ တခြားအသင်းတွေထက် ခေါင်းတစ်လုံးမက သာပြီးသား… အဆင်ပြေတယ်၊ အောင်မြင်တယ်လေ။ ဒါပေမယ့် ပရီးမီးယားလိဂ်မှာတော့ နောက်တန်းတွေ ကြံ့ခိုင်နေတာကိုတောင်မှ ဖာနန်ဒင်ဟိုနဲ့ ရိုဒရီကို ခံစစ်မှာ သုံးတာကတော့ ဘယ်လိုမှ အဆင်မပြေသလို ဖျက်ထုတ်ပုံအမြင်မှာလည်း ပုံစံတကျ မရလို့ မရှုံးသင့်တဲ့ပွဲတွေရှုံး၊ သရေမကျသင့်ဘဲ ကျနေခဲ့ရတယ်။

လက်စတာလည်း ဘာထူးလဲ။ ခံစစ်ကို လေးယောက်တန်းကစားနေကျကနေ သုံးယောက်တန်းလုပ်ပြီး ချေးလ်ဝဲလ်ကို ရှေ့ပို့တယ်။ အသင်းရဲ့ ဆေးဆရာတွေဖြစ်တဲ့ ပရက်နဲ့ ဂရေးကို ထည့်သုံးတယ်။ ရလဒ်တွေ ဆက်တိုက်ကျပြီး ဒုက္ခရောက်သွားသလို ချဲလ်ဆီးနဲ့ လမ်းပတ်ကရော ဘာထူးလဲ။ အမ်မရီ အာဆင်နယ်က ထွက်ခဲ့ရတာ သူအဆင်ပြေခဲ့တဲ့ ၃-၅-၂ ကို ဖျက်ခဲ့လို့ဖြစ်သလို အာတီတာလည်း ချာကာ+တော်ရဲရားကွင်းလယ်အထိုင်ကို ဖျက်ပြီး မာတီနယ်လီ+ဆာကာ တောင်ပံအတွဲကို သုံးလိုက်တာနဲ့ တိုင်ပတ်တော့တာပဲလေ။

ကလော့ပ်နဲ့ သူတို့တွေ ဘာကွာသလဲလို့ မေးရင် အဲ့ဒါပါပဲ။ အထိုင်ဖျက်ပြီး အသင်းကို Consistency ပျောက်အောင် လုပ်လိုက်ကြတာပါ။ သူတို့ကိုယ် သူတို့တော့ နည်းစနစ်တွေကို ပြောင်းလဲပိုင်နိုင်တဲ့ Tactician တွေလို့ ထင်နေကြမှာဖြစ်ပေမယ့် မော်ဒန်ဘောလုံးဟာ ဟိုဒင်းယား မခံပါဘူး။ အဲ့ဒီအတွက် ပေးဆပ်ကြရတာပါပဲ။

ဒီလိုနဲ့ ဒီအသင်းတွေဟာ ပရီးမီးယားလိဂ်မှာ ဒုက္ခရောက်နေကြသလို လီဗာပူးလ်ကို ချန်ပီယံဆုအပ်ဖို့ ပြင်ဆင်မှန်းမသိ ပြင်ဆင်နေခဲ့ကြတာပါ။ သူတို့ရဲ့အနေအထားဟာ လီဗာပူးလ်ကို အနိုင်ရဖို့ မပြောနဲ့ သရေပွဲတွေ့အောင် လုပ်နိုင်မယ့် အဆင့်တောင် မရှိတော့ဘဲ မတည်ငြိမ်မှုတွေက သူတို့ရဲ့ အဆင့်အတန်းကို တစ်ဆင့်နိမ့်နေရာကို လျှော့ချလိုက်ကြပါတယ်။

အထိုင်ပြောင်းကစားတယ်၊ ဗျူဟာပိုင်းပြောင်းတဲ့ Tactical Tweak လို့ သူတို့ကတော့ တွေးမှာဖြစ်ပေမယ့် ပရိသတ်ကတော့ အထိုင်ဖျက်လိုက်တယ်လို့ပဲ ရိုးရိုးသားသား ရှုမြင်မှာပါ။ အသင်းတစ်သင်းရဲ့ တည်ငြိမ်မှုဟာ ဘယ်လောက်အထိအရေးကြီးတယ်။ နားလည်မှုရှိပြီးသား ကစားသမားတွေကို မသေမချင်း တွဲပေးထားသင့်တယ်ဆိုတဲ့ Consistency ကို လက်မခံနိုင်သေးသမျှ ကာလပတ်လုံး အိုးနင်းခွက်နင်းတွေ မြင်ရဖို့ ရှိနေပြီး လက်ခံနိုင်သွားချိန်မှာလည်း လီဗာပူးလ်က လိုက်မမီတော့ဘူး မဟုတ်လား ဂွါဒီယိုလာနဲ့ ဘော်ဒါတွေရေ…

KIZARNO
PHOTOS CREDIT TO OWNERS
SPORTS A2Z.