Bundesliga

ဝှေးစေ့အကျိတ်ကြောင့် ဘောလုံးမကန်နိုင်ချိန်မှာ ဆုရရှိခဲ့လို့ စင်ပေါ်မှာ ငိုကြွေးခဲ့တဲ့ အဲလား

ဆီဘက်စတီယန် အဲလားဟာ ဒတ်ချ်လိဂ်ဆုပေးပွဲ စင်မြင့်ထက်မှာ ဝမ်းနည်းကြေကွဲဖွယ် မိန့်ခွန်းပြောကြားပြီး မျက်ရည်မဆည်နိုင်အောင် ငိုကြွေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီ အိုင်းယက်စ်အသင်းအတွက် လိဂ်ဂိုး ၂၁ ဂိုးအထိ သွင်းယူပေးခဲ့တဲ့ အသက် ၂၈ နှစ်အရွယ် တိုက်စစ်မှူးဟာ အိုပန်ဒါ၊ ရစ်ကီ ဝုလ်ဖ်စ်ဝင်ကယ်၊ ဗန်ဂယ်လစ် ပါ့ဗ်လီဒစ်တို့လို ကစားသမားတွေကို ကျော်ဖြတ်ပြီး ၂၀၂၁-၂၀၂၂ ရာသီ ဒတ်ချ်လိဂ်ရဲ့ ထိပ်တန်းဂိုးသွင်းရှင်ဖြစ်ခဲ့တာဖြစ်ပါတယ်။

အဲဒီအောင်မြင်မှုကို ဂုဏ်ပြုတဲ့အနေနဲ့ အင်္ဂါနေ့ညက ကျင်းပပြုလုပ်ခဲ့တဲ့ ဒတ်ချ်လိဂ်ဆုပေးပွဲမှာ ဆီဘက်စတီယန် အဲလားဟာ Willy van der Kuijlen ဆုကို လက်ခံရယူခဲ့တာဖြစ်ပြီး ဇနီးဖြစ်သူ ပရစ္စလာက ပရိသတ်တွေကြားကနေ ကြည့်ရှုနေခဲ့တာဖြစ်ပါတယ်။

အိုင်ဗရီကို့စ် လက်ရွေးစင်တိုက်စစ်မှူးအတွက်တော့ မယုံနိုင်လောက်အောင် ခက်ခဲတဲ့ ရက်သတ္တပတ်ဖြစ်ခဲ့တာဖြစ်ပြီး ဒေါ့မွန်အသင်းနဲ့ ဇူလိုင်လမှာ ၄ နှစ်စာချုပ် ချုပ်ဆိုခဲ့ပြီးနောက် ရက်သတ္တပတ်အနည်းငယ်အကြာ လေ့ကျင့်ရေးမှာ နေလို့မကောင်းဖြစ်ခဲ့တာကြောင့် ဆေးစစ်ခဲ့ရာမှာ ဝှေးစေ့မှာ အကျိတ်ဖြစ်နေတာကို စစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒါကြောင့် အဲလားဟာ ဆွစ်ဇာလန်က ဒေါ့မွန်အသင်းရဲ့ ရာသီကြို လေ့ကျင့်ရေးစခန်းကို စွန့်ခွာခဲ့ပြီး သိပ်မကြာမီမှာပဲ အောင်မြင်တဲ့ ခွဲစိတ်ကုသမှုကို ခံယူခဲ့တာ ဖြစ်ပါတယ်။

ယခုအပတ်အစောပိုင်း ESPNNL နဲ့ အင်တာဗျူးမှာ ဒေါ့မွန်တိုက်စစ်မှူးအသစ်က ပြန်လည်သက်သာလာဖို့ ဆက်လက်လုပ်ဆောင်နေပြီး နေလို့ တကယ်ကောင်းနေတယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော် ဒေါ့မွန်နဲ့ စာချုပ်ချုပ်ခဲ့ပြီး အရာအားလုံးက အဆင်ပြေပါတယ်။ ကျွန်တော့် မိသားစုနဲ့ အားလုံးက ဒီအခြေအနေနဲ့ပတ်သက်ပြီး တော်တော်လေးပျော်ရွှင်နေတယ်လို့ ထင်ပါတယ်။ ပြီးတော့ ကျွန်တော် မသိပါဘူး။ ကျွန်တော့်ဗိုက်ထဲမှာ တစ်စုံတခု သက်တောင့်သက်သာမဖြစ်သလိုမျိုး ခံစားခဲ့ရတယ်။ နောက်နေ့ မနက် ၉ နာရီကျတော့ MRI စကင်န် ရိုက်ခဲ့တယ်”

“သူတို့က ပြောခဲ့တယ်။ ‘အိုး၊ ငါတို့တွေ တစ်စုံတရာကို တွေ့နေရတယ်။ ငါတို့တွေ နောက်ထပ် ပြန်စစ်ဆေးကြည့်သင့်တယ်’တဲ့။ ကျွန်တော် ၂၄ နာရီအတွင်းမှာ စစ်ဆေးမှုတွေ အများကြီး လုပ်ခဲ့တယ်။ ကျွန်တော် ဘာဖြစ်နေတာလဲဆိုတာကို အတိအကျသိအောင်လုပ်ဖို့ ခွဲစိတ်ကုသမှု ခံယူဖို့အတွက် စောင့်ဆိုင်းခဲ့ရတယ်”

“သူတို့တွေက ဒီစစ်ဆေးတွေ့ရှိမှုကို တိုက်ရိုက်သိခဲ့တယ်။ အဲဒီတော့ ကျွန်တော် လျင်လျင်မြန်မြန်ပဲ စစ်ဆေးလိုက်တာ တကယ်ကံကောင်းခဲ့ပါတယ်။ အခုတော့ ကျွန်တော်လည်း သိနေပါပြီ။ ကျွန်တော် တွေးခဲ့တဲ့ ပထမဆုံးအရာတစ်ခုက ‘ဟာကွာ၊၊ ငါ အခုမှ ဒီရောက်တာ ၁၀ ရက် ဒါမှမဟုတ် ၂ ပတ်လောက်ပဲ ရှိသေးတာ။ အသင်းအတွက် ငါ ကစားတောင် မကစားပေးနိုင်ဘူး’ဆိုတာပါ”

“ကျွန်တော် အသင်းက ‘ဒီအပြောင်းအရွှေ့က ကောင်းမွန်တဲ့အပြောင်းအရွှေ့ဖြစ်ပုံမပေါ်ဘူး’လို့ အသင်းက ပြောနေလိမ့်မယ်လို့ တွေးခဲ့မိတယ်။ ဒါပေမယ့် ခင်ဗျား အဲဒီအကြောင်း တကယ်တွေးကြည့်ရင်လည်း ခင်ဗျား လုပ်လို့ရနိုင်တာလည်း ဘာမှမရှိပါဘူး။ အဲဒါက ခင်ဗျား ရှောင်လွှဲလို့ ရနိုင်တဲ့အရာမဟုတ်ပါဘူး။ ခင်ဗျား ဒီကုသမှုကို ဆေးရုံမှာ ၅ ရက် ခံယူရပြီး ၂၄ နာရီစလုံး ပိုက်တွေတန်းလန်းနဲ့ နေရတယ်။ ခင်ဗျား လှုပ်ရှားလို့မရဘူး။ ဘာမှကို လုပ်လို့မရဘူး။ ခင်ဗျား အိပ်ရာပေါ် လှဲနေလို့ပဲ ရတယ်။ အဲဒီအချိန်မှာပဲ ခင်ဗျားရဲ့ ကြွက်သားတွေနဲ့ ကြံ့ခိုင်မှုတွေ ဆုံးရှုံးခဲ့ရတယ်။ အခုတော့ ကျွန်တော် တကယ်နေလို့ကောင်းနေပါတယ်။ ကျွန်တော် အိမ်ပြန်ရတဲ့ နေ့ကစပြီး စပြီး လမ်းလျှောက်ခဲ့တယ်။ ကျွန်တော် အလေးမရုံသွားခဲ့တယ်”

“လွန်ခဲ့တဲ့လအနည်းငယ်တုန်းကအတိုင်း တူညီတဲ့အဆင့်အတန်းမှာတောင် ရှိနေပါပြီ။ အဲဒါက ကောင်းတဲ့လက္ခဏာပါ။ ဒီတိုင်းလေးပဲ ဆက်သွားနေမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ကျွန်တော့် ဇနီး၊ အမေကလည်း ဒီမှာရှိနေတယ်။ အဲဒီတော့ ကျွန်တော် ကောင်းကောင်း စားနိုင်တယ်။ လူတွေအများကြီးက ကျွန်တော့်ကို ဖြတ်ကျော်နိုင်အောင် ဒီလို ယုံကြည်ချက်တွေ ပေးခဲ့တယ်။ အားလုံးကို ကျွန်တော် နေလို့ကောင်းပြီး လူတော်တော်များများလည်း စစ်ဆေးစရာရှိတာ စစ်ဆေးကြဖို့ ပြောချင်ပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဆီဘက္စတီယန္ အဲလားဟာ ဒတ္ခ်္လိဂ္ဆုေပးပြဲ စင္ျမင့္ထက္မွာ ဝမ္းနည္းေၾကကြဲဖြယ္ မိန႔္ခြန္းေျပာၾကားၿပီး မ်က္ရည္မဆည္ႏိုင္ေအာင္ ငိုေႂကြးခဲ့ပါတယ္။

ၿပီးခဲ့တဲ့ရာသီ အိုင္းယက္စ္အသင္းအတြက္ လိဂ္ဂိုး ၂၁ ဂိုးအထိ သြင္းယူေပးခဲ့တဲ့ အသက္ ၂၈ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ အိုပန္ဒါ၊ ရစ္ကီ ဝုလ္ဖ္စ္ဝင္ကယ္၊ ဗန္ဂယ္လစ္ ပါ့ဗ္လီဒစ္တို႔လို ကစားသမားေတြကို ေက်ာ္ျဖတ္ၿပီး ၂၀၂၁-၂၀၂၂ ရာသီ ဒတ္ခ်္လိဂ္ရဲ႕ ထိပ္တန္းဂိုးသြင္းရွင္ျဖစ္ခဲ့တာျဖစ္ပါတယ္။

အဲဒီေအာင္ျမင္မႈကို ဂုဏ္ျပဳတဲ့အေနနဲ႔ အဂၤါေန႔ညက က်င္းပျပဳလုပ္ခဲ့တဲ့ ဒတ္ခ်္လိဂ္ဆုေပးပြဲမွာ ဆီဘက္စတီယန္ အဲလားဟာ Willy van der Kuijlen ဆုကို လက္ခံရယူခဲ့တာျဖစ္ၿပီး ဇနီးျဖစ္သူ ပရစၥလာက ပရိသတ္ေတြၾကားကေန ၾကည့္ရႈေနခဲ့တာျဖစ္ပါတယ္။

အိုင္ဗရီကို႔စ္ လက္ေ႐ြးစင္တိုက္စစ္မႉးအတြက္ေတာ့ မယုံႏိုင္ေလာက္ေအာင္ ခက္ခဲတဲ့ ရက္သတၱပတ္ျဖစ္ခဲ့တာျဖစ္ၿပီး ေဒါ့မြန္အသင္းနဲ႔ ဇူလိုင္လမွာ ၄ ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ၿပီးေနာက္ ရက္သတၱပတ္အနည္းငယ္အၾကာ ေလ့က်င့္ေရးမွာ ေနလို႔မေကာင္းျဖစ္ခဲ့တာေၾကာင့္ ေဆးစစ္ခဲ့ရာမွာ ေဝွးေစ့မွာ အက်ိတ္ျဖစ္ေနတာကို စစ္ေဆးေတြ႕ရွိခဲ့တာ ျဖစ္ပါတယ္။ အဲဒါေၾကာင့္ အဲလားဟာ ဆြစ္ဇာလန္က ေဒါ့မြန္အသင္းရဲ႕ ရာသီႀကိဳ ေလ့က်င့္ေရးစခန္းကို စြန႔္ခြာခဲ့ၿပီး သိပ္မၾကာမီမွာပဲ ေအာင္ျမင္တဲ့ ခြဲစိတ္ကုသမႈကို ခံယူခဲ့တာ ျဖစ္ပါတယ္။

ယခုအပတ္အေစာပိုင္း ESPNNL နဲ႔ အင္တာဗ်ဴးမွာ ေဒါ့မြန္တိုက္စစ္မႉးအသစ္က ျပန္လည္သက္သာလာဖို႔ ဆက္လက္လုပ္ေဆာင္ေနၿပီး ေနလို႔ တကယ္ေကာင္းေနတယ္လို႔ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

“ကြၽန္ေတာ္ ေဒါ့မြန္နဲ႔ စာခ်ဳပ္ခ်ဳပ္ခဲ့ၿပီး အရာအားလုံးက အဆင္ေျပပါတယ္။ ကြၽန္ေတာ့္ မိသားစုနဲ႔ အားလုံးက ဒီအေျခအေနနဲ႔ပတ္သက္ၿပီး ေတာ္ေတာ္ေလးေပ်ာ္႐ႊင္ေနတယ္လို႔ ထင္ပါတယ္။ ၿပီးေတာ့ ကြၽန္ေတာ္ မသိပါဘူး။ ကြၽန္ေတာ့္ဗိုက္ထဲမွာ တစ္စုံတခု သက္ေတာင့္သက္သာမျဖစ္သလိုမ်ိဳး ခံစားခဲ့ရတယ္။ ေနာက္ေန႔ မနက္ ၉ နာရီက်ေတာ့ MRI စကင္န္ ႐ိုက္ခဲ့တယ္”

“သူတို႔က ေျပာခဲ့တယ္။ ‘အိုး၊ ငါတို႔ေတြ တစ္စုံတရာကို ေတြ႕ေနရတယ္။ ငါတို႔ေတြ ေနာက္ထပ္ ျပန္စစ္ေဆးၾကည့္သင့္တယ္’တဲ့။ ကြၽန္ေတာ္ ၂၄ နာရီအတြင္းမွာ စစ္ေဆးမႈေတြ အမ်ားႀကီး လုပ္ခဲ့တယ္။ ကြၽန္ေတာ္ ဘာျဖစ္ေနတာလဲဆိုတာကို အတိအက်သိေအာင္လုပ္ဖို႔ ခြဲစိတ္ကုသမႈ ခံယူဖို႔အတြက္ ေစာင့္ဆိုင္းခဲ့ရတယ္”

“သူတို႔ေတြက ဒီစစ္ေဆးေတြ႕ရွိမႈကို တိုက္႐ိုက္သိခဲ့တယ္။ အဲဒီေတာ့ ကြၽန္ေတာ္ လ်င္လ်င္ျမန္ျမန္ပဲ စစ္ေဆးလိုက္တာ တကယ္ကံေကာင္းခဲ့ပါတယ္။ အခုေတာ့ ကြၽန္ေတာ္လည္း သိေနပါၿပီ။ ကြၽန္ေတာ္ ေတြးခဲ့တဲ့ ပထမဆုံးအရာတစ္ခုက ‘ဟာကြာ၊၊ ငါ အခုမွ ဒီေရာက္တာ ၁၀ ရက္ ဒါမွမဟုတ္ ၂ ပတ္ေလာက္ပဲ ရွိေသးတာ။ အသင္းအတြက္ ငါ ကစားေတာင္ မကစားေပးႏိုင္ဘူး’ဆိုတာပါ”

“ကြၽန္ေတာ္ အသင္းက ‘ဒီအေျပာင္းအေ႐ႊ႕က ေကာင္းမြန္တဲ့အေျပာင္းအေ႐ႊ႕ျဖစ္ပုံမေပၚဘူး’လို႔ အသင္းက ေျပာေနလိမ့္မယ္လို႔ ေတြးခဲ့မိတယ္။ ဒါေပမယ့္ ခင္ဗ်ား အဲဒီအေၾကာင္း တကယ္ေတြးၾကည့္ရင္လည္း ခင္ဗ်ား လုပ္လို႔ရႏိုင္တာလည္း ဘာမွမရွိပါဘူး။ အဲဒါက ခင္ဗ်ား ေရွာင္လႊဲလို႔ ရႏိုင္တဲ့အရာမဟုတ္ပါဘူး။ ခင္ဗ်ား ဒီကုသမႈကို ေဆး႐ုံမွာ ၅ ရက္ ခံယူရၿပီး ၂၄ နာရီစလုံး ပိုက္ေတြတန္းလန္းနဲ႔ ေနရတယ္။ ခင္ဗ်ား လႈပ္ရွားလို႔မရဘူး။ ဘာမွကို လုပ္လို႔မရဘူး။ ခင္ဗ်ား အိပ္ရာေပၚ လွဲေနလို႔ပဲ ရတယ္။ အဲဒီအခ်ိန္မွာပဲ ခင္ဗ်ားရဲ႕ ႂကြက္သားေတြနဲ႔ ႀကံ့ခိုင္မႈေတြ ဆုံးရႈံးခဲ့ရတယ္။ အခုေတာ့ ကြၽန္ေတာ္ တကယ္ေနလို႔ေကာင္းေနပါတယ္။ ကြၽန္ေတာ္ အိမ္ျပန္ရတဲ့ ေန႔ကစၿပီး စၿပီး လမ္းေလွ်ာက္ခဲ့တယ္။ ကြၽန္ေတာ္ အေလးမ႐ုံသြားခဲ့တယ္”

“လြန္ခဲ့တဲ့လအနည္းငယ္တုန္းကအတိုင္း တူညီတဲ့အဆင့္အတန္းမွာေတာင္ ရွိေနပါၿပီ။ အဲဒါက ေကာင္းတဲ့လကၡဏာပါ။ ဒီတိုင္းေလးပဲ ဆက္သြားေနမယ္လို႔ ကြၽန္ေတာ္ ေမွ်ာ္လင့္ပါတယ္။ ကြၽန္ေတာ့္ ဇနီး၊ အေမကလည္း ဒီမွာရွိေနတယ္။ အဲဒီေတာ့ ကြၽန္ေတာ္ ေကာင္းေကာင္း စားႏိုင္တယ္။ လူေတြအမ်ားႀကီးက ကြၽန္ေတာ့္ကို ျဖတ္ေက်ာ္ႏိုင္ေအာင္ ဒီလို ယုံၾကည္ခ်က္ေတြ ေပးခဲ့တယ္။ အားလုံးကို ကြၽန္ေတာ္ ေနလို႔ေကာင္းၿပီး လူေတာ္ေတာ္မ်ားမ်ားလည္း စစ္ေဆးစရာရွိတာ စစ္ေဆးၾကဖို႔ ေျပာခ်င္ပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.