Bundesliga Match Report

ဘူမိနက်သန်မှန်လို့ လိုက်ပ်ဇစ်မှာ ဟက်ထရစ်တွေဘာတွေ ရကုန်တဲ့ တီမို ဗာနာ

ချဲလ်ဆီးအသင်းနဲ့အတူ အင်္ဂလန်မြေမှာ စုတ်ပြတ်ခဲ့ရပြီး သွင်းဂိုးတစ်ဂိုးကို ပေါင်နှစ်သန်းကျော် ကျသင့်ခဲ့တဲ့ တိုက်စစ်မှူး တီမို ဗာနာကတော့ အသင်းဟောင်း RB လိုက်ပ်ဇစ်အသင်းကို ပေါင် ၂၅ သန်းနဲ့ ပြန်ရောက်သွားခဲ့အပြီး ဘွန်ဒက်လီဂါ ၃ ပွဲမှာ ၁ ဂိုး သွင်းယူနိုင်ခဲ့သလို ဒီနေ့မှာလည်း ၅၇ မိနစ်သာ ကစားခဲ့ချိန်မှာ ၂၄ မိနစ်အတွင်း ဟက်ထရစ် ရယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

DFB ပိုကယ်လ်ဖလားမှာ တူတိုနီးယား အော်တင်ဆင်အသင်းနဲ့ အဝေးကွင်းမှာ တွေ့ဆုံခဲ့တဲ့ ပွဲရဲ့ ပွဲချိန် ၁၉ မိနစ်မှာ တီမို ဗာနာက လိုက်ပ်ဇစ် အသင်းအတွက် အဖွင့်ဂိုးကို ကွင်းလယ်က အီမီးလ် ဖော့စ်ဘတ်ရဲ့ လူကြားထဲကနေ အကွက်မြင်မြင် ထိုးပေးတဲ့ ဘောလုံးကို ဂိုးသမားနဲ့ တစ်ဦးချင်း အတွေ့မှာ အဆုံးသတ်ကန်သွင်းယူသွားနိုင်ခဲ့ပြီး ဒီနေ့အတွက် အဖွင့်လှခဲ့တာပါ။

တစ်မိနစ်အကြာမှာပဲ နောက်ထပ် သွင်းဂိုးတစ်ဂိုးကို အသက် ၂၆ နှစ်အရွယ် တိုက်စစ်မှူးက ဆက်တိုက်သွင်းယူနိုင်ခဲ့ပြီး ဖော့စ်ဘတ်ရဲ့ ဖိအားပေးမှုက ရတဲ့ ဘောလုံးကို အန်ဒရီ ဆေးလ်ဗားက ခင်းပေးရာမှာ ဗာနာက ဘယ်ခြမ်းကနေ ဘယ်ခြေနဲ့ အပြင်းကန်သွင်းခဲ့ယူခဲ့သလို ပွဲချိန် မိနစ် ၄၀ မှာတော့ အန်ဒရီ ဆေးလ်ဗား ဂိုးသွင်းနိုင်ဖို့ ဖန်တီးမှုနဲ့ ကျေးဇူးတုံ့ပြန်သွားခဲ့ပါတယ်။

ပွဲချိန် ၄၃ မိနစ်မှာတော့ အသင်းအတွက် စတုတ္ထဂိုးကို ဗာနာကပဲ သူ့ရဲ့ တတိယဂိုးအဖြစ်နဲ့ ရယူသွားခဲ့သလို အန်ဒရီ ဆေးလ်ဗား ပေးတဲ့ ဘောလုံးကို ဖော့စ်ဘတ်က ကန်မလို ဖိန့်ပြီးမှ ထိုးပေးတားကို ဗာနာက ဂိုးသမားနဲ့ တစ်ဦးချင်း အတွေ့မှာ ညာဘက်ဘေးကို အသာအယာ ကန်သွင်းပြီး ပထမပိုင်း ဟက်ထရစ်နဲ့ လှပသွားခဲ့တာပါ။

ပထမပိုင်းမှာ လေးဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး ဒုတိယပိုင်းပွဲချိန်တွေမှာ လိုက်ပ်ဇစ်တို့အတွက် နောက်ထပ်ဂိုးတွေကို အန်ဒရီ ဆေးလ်ဗား၊ အီမီးလ် ဖော့စ်ဘတ်၊ လူစားဝင်လာတဲ့ ခရစ္စတိုဖာ အန်ကွန်ကူးနဲ့ ဒါနီ အိုလ်မိုတို့က ထပ်မံသွင်းယူပေးခဲ့ကြပြီး ပွဲချိန်အပြည့်မှာ ရှစ်ဂိုး-ဂိုးမရှိနဲ့ RB တွေ အောင်ပွဲခံနိုင်ခဲ့ကြတာဖြစ်ပါတယ်။

ဗာနာအနေနဲ့ ဒီနေ့ ဟက်ထရစ်ကြောင့် RB လိုက်ပ်ဇစ်နဲ့ ဒုတိယအကြိမ် ပူးပေါင်းမှုမှာ ၄ ပွဲကစား ၄ ဂိုးနဲ့ တစ်ပွဲကို တစ်ဂိုးနှုန်း သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ချဲလ်ဆီးအသင်းမှာ ဂိုးမသွင်းနိုင်ခဲ့လို့ စိတ်ပျက်ခဲ့ရသမျှကို ဂျာမန်မြေအရောက်မှာ ဘူမိနက်သန် နေရာမှန်အဖြစ်နဲ့ တုံ့ပြန်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဂျာမနီလက်ရွေးစင်အသင်းအတွက် ၅၃ ပွဲကစား၊ ၂၄ ဂိုး သွင်းယူပေးထားတဲ့ တိုက်စစ်မှူးဟာ ချဲလ်ဆီးကို မပြောင်းရွှေ့ခင် နောက်ဆုံးရာသီမှာ ပြိုင်ပွဲစုံ ၄၅ ပွဲကစား၊ ၃၄ ဂိုး သွင်းယူပေးခဲ့လို့ ခေါ်ယူခံခဲ့ရတာဖြစ်သလို လန်ဒန်မြေကို ခြေချအပြီးမှာတော့ ပြိုင်ပွဲစုံ ၈၉ ပွဲမှာ ၂၃ ဂိုးသာ သွင်းယူနိုင်ခဲ့သလို မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဘဲ ဖြစ်ခဲ့ရကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်ဲလ္ဆီးအသင္းနဲ႔အတူ အဂၤလန္ေျမမွာ စုတ္ျပတ္ခဲ့ရၿပီး သြင္းဂိုးတစ္ဂိုးကို ေပါင္ႏွစ္သန္းေက်ာ္ က်သင့္ခဲ့တဲ့ တိုက္စစ္မႉး တီမို ဗာနာကေတာ့ အသင္းေဟာင္း RB လိုက္ပ္ဇစ္အသင္းကို ေပါင္ ၂၅ သန္းနဲ႔ ျပန္ေရာက္သြားခဲ့အၿပီး ဘြန္ဒက္လီဂါ ၃ ပြဲမွာ ၁ ဂိုး သြင္းယူႏိုင္ခဲ့သလို ဒီေန႔မွာလည္း ၅၇ မိနစ္သာ ကစားခဲ့ခ်ိန္မွာ ၂၄ မိနစ္အတြင္း ဟက္ထရစ္ ရယူသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

DFB ပိုကယ္လ္ဖလားမွာ တူတိုနီးယား ေအာ္တင္ဆင္အသင္းနဲ႔ အေဝးကြင္းမွာ ေတြ႕ဆုံခဲ့တဲ့ ပြဲရဲ႕ ပြဲခ်ိန္ ၁၉ မိနစ္မွာ တီမို ဗာနာက လိုက္ပ္ဇစ္ အသင္းအတြက္ အဖြင့္ဂိုးကို ကြင္းလယ္က အီမီးလ္ ေဖာ့စ္ဘတ္ရဲ႕ လူၾကားထဲကေန အကြက္ျမင္ျမင္ ထိုးေပးတဲ့ ေဘာလုံးကို ဂိုးသမားနဲ႔ တစ္ဦးခ်င္း အေတြ႕မွာ အဆုံးသတ္ကန္သြင္းယူသြားႏိုင္ခဲ့ၿပီး ဒီေန႔အတြက္ အဖြင့္လွခဲ့တာပါ။

တစ္မိနစ္အၾကာမွာပဲ ေနာက္ထပ္ သြင္းဂိုးတစ္ဂိုးကို အသက္ ၂၆ ႏွစ္အ႐ြယ္ တိုက္စစ္မႉးက ဆက္တိုက္သြင္းယူႏိုင္ခဲ့ၿပီး ေဖာ့စ္ဘတ္ရဲ႕ ဖိအားေပးမႈက ရတဲ့ ေဘာလုံးကို အန္ဒရီ ေဆးလ္ဗားက ခင္းေပးရာမွာ ဗာနာက ဘယ္ျခမ္းကေန ဘယ္ေျခနဲ႔ အျပင္းကန္သြင္းခဲ့ယူခဲ့သလို ပြဲခ်ိန္ မိနစ္ ၄၀ မွာေတာ့ အန္ဒရီ ေဆးလ္ဗား ဂိုးသြင္းႏိုင္ဖို႔ ဖန္တီးမႈနဲ႔ ေက်းဇူးတုံ႔ျပန္သြားခဲ့ပါတယ္။

ပြဲခ်ိန္ ၄၃ မိနစ္မွာေတာ့ အသင္းအတြက္ စတုတၳဂိုးကို ဗာနာကပဲ သူ႔ရဲ႕ တတိယဂိုးအျဖစ္နဲ႔ ရယူသြားခဲ့သလို အန္ဒရီ ေဆးလ္ဗား ေပးတဲ့ ေဘာလုံးကို ေဖာ့စ္ဘတ္က ကန္မလို ဖိန႔္ၿပီးမွ ထိုးေပးတားကို ဗာနာက ဂိုးသမားနဲ႔ တစ္ဦးခ်င္း အေတြ႕မွာ ညာဘက္ေဘးကို အသာအယာ ကန္သြင္းၿပီး ပထမပိုင္း ဟက္ထရစ္နဲ႔ လွပသြားခဲ့တာပါ။

ပထမပိုင္းမွာ ေလးဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရခဲ့ၿပီး ဒုတိယပိုင္းပြဲခ်ိန္ေတြမွာ လိုက္ပ္ဇစ္တို႔အတြက္ ေနာက္ထပ္ဂိုးေတြကို အန္ဒရီ ေဆးလ္ဗား၊ အီမီးလ္ ေဖာ့စ္ဘတ္၊ လူစားဝင္လာတဲ့ ခရစၥတိုဖာ အန္ကြန္ကူးနဲ႔ ဒါနီ အိုလ္မိုတို႔က ထပ္မံသြင္းယူေပးခဲ့ၾကၿပီး ပြဲခ်ိန္အျပည့္မွာ ရွစ္ဂိုး-ဂိုးမရွိနဲ႔ RB ေတြ ေအာင္ပြဲခံႏိုင္ခဲ့ၾကတာျဖစ္ပါတယ္။

ဗာနာအေနနဲ႔ ဒီေန႔ ဟက္ထရစ္ေၾကာင့္ RB လိုက္ပ္ဇစ္နဲ႔ ဒုတိယအႀကိမ္ ပူးေပါင္းမႈမွာ ၄ ပြဲကစား ၄ ဂိုးနဲ႔ တစ္ပြဲကို တစ္ဂိုးႏႈန္း သြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး ခ်ဲလ္ဆီးအသင္းမွာ ဂိုးမသြင္းႏိုင္ခဲ့လို႔ စိတ္ပ်က္ခဲ့ရသမွ်ကို ဂ်ာမန္ေျမအေရာက္မွာ ဘူမိနက္သန္ ေနရာမွန္အျဖစ္နဲ႔ တုံ႔ျပန္ႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ဂ်ာမနီလက္ေ႐ြးစင္အသင္းအတြက္ ၅၃ ပြဲကစား၊ ၂၄ ဂိုး သြင္းယူေပးထားတဲ့ တိုက္စစ္မႉးဟာ ခ်ဲလ္ဆီးကို မေျပာင္းေ႐ႊ႕ခင္ ေနာက္ဆုံးရာသီမွာ ၿပိဳင္ပြဲစုံ ၄၅ ပြဲကစား၊ ၃၄ ဂိုး သြင္းယူေပးခဲ့လို႔ ေခၚယူခံခဲ့ရတာျဖစ္သလို လန္ဒန္ေျမကို ေျခခ်အၿပီးမွာေတာ့ ၿပိဳင္ပြဲစုံ ၈၉ ပြဲမွာ ၂၃ ဂိုးသာ သြင္းယူႏိုင္ခဲ့သလို မွန္းခ်က္နဲ႔ ႏွမ္းထြက္မကိုက္ဘဲ ျဖစ္ခဲ့ရေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.