Bundesliga Match Report

မိုင့်ဇ်ကို ဟက်ထရစ်ထပ်သွင်းပြီး ဘွန်ဒက်စ်လီဂါမှာ သမိုင်းမှတ်တိုင်သစ်စိုက်ထူနိုင်ခဲ့တဲ့ ကိန်း

ဟာရီ ကိန်းဟာ စနေနေ့ညက မိုင့်ဇ်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ နောက်ထပ် ဟက်ထရစ်သွင်းဂိုးကို သွင်းယူနိုင်ခဲ့ပြီး သောမတ်စ် တူဟယ်ရဲ့အသင်းဟာ ၈-၁ နဲ့ ဂိုးပြတ်အနိုင်ရခဲ့တာကြောင့် လေဗာကူဆင်နဲ့ ရမှတ်ကွာဟမှုကို ၇ မှတ်အထိ လျှော့ချနိုင်ခဲ့ပြီဖြစ်ပါတယ်။

လေဗာကူဆင်ဟာ တနင်္ဂနွေနေ့(ယနေ့)မှာ ဝုဖ်ဘာ့ဂ်ကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ကစားသွားရမှာဖြစ်တာကြောင့် ဘိုင်ယန်မြူးနစ်ဟာ အမှတ်ပေးဇယားဦးဆောင်သူတွေအပေါ်မှာ ဆက်လက် ဖိအားပေးဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ တန်းဆင်းရမယ့်အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ မိုင့်ဇ်ကို ၈ ဂိုးအထိ ဂိုးပြတ်သွင်းယူနိုင်ခဲ့ပြီး အင်္ဂလန်တိုက်စစ်မှူး ဟာရီ ကိန်းဟာ ဘွန်ဒက်စ်လီဂါ ၂၅ ပွဲမှာ သွင်းဂိုး ၃၀ အထိ သွင်းယူထားနိုင်ခဲ့ပြီဖြစ်သလို မူစီအားလားရဲ့ သွင်းဂိုးအတွက်လည်း အံ့အားသင့်ဖွယ်ဂိုးဖန်တီးမှု ပြုလုပ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ ဘွန်ဒက်စ်လီဂါဖလားကို ၁၂ ရာသီဆက်တိုက် စံချိန်တင် ဆွတ်ခူးနိုင်ဖို့ ရည်မှန်းထားပေမယ့်လည်း ဒီရာသီမှာ ဇာဘီ အလွန်ဆိုရဲ့ လေဗာကူဆင်က အထင်ကြီးဖွယ်ခြေစွမ်းနဲ့ ပေါ်ထွက်လာမှုကြောင့် ဂျာမန်ဘီလူးကြီးရဲ့ ရည်မှန်းချက်ဟာ ခြိမ်းခြောက်မှု ခံနေရတာဖြစ်ပါတယ်။

ဟာရီ ကိန်းဟာ ပထမပိုင်း ၁၃ မိနစ်မှာ မူစီအားလားရဲ့ ပေးပို့မှုကနေတဆင့် ဘိုင်ယန်မြူးနစ်အတွက် ဦးဆောင်ဂိုးကို စတင်သွင်းယူပေးခဲ့ပြီး မိနစ် ၂၀ မှာ ဂိုရက်စ်ကာက နောက်ထပ် ဦးဆောင်ဂိုးကို သွင်းယူခဲ့တာဖြစ်ပါတယ်။

၃၁ မိနစ်မှာ မိုင့်ဇ်အတွက် တစ်လုံးတည်းသော ချေပဂိုးကို ဂရူဒါရဲ့ ဖန်တီးပေးပို့မှုကနေတဆင့် အမီရီက သွင်းယူသွားခဲ့ပြီး ပထမပိုင်းပြီးဆုံးခါနီး နာကျင်အချိန်ပိုမှာ ဟာရီ ကိန်းက နောက်ထပ်ဦးဆောင်ဂိုးကို ဂိုရက်စ်ကာရဲ့ ပေးပို့မှုကနေတဆင့် သွင်းယူခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ မိုင့်ဇ်တို့ ဘယ်လိုမှ ပြန်လာနိုင်တဲ့ အခြေအနေ ရှာမတွေ့ခဲ့ဘဲ ၄၇ မိနစ်မှာ သောမတ်စ် မူလာက မူစီအားလားရဲ့ ဖန်တီးမှုကနေ နောက်ထပ် ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့ပြီး ၆၁ မိနစ်နဲ့ ၆၆ မိနစ်တို့မှာ မူစီအားလားနဲ့ ဂနာဘရီတို့က နောက်ထပ် ဦးဆောင်ဂိုးတွေ သွင်းယူခဲ့ကြပါတယ်။

ဟာရီ ကိန်းဟာ ဟက်ထရစ်ပြည့်မြောက်စေမယ့်သွင်းဂိုးကို မိနစ် ၇၀ မှာ ထောင့်ကန်ဘောကနေ ဒိုင်ယာရဲ့ ခေါင်းတိုက်ချက်ကို မိုင့်ဇ်ဂိုးသမား ရှင်းထုတ်ရာကနေ ပြန်လျှံထွက်လာတဲ့ဘောလုံးကို အမှားအယွင်းမရှိ ခေါင်းတိုက်ပိတ်သွင်းယူခဲ့တာဖြစ်ပါတယ်။

ပွဲပြီးဆုံးခါနီး ၉၀+ ၂ မိနစ်မှာ ဂိုရက်စ်ကာကပဲ ကင်းမစ်ချ်ရဲ့ အကွက်မြင်မြင် ပေးပို့မှုကနေတဆင့် အားပါပြင်းထန်တဲ့ ခေါင်းတိုက်ချက်နဲ့ အဆုံးသတ်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟာရီ ကိန်းဟာ မိုင့်ဇ်ဘက်ကို ဟက်ထရစ်သွင်းယူနိုင်ခဲ့တာကြောင့် ဘွန်ဒက်စ်လီဂါ ပွဲဦးထွက်ရာသီမှာ ဟက်ထရစ် ၄ ကြိမ်အထိ သွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြီဖြစ်ပြီး ဒီရာသီ ကလပ်နဲ့နိုင်ငံအတွက် သွင်းဂိုး ၄၀ ပြည့်မြောက်ခဲ့ပြီလည်း ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဟာရီ ကိန္းဟာ စေနေန႔ညက မိုင့္ဇ္နဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲစဥ္မွာ ေနာက္ထပ္ ဟက္ထရစ္သြင္းဂိုးကို သြင္းယူႏိုင္ခဲ့ၿပီး ေသာမတ္စ္ တူဟယ္ရဲ႕အသင္းဟာ ၈-၁ နဲ႔ ဂိုးျပတ္အႏိုင္ရခဲ့တာေၾကာင့္ ေလဗာကူဆင္နဲ႔ ရမွတ္ကြာဟမႈကို ၇ မွတ္အထိ ေလွ်ာ့ခ်ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

ေလဗာကူဆင္ဟာ တနဂၤေႏြေန႔(ယေန႔)မွာ ဝုဖ္ဘာ့ဂ္ကို အိမ္ကြင္းမွာ လက္ခံယွဥ္ၿပိဳင္ကစားသြားရမွာျဖစ္တာေၾကာင့္ ဘိုင္ယန္ျမဴးနစ္ဟာ အမွတ္ေပးဇယားဦးေဆာင္သူေတြအေပၚမွာ ဆက္လက္ ဖိအားေပးဖို႔ ႀကိဳးစားခဲ့တာျဖစ္ပါတယ္။

ဘိုင္ယန္ျမဴးနစ္ဟာ တန္းဆင္းရမယ့္အႏၲရာယ္နဲ႔ ရင္ဆိုင္ေနရတဲ့ မိုင့္ဇ္ကို ၈ ဂိုးအထိ ဂိုးျပတ္သြင္းယူႏိုင္ခဲ့ၿပီး အဂၤလန္တိုက္စစ္မႉး ဟာရီ ကိန္းဟာ ဘြန္ဒက္စ္လီဂါ ၂၅ ပြဲမွာ သြင္းဂိုး ၃၀ အထိ သြင္းယူထားႏိုင္ခဲ့ၿပီျဖစ္သလို မူစီအားလားရဲ႕ သြင္းဂိုးအတြက္လည္း အံ့အားသင့္ဖြယ္ဂိုးဖန္တီးမႈ ျပဳလုပ္ေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

ဘိုင္ယန္ျမဴးနစ္ဟာ ဘြန္ဒက္စ္လီဂါဖလားကို ၁၂ ရာသီဆက္တိုက္ စံခ်ိန္တင္ ဆြတ္ခူးႏိုင္ဖို႔ ရည္မွန္းထားေပမယ့္လည္း ဒီရာသီမွာ ဇာဘီ အလြန္ဆိုရဲ႕ ေလဗာကူဆင္က အထင္ႀကီးဖြယ္ေျခစြမ္းနဲ႔ ေပၚထြက္လာမႈေၾကာင့္ ဂ်ာမန္ဘီလူးႀကီးရဲ႕ ရည္မွန္းခ်က္ဟာ ၿခိမ္းေျခာက္မႈ ခံေနရတာျဖစ္ပါတယ္။

ဟာရီ ကိန္းဟာ ပထမပိုင္း ၁၃ မိနစ္မွာ မူစီအားလားရဲ႕ ေပးပို႔မႈကေနတဆင့္ ဘိုင္ယန္ျမဴးနစ္အတြက္ ဦးေဆာင္ဂိုးကို စတင္သြင္းယူေပးခဲ့ၿပီး မိနစ္ ၂၀ မွာ ဂိုရက္စ္ကာက ေနာက္ထပ္ ဦးေဆာင္ဂိုးကို သြင္းယူခဲ့တာျဖစ္ပါတယ္။

၃၁ မိနစ္မွာ မိုင့္ဇ္အတြက္ တစ္လုံးတည္းေသာ ေခ်ပဂိုးကို ဂ႐ူဒါရဲ႕ ဖန္တီးေပးပို႔မႈကေနတဆင့္ အမီရီက သြင္းယူသြားခဲ့ၿပီး ပထမပိုင္းၿပီးဆုံးခါနီး နာက်င္အခ်ိန္ပိုမွာ ဟာရီ ကိန္းက ေနာက္ထပ္ဦးေဆာင္ဂိုးကို ဂိုရက္စ္ကာရဲ႕ ေပးပို႔မႈကေနတဆင့္ သြင္းယူခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္းမွာ မိုင့္ဇ္တို႔ ဘယ္လိုမွ ျပန္လာႏိုင္တဲ့ အေျခအေန ရွာမေတြ႕ခဲ့ဘဲ ၄၇ မိနစ္မွာ ေသာမတ္စ္ မူလာက မူစီအားလားရဲ႕ ဖန္တီးမႈကေန ေနာက္ထပ္ ဦးေဆာင္ဂိုးကို သြင္းယူသြားခဲ့ၿပီး ၆၁ မိနစ္နဲ႔ ၆၆ မိနစ္တို႔မွာ မူစီအားလားနဲ႔ ဂနာဘရီတို႔က ေနာက္ထပ္ ဦးေဆာင္ဂိုးေတြ သြင္းယူခဲ့ၾကပါတယ္။

ဟာရီ ကိန္းဟာ ဟက္ထရစ္ျပည့္ေျမာက္ေစမယ့္သြင္းဂိုးကို မိနစ္ ၇၀ မွာ ေထာင့္ကန္ေဘာကေန ဒိုင္ယာရဲ႕ ေခါင္းတိုက္ခ်က္ကို မိုင့္ဇ္ဂိုးသမား ရွင္းထုတ္ရာကေန ျပန္လွ်ံထြက္လာတဲ့ေဘာလုံးကို အမွားအယြင္းမရွိ ေခါင္းတိုက္ပိတ္သြင္းယူခဲ့တာျဖစ္ပါတယ္။

ပြဲၿပီးဆုံးခါနီး ၉၀+ ၂ မိနစ္မွာ ဂိုရက္စ္ကာကပဲ ကင္းမစ္ခ်္ရဲ႕ အကြက္ျမင္ျမင္ ေပးပို႔မႈကေနတဆင့္ အားပါျပင္းထန္တဲ့ ေခါင္းတိုက္ခ်က္နဲ႔ အဆုံးသတ္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။ ဘိုင္ယန္ျမဴးနစ္တိုက္စစ္မႉး ဟာရီ ကိန္းဟာ မိုင့္ဇ္ဘက္ကို ဟက္ထရစ္သြင္းယူႏိုင္ခဲ့တာေၾကာင့္ ဘြန္ဒက္စ္လီဂါ ပြဲဦးထြက္ရာသီမွာ ဟက္ထရစ္ ၄ ႀကိမ္အထိ သြင္းယူႏိုင္တဲ့ ပထမဆုံးကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့ၿပီျဖစ္ၿပီး ဒီရာသီ ကလပ္နဲ႔ႏိုင္ငံအတြက္ သြင္းဂိုး ၄၀ ျပည့္ေျမာက္ခဲ့ၿပီလည္း ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.