Bundesliga Match Report

ဝုဖ်ဘာ့ဂ်ကို အနိုင်ယူပြီး ဇယားထိပ်မှာ ၁၀ မှတ်ပြန်ဖြတ်တဲ့ လေဗာကူဆင်

လေဗာကူဆင်ဟာ တစ်ယောက်လျော့ ဝုဖ်ဘာ့ဂ်ကို ၂-၀ နဲ့ အနိုင်ယူပြီး ဘွန်ဒက်စ်လီဂါအမှတ်ပေးဇယားထိပ်ဆုံးမှာ ၁၀ မှတ်ပြန်ဖြတ်ပြီး ဆက်လက် ဦးဆောင်နိုင်ခဲ့ပါတယ်။

ဧည့်သည်တွေဟာ ၂၈ မိနစ်မှာ မိုရစ် ဂျန့်ဇ် အဝါကတ် ၂ ကြိမ် ပြသခံခဲ့ရလို့ ၂ ဝါ ၁ နီနဲ့ ထုတ်ပယ်ခံခဲ့ရပြီးနောက် ၁၁ ယောက်ချင်းကန်တောင် ယှဉ်လို့မရနိုင်တဲ့ လေဗာကူဆင် လုပ်သမျှ ခံခဲ့ရတာဖြစ်ပါတယ်။

အိမ်ရှင်တွေဟာ နောက်ထပ် ၈ မိနစ်အကြာမှာ ဆောက်သမ်တန်နဲ့ ဘန်လေတိုက်စစ်မှူးဟာ နေသန် တယ်လာရဲ့ ခေါင်းတိုက်သွင်းဂိုးကြောင့် ဦးဆောင်ဂိုး စတင်ရရှိသွားခဲ့ပြီး ဒုတိယပိုင်း ၈၆ မိနစ်မှာ ပါလာစီယို့စ်ရဲ့ ပေးပို့မှုကို ဖလိုရီယန် ဗာ့ဇ်က ရယူပြီး နောက်ထပ်ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဒီနိုင်ပွဲဟာ ဇာဘီအလွန်ဆိုရဲ့အသင်းအတွက် ဇန်နဝါရီလကုန်ပိုင်းမှာ မိုချန်ဂလတ်ဘတ်နဲ့ ဂိုးမရှိသရေကျခဲ့ပြီးနောက် ၆ ပွဲဆက်တိုက် နိုင်ပွဲဖြစ်ပြီး စနေနေ့က မိုင့်ဇ်ကို ၈ ဂိုးပြတ်နဲ့ အနိုင်ယူပြီး ရမှတ်ကွာဟမှုကို လျှော့ချခဲ့တဲ့ ဘိုင်ယန်ကို ၁၀ မှတ်ပြန်ဖြတ်ပြီး ဦးဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေလဗာကူဆင္ဟာ တစ္ေယာက္ေလ်ာ့ ဝုဖ္ဘာ့ဂ္ကို ၂-၀ နဲ႔ အႏိုင္ယူၿပီး ဘြန္ဒက္စ္လီဂါအမွတ္ေပးဇယားထိပ္ဆုံးမွာ ၁၀ မွတ္ျပန္ျဖတ္ၿပီး ဆက္လက္ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဧည့္သည္ေတြဟာ ၂၈ မိနစ္မွာ မိုရစ္ ဂ်န႔္ဇ္ အဝါကတ္ ၂ ႀကိမ္ ျပသခံခဲ့ရလို႔ ၂ ဝါ ၁ နီနဲ႔ ထုတ္ပယ္ခံခဲ့ရၿပီးေနာက္ ၁၁ ေယာက္ခ်င္းကန္ေတာင္ ယွဥ္လို႔မရႏိုင္တဲ့ ေလဗာကူဆင္ လုပ္သမွ် ခံခဲ့ရတာျဖစ္ပါတယ္။

အိမ္ရွင္ေတြဟာ ေနာက္ထပ္ ၈ မိနစ္အၾကာမွာ ေဆာက္သမ္တန္နဲ႔ ဘန္ေလတိုက္စစ္မႉးဟာ ေနသန္ တယ္လာရဲ႕ ေခါင္းတိုက္သြင္းဂိုးေၾကာင့္ ဦးေဆာင္ဂိုး စတင္ရရွိသြားခဲ့ၿပီး ဒုတိယပိုင္း ၈၆ မိနစ္မွာ ပါလာစီယို႔စ္ရဲ႕ ေပးပို႔မႈကို ဖလိုရီယန္ ဗာ့ဇ္က ရယူၿပီး ေနာက္ထပ္ဦးေဆာင္ဂိုးကို သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ဒီႏိုင္ပြဲဟာ ဇာဘီအလြန္ဆိုရဲ႕အသင္းအတြက္ ဇန္နဝါရီလကုန္ပိုင္းမွာ မိုခ်န္ဂလတ္ဘတ္နဲ႔ ဂိုးမရွိသေရက်ခဲ့ၿပီးေနာက္ ၆ ပြဲဆက္တိုက္ ႏိုင္ပြဲျဖစ္ၿပီး စေနေန႔က မိုင့္ဇ္ကို ၈ ဂိုးျပတ္နဲ႔ အႏိုင္ယူၿပီး ရမွတ္ကြာဟမႈကို ေလွ်ာ့ခ်ခဲ့တဲ့ ဘိုင္ယန္ကို ၁၀ မွတ္ျပန္ျဖတ္ၿပီး ဦးေဆာင္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.