Premier League Transfer News

ဂန်းနားကွင်းလယ်ကို ဦးဆောင်မယ့် လာဇီယိုသားကို အီဒူးခေါ်ယူဖို့ အေးဂျင့်အတည်ပြု

အာဆင်နယ်အသင်းအနေနဲ့ အရေးအကြောင်းဆို သုံးစားမရဘဲ ဒဏ်ရာတွေနဲ့ ပျော်မွေ့နေကြတဲ့ သူတို့ရဲ့ ကွင်းလယ်က ပုဂ္ဂိုလ်တွေကို အစားထိုးသွားဖို့အတွက် အရေးတကြီးလုပ်ဆောင်နေရပြီး နည်းစနစ်ဒါရိုက်တာ အီဒူး ဂက်စ်ပါအနေနဲ့ အပြောင်းအရွှေ့ မပိတ်ခင်မှာ ဦးဆောင်မှုပေးမယ့် အသင့်သုံး ကစားသမားကို ခေါ်ယူနိုင်ဖို့ ချဉ်းကပ်ဆွေးနွေးနေပြီဖြစ်ပါတယ်။

သူကတော့ ရာသီအစက သတင်းထွက်ဖူးတဲ့ လာဇီယိုကွင်းလယ်လူ ဆာဂေး မီလင်ကိုဗစ်ချ်-ဆာဗစ်ချ်ဖြစ်ပြီး ဘရာဇီးလ်သားကြီးအနေနဲ့ သူတို့ အသင်းရဲ့ လက်ရှိအရှိန်အဟုန်ကို လျော့ကျမသွားရေးအတွက် ပြင်ဆင်နေတာဖြစ်သလို လက်ရှိမှာ စိတ်ပျက်စရာ ဒဏ်ရာသမားတွေကြောင့် အမြန်ဆုံး ရရှနိုင်ဖို့ ကြိုးစားနေခဲ့တာပါ။

ဦးစားပေး ကစားသမားတစ်ဦးဖြစ်တဲ့ သောမတ်စ် ပါတေးဟာ အာဆင်နယ်အသင်းရဲ့ အဖွင့်ပွဲစဉ် ၃ ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့ပေမယ့် အလကားနေရင်း ထရိန်နင်မှာ ကောက်ကာငင်ကာ ပေါင်ဒဏ်ရာ ရရှိသွားခဲ့သလို နောက်ခံလူ ဇင်ချန်ကိုကလည်း ဒူးမှာ ဒဏ်ရာရှိနေခဲ့ပြီး သူတို့နှစ်ယောက်နောက်ကို လိုက်လာခဲ့သူက ဖူလ်ဟမ်နဲ့ပွဲမှာ ဒဏ်ရာ ရရှိသွားတယ်ဆိုတဲ့ မိုဟာမက် အယ်လ်နန်နီပဲဖြစ်ပါတယ်။

ကစားသမားတစ်ဦးချင်းအနေနဲ့ သူတို့ရဲ့ ကြံ့ခိုင်မှုကောင်းနဲ့ ဒဏ်ရာတွေကနေ ရှောင်လွှဲနိုင်မယ့် ကစားဟန်ကို ပိုင်ဆိုင်သင့်ချိန်မှာ အာဆင်နယ်ရဲ့ ဒီလိုမျိုး ပုဂ္ဂိုလ်ကျော်တွေဟာ ဘာမှ ပြင်းပြင်းထန်ထန် မထိခိုက်ရဘဲ ဂီလာနဖြစ်ကုန်တာက နည်းပြ မီခယ်လ် အာတီတာနဲ့ နည်းစနစ်ဒါရိုက်တာ အီဒူးတို့အတွက် ခေါင်းစားစရာဖြစ်လာပြီး ဒီအတွက် အစားထိုးမှုတွေကို ငွေသုံးရဖို့ ဖြစ်လာခဲ့တာပါ။

ပေါင် ၄၂ သန်းပေးမယ်ဆိုပြီး အရင်က တီးခေါက်ခဲ့ဖူးတဲ့ မီလင်ကိုဗစ်ချ်-ဆာဗစ်ချ်အတွက် လက်ရှိမှာတော့ ဂန်းနားတွေအနေနဲ့ လာဇီယိုတို့ အလိုရှိနေတဲ့ ယူရို ၅၅ သန်း (ပေါင် ၄၆ သန်း)ကနေ ယူရိုသန်း ၆၀ (ပေါင်သန်း ၅၀)ကြားမှာ ပေးချေဖို့ အဆင်သင့်ဖြစ်နေပြီလို့လည်း သိရပြီး ထစ်ခနဲဆိုရင် စိတ်ပျက်စရာတွေမဖြစ်ဖို့ လုပ်ဆောင်နေခဲ့တာဖြစ်ပါတယ်။

အသက် ၂၇ နှစ်အရွယ် ဆားဘီးယားသားအနေနဲ့ ဘာမှ ပိုပြီး ထူးခြားလာစရာမရှိတဲ့ ရောမကလပ်ကနေ ထွက်ခွာချင်နေသလို ပြီးခဲ့တဲ့ လာဇီယို ကစားသမားဘဝမှာ တစ်ရာသီ အနိမ့်ဆုံး ၃၅ ပွဲနဲ့အထက် ကစားပေးခဲ့ပြီး ဒဏ်ရာကြောင့် အနားယူခဲ့ရရင်တောင် လေးပတ်ထက် မပိုခဲ့တဲ့ မှတ်တမ်းကောင်းက ဂန်းနားပရိသတ်တွေအဖို့တော့ မျှော်လင့်ချင်စရာလည်းဖြစ်နေတာပါ။

မီလင်ကိုဗစ်ချ်-ဆာဗစ်ချ်ရဲ့ အေးဂျင့်ဖြစ်သူ ဆားဘီးယားတိုက်စစ်မှူးဟောင်း မက်တီယာ ကက်ဇ်မန်းကတော့ အာဆင်နယ်တို့ရဲ့ ချဉ်းကပ်မှုကို အတည်ပြုလိုက်ပြီး လာဇီယိုတို့ လိုချင်တဲ့ ဈေးမျိုး မပေးရင်တော့ အချိုအချောင်နဲ့ လက်လွှတ်မှာ မဟုတ်ဘူးလို့ သတိပေးလိုက်တာကြောင့် ငွေပေးနိုင်ရင် ဂန်းနားပရိသတ်တွေ ပျော်ရွှင်ရနိုင်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းအေနနဲ႔ အေရးအေၾကာင္းဆို သုံးစားမရဘဲ ဒဏ္ရာေတြနဲ႔ ေပ်ာ္ေမြ႕ေနၾကတဲ့ သူတို႔ရဲ႕ ကြင္းလယ္က ပုဂၢိဳလ္ေတြကို အစားထိုးသြားဖို႔အတြက္ အေရးတႀကီးလုပ္ေဆာင္ေနရၿပီး နည္းစနစ္ဒါ႐ိုက္တာ အီဒူး ဂက္စ္ပါအေနနဲ႔ အေျပာင္းအေ႐ႊ႕ မပိတ္ခင္မွာ ဦးေဆာင္မႈေပးမယ့္ အသင့္သုံး ကစားသမားကို ေခၚယူႏိုင္ဖို႔ ခ်ဥ္းကပ္ေဆြးေႏြးေနၿပီျဖစ္ပါတယ္။

သူကေတာ့ ရာသီအစက သတင္းထြက္ဖူးတဲ့ လာဇီယိုကြင္းလယ္လူ ဆာေဂး မီလင္ကိုဗစ္ခ်္-ဆာဗစ္ခ်္ျဖစ္ၿပီး ဘရာဇီးလ္သားႀကီးအေနနဲ႔ သူတို႔ အသင္းရဲ႕ လက္ရွိအရွိန္အဟုန္ကို ေလ်ာ့က်မသြားေရးအတြက္ ျပင္ဆင္ေနတာျဖစ္သလို လက္ရွိမွာ စိတ္ပ်က္စရာ ဒဏ္ရာသမားေတြေၾကာင့္ အျမန္ဆုံး ရရွႏိုင္ဖို႔ ႀကိဳးစားေနခဲ့တာပါ။

ဦးစားေပး ကစားသမားတစ္ဦးျဖစ္တဲ့ ေသာမတ္စ္ ပါေတးဟာ အာဆင္နယ္အသင္းရဲ႕ အဖြင့္ပြဲစဥ္ ၃ ပြဲမွာ ေျခစြမ္းျပႏိုင္ခဲ့ေပမယ့္ အလကားေနရင္း ထရိန္နင္မွာ ေကာက္ကာငင္ကာ ေပါင္ဒဏ္ရာ ရရွိသြားခဲ့သလို ေနာက္ခံလူ ဇင္ခ်န္ကိုကလည္း ဒူးမွာ ဒဏ္ရာရွိေနခဲ့ၿပီး သူတို႔ႏွစ္ေယာက္ေနာက္ကို လိုက္လာခဲ့သူက ဖူလ္ဟမ္နဲ႔ပြဲမွာ ဒဏ္ရာ ရရွိသြားတယ္ဆိုတဲ့ မိုဟာမက္ အယ္လ္နန္နီပဲျဖစ္ပါတယ္။

ကစားသမားတစ္ဦးခ်င္းအေနနဲ႔ သူတို႔ရဲ႕ ႀကံ့ခိုင္မႈေကာင္းနဲ႔ ဒဏ္ရာေတြကေန ေရွာင္လႊဲႏိုင္မယ့္ ကစားဟန္ကို ပိုင္ဆိုင္သင့္ခ်ိန္မွာ အာဆင္နယ္ရဲ႕ ဒီလိုမ်ိဳး ပုဂၢိဳလ္ေက်ာ္ေတြဟာ ဘာမွ ျပင္းျပင္းထန္ထန္ မထိခိုက္ရဘဲ ဂီလာနျဖစ္ကုန္တာက နည္းျပ မီခယ္လ္ အာတီတာနဲ႔ နည္းစနစ္ဒါ႐ိုက္တာ အီဒူးတို႔အတြက္ ေခါင္းစားစရာျဖစ္လာၿပီး ဒီအတြက္ အစားထိုးမႈေတြကို ေငြသုံးရဖို႔ ျဖစ္လာခဲ့တာပါ။

ေပါင္ ၄၂ သန္းေပးမယ္ဆိုၿပီး အရင္က တီးေခါက္ခဲ့ဖူးတဲ့ မီလင္ကိုဗစ္ခ်္-ဆာဗစ္ခ်္အတြက္ လက္ရွိမွာေတာ့ ဂန္းနားေတြအေနနဲ႔ လာဇီယိုတို႔ အလိုရွိေနတဲ့ ယူ႐ို ၅၅ သန္း (ေပါင္ ၄၆ သန္း)ကေန ယူ႐ိုသန္း ၆၀ (ေပါင္သန္း ၅၀)ၾကားမွာ ေပးေခ်ဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔လည္း သိရၿပီး ထစ္ခနဲဆိုရင္ စိတ္ပ်က္စရာေတြမျဖစ္ဖို႔ လုပ္ေဆာင္ေနခဲ့တာျဖစ္ပါတယ္။

အသက္ ၂၇ ႏွစ္အ႐ြယ္ ဆားဘီးယားသားအေနနဲ႔ ဘာမွ ပိုၿပီး ထူးျခားလာစရာမရွိတဲ့ ေရာမကလပ္ကေန ထြက္ခြာခ်င္ေနသလို ၿပီးခဲ့တဲ့ လာဇီယို ကစားသမားဘဝမွာ တစ္ရာသီ အနိမ့္ဆုံး ၃၅ ပြဲနဲ႔အထက္ ကစားေပးခဲ့ၿပီး ဒဏ္ရာေၾကာင့္ အနားယူခဲ့ရရင္ေတာင္ ေလးပတ္ထက္ မပိုခဲ့တဲ့ မွတ္တမ္းေကာင္းက ဂန္းနားပရိသတ္ေတြအဖို႔ေတာ့ ေမွ်ာ္လင့္ခ်င္စရာလည္းျဖစ္ေနတာပါ။

မီလင္ကိုဗစ္ခ်္-ဆာဗစ္ခ်္ရဲ႕ ေအးဂ်င့္ျဖစ္သူ ဆားဘီးယားတိုက္စစ္မႉးေဟာင္း မက္တီယာ ကက္ဇ္မန္းကေတာ့ အာဆင္နယ္တို႔ရဲ႕ ခ်ဥ္းကပ္မႈကို အတည္ျပဳလိုက္ၿပီး လာဇီယိုတို႔ လိုခ်င္တဲ့ ေဈးမ်ိဳး မေပးရင္ေတာ့ အခ်ိဳအေခ်ာင္နဲ႔ လက္လႊတ္မွာ မဟုတ္ဘူးလို႔ သတိေပးလိုက္တာေၾကာင့္ ေငြေပးႏိုင္ရင္ ဂန္းနားပရိသတ္ေတြ ေပ်ာ္႐ႊင္ရႏိုင္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.