Premier League Transfer News

နိုင်ပွဲလွှင့်ပစ်နေကျ ပဲလေ့စ်ကို ဇာဟာ စိတ်ပျက်ပြီး အသင်းကြီးကို ပြောင်းတော့မလား

ပြီးခဲ့တဲ့ အင်္ဂါနေ့ညက ကျင်းပခဲ့တဲ့ ခရစ္စတယ်လ်ပဲလေ့စ်နဲ့ ဘရန့်ဖို့ဒ်တို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အနိုင်သုံးမှတ်ကို သူ့ရဲ့ သွင်းဂိုးနဲ့ သာသာယာယာ အိတ်ထဲ ကောက်ထည့်ရမယ့်အစား နောက်ကျ ချေပဂိုးပေးပြီး သရေကျခဲ့တဲ့ အသင်းရဲ့ ရလဒ်ကို စိတ်ပျက်ကြောင်း တောင်ပံကစားသမား ဝီလ်ဖရီးဒ် ဇာဟာက ပွဲပြီး အင်တာဗျူးမှာ ပေါက်ကွဲသွားခဲ့တာကြောင့် အသင်းက ထွက်ဖို့ ခန့်မှန်းသံတွေ ဆူညံလာခဲ့ပါတယ်။

ပထမပိုင်းမှာ သရေကျနေခဲ့ပြီး ဆဲလ်ဟာ့စ်ပါ့ခ်က ပွဲချိန် ၅၉ မိနစ်မှာ ဘရန့်ဖို့ဒ် ဧရိယာဘယ်ဘက်ထိပ်ကနေ ဝင်ကပ်တဲ့ နောက်ခံလူနှစ်ဦး ဘာမှ မလုပ်နိုင်ခင် အဝေးတိုင် အပေါ်ထောင့်ကို လှမ်းကန်ထည့်ပြီး ဂိုးသမား ဒေးဗစ် ရာယာကို ငုတ်တုတ်မေ့စေခဲ့တဲ့ ဇာဟာအနေနဲ့ ပွဲချိန် ၈၈ မိနစ်မှာတော့ ဧည့်သည်အသင်းသား ယိုအန်း ဝစ်ဆာရဲ့ ချေပဂိုးကြောင့် စိတ်ပျက်ခဲ့ရတာပါ။

ပဲလေ့စ်တို့အနေနဲ့ အနိုင်ရလဒ်ကို မထိန်းသိမ်းနိုင်ဘဲ ဦးဆောင်ဂိုးနဲ့ သရေပြန်ကျတာဟာ ဒီရာသီမှာ ဒီပွဲနဲ့ဆိုရင် သုံးပွဲရှိပြီဖြစ်ပြီး ရှေ့ပွဲတွေက လီဗာပူးလ်၊ မန်စီးတီးတို့လို အပေါ်အသင်းကြီးတွေနဲ့ဖြစ်တာကြောင့် လက်ခံလို့ ရပေမယ့် ဘရန့်ဖို့ဒ်လို ပရီးမီးယားလိဂ်မှာ ကစားတာ နှစ်ရာသီသာ ရှိသေးတဲ့ အသင်းလေးနဲ့ ဖြစ်ရတာကတော့ နည်းပြ ပက်ထရစ် ဗီယာရာရဲ့ အရည်အချင်းကိုပါ မေးခွန်းထုတ်စရာလည်းဖြစ်ခဲ့ရပါတယ်။

“သတိတစ်ချက်လွတ်လိုက်တာနဲ့ ကြိုးစားထားသမျှကို ဖျက်ဆီးပစ်လိုက်တာပဲလေ။ ခံစစ်ကစားတယ်ဆိုတာထက် အာရုံစိုက်ပြီး ကျစ်ကျစ်လျစ်လျစ် စုစည်းထားရမှာပါ။ ဂိုးရပြီး ဦးဆောင်ပြီဆိုတာနဲ့ ခုခံကာကွယ်ဖို့ လုပ်နေတာဖြစ်ပြီး ကျွန်တော်တော့ ဒါမျိုးကို သဘောမကျပါဘူး။ တကယ်က စနစ်တကျ Pressing ကစားပြီး နောက်တစ်ဂိုးထပ်ရရင် ပွဲသိမ်းပြီလေ။ အခုလို ကိုယ့်ဘာသာကိုယ် ပြန်သတ်လိုက်တော့လည်း အေးတာပဲပေါ့”လို့ ဇာဟာက ပေါက်ကွဲသွားတာပါ။

အသက် ၂၉ နှစ်အရွယ် အိုင်ဗရီကို့စ်သားအနေနဲ့ သူ့အသင်းရဲ့ စွမ်းဆောင်ရည်ကို တော်တော်လေး စိတ်ပျက်နေခဲ့ပြီး ဒီပွဲအပြီးမှာ ဒီလိုမျိုး ထုတ်ပြောလိုက်တယ်ဆိုတာကတော့ အပြောင်းအရွှေ့ မပိတ်ခင်မှာ အသင်းကနေ သူ့ရည်မှန်းချက်နဲ့ ကိုက်ညီမယ့် မြင့်မားရာကို ထွက်ခွာတော့မယ်လို့ ဆိုလိုက်တာလားလို့ စောင့်ကြည့်သူတွေက ခန့်မှန်းခဲ့ကြပါတယ်။

ဇာဟာအနေနဲ့ ပဲလေ့စ်ကနေ ထွက်ခွာမယ်ဆိုရင် သူအခြေကျပြီးသား လန်ဒန်မြို့ တောင်ပိုင်းကနေ တစ်မြို့တည်းသား အသင်းတွေကိုပဲ ပြောင်းရွှေ့နိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုခဲ့ကြပြီး တိုက်စစ်ပိုင်းမှာ လိုအပ်ချက်တွေရှိနေတဲ့ မြောက်လန်ဒန်က အာဆင်နယ်နဲ့ အနောက်လန်ဒန်က ချဲလ်ဆီးတို့ပဲ ဖြစ်လာနိုင်တယ်လို့ ဆိုနေကြတာပါ။

မြောက်လန်ဒန်မှာတော့ သူ့အနေနဲ့ တောင်ပံတိုက်စစ်ကို ဦးဆောင်ရဖို့ ရှိနေသလို အနောက်လန်ဒန်ကို ရောက်ရင်တော့ ပဲလေ့စ်မှာလိုပဲ ဘယ်တောင်ပံနဲ့ အထောင်တိုက်စစ်ကို ပေါင်းစပ်ကစားရဖွယ်ရှိနေပြီး ပိုက်ဆံပေးရင် ဘာမဆိုဖြစ်သွားနိုင်တဲ့ ဘောလုံးလောကကြီးမှာ နွေရာသီဈေးကွက် မပိတ်ခင် ဇာဟာတစ်ယောက် ထွက်ခွာမှာလား၊ လားရာက ဘယ်မှာလဲဆိုတာတော့ စိတ်ဝင်စားစရာဖြစ်နေပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ၿပီးခဲ့တဲ့ အဂၤါေန႔ညက က်င္းပခဲ့တဲ့ ခရစၥတယ္လ္ပဲေလ့စ္နဲ႔ ဘရန႔္ဖို႔ဒ္တို႔ရဲ႕ ပရီးမီးယားလိဂ္ပြဲစဥ္မွာ အႏိုင္သုံးမွတ္ကို သူ႔ရဲ႕ သြင္းဂိုးနဲ႔ သာသာယာယာ အိတ္ထဲ ေကာက္ထည့္ရမယ့္အစား ေနာက္က် ေခ်ပဂိုးေပးၿပီး သေရက်ခဲ့တဲ့ အသင္းရဲ႕ ရလဒ္ကို စိတ္ပ်က္ေၾကာင္း ေတာင္ပံကစားသမား ဝီလ္ဖရီးဒ္ ဇာဟာက ပြဲၿပီး အင္တာဗ်ဴးမွာ ေပါက္ကြဲသြားခဲ့တာေၾကာင့္ အသင္းက ထြက္ဖို႔ ခန႔္မွန္းသံေတြ ဆူညံလာခဲ့ပါတယ္။

ပထမပိုင္းမွာ သေရက်ေနခဲ့ၿပီး ဆဲလ္ဟာ့စ္ပါ့ခ္က ပြဲခ်ိန္ ၅၉ မိနစ္မွာ ဘရန႔္ဖို႔ဒ္ ဧရိယာဘယ္ဘက္ထိပ္ကေန ဝင္ကပ္တဲ့ ေနာက္ခံလူႏွစ္ဦး ဘာမွ မလုပ္ႏိုင္ခင္ အေဝးတိုင္ အေပၚေထာင့္ကို လွမ္းကန္ထည့္ၿပီး ဂိုးသမား ေဒးဗစ္ ရာယာကို ငုတ္တုတ္ေမ့ေစခဲ့တဲ့ ဇာဟာအေနနဲ႔ ပြဲခ်ိန္ ၈၈ မိနစ္မွာေတာ့ ဧည့္သည္အသင္းသား ယိုအန္း ဝစ္ဆာရဲ႕ ေခ်ပဂိုးေၾကာင့္ စိတ္ပ်က္ခဲ့ရတာပါ။

ပဲေလ့စ္တို႔အေနနဲ႔ အႏိုင္ရလဒ္ကို မထိန္းသိမ္းႏိုင္ဘဲ ဦးေဆာင္ဂိုးနဲ႔ သေရျပန္က်တာဟာ ဒီရာသီမွာ ဒီပြဲနဲ႔ဆိုရင္ သုံးပြဲရွိၿပီျဖစ္ၿပီး ေရွ႕ပြဲေတြက လီဗာပူးလ္၊ မန္စီးတီးတို႔လို အေပၚအသင္းႀကီးေတြနဲ႔ျဖစ္တာေၾကာင့္ လက္ခံလို႔ ရေပမယ့္ ဘရန႔္ဖို႔ဒ္လို ပရီးမီးယားလိဂ္မွာ ကစားတာ ႏွစ္ရာသီသာ ရွိေသးတဲ့ အသင္းေလးနဲ႔ ျဖစ္ရတာကေတာ့ နည္းျပ ပက္ထရစ္ ဗီယာရာရဲ႕ အရည္အခ်င္းကိုပါ ေမးခြန္းထုတ္စရာလည္းျဖစ္ခဲ့ရပါတယ္။

“သတိတစ္ခ်က္လြတ္လိုက္တာနဲ႔ ႀကိဳးစားထားသမွ်ကို ဖ်က္ဆီးပစ္လိုက္တာပဲေလ။ ခံစစ္ကစားတယ္ဆိုတာထက္ အာ႐ုံစိုက္ၿပီး က်စ္က်စ္လ်စ္လ်စ္ စုစည္းထားရမွာပါ။ ဂိုးရၿပီး ဦးေဆာင္ၿပီဆိုတာနဲ႔ ခုခံကာကြယ္ဖို႔ လုပ္ေနတာျဖစ္ၿပီး ကြၽန္ေတာ္ေတာ့ ဒါမ်ိဳးကို သေဘာမက်ပါဘူး။ တကယ္က စနစ္တက် Pressing ကစားၿပီး ေနာက္တစ္ဂိုးထပ္ရရင္ ပြဲသိမ္းၿပီေလ။ အခုလို ကိုယ့္ဘာသာကိုယ္ ျပန္သတ္လိုက္ေတာ့လည္း ေအးတာပဲေပါ့”လို႔ ဇာဟာက ေပါက္ကြဲသြားတာပါ။

အသက္ ၂၉ ႏွစ္အ႐ြယ္ အိုင္ဗရီကို႔စ္သားအေနနဲ႔ သူ႔အသင္းရဲ႕ စြမ္းေဆာင္ရည္ကို ေတာ္ေတာ္ေလး စိတ္ပ်က္ေနခဲ့ၿပီး ဒီပြဲအၿပီးမွာ ဒီလိုမ်ိဳး ထုတ္ေျပာလိုက္တယ္ဆိုတာကေတာ့ အေျပာင္းအေ႐ႊ႕ မပိတ္ခင္မွာ အသင္းကေန သူ႔ရည္မွန္းခ်က္နဲ႔ ကိုက္ညီမယ့္ ျမင့္မားရာကို ထြက္ခြာေတာ့မယ္လို႔ ဆိုလိုက္တာလားလို႔ ေစာင့္ၾကည့္သူေတြက ခန႔္မွန္းခဲ့ၾကပါတယ္။

ဇာဟာအေနနဲ႔ ပဲေလ့စ္ကေန ထြက္ခြာမယ္ဆိုရင္ သူအေျခက်ၿပီးသား လန္ဒန္ၿမိဳ႕ ေတာင္ပိုင္းကေန တစ္ၿမိဳ႕တည္းသား အသင္းေတြကိုပဲ ေျပာင္းေ႐ႊ႕ႏိုင္တယ္လို႔ ကြၽမ္းက်င္သူေတြက ဆိုခဲ့ၾကၿပီး တိုက္စစ္ပိုင္းမွာ လိုအပ္ခ်က္ေတြရွိေနတဲ့ ေျမာက္လန္ဒန္က အာဆင္နယ္နဲ႔ အေနာက္လန္ဒန္က ခ်ဲလ္ဆီးတို႔ပဲ ျဖစ္လာႏိုင္တယ္လို႔ ဆိုေနၾကတာပါ။

ေျမာက္လန္ဒန္မွာေတာ့ သူ႔အေနနဲ႔ ေတာင္ပံတိုက္စစ္ကို ဦးေဆာင္ရဖို႔ ရွိေနသလို အေနာက္လန္ဒန္ကို ေရာက္ရင္ေတာ့ ပဲေလ့စ္မွာလိုပဲ ဘယ္ေတာင္ပံနဲ႔ အေထာင္တိုက္စစ္ကို ေပါင္းစပ္ကစားရဖြယ္ရွိေနၿပီး ပိုက္ဆံေပးရင္ ဘာမဆိုျဖစ္သြားႏိုင္တဲ့ ေဘာလုံးေလာကႀကီးမွာ ေႏြရာသီေဈးကြက္ မပိတ္ခင္ ဇာဟာတစ္ေယာက္ ထြက္ခြာမွာလား၊ လားရာက ဘယ္မွာလဲဆိုတာေတာ့ စိတ္ဝင္စားစရာျဖစ္ေနပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.