Match Report Premier League

ဘရိုက်တန်ကို အိမ်ကွင်းမှာ ဝုန်းပြီး နိုင်ပွဲထပ်ရှာနိုင်ခဲ့ပြန်တဲ့ တန်းတက် ဖူလ်ဟမ်

ဖူလ်ဟမ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား လီနို၊ ခံစစ်မှာ တင်မ် ရင်းမ်၊ အာဒါရာဘီယိုရို၊ ရော်ဘင်ဆန်၊ တီတီတို့နဲ့ အထိုင်ချခဲ့ပြီး ကွင်းလယ်မှာတော့ ဟာရစ်ဆန် ရိဒ်၊ ပယ်လင်ညာ၊ ကီဘာနို၊ ပါရဲရား၊ ကော်ဒိုဗာ-ရိဒ်တို့နဲ့ ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ မီထရိုဗစ်ချ်တစ်ဦးတည်း တင်ကစားလာခဲ့တာဖြစ်ပါတယ်။

ရှုံးပွဲမရှိသေးတဲ့ ဧည့်သည် ဘရိုက်တန်တို့ကတော့ ဂိုးသမား ဆန်ချက်ဇ်၊ ခံစစ်မှာ ဒန့်ခ်၊ ဗဲ့လ်မန်း၊ ဝက်ဘ်စတာတို့နဲ့ ပွဲထွက်လာခဲ့ပြီး ကွင်းလယ်မှာတော့ ကိုင်စီဒို၊ အမ်ဝီပူ၊ မက္ကယ်လစ္စတာ၊ မာ့ချ်၊ အက်စ်တူပီညန်တို့ကို စုဖွဲ့လာခဲ့ပြီး တိုက်စစ်မှာတော့ ထရော့ဆတ်နဲ့ ဂရော့စ်တို့ပဲ ကစားခဲ့ချိန်မှာ ဝဲလ်ဘက်ခ်ကတော့ အရန်ခုံမှာပဲ ရှိနေခဲ့တာပါ။

အိမ်ရှင်တွေအနေနဲ့ ဘောလုံးပိုင်ဆိုင်မှုထက် တန်ပြန်တိုက်စစ်နဲ့ ဂိုးဆီကို အမြန်ဆုံးသွားဖို့ကိုသာ အာရုံထားနေပြီး အဝေးဘောတွေနဲ့ အမြန်ကစားလာခဲ့ချိန်မှာ ဘရိုက်တန်တို့ကတော့ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားလာခဲ့ပေမယ့် တိုက်စစ်ပုံဖော်မှုပိုင်းမှာတော့ အားနည်းနေခဲ့ပြီး အထောင်တိုက်စစ်ကောင်းကောင်း မရှိတဲ့ ပြဿနာကိုလည်း ရင်ဆိုင်ခဲ့ရပါတယ်။

ပွဲစကတည်းက ဘရိုက်တန်နောက်တန်းက ပုံမှန်ခြေ မရှိဘဲဖြစ်နေပြီး အသင်းခေါင်းဆောင် လူးဝစ္စ ဒန့်ခ်ကိုယ်တိုင် အိုးနင်းခွက်နင်းဖြစ်နေခဲ့သလို ဖူလ်ဟမ်ရဲ့ တောင်ပံတိုက်စစ်တွေမှာ ပျာယာခတ်နေခဲ့ချိန်မှာ မီထရိုဗစ်ချ်တို့အဖွဲ့ အခွင့်အရေးတွေကို ပိုင်ပိုင်နိုင်နိုင် အသုံးမချနိုင်ခဲ့လို့သာ ပထမပိုင်းမှာ ဂိုးမရှိသရေဖြစ်နေခဲ့တာပါ။

ဒုတိယပိုင်း ပြန်စပြီး သုံးမိနစ်အကြာ ပွဲချိန် ၄၈ မိနစ်မှာတော့ ဖူလ်ဟမ်တို့ အဖွင့်ဂိုး စတင်ရရှိခဲ့ကြပြီး ဒီဂိုးကိုတော့ ထောင့်ကန်ဘောကို ဖြတ်တင်ရာကနေ ဘရိုက်တန်ခံစစ်က ရှင်းထုတ်ခဲ့လို့ ပြန်ထွက်လာတဲ့ ဘောလုံးကို ဘယ်ခြမ်းက ကီဘာနိုက ရယူပြီး အနိမ့်ဘော ချိုးပေးခဲ့ရာမှာ အဝေးတိုင်ဘက်မှာ နေရာယူထားတဲ့ မီထရိုဗစ်ချ်က ‌ပိတ်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၅၅ မိနစ်မှာ ဖူလ်ဟမ်တို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ထောင့်ကန်ဘောနေ တန်ပြန်တိုက်စစ်ဆင်ခဲ့တဲ့ အိမ်ရှင်တို့ဘက်က ကီဘာနို ချပေးတာကို ပါရဲရားက ဘယ်ခြမ်းကနေ ဖြတ်ချိုးပေးရာမှာ နောက်က မမီမကန်း ပြေးလိုက်လာတဲ့ ဒန့်ခ်ရဲ့ လျှောထိုးပိတ်ဆို့မှုက ဂိုးထဲ ဝင်သွားခဲ့ပြီး ဂိုးသမား ဆန်ချက်ဇ်ကလည်း ဟန်ချက်ပျက်နေခဲ့လို့ မကာကွယ်နိုင်ခဲ့ဘဲ ဂိုးပေးခဲ့ရပါတယ်။

ပွဲချိန် မိနစ် ၆၀ မှာတော့ ဘရိုက်တန်တို့ ချေပဂိုးတစ်ဂိုး ပြန်လည်ရှာဖွေနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ တိုက်စစ်ဆင်လာတဲ့ အက်စ်တူပီညန်ကို ဘောလုံး မထိခင် ခြေထောက်နဲ့ အရင်ကန်မိခဲ့တဲ့ ကော်ဒိုဗာ-ရိဒ်ကြောင့် ပေးခဲ့ရတဲ့ ပင်နယ်တီကို ဒိုင်ခံကန်သွင်းနေကျ မက္ကလစ္စတာက အာဆင်နယ်မှာ ကတည်းက ပင်နယ်တီအချဉ်ဖြစ်နေကျ ဂျာမန်သား လီနိုရဲ့ ညာဘက်အပေါ်ကို ကန်သွင်းပြီး ရယူသွားခဲ့တာပါ။

ဒီနောက်ပိုင်းမှာတော့ အသင်းကြီးအဆင့်ကို မှန်းနေတဲ့ ဘရိုက်တန်တို့ဘက်က အမ်ဝီပူ၊ အက်စ်တူပီညန်နဲ့ ဗဲ့လ်မန်းတို့အစား ဝဲလ်ဘက်ခ်၊ ကီတိုမာနဲ့ လမ်ပ့်တေးတို့ကို ထည့်သွင်းပြီး တိုက်စစ်မြှင့်ခဲ့သလို ကိုင်စီဒိုအစား အရန်တိုက်စစ်မှူး အန်ဒက်ဗ်ကိုပါ ထည့်ခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့သလို ဖူလ်ဟမ်တို့ကတော့ ပါရဲရားအစား အသင်းခေါင်းဆောင် ကဲရ်နီကို ထည့်ပြီး ထိန်းကစားသွားခဲ့ပါတယ်။

ပွဲချိန်အပြည့်မှာတော့ အိမ်ရှင် ဖူလ်ဟမ်တို့ နှစ်ဂိုး-တစ်ဂိုးနဲ့ အောင်ပွဲခံနိုင်ခဲ့ကြပြီး ငါးပွဲကစား ရမှတ် ၈ မှတ်နဲ့ အဆင့် ၆ နေရာကို ရောက်လာခဲ့ချိန်မှာ ဘရိုက်တန်တို့ကတော့ ငါးပွဲမြောက်မှာ ပထမဆုံး ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပြီး အသင်းကြီးတွေ မကစားသေးခင် အဆင့် ၄ မှာ ဆက်လက် ရပ်တည်နေပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဖူလ္ဟမ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား လီႏို၊ ခံစစ္မွာ တင္မ္ ရင္းမ္၊ အာဒါရာဘီယို႐ို၊ ေရာ္ဘင္ဆန္၊ တီတီတို႔နဲ႔ အထိုင္ခ်ခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဟာရစ္ဆန္ ရိဒ္၊ ပယ္လင္ညာ၊ ကီဘာႏို၊ ပါရဲရား၊ ေကာ္ဒိုဗာ-ရိဒ္တို႔နဲ႔ ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ မီထ႐ိုဗစ္ခ်္တစ္ဦးတည္း တင္ကစားလာခဲ့တာျဖစ္ပါတယ္။

ရႈံးပြဲမရွိေသးတဲ့ ဧည့္သည္ ဘ႐ိုက္တန္တို႔ကေတာ့ ဂိုးသမား ဆန္ခ်က္ဇ္၊ ခံစစ္မွာ ဒန႔္ခ္၊ ဗဲ့လ္မန္း၊ ဝက္ဘ္စတာတို႔နဲ႔ ပြဲထြက္လာခဲ့ၿပီး ကြင္းလယ္မွာေတာ့ ကိုင္စီဒို၊ အမ္ဝီပူ၊ မကၠယ္လစၥတာ၊ မာ့ခ်္၊ အက္စ္တူပီညန္တို႔ကို စုဖြဲ႕လာခဲ့ၿပီး တိုက္စစ္မွာေတာ့ ထေရာ့ဆတ္နဲ႔ ဂေရာ့စ္တို႔ပဲ ကစားခဲ့ခ်ိန္မွာ ဝဲလ္ဘက္ခ္ကေတာ့ အရန္ခုံမွာပဲ ရွိေနခဲ့တာပါ။

အိမ္ရွင္ေတြအေနနဲ႔ ေဘာလုံးပိုင္ဆိုင္မႈထက္ တန္ျပန္တိုက္စစ္နဲ႔ ဂိုးဆီကို အျမန္ဆုံးသြားဖို႔ကိုသာ အာ႐ုံထားေနၿပီး အေဝးေဘာေတြနဲ႔ အျမန္ကစားလာခဲ့ခ်ိန္မွာ ဘ႐ိုက္တန္တို႔ကေတာ့ ေဘာလုံးပိုင္ဆိုင္မႈအသာနဲ႔ ကစားလာခဲ့ေပမယ့္ တိုက္စစ္ပုံေဖာ္မႈပိုင္းမွာေတာ့ အားနည္းေနခဲ့ၿပီး အေထာင္တိုက္စစ္ေကာင္းေကာင္း မရွိတဲ့ ျပႆနာကိုလည္း ရင္ဆိုင္ခဲ့ရပါတယ္။

ပြဲစကတည္းက ဘ႐ိုက္တန္ေနာက္တန္းက ပုံမွန္ေျခ မရွိဘဲျဖစ္ေနၿပီး အသင္းေခါင္းေဆာင္ လူးဝစၥ ဒန႔္ခ္ကိုယ္တိုင္ အိုးနင္းခြက္နင္းျဖစ္ေနခဲ့သလို ဖူလ္ဟမ္ရဲ႕ ေတာင္ပံတိုက္စစ္ေတြမွာ ပ်ာယာခတ္ေနခဲ့ခ်ိန္မွာ မီထ႐ိုဗစ္ခ်္တို႔အဖြဲ႕ အခြင့္အေရးေတြကို ပိုင္ပိုင္ႏိုင္ႏိုင္ အသုံးမခ်ႏိုင္ခဲ့လို႔သာ ပထမပိုင္းမွာ ဂိုးမရွိသေရျဖစ္ေနခဲ့တာပါ။

ဒုတိယပိုင္း ျပန္စၿပီး သုံးမိနစ္အၾကာ ပြဲခ်ိန္ ၄၈ မိနစ္မွာေတာ့ ဖူလ္ဟမ္တို႔ အဖြင့္ဂိုး စတင္ရရွိခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ေထာင့္ကန္ေဘာကို ျဖတ္တင္ရာကေန ဘ႐ိုက္တန္ခံစစ္က ရွင္းထုတ္ခဲ့လို႔ ျပန္ထြက္လာတဲ့ ေဘာလုံးကို ဘယ္ျခမ္းက ကီဘာႏိုက ရယူၿပီး အနိမ့္ေဘာ ခ်ိဳးေပးခဲ့ရာမွာ အေဝးတိုင္ဘက္မွာ ေနရာယူထားတဲ့ မီထ႐ိုဗစ္ခ်္က ‌ပိတ္သြင္းႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၅၅ မိနစ္မွာ ဖူလ္ဟမ္တို႔ပဲ ဒုတိယ ဦးေဆာင္ဂိုးကို သြင္းယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ေထာင့္ကန္ေဘာေန တန္ျပန္တိုက္စစ္ဆင္ခဲ့တဲ့ အိမ္ရွင္တို႔ဘက္က ကီဘာႏို ခ်ေပးတာကို ပါရဲရားက ဘယ္ျခမ္းကေန ျဖတ္ခ်ိဳးေပးရာမွာ ေနာက္က မမီမကန္း ေျပးလိုက္လာတဲ့ ဒန႔္ခ္ရဲ႕ ေလွ်ာထိုးပိတ္ဆို႔မႈက ဂိုးထဲ ဝင္သြားခဲ့ၿပီး ဂိုးသမား ဆန္ခ်က္ဇ္ကလည္း ဟန္ခ်က္ပ်က္ေနခဲ့လို႔ မကာကြယ္ႏိုင္ခဲ့ဘဲ ဂိုးေပးခဲ့ရပါတယ္။

ပြဲခ်ိန္ မိနစ္ ၆၀ မွာေတာ့ ဘ႐ိုက္တန္တို႔ ေခ်ပဂိုးတစ္ဂိုး ျပန္လည္ရွာေဖြႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ တိုက္စစ္ဆင္လာတဲ့ အက္စ္တူပီညန္ကို ေဘာလုံး မထိခင္ ေျခေထာက္နဲ႔ အရင္ကန္မိခဲ့တဲ့ ေကာ္ဒိုဗာ-ရိဒ္ေၾကာင့္ ေပးခဲ့ရတဲ့ ပင္နယ္တီကို ဒိုင္ခံကန္သြင္းေနက် မကၠလစၥတာက အာဆင္နယ္မွာ ကတည္းက ပင္နယ္တီအခ်ဥ္ျဖစ္ေနက် ဂ်ာမန္သား လီႏိုရဲ႕ ညာဘက္အေပၚကို ကန္သြင္းၿပီး ရယူသြားခဲ့တာပါ။

ဒီေနာက္ပိုင္းမွာေတာ့ အသင္းႀကီးအဆင့္ကို မွန္းေနတဲ့ ဘ႐ိုက္တန္တို႔ဘက္က အမ္ဝီပူ၊ အက္စ္တူပီညန္နဲ႔ ဗဲ့လ္မန္းတို႔အစား ဝဲလ္ဘက္ခ္၊ ကီတိုမာနဲ႔ လမ္ပ့္ေတးတို႔ကို ထည့္သြင္းၿပီး တိုက္စစ္ျမႇင့္ခဲ့သလို ကိုင္စီဒိုအစား အရန္တိုက္စစ္မႉး အန္ဒက္ဗ္ကိုပါ ထည့္ခဲ့ေပမယ့္ အလုပ္မျဖစ္ခဲ့သလို ဖူလ္ဟမ္တို႔ကေတာ့ ပါရဲရားအစား အသင္းေခါင္းေဆာင္ ကဲရ္နီကို ထည့္ၿပီး ထိန္းကစားသြားခဲ့ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ အိမ္ရွင္ ဖူလ္ဟမ္တို႔ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကၿပီး ငါးပြဲကစား ရမွတ္ ၈ မွတ္နဲ႔ အဆင့္ ၆ ေနရာကို ေရာက္လာခဲ့ခ်ိန္မွာ ဘ႐ိုက္တန္တို႔ကေတာ့ ငါးပြဲေျမာက္မွာ ပထမဆုံး ရႈံးပြဲနဲ႔ ရင္ဆိုင္ခဲ့ရၿပီး အသင္းႀကီးေတြ မကစားေသးခင္ အဆင့္ ၄ မွာ ဆက္လက္ ရပ္တည္ေနပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.