Premier League

ရႏုိင္သမွ် ဆုဖလားအားလုံးကို ယူသြားခ်င္တယ္ဆုိတဲ့ အယ္လီဆန္

လီဗာပူးလ္အသင္းရဲ႕ ဂိုးသမား အယ္လီဆန္ ဘက္ကာက သူတို႔အသင္းအေနနဲ႔ လက္ရွိပါဝင္ယွဥ္ၿပဳိင္ေနတဲ့ ၿပဳိင္ပြဲေတြအားလုံးက ဆုဖလားေတြကို ရယူသြားခ်င္တယ္လို႔ ေျပာၾကားလိုက္ၿပီး ပရီးမီးယားလိဂ္နဲ႔တင္ မေက်နပ္တဲ့ ေအာင္ျမင္မွဳ ဆာေလာင္တဲ့ စိတ္ဓာတ္ကို ေဖာ္ျပလုိက္ပါတယ္။

ယာဂန္ ကေလာ့ပ္ရဲ႕ လီဗာပူးလ္အသင္းဟာ ပရီးမီးယားလိဂ္မွာ ၂၂ မွတ္အထိ ျဖတ္ၿပီး ဦးေဆာင္ေနခဲ့တာက ဒီၿပဳိင္ပြဲအတြက္ အေျဖေပၚသြားသလိုျဖစ္ေနခဲ့ၿပီး သခ်ၤာနည္းအရ ျဖစ္ႏုိင္ေသးေပမယ့္ ေလာင္းကစားဒိုင္ ဘြတ္ကီေတြကေတာ့ ရာသီဝက္မွာကတည္းက သူတုိ႔ကို ခ်န္ပီယံျဖစ္ဖို႔ ေလာင္းခဲ့သူ ေတြကို အေလ်ာ္ေပးခဲ့ၾကတာပါ။

အက္ဖ္ေအဖလားနဲ႔ ခ်န္ပီယံလိဂ္ေတြကို ဆက္လက္ယွဥ္ၿပဳိင္ရဦးမွာျဖစ္တဲ့ လီဗာပူးလ္အသင္းဟာ ၂၀၁၉-၂၀ ရာသီရဲ႕ ပထမဆုံးဆုဖလားအျဖစ္ကိုေတာ့ ကမာၻ႕ကလပ္ခ်န္ပီယံဆုနဲ႔ စတင္ဖြင့္လွစ္ႏုိင္ခဲ့ၿပီး ဒီအရွိန္အဟုန္ကို အယ္လီဆန္က ဆက္လက္ထိန္းသိမ္းသြားခ်င္ေနတာလည္းျဖစ္ပါတယ္။

“ကၽြန္ေတာ္တုိ႔အေနနဲ႔ေတာ့ ဖလားတစ္လုံးရၿပီးတုိင္း ေနာက္ထပ္တစ္လုံး ထပ္ရခ်င္တာပဲ။ ဒါ့အျပင္ ရွိသမွ် ဆုဖလားေတြကို ဆြတ္ခူးႏုိင္ခ်င္တဲ့ စိတ္မ်ဳိးလည္း ရွိလာတယ္။ ၿပီးခဲ့တဲ့ အရာေတြက ၿပီးသြားၿပီျဖစ္ၿပီး ေရွ႕ခရီးမွာ ကၽြန္ေတာ္တို႔အေနနဲ႔ ကိုယ့္ရဲ႕အဓိက ေမွ်ာ္မွန္းခ်က္အတြက္ ဆက္ႀကဳိးစားေနၾကပါတယ္”လို႔ ဘရာဇီးလ္လက္ေရြးစင္ဂိုးသမားက ဆုိပါတယ္။

လီဗာပူးလ္အသင္းရဲ႕ ေတာင့္တင္းခုိင္မာတဲ့ အေျခခံအုတ္ျမစ္ေတြကို ခ်မွတ္အားျဖည့္ခဲ့ရာမွာ ေပါင္ ၆၇ သန္းတန္ ဂိုးသမား အယ္လီဆန္နဲ႔ ေပါင္ ၇၅ သန္းတန္ ေနာက္ခံလူ ဗာဂ်ီးလ္ ဗန္ဒိုက္တုိ႔ဟာ အခုလို ခ်န္ပီယံဆုေတြကို သိမ္းပုိက္ႏုိင္စြမ္းရွိတဲ့ အသင္းရဲ႕ အဓိက ေျပာင္းလဲမွဳလည္းျဖစ္ခဲ့ၿပီး ၂၆ ႏွစ္သား ဂိုးသမားေျပာတဲ့အတုိင္းဆုိရင္ေတာ့ ဒီရာသီမွာ ဆုဖလားေလးလုံးအထိ ဆြတ္ခူးႏုိင္မလား ေစာင့္ၾကည့္ရမွာလည္းျဖစ္ပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: လီဗာပူးလ်အသင်းရဲ့ ဂိုးသမား အယ်လီဆန် ဘက်ကာက သူတို့အသင်းအနေနဲ့ လက်ရှိပါဝင်ယှဉ်ပြိုင်နေတဲ့ ပြိုင်ပွဲတွေအားလုံးက ဆုဖလားတွေကို ရယူသွားချင်တယ်လို့ ပြောကြားလိုက်ပြီး ပရီးမီးယားလိဂ်နဲ့တင် မကျေနပ်တဲ့ အောင်မြင်မှု ဆာလောင်တဲ့ စိတ်ဓာတ်ကို ဖော်ပြလိုက်ပါတယ်။

ယာဂန် ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်မှာ ၂၂ မှတ်အထိ ဖြတ်ပြီး ဦးဆောင်နေခဲ့တာက ဒီပြိုင်ပွဲအတွက် အဖြေပေါ်သွားသလိုဖြစ်နေခဲ့ပြီး သင်္ချာနည်းအရ ဖြစ်နိုင်သေးပေမယ့် လောင်းကစားဒိုင် ဘွတ်ကီတွေကတော့ ရာသီဝက်မှာကတည်းက သူတို့ကို ချန်ပီယံဖြစ်ဖို့ လောင်းခဲ့သူ တွေကို အလျော်ပေးခဲ့ကြတာပါ။

အက်ဖ်အေဖလားနဲ့ ချန်ပီယံလိဂ်တွေကို ဆက်လက်ယှဉ်ပြိုင်ရဦးမှာဖြစ်တဲ့ လီဗာပူးလ်အသင်းဟာ ၂၀၁၉-၂၀ ရာသီရဲ့ ပထမဆုံးဆုဖလားအဖြစ်ကိုတော့ ကမ္ဘာ့ကလပ်ချန်ပီယံဆုနဲ့ စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး ဒီအရှိန်အဟုန်ကို အယ်လီဆန်က ဆက်လက်ထိန်းသိမ်းသွားချင်နေတာလည်းဖြစ်ပါတယ်။

“ကျွန်တော်တို့အနေနဲ့တော့ ဖလားတစ်လုံးရပြီးတိုင်း နောက်ထပ်တစ်လုံး ထပ်ရချင်တာပဲ။ ဒါ့အပြင် ရှိသမျှ ဆုဖလားတွေကို ဆွတ်ခူးနိုင်ချင်တဲ့ စိတ်မျိုးလည်း ရှိလာတယ်။ ပြီးခဲ့တဲ့ အရာတွေက ပြီးသွားပြီဖြစ်ပြီး ရှေ့ခရီးမှာ ကျွန်တော်တို့အနေနဲ့ ကိုယ့်ရဲ့အဓိက မျှော်မှန်းချက်အတွက် ဆက်ကြိုးစားနေကြပါတယ်”လို့ ဘရာဇီးလ်လက်ရွေးစင်ဂိုးသမားက ဆိုပါတယ်။

လီဗာပူးလ်အသင်းရဲ့ တောင့်တင်းခိုင်မာတဲ့ အခြေခံအုတ်မြစ်တွေကို ချမှတ်အားဖြည့်ခဲ့ရာမှာ ပေါင် ၆၇ သန်းတန် ဂိုးသမား အယ်လီဆန်နဲ့ ပေါင် ၇၅ သန်းတန် နောက်ခံလူ ဗာဂျီးလ် ဗန်ဒိုက်တို့ဟာ အခုလို ချန်ပီယံဆုတွေကို သိမ်းပိုက်နိုင်စွမ်းရှိတဲ့ အသင်းရဲ့ အဓိက ပြောင်းလဲမှုလည်းဖြစ်ခဲ့ပြီး ၂၆ နှစ်သား ဂိုးသမားပြောတဲ့အတိုင်းဆိုရင်တော့ ဒီရာသီမှာ ဆုဖလားလေးလုံးအထိ ဆွတ်ခူးနိုင်မလား စောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.