Premier League Transfer News

ဘရာဇီးလ်သား ကွင်းလယ်ကြယ်ပွင့်ကို ပေါင်သန်း ၂၀ နဲ့ ကမ်းလှမ်းလိုက်တဲ့ လီဗာပူးလ်

သောကြာနေ့မှာ လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်က ကြာသပတေးနေ့ ည ၁၁ နာရီ မတိုင်ခင် ကွင်းလယ်ကစားသမားတစ်ဦး ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ ပြောကြားခဲ့ပြီးကတည်းက အန်းဖီးကို ဘယ်သူရောက်နိုင်ခြေရှိလဲဆိုတဲ့ ကောလာဟဟလတွေ အများအပြား ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်ဟာ ဒဏ်ရာပြဿနာအများအပြားနဲ့ ရင်ဆိုင်နေရတာပြီး ကွင်းလယ်မှာ အဓိက ကစားသမားတွေ တော်တော်များများ ဆုံးရှုံးထားရတာ ဖြစ်ပါတယ်။

သီယေဂို၊ နာဘီ ကီးတား၊ ချိန်ဘာလိန်၊ ကာတစ် ဂျုံးစ်တို့ဟာ ဒဏ်ရာကြောင့် အသင်းရဲ့ ပွဲစဉ်တွေကို အချိန်ကာလတစ်ခုအထိ လွဲချော်ကြမှာ ဖြစ်ပြီး အစပိုင်းတုန်းက လီဗာပူးလ်ဟာ ချူအာမေနီနဲ့ သတင်းထွက်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ ရီးရဲလ်မက်ဒရစ်ကိုပဲ ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။

သတင်းသစ်တွေရဲ့ ဖော်ပြချက်အရ လီဗာပူးလ်ဟာ အက်စတန် ဗီလာကွင်းလယ်ကစားသမား ဒေါက်ဂလပ် လူးဝဇ်ကို ပေါင်သန်း ၂၀ နဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့တယ်လို့ သိရပြီး အဲဒီသတင်းကို ပြောကြားခဲ့သူကတော့ ဘရာဇီးလ်သတင်းထောက် မားသီးယပ်စ် လီရယ်ပဲ ဖြစ်ပါတယ်။

ဘရာဇီးလ်သတင်းထောက်ရဲ့ ပြောကြားချက်အရ အက်စတန် ဗီလာ ကွင်းလယ်ကြယ်ပွင့်ဟာ အသင်းပြောင်းဖို့ ကြိုးပမ်းနေတယ်လို့ သိရပြီး ဒေါက်ဂလပ် လူးဝဇ်ဟာ ၂၀၁၉ ခုနှစ် နွေရာသီမှာ စတီဗင် ဂျရတ်ရဲ့အသင်းကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။

အက်စတန် ဗီလာဟာ ယခုရာသီမှာ အကောင်းဆုံး စတင်နိုင်ခြင်းမရှိခဲ့တာကြောင့် နည်းပြ စတီဗင် ဂျရတ်ဟာ ဖိအားတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပြီး လီဗာပူးလ်ဂန္တဝင်ဟာ ယခုရာသီအဖွင့်ပွဲစဉ် ၄ ပွဲမှာ ၁ ပွဲသာ အနိုင်ရရှိထားခဲ့တာဖြစ်ပါတယ်။

အက်စတန် ဗီလာအသင်းဟာ ရာသီအဖွင့်ပွဲစဉ်အဖြစ် ဘုန်းမောက်နဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ အသစ်ခေါ်ယူထားတဲ့ နောက်ခံကစားသမားသစ်ဖြစ်တဲ့ ဒီယေဂို ကားလို့စ်ဟာ တစ်ရာသီလုံး အနားယူရနိုင်တဲ့ ဒဏ်ရာ ရရှိသွားခဲ့တာဖြစ်ပြီး စတီဗင် ဂျရတ်ရဲ့အသင်းဟာ လက်ရှိမှာတော့ အမှတ်ပေးဇယားအဆင့် ၁၅ နေရာမှာ ရပ်တည်နေရတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: သောကြာနေ့မှာ လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်က ကြာသပတေးနေ့ ည ၁၁ နာရီ မတိုင်ခင် ကွင်းလယ်ကစားသမားတစ်ဦး ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ ပြောကြားခဲ့ပြီးကတည်းက အန်းဖီးကို ဘယ်သူရောက်နိုင်ခြေရှိလဲဆိုတဲ့ ကောလာဟဟလတွေ အများအပြား ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။







REF: INTERNET SOURCES
SPORTS A2Z.