Match Report Premier League

အဝေးကွင်းဆိုးရွားမှုကို မဖြေရှင်းနိုင်ဘဲ ဆောက်သမ်တန်ဆီ မှောက်ရက်လဲတဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းအနေနဲ့ ဒီနေ့မှာ အဝေးကွင်းကို သွားရောက်ကစားခဲ့ရပြီး ဂိုးသမား မန်ဒီ၊ ခံစစ်မှာ အက်ဇ်ပီလီကွေတာ၊ သီယာဂို ဆေးလ်ဗား၊ ကူလီဘေလီ၊ ကူကူရဲလားတို့နဲ့ 4 Back ကစားလာခဲ့သလို ကွင်းလယ်မှာတော့ ဂျော်ဂျင်ညို၊ မေဆန်မောင့်နဲ့ လော့ဖ်တပ်စ်-ချိစ်တို့နဲ့ အထိုင်ချခဲ့ချိန်မှာ တိုက်စစ်ကိုတော့ စတာလင်၊ ဟာဗတ်ဇ်နဲ့ ဇီးယက်ရှ်တို့ ပွဲထွက်လာခဲ့ကြတာဖြစ်ပါတယ်။

အိမ်ရှင် ဆောက်သမ်တန်တို့ကလည်း သူတို့ရဲ့ 3 Back ကစားကွက်ကို စွန့်လွှတ်ထားခဲ့ကြပြီး ဂိုးသမား ဘာဇူးနူး၊ ခံစစ်မှာ ဘယ်လာ-ကော့ချက်ပ်၊ ဆာလီဆူး၊ ဝေါ်လ်ကာ-ပီတာစ်၊ ပေရိုတို့နဲ့ ပြင်ဆင်လာခဲ့သလို ကွင်းလယ်မှာတော့ လာဗီယာ၊ ဒီယာလို၊ ဝါ့ဒ်-ပရောက်စ်တို့နဲ့ စုဖွဲ့လာခဲ့ပြီး တိုက်စစ်မှာတော့ အယ်လ်ယူနူစီ၊ အက်ဒမ် အမ်းစ်ထရောင်းနဲ့ ရှေအက်ဒမ်စ်တို့ ကစားလာခဲ့ကြတာပါ။

ချဲလ်ဆီးတို့ရဲ့ ဘောလုံးကိုင်ကစားပုံမှာ ဂျော်ဂျင်ညိုက Single Pivot နံပါတ် ၆ လို နောက်ဆုံးအထိုင်မှာ တစ်ယောက်တည်း နေရာယူခဲ့ပြီး လော့ဖ်တပ်စ်-ချိခ်နဲ့ မေဆန်မောင့်တို့က သူ့ရှေ့ကနေ နံပါတ် ၈ တွေအဖြစ် လှုပ်ရှားခဲ့ချိန်မှာ ကွန်တေ မပါနိုင်ချိန်မှာ ဒါက အကောင်းဆုံး ရွေးချယ်မှုမျိုး ဖြစ်ခဲ့ပေမယ့် ဆောက်သမ်တန်ရဲ့ လူ ၆ ယောက်လောက်ရှိနေတဲ့ ကွင်းလယ်က ဖိအားပေးခံရတာကြောင့် အနည်းငယ် ရုန်းကန်ခဲ့ရပါတယ်။

ဆောက်သမ်တန်တို့ရဲ့ အဝေးဘောတွေနဲ့ ဖိအားပေးမှုကို အက်ဇ်ပီလီကွေတာ ခံခဲ့ရပြီး အက်ဒမ်စ်နဲ့ အမ်းစ်ထရောင်းတို့ရဲ့ ပြေးအားက သူတို့ကို တိုက်စစ်မှာ အခွင့်အရေးတွေ ရစေခဲ့ချိန်မှာ သီယာဂို ဆေးလ်ဗား တည်ငြိမ်ခဲ့လို့သာ ချဲလ်ဆီးတို့ သက်သာခဲ့သလို အိမ်ရှင်တွေဘက်ကလည်း အသက် ၂၀ အရွယ် နောက်ခံလူ ဘယ်လာ-ကော့ချက်ပ် ခြေစွမ်းပြမြဲတိုင်းပြပြီး ဟာဗတ်ဇ်တို့ ထင်သလို မလုပ်နိုင်အောင် တားဆီးသွားခဲ့တာပါ။

ပွဲချိန် ၂၃ မိနစ်မှာတော့ ချဲလ်ဆီးတို့ အဖွင့်ဂိုး စတင်သွင်းယူနိုင်ခဲ့ပြီး ဘယ်တောင်ပံကနေ ဟာဗတ်ဇ်နဲ့ ဝမ်းတူးရိုက်ပြီး ချိုးပေးတဲ့ မေဆန်မောင့်ရဲ့ ဖန်တီးမှုက ဆောက်သမ်တန်နောက်ခံလူ ပေရိုရဲ့ တားဆီးမှုကနေ ပြန်ထွက်လာတာကို စတာလင်က တည်တည်ငြိမ်ငြိမ်နဲ့ အနီးကပ် ကန်သွင်းနိုင်ခဲ့လို့ စတင်ဦးဆောင်ခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးတို့ရဲ့ အပျော်ကတော့ ၅ မိနစ်သာ ခံလိုက်ပြီး ပွဲချိန် ၂၈ မိနစ်မှာတော့ ဆောက်သမ်တန်တို့ ချေပဂိုး ပြန်သွင်းသွားခဲ့သလို ဒီဂိုးကိုတော့ ဝါ့ဒ်-ပရောက်စ်ရဲ့ ထောင့်ကန်ဘောကို အက်ဇ်ပီလီကွေတာ ဖျက်ထုတ်လို့ ပြန်ထွက်လာတာကို လူငယ်ကွင်းလယ်လူ လာဗီယာက ရှေ့က ဝင်ပိတ်တဲ့ မေဆန်မောင့်နဲ့ ကူလီဘေလီတို့ရဲ့ ဘေးကနေ ဝေ့ဝိုက်ကန်သွင်းခဲ့ရာမှာ ညာဘက်တိုင်ခြေကို ဝင်သွားခဲ့လို့ တစ်ဂိုးစီသရေဖြစ်နေခဲ့တာပါ။

ဆောက်သမ်တန်တို့ရဲ့ ကွင်းလယ်မှာ ခပ်ကြမ်းကြမ်း အဝင်ရဲရဲ အထွက်ရဲရဲ ကစားပုံက ဂျော်ဂျင်ညိုတို့ ကစားကွက်ခင်းဖို့ ခက်စေခဲ့ပြီး ညာခြမ်းက တွဲလုံးတချို့ကလည်း ကောင်းကောင်းပညာပေးခံနေရတဲ့ ဇီးယက်ရှ်ကြောင့် အလုပ်မဖြစ်တော့သလို ချဲလ်ဆီးတို့ ဘောလုံးကိုင်ထားခဲ့ပေမယ့် ထိရောက်မှု နည်းခဲ့ပြီး ပထမပိုင်းပြီးခါနီးမှာတော့ အာရုံပျံ့လွင့်သလိုဖြစ်နေခဲ့ပါတယ်။

ဒီအနေအထားကို အခွင့်ကောင်းယူသွားခဲ့တဲ့ ဆောက်သမ်တန်တို့က နာကျင်အချိန်ပို ၁ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ ဦးဆောင်ဂိုး ပြန်လည် သွင်းယူသွားခဲ့သလို ဒီဂိုးကိုတော့ လာဗီယာရဲ့ တည်ငြိမ်မှုကနေ ဝါ့ဒ်ပရောက်ဆီ ပေးခဲ့အပြီးမှာ စိန့်ကပ္ပတိန်က ဘယ်ခြမ်းကို ထိုးပေးခဲ့တာကို ရသွားတဲ့ နောက်ခံလူ ပေရိုရဲ့ Cut Back လုပ်ပေးတဲ့ ဘောလုံးကို အမ်းစ်ထရောင်းကန်သွင်းရာမှာ ကူလီဘေလီနဲ့ ထိပြီး ဝင်သွားခဲ့တာပါ။

ပထမပိုင်း ပြီးခါနီးမှာတော့ ရှေအက်ဒမ်စ်ရဲ့ ကန်ထုတ်လိုက်တဲ့ ဘောလုံးကို လဲနေတဲ့ ဂျော်ဂျင်ညိုက မျက်နှာဆီ ရောက်မလာခင် လက်နဲ့ ကာနိုင်ခဲ့ပေမယ့် နာကျင်တဲ့ အမူအရာနဲ့ ဆေးထိုးဖို့ ကြိုးစားခဲ့တာကို ဒိုင်လူကြီး မိုက်ကယ် အိုလီဗာက အယုံအကြည် မရှိခဲ့လို့ ဟန်ဆောင်တာနဲ့ ဝိုင်းဝန်း စောဒကတက်တာသာ အဖတ်တင်ခဲ့ပြီး ၄၅ မိနစ် အပြီးမှာ အိမ်ရှင်တွေ ဦးဆောင်မှုမှာ နှစ်ဂိုး-တစ်ဂိုးဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာတော့ နေရာမတည်ငြိမ်ဘဲ အလယ်လိုလို ညာလိုလိုဖြစ်နေတဲ့ လော့ဖ်တပ်စ်-ချိခ်အစား ကိုဗာချစ်ကို သွင်းပြီး ဂျော်ဂျင်ညိုနဲ့ တွဲကစားဖို့ တူဟယ်လ်က ကြံစည်လာခဲ့သလို ပွဲချိန် ၅၂ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ ပေရို ချိုးပေးတာကို ဆောက်သမ်တန်တောင်ပံသမား အယ်လ်ယူနူစီ ခေါင်းတိုက်တာက ဂိုးဝင်နိုင်တဲ့ အနေအထားမှာ ရှိခဲ့ပေမယ့် ကူကူရဲလား ပိတ်ဆို့နိုင်ခဲ့သလို ထပ်ကန်ရာမှာတော့ မန်ဒီ ဖမ်းမိသွားခဲ့တာပါ။

ပွဲချိန် ၅၅ မိနစ်မှာတော့ စတာလင်ရဲ့ ပင်နယ်တီ ရနိုင်တဲ့ အခွင့်အရေးကို ငြင်းပယ်ခံခဲ့ရပြီး ဒီနောက်ပိုင်းမှာတော့ ဆောက်သမ်တန်တို့ အတော်လေး ဖိကစားနေတာကြောင့် ချဲလ်ဆီးတို့ဘက်က အက်ဇ်ပီလီကွေတာ၊ ဂျော်ဂျင်ညိုနဲ့ ဟာဗတ်ဇ်တို့အစား ပူလီရှစ်ချ်၊ ချေးလ်ဝဲလ်နဲ့ ဘရိုယာတို့ကို လဲကစားပြီး ကူကူရဲလားကို ဘရိုက်တန်မှာလို သုံးယောက်တန်း ဘယ်အစွန်ကို ပြန်ချပြီး ၃-၅-၂ ကစားဖို့ တူဟယ်လ်က အပြောင်းအလဲ ထပ်လုပ်လာခဲ့ပါတယ်။

ချဲလ်ဆီးတို့ ပွဲကို ထိန်းချုပ်ပုံက ပိုကောင်းလာပေမယ့် ပွဲချိန် ၇၃ မိနစ်မှာ ထောင့်ကန်ဘောကနေ ဆာလီဆူးရဲ့ ခေါင်းတိုက်ချက် လူကြားထဲကနေ ဂိုးထဲ ဝင်သွားခဲ့တာကို ဂိုးသမား မန်ဒီ ငုတ်တုတ်ကြီး မေ့နေခဲ့ပေမယ့် သတိကြီးတဲ့ သီယာဂို ဆေးလ်ဗားက နောက်ပေါက်နဲ့ ချိတ်ပြီး ရှင်းထုတ်ခဲ့ရသလို ပွဲချိန် ၈၂ မိနစ်မှာတော့ အသင်းဟောင်းကို ဘရိုယာက ခေါင်းတိုက်ချက်နဲ့ ခြိမ်းခြောက်ခဲ့ပေမယ့် ဂိုးသမား ဘာဇူးနူး ပုတ်ထုတ်သွားခဲ့တာပါ။

ဒီနောက်ပိုင်းမှာတော့ ဆောက်သမ်တန်တို့ ခံစစ်ပိတ်ကစားသွားခဲ့သလို ချဲလ်ဆီးတို့ကလည်း ထိထိရောက်ရောက် ထိုးဖောက်နိုင်ခြင်း မရှိတော့တာကြောင့် စိန့်မေရီမှာ အိမ်ရှင်တွေ နှစ်ဂိုး-တစ်ဂိုးနဲ့ သုံးမှတ် စုဆောင်းသွားခဲ့ပြီး အဝေးကွင်းတွေမှာ ပုံစံပျက်နေတဲ့ ဧည့်သည်တွေကတော့ အမှတ်လက်မဲ့နဲ့ အိမ်ပြန်ခဲ့ရသလို နည်းပြ တူဟယ်လ်အတွက်တော့ စိတ်ပျက်စရာနေ့တစ်နေ့ ထပ်တိုးခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒီေန႔မွာ အေဝးကြင္းကို သြားေရာက္ကစားခဲ့ရၿပီး ဂိုးသမား မန္ဒီ၊ ခံစစ္မွာ အက္ဇ္ပီလီေကြတာ၊ သီယာဂို ေဆးလ္ဗား၊ ကူလီေဘလီ၊ ကူကူရဲလားတို႔နဲ႔ 4 Back ကစားလာခဲ့သလို ကြင္းလယ္မွာေတာ့ ေဂ်ာ္ဂ်င္ညိဳ၊ ေမဆန္ေမာင့္နဲ႔ ေလာ့ဖ္တပ္စ္-ခ်ိစ္တို႔နဲ႔ အထိုင္ခ်ခဲ့ခ်ိန္မွာ တိုက္စစ္ကိုေတာ့ စတာလင္၊ ဟာဗတ္ဇ္နဲ႔ ဇီးယက္ရွ္တို႔ ပြဲထြက္လာခဲ့ၾကတာျဖစ္ပါတယ္။

အိမ္ရွင္ ေဆာက္သမ္တန္တို႔ကလည္း သူတို႔ရဲ႕ 3 Back ကစားကြက္ကို စြန႔္လႊတ္ထားခဲ့ၾကၿပီး ဂိုးသမား ဘာဇူးႏူး၊ ခံစစ္မွာ ဘယ္လာ-ေကာ့ခ်က္ပ္၊ ဆာလီဆူး၊ ေဝၚလ္ကာ-ပီတာစ္၊ ေပ႐ိုတို႔နဲ႔ ျပင္ဆင္လာခဲ့သလို ကြင္းလယ္မွာေတာ့ လာဗီယာ၊ ဒီယာလို၊ ဝါ့ဒ္-ပေရာက္စ္တို႔နဲ႔ စုဖြဲ႕လာခဲ့ၿပီး တိုက္စစ္မွာေတာ့ အယ္လ္ယူႏူစီ၊ အက္ဒမ္ အမ္းစ္ထေရာင္းနဲ႔ ေရွအက္ဒမ္စ္တို႔ ကစားလာခဲ့ၾကတာပါ။

ခ်ဲလ္ဆီးတို႔ရဲ႕ ေဘာလုံးကိုင္ကစားပုံမွာ ေဂ်ာ္ဂ်င္ညိဳက Single Pivot နံပါတ္ ၆ လို ေနာက္ဆုံးအထိုင္မွာ တစ္ေယာက္တည္း ေနရာယူခဲ့ၿပီး ေလာ့ဖ္တပ္စ္-ခ်ိခ္နဲ႔ ေမဆန္ေမာင့္တို႔က သူ႔ေရွ႕ကေန နံပါတ္ ၈ ေတြအျဖစ္ လႈပ္ရွားခဲ့ခ်ိန္မွာ ကြန္ေတ မပါႏိုင္ခ်ိန္မွာ ဒါက အေကာင္းဆုံး ေ႐ြးခ်ယ္မႈမ်ိဳး ျဖစ္ခဲ့ေပမယ့္ ေဆာက္သမ္တန္ရဲ႕ လူ ၆ ေယာက္ေလာက္ရွိေနတဲ့ ကြင္းလယ္က ဖိအားေပးခံရတာေၾကာင့္ အနည္းငယ္ ႐ုန္းကန္ခဲ့ရပါတယ္။

ေဆာက္သမ္တန္တို႔ရဲ႕ အေဝးေဘာေတြနဲ႔ ဖိအားေပးမႈကို အက္ဇ္ပီလီေကြတာ ခံခဲ့ရၿပီး အက္ဒမ္စ္နဲ႔ အမ္းစ္ထေရာင္းတို႔ရဲ႕ ေျပးအားက သူတို႔ကို တိုက္စစ္မွာ အခြင့္အေရးေတြ ရေစခဲ့ခ်ိန္မွာ သီယာဂို ေဆးလ္ဗား တည္ၿငိမ္ခဲ့လို႔သာ ခ်ဲလ္ဆီးတို႔ သက္သာခဲ့သလို အိမ္ရွင္ေတြဘက္ကလည္း အသက္ ၂၀ အ႐ြယ္ ေနာက္ခံလူ ဘယ္လာ-ေကာ့ခ်က္ပ္ ေျခစြမ္းျပၿမဲတိုင္းျပၿပီး ဟာဗတ္ဇ္တို႔ ထင္သလို မလုပ္ႏိုင္ေအာင္ တားဆီးသြားခဲ့တာပါ။

ပြဲခ်ိန္ ၂၃ မိနစ္မွာေတာ့ ခ်ဲလ္ဆီးတို႔ အဖြင့္ဂိုး စတင္သြင္းယူႏိုင္ခဲ့ၿပီး ဘယ္ေတာင္ပံကေန ဟာဗတ္ဇ္နဲ႔ ဝမ္းတူး႐ိုက္ၿပီး ခ်ိဳးေပးတဲ့ ေမဆန္ေမာင့္ရဲ႕ ဖန္တီးမႈက ေဆာက္သမ္တန္ေနာက္ခံလူ ေပ႐ိုရဲ႕ တားဆီးမႈကေန ျပန္ထြက္လာတာကို စတာလင္က တည္တည္ၿငိမ္ၿငိမ္နဲ႔ အနီးကပ္ ကန္သြင္းႏိုင္ခဲ့လို႔ စတင္ဦးေဆာင္ခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးတို႔ရဲ႕ အေပ်ာ္ကေတာ့ ၅ မိနစ္သာ ခံလိုက္ၿပီး ပြဲခ်ိန္ ၂၈ မိနစ္မွာေတာ့ ေဆာက္သမ္တန္တို႔ ေခ်ပဂိုး ျပန္သြင္းသြားခဲ့သလို ဒီဂိုးကိုေတာ့ ဝါ့ဒ္-ပေရာက္စ္ရဲ႕ ေထာင့္ကန္ေဘာကို အက္ဇ္ပီလီေကြတာ ဖ်က္ထုတ္လို႔ ျပန္ထြက္လာတာကို လူငယ္ကြင္းလယ္လူ လာဗီယာက ေရွ႕က ဝင္ပိတ္တဲ့ ေမဆန္ေမာင့္နဲ႔ ကူလီေဘလီတို႔ရဲ႕ ေဘးကေန ေဝ့ဝိုက္ကန္သြင္းခဲ့ရာမွာ ညာဘက္တိုင္ေျခကို ဝင္သြားခဲ့လို႔ တစ္ဂိုးစီသေရျဖစ္ေနခဲ့တာပါ။

ေဆာက္သမ္တန္တို႔ရဲ႕ ကြင္းလယ္မွာ ခပ္ၾကမ္းၾကမ္း အဝင္ရဲရဲ အထြက္ရဲရဲ ကစားပုံက ေဂ်ာ္ဂ်င္ညိဳတို႔ ကစားကြက္ခင္းဖို႔ ခက္ေစခဲ့ၿပီး ညာျခမ္းက တြဲလုံးတခ်ိဳ႕ကလည္း ေကာင္းေကာင္းပညာေပးခံေနရတဲ့ ဇီးယက္ရွ္ေၾကာင့္ အလုပ္မျဖစ္ေတာ့သလို ခ်ဲလ္ဆီးတို႔ ေဘာလုံးကိုင္ထားခဲ့ေပမယ့္ ထိေရာက္မႈ နည္းခဲ့ၿပီး ပထမပိုင္းၿပီးခါနီးမွာေတာ့ အာ႐ုံပ်ံ႕လြင့္သလိုျဖစ္ေနခဲ့ပါတယ္။

ဒီအေနအထားကို အခြင့္ေကာင္းယူသြားခဲ့တဲ့ ေဆာက္သမ္တန္တို႔က နာက်င္အခ်ိန္ပို ၁ မိနစ္မွာ တန္ျပန္တိုက္စစ္ကေန ဦးေဆာင္ဂိုး ျပန္လည္ သြင္းယူသြားခဲ့သလို ဒီဂိုးကိုေတာ့ လာဗီယာရဲ႕ တည္ၿငိမ္မႈကေန ဝါ့ဒ္ပေရာက္ဆီ ေပးခဲ့အၿပီးမွာ စိန႔္ကပၸတိန္က ဘယ္ျခမ္းကို ထိုးေပးခဲ့တာကို ရသြားတဲ့ ေနာက္ခံလူ ေပ႐ိုရဲ႕ Cut Back လုပ္ေပးတဲ့ ေဘာလုံးကို အမ္းစ္ထေရာင္းကန္သြင္းရာမွာ ကူလီေဘလီနဲ႔ ထိၿပီး ဝင္သြားခဲ့တာပါ။

ပထမပိုင္း ၿပီးခါနီးမွာေတာ့ ေရွအက္ဒမ္စ္ရဲ႕ ကန္ထုတ္လိုက္တဲ့ ေဘာလုံးကို လဲေနတဲ့ ေဂ်ာ္ဂ်င္ညိဳက မ်က္ႏွာဆီ ေရာက္မလာခင္ လက္နဲ႔ ကာႏိုင္ခဲ့ေပမယ့္ နာက်င္တဲ့ အမူအရာနဲ႔ ေဆးထိုးဖို႔ ႀကိဳးစားခဲ့တာကို ဒိုင္လူႀကီး မိုက္ကယ္ အိုလီဗာက အယုံအၾကည္ မရွိခဲ့လို႔ ဟန္ေဆာင္တာနဲ႔ ဝိုင္းဝန္း ေစာဒကတက္တာသာ အဖတ္တင္ခဲ့ၿပီး ၄၅ မိနစ္ အၿပီးမွာ အိမ္ရွင္ေတြ ဦးေဆာင္မႈမွာ ႏွစ္ဂိုး-တစ္ဂိုးျဖစ္ေနခဲ့ပါတယ္။

ဒုတိယပိုင္းအစမွာေတာ့ ေနရာမတည္ၿငိမ္ဘဲ အလယ္လိုလို ညာလိုလိုျဖစ္ေနတဲ့ ေလာ့ဖ္တပ္စ္-ခ်ိခ္အစား ကိုဗာခ်စ္ကို သြင္းၿပီး ေဂ်ာ္ဂ်င္ညိဳနဲ႔ တြဲကစားဖို႔ တူဟယ္လ္က ႀကံစည္လာခဲ့သလို ပြဲခ်ိန္ ၅၂ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေန ေပ႐ို ခ်ိဳးေပးတာကို ေဆာက္သမ္တန္ေတာင္ပံသမား အယ္လ္ယူႏူစီ ေခါင္းတိုက္တာက ဂိုးဝင္ႏိုင္တဲ့ အေနအထားမွာ ရွိခဲ့ေပမယ့္ ကူကူရဲလား ပိတ္ဆို႔ႏိုင္ခဲ့သလို ထပ္ကန္ရာမွာေတာ့ မန္ဒီ ဖမ္းမိသြားခဲ့တာပါ။

ပြဲခ်ိန္ ၅၅ မိနစ္မွာေတာ့ စတာလင္ရဲ႕ ပင္နယ္တီ ရႏိုင္တဲ့ အခြင့္အေရးကို ျငင္းပယ္ခံခဲ့ရၿပီး ဒီေနာက္ပိုင္းမွာေတာ့ ေဆာက္သမ္တန္တို႔ အေတာ္ေလး ဖိကစားေနတာေၾကာင့္ ခ်ဲလ္ဆီးတို႔ဘက္က အက္ဇ္ပီလီေကြတာ၊ ေဂ်ာ္ဂ်င္ညိဳနဲ႔ ဟာဗတ္ဇ္တို႔အစား ပူလီရွစ္ခ်္၊ ေခ်းလ္ဝဲလ္နဲ႔ ဘ႐ိုယာတို႔ကို လဲကစားၿပီး ကူကူရဲလားကို ဘ႐ိုက္တန္မွာလို သုံးေယာက္တန္း ဘယ္အစြန္ကို ျပန္ခ်ၿပီး ၃-၅-၂ ကစားဖို႔ တူဟယ္လ္က အေျပာင္းအလဲ ထပ္လုပ္လာခဲ့ပါတယ္။

ခ်ဲလ္ဆီးတို႔ ပြဲကို ထိန္းခ်ဳပ္ပုံက ပိုေကာင္းလာေပမယ့္ ပြဲခ်ိန္ ၇၃ မိနစ္မွာ ေထာင့္ကန္ေဘာကေန ဆာလီဆူးရဲ႕ ေခါင္းတိုက္ခ်က္ လူၾကားထဲကေန ဂိုးထဲ ဝင္သြားခဲ့တာကို ဂိုးသမား မန္ဒီ ငုတ္တုတ္ႀကီး ေမ့ေနခဲ့ေပမယ့္ သတိႀကီးတဲ့ သီယာဂို ေဆးလ္ဗားက ေနာက္ေပါက္နဲ႔ ခ်ိတ္ၿပီး ရွင္းထုတ္ခဲ့ရသလို ပြဲခ်ိန္ ၈၂ မိနစ္မွာေတာ့ အသင္းေဟာင္းကို ဘ႐ိုယာက ေခါင္းတိုက္ခ်က္နဲ႔ ၿခိမ္းေျခာက္ခဲ့ေပမယ့္ ဂိုးသမား ဘာဇူးႏူး ပုတ္ထုတ္သြားခဲ့တာပါ။

ဒီေနာက္ပိုင္းမွာေတာ့ ေဆာက္သမ္တန္တို႔ ခံစစ္ပိတ္ကစားသြားခဲ့သလို ခ်ဲလ္ဆီးတို႔ကလည္း ထိထိေရာက္ေရာက္ ထိုးေဖာက္ႏိုင္ျခင္း မရွိေတာ့တာေၾကာင့္ စိန႔္ေမရီမွာ အိမ္ရွင္ေတြ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ သုံးမွတ္ စုေဆာင္းသြားခဲ့ၿပီး အေဝးကြင္းေတြမွာ ပုံစံပ်က္ေနတဲ့ ဧည့္သည္ေတြကေတာ့ အမွတ္လက္မဲ့နဲ႔ အိမ္ျပန္ခဲ့ရသလို နည္းျပ တူဟယ္လ္အတြက္ေတာ့ စိတ္ပ်က္စရာေန႔တစ္ေန႔ ထပ္တိုးခဲ့ရပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.