Premier League

အန်တိုနီက ဒါဝင် နူးညက်ဇ်ထက် ဆရာကျခဲ့တဲ့ဖြစ်စဉ် ထွက်ပေါ်လာ

အိုင်းယက်စ်ကြယ်ပွင့် အန်တိုနီဟာ လာမယ့်ရက်ပိုင်းအတွင်း မန်ချက်စတာယူနိုက်တက်အသင်းကို အပြီးသတ်ပြောင်းရွှေ့ဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ဘရာဇီးလ်တောင်ပံကစားသမားအတွက် အိုင်းယက်စ်အသင်းကို ကနဦးပြောင်းရွှေ့ကြေး ပေါင် ၈၀.၇၅ သန်း ပေးချေသွားဖို့ သဘောတူညီခဲ့တာဖြစ်ပြီး နောက်ထပ် ပေါင် ၄.၂၅ သန်းကို ထပ်ဆောင်းပေးချေသွားမှာဖြစ်တယ်လို့ BBC ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

အန်တိုနီဟာ မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဟာရီ မက်ဂွိုင်းယားနဲ့အတူ ဒုတိယမြောက် ဈေးအကြီးဆုံး ကစားသမားဖြစ်လာတော့မှာဖြစ်ပြီး ၂၀၁၆ ခုနှစ်တုန်းက ဂျူဗင်တပ်က ပေါင် ၈၉ သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ ပေါ့ဂ်ဘာကတော့ အသင်းရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးရှင်အဖြစ် ရှိနေဆဲဖြစ်ပါတယ်။

အန်တိုနီဟာ အိုင်းယက်စ်အသင်းဖော်ဟောင်း လီဆန်ဒရို မာတီနက်ဇ်၊ ကက်စမီရို၊ တိုင်ရဲလ် မာလာစီယာ၊ ခရစ်ရှန် အဲရစ်ဆင်တို့အပြီး ယခုနွေရာသီမှာ မန်ချက်စတာယူနိုက်တက်ရဲ့ ပဉ္စမမြောက် ကစားသမားခေါ်ယူမှု ဖြစ်လာတော့မှာ ဖြစ်ပါတယ်။

အသက် ၂၂ နှစ်အရွယ် တောင်ပံကစားသမားဟာ ၂၀၂၀ မှာ ဆော်ပေါ်လိုကနေ ပြောင်းရွှေ့လာပြီးကတည်းက အိုင်းယက်စ်အသင်းအတွက် ၈၂ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၂၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၂၂ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့တဲ့ ကစားသမားဖြစ်ပြီး အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့ဖို့ အလွန်နီးစပ်နေတာက ခါးသီးပြိုင်ဘက် လီဗာပူးလ်နဲ့ ယှဉ်ပြိုင်နေတဲ့ ယူနိုက်တက်အတွက် အားတက်စရာဖြစ်လာမှာ ဖြစ်ပါတယ်။

ယခုနှစ် ဖေဖော်ဝါရီလတုန်းက အန်တိုနီဟာ လီဗာပူးလ်တိုက်စစ်မှူးသစ် ဒါဝင် နူးညက်ဇ်နဲ့ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့် ဘင်ဖီကာနဲ့ အိုင်းယက်စ်တို့ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ခိုက်ရန်ဖြစ်ပွားခဲ့ဖူးတဲ့ဖြစ်စဉ် ပြန်လည်ပေါ်ထွက်လာခဲ့ပါတယ်။

အန်တိုနီနဲ့ နူးညက်ဇ်တို့ ၂ ဦးဟာ လစ္စဘွန်းမှာ ကစားခဲ့တဲ့ ပွဲစဉ် တစ်ဖက် ၂ ဂိုးစီ သရေကျနေတဲ့ ဒုတိယပိုင်းမှာ ဘောလုံးပြိုင်လုရင်း ထငြိခဲ့ကြတာဖြစ်ပြီး အိုင်းယက်စ်တောင်ပံကြယ်ပွင့်က နူးညက်ဇ်ကို ခေါင်းနဲ့ တိုက်ခဲ့တာကြောင့် ဥရုဂွေးတိုက်စစ်မှူးဟာ ကွင်းမြက်ခင်းပေါ်ကို ရုပ်ရှင်ဆန်ဆန် လဲကျသွားခဲ့တာ ဖြစ်ပါတယ်။

ဘရာဇီးလ်တောင်ပံကစားသမားဟာ အဲဒီဖြစ်စဉ်ကနေ ကံကောင်းထောက်မစွာ အဝါကတ်သာ ပြသခံခဲ့ရတာဖြစ်ပြီး အဲဒီပွဲစဉ်ကလည်း ၂-၂ နဲ့သာ ပြီးဆုံးသွားခဲ့ပေမယ့်လည်း နယ်သာလန်မှာ ကစားခဲ့တဲ့ ဒုတိယအကျော့မှာတော့ ဘင်ဖီကာက ၁-၀ နဲ့ အနိုင်ရသွားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပေါ်တူဂီကလပ်အသင်းဟာ ကွာတားဖိုင်နယ် အဆင့်မှာ နူးညက်ဇ်ရဲ့ အသင်းသစ်ဖြစ်လာမယ့် လီဗာပူးလ်အသင်းကို ၂ ကျော့ပေါင်း ၆-၄ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။

ဒါဝင် နူးညက်ဇ်ဟာ ယခုလအစောပိုင်းမှာ လီဗာပူးလ်အသင်းအတွက် အိမ်ကွင်း ပွဲဦးထွက်ပွဲစဉ်အဖြစ် ပါဝင်ကစားပေးခဲ့တဲ့ ခရစ္စတယ် ပဲလေ့စ်နဲ့ပွဲစဉ်မှာ ပြိုင်ဘက်နောက်ခံလူ အန်ဒါဆန်ကို ခေါင်းနဲ့ တိုက်ခဲ့တာကြောင့် တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပြီး စိတ်ပျက်စရာ အိမ်ကွင်းပွဲဦးထွက်ဖြစ်ခဲ့တာဖြစ်ပါတယ်။

အန်တိုနီကလည်း လက်ရှိအချိန်မှာ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့လာတော့မှာဖြစ်တာကြောင့် ယခုရာသီနှောင်းပိုင်း မတ်လ ၂၃ ရက်နေ့ လီဗာပူးလ်အိမ်ကွင်း အန်းဖီးကို သွားရောက်ယှဉ်ပြိုင်ရမယ့်ပွဲစဉ်မှာ ဥရုဂွေးတိုက်စစ်မှူးနဲ့ ဘရာဇီးလ်တောင်ပံကစားသမားတို့ကြားက ယှဉ်ပြိုင်မှုက အသစ်တဖန်ပြန်လည်ဖြစ်ပေါ်လာတော့မှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အိုင္းယက္စ္ၾကယ္ပြင့္ အန္တိုနီဟာ လာမယ့္ရက္ပိုင္းအတြင္း မန္ခ်က္စတာယူႏိုက္တက္အသင္းကို အၿပီးသတ္ေျပာင္းေ႐ႊ႕ဖို႔ ျပင္ဆင္ေနၿပီျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ဘရာဇီးလ္ေတာင္ပံကစားသမားအတြက္ အိုင္းယက္စ္အသင္းကို ကနဦးေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၈၀.၇၅ သန္း ေပးေခ်သြားဖို႔ သေဘာတူညီခဲ့တာျဖစ္ၿပီး ေနာက္ထပ္ ေပါင္ ၄.၂၅ သန္းကို ထပ္ေဆာင္းေပးေခ်သြားမွာျဖစ္တယ္လို႔ BBC ရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။

အန္တိုနီဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းေခါင္းေဆာင္ ဟာရီ မက္ဂြိဳင္းယားနဲ႔အတူ ဒုတိယေျမာက္ ေဈးအႀကီးဆုံး ကစားသမားျဖစ္လာေတာ့မွာျဖစ္ၿပီး ၂၀၁၆ ခုႏွစ္တုန္းက ဂ်ဴဗင္တပ္က ေပါင္ ၈၉ သန္းနဲ႔ ေျပာင္းေ႐ႊ႕ခဲ့တဲ့ ေပါ့ဂ္ဘာကေတာ့ အသင္းရဲ႕ စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးရွင္အျဖစ္ ရွိေနဆဲျဖစ္ပါတယ္။

အန္တိုနီဟာ အိုင္းယက္စ္အသင္းေဖာ္ေဟာင္း လီဆန္ဒ႐ို မာတီနက္ဇ္၊ ကက္စမီ႐ို၊ တိုင္ရဲလ္ မာလာစီယာ၊ ခရစ္ရွန္ အဲရစ္ဆင္တို႔အၿပီး ယခုေႏြရာသီမွာ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ပၪၥမေျမာက္ ကစားသမားေခၚယူမႈ ျဖစ္လာေတာ့မွာ ျဖစ္ပါတယ္။

အသက္ ၂၂ ႏွစ္အ႐ြယ္ ေတာင္ပံကစားသမားဟာ ၂၀၂၀ မွာ ေဆာ္ေပၚလိုကေန ေျပာင္းေ႐ႊ႕လာၿပီးကတည္းက အိုင္းယက္စ္အသင္းအတြက္ ၈၂ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၂၅ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၂၂ ႀကိမ္ ျပဳလုပ္ေပးႏိုင္ခဲ့တဲ့ ကစားသမားျဖစ္ၿပီး အိုးထရက္ဖို႔ဒ္ကို ေျပာင္းေ႐ႊ႕ဖို႔ အလြန္နီးစပ္ေနတာက ခါးသီးၿပိဳင္ဘက္ လီဗာပူးလ္နဲ႔ ယွဥ္ၿပိဳင္ေနတဲ့ ယူႏိုက္တက္အတြက္ အားတက္စရာျဖစ္လာမွာ ျဖစ္ပါတယ္။

ယခုႏွစ္ ေဖေဖာ္ဝါရီလတုန္းက အန္တိုနီဟာ လီဗာပူးလ္တိုက္စစ္မႉးသစ္ ဒါဝင္ ႏူးညက္ဇ္နဲ႔ ခ်န္ပီယံလိဂ္ ၁၆ သင္းရႈံးထြက္အဆင့္ ဘင္ဖီကာနဲ႔ အိုင္းယက္စ္တို႔ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲစဥ္မွာ ခိုက္ရန္ျဖစ္ပြားခဲ့ဖူးတဲ့ျဖစ္စဥ္ ျပန္လည္ေပၚထြက္လာခဲ့ပါတယ္။

အန္တိုနီနဲ႔ ႏူးညက္ဇ္တို႔ ၂ ဦးဟာ လစၥဘြန္းမွာ ကစားခဲ့တဲ့ ပြဲစဥ္ တစ္ဖက္ ၂ ဂိုးစီ သေရက်ေနတဲ့ ဒုတိယပိုင္းမွာ ေဘာလုံးၿပိဳင္လုရင္း ထၿငိခဲ့ၾကတာျဖစ္ၿပီး အိုင္းယက္စ္ေတာင္ပံၾကယ္ပြင့္က ႏူးညက္ဇ္ကို ေခါင္းနဲ႔ တိုက္ခဲ့တာေၾကာင့္ ဥ႐ုေဂြးတိုက္စစ္မႉးဟာ ကြင္းျမက္ခင္းေပၚကို ႐ုပ္ရွင္ဆန္ဆန္ လဲက်သြားခဲ့တာ ျဖစ္ပါတယ္။

ဘရာဇီးလ္ေတာင္ပံကစားသမားဟာ အဲဒီျဖစ္စဥ္ကေန ကံေကာင္းေထာက္မစြာ အဝါကတ္သာ ျပသခံခဲ့ရတာျဖစ္ၿပီး အဲဒီပြဲစဥ္ကလည္း ၂-၂ နဲ႔သာ ၿပီးဆုံးသြားခဲ့ေပမယ့္လည္း နယ္သာလန္မွာ ကစားခဲ့တဲ့ ဒုတိယအေက်ာ့မွာေတာ့ ဘင္ဖီကာက ၁-၀ နဲ႔ အႏိုင္ရသြားခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ေပၚတူဂီကလပ္အသင္းဟာ ကြာတားဖိုင္နယ္ အဆင့္မွာ ႏူးညက္ဇ္ရဲ႕ အသင္းသစ္ျဖစ္လာမယ့္ လီဗာပူးလ္အသင္းကို ၂ ေက်ာ့ေပါင္း ၆-၄ နဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရတာ ျဖစ္ပါတယ္။

ဒါဝင္ ႏူးညက္ဇ္ဟာ ယခုလအေစာပိုင္းမွာ လီဗာပူးလ္အသင္းအတြက္ အိမ္ကြင္း ပြဲဦးထြက္ပြဲစဥ္အျဖစ္ ပါဝင္ကစားေပးခဲ့တဲ့ ခရစၥတယ္ ပဲေလ့စ္နဲ႔ပြဲစဥ္မွာ ၿပိဳင္ဘက္ေနာက္ခံလူ အန္ဒါဆန္ကို ေခါင္းနဲ႔ တိုက္ခဲ့တာေၾကာင့္ တိုက္႐ိုက္အနီကတ္ျပ ထုတ္ပယ္ခံခဲ့ရၿပီး စိတ္ပ်က္စရာ အိမ္ကြင္းပြဲဦးထြက္ျဖစ္ခဲ့တာျဖစ္ပါတယ္။

အန္တိုနီကလည္း လက္ရွိအခ်ိန္မွာ မန္ခ်က္စတာယူႏိုက္တက္အသင္းကို ေျပာင္းေ႐ႊ႕လာေတာ့မွာျဖစ္တာေၾကာင့္ ယခုရာသီေႏွာင္းပိုင္း မတ္လ ၂၃ ရက္ေန႔ လီဗာပူးလ္အိမ္ကြင္း အန္းဖီးကို သြားေရာက္ယွဥ္ၿပိဳင္ရမယ့္ပြဲစဥ္မွာ ဥ႐ုေဂြးတိုက္စစ္မႉးနဲ႔ ဘရာဇီးလ္ေတာင္ပံကစားသမားတို႔ၾကားက ယွဥ္ၿပိဳင္မႈက အသစ္တဖန္ျပန္လည္ျဖစ္ေပၚလာေတာ့မွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.