La Liga Ligue1 Premier League

ရီးရဲလ်မက်ဒရစ်ကြောင့် ရော်နယ်လ်ဒိုကို GOAT လို့ ပြောခဲ့ရတယ်လို့ ဝန်ခံလိုက်တဲ့ ချက်စ်ဂန္တဝင်

စစ်တုရင်ဂန္တဝင် မက်ဂ်နပ်စ် ကာလ်ဆန်ဟာ ရော်နယ်လ်ဒိုက ၎င်းရဲ့ အနှစ်သက်ဆုံး ကစားသမားမဟုတ်ပေမယ့်လည်း ရီးရဲလ်မက်ဒရစ်က ပြောခိုင်းခဲ့တဲ့အတိုင်း ပြောခဲ့ရတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ရော်နယ်လ်ဒိုဟာ ဘောလုံးလောကရဲ့ တသက်တာ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်နေဆဲဖြစ်ပြီး အသက် ၃၇ နှစ်အရွယ်ရှိနေပြီဖြစ်တာတောင်မှ ကမ္ဘာ့ထိပ်တန်းအဆင့်မှာ ကစားနိုင်ဆဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိအချိန်မှာတော့ ရော်နယ်လ်ဒိုဟာ မန်ချက်စတာယူနိုက်တက်မှာ အနာဂတ်မရေမရာဖြစ်နေပြီး အိုးထရက်ဖို့ဒ်မှာ ဆက်ရှိနေသေးတာကိုက ပြိုင်ဘက်အသင်းတွေအတွက် အဟန့်တစ်ခုအဖြစ် ရှိနေသေးတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ရီးရဲလ်မက်ဒရစ်မှာ ကစားခဲ့တဲ့အချိန်တုန်းကတော့ တသက်တာအကောင်းဆုံးကစားသမားက ဘယ်သူလဲဆိုတဲ့ အငြင်းအခုံတွေမှာ ရော်နယ်လ်ဒိုက အကောင်းဆုံးဆိုတာ သံသယဖြစ်စရာမရှိခဲ့တာဖြစ်ပေမယ့်လည်း အခြားပရိသတ်တွေက လီယွန်နယ် မက်ဆီက အကောင်းဆုံးလို့ ငြင်းခုံခဲ့တာဖြစ်ပါတယ်။

ပရိသတ်တစ်ဦးကတော့ ဘလွန်ဒေါ ၅ ဆုရှင်ကို အရှင်လတ်လတ် မြင်တွေ့ရဖို့အတွက် လုံလောက်တဲ့ ကံကောင်းမှုမျိုး ရှိခဲ့ပြီး အဲဒီလူကတော့ စစ်တုရင်လောကမှာ ဘောလုံးလောကရဲ့ ရော်နယ်လ်ဒိုနဲ့ နှိုင်းယှဉ်ခံခဲ့ရတဲ့ ဂန္တဝင် မက်ဂ်နပ်စ် ကာလ်ဆန်ပဲ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း နော်ဝေလူမျိုး စစ်တုရင် ဂရန်းမာစတာက ရီးရဲလ်မက်ဒရစ်ပရိသတ်ဖြစ်ပေမယ့်လည်း ခရစ္စတီယာနို ရော်နယ်လ်ဒိုထက် မက်ဆီကို တကယ်တမ်း ပိုမိုနှစ်သက်သူဖြစ်ပြီး ပေါ်တူဂီတိုက်စစ်မှူးက ၎င်းရဲ့ အနှစ်သက်ဆုံး ရီးရဲလ်မက်ဒရစ်ကစားသမား မဟုတ်ခဲ့တာ ဖြစ်ပါတယ်။

Youtuber လက်စ် ဖရစ်ဒ်မန်းရဲ့ ချန်နယ်မှာ စကားပြောဆိုရာမှာ ကာလ်ဆန်က စပိန်လာလီဂါထိပ်သီးအသင်းကြီးက ၎င်းရဲ့ အနှစ်သက်ဆုံး ကစားသမားနဲ့ပတ်သက်ပြီး အဖြေကို သဘောမကျခဲ့တာကြောင့် အဖြေကို ပြောင်းလဲ ပြောဆိုပေးခဲ့ရတယ်လို့ ထုတ်ဖော် ပြောကြားခဲ့တာဖြစ်ပါတယ်။

“မက်ဆီရဲ့ ဘက်စုံထူးချွန်မှုကြောင့် ဘယ်သူ့ကိုမှ သူ့ထက်ပိုပြီး ကောင်းတယ်လို့ ပြောဖို့က တော်တော်လေး ခက်ခဲတယ်လို့ ကျွန်တော် ထင်တယ်။ ကျွန်တော့် ရီးရဲလ်မက်ဒရစ် ပရိသတ်တွေက ရော်နယ်လ်ဒို ခေတ်ကို နှစ်သက်ကြတဲ့သူတွေပါ။ ဒုတိယ ရော်နယ်လ်ဒိုကို ပြောတာပါ။ ပထမ ရိုနယ်လ်ဒိုကိုမဟုတ်ပါဘူး။ ကျွန်တော် အမြဲတမ်း ရော်နယ်လ်ဒိုကို နှစ်သက်ခဲ့ပေမယ့် အမြဲတမ်း တွေးခဲ့မိတာက မက်ဆီက ပိုကောင်းမွန်ခဲ့တယ်ဆိုတာပါ။ ကျွန်တော် မက်ဒရစ်ပွဲတော်တော်များများ သွားကြည့်ခဲ့ပြီး သူတို့တွေ(ရီးရဲလ်မက်ဒရစ်)က ကျွန်တော့်ကို တော်တော်လေး အကူအညီပေးဖို့ ရှိနေခဲ့တယ်”

“တစ်ခုရှိတာက သူတို့တွေက အင်တာဗျူးလုပ်ပြီး ကျွန်တော့်ရဲ့ အနှစ်သက်ဆုံး ကစားသမားက ဘယ်သူလဲဆိုပြီး မေးကြတာပဲ။ ကျွန်တော်က တခြားလူတစ်ယောက်ကို ပြောခဲ့တယ်။ အဲဒီအချိန်မှာ အစ္စကိုလို့ ကျွန်တော် ထင်တယ်။ သူတို့တွေဖြစ်သွားတဲ့ပုံစံက ‘ကောင်းပြီ။ ဒုတိယတစ်ယောက်။ အခု ခင်ဗျား ရော်နယ်လ်ဒိုလို့ ပြောလိုက်တော့’ဆိုတဲ့ပုံစံမျိုးပါ။ အဲဒါက သူတို့အတွက် အရမ်းကို အရေးကြီးပေမယ့် ကျွန်တော့်အတွက်ကျတော့ အဲဒီလောက်ကြီး ကြီးမားတဲ့ကိစ္စမဟုတ်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လီယွန်နယ် မက်ဆီကလည်း ၎င်းရဲ့ အဓိကပြိုင်ဘက်အတိုင်းပဲ ကစားသမားဘဝ စွမ်းအားအမြင့်ဆုံးအခြေအနေမှာ ရှိမနေတော့ပေမယ့်လည်း ယခုရာသီမှာ ပီအက်စ်ဂျီအသင်းနဲ့အတူ ကောင်းမွန်တဲ့ရာသီအစကို ပိုင်ဆိုင်နေသူဖြစ်ပြီး တနင်္ဂနွေနေ့က မိုနာကိုနဲ့ပွဲစဉ်မှာ လူစားလဲလှယ်ခံခဲ့ရတာကြောင့် မပျော်မရွှင်ဖြစ်နေတာကို သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

ပီအက်စ်ဂျီနည်းပြသစ် ဂဲလ်တီယာဟာ မိုနာကိုနဲ့ တစ်ဖက် ၁ ဂိုးစီ သရေကျနေချိန်မှာ အနိုင်ဂိုး သွင်းယူဖို့ ကြိုးပမ်းနေတဲ့ မက်ဆီကို ထုတ်ပြီး ဆာရာဘီယာကို လူစားလဲလှယ်ခဲ့တာကြောင့် အာဂျင်တီးနားဂန္တဝင်ရဲ့ပရိသတ်တွေက ဒေါသထွက်ခဲ့ကြတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: စစ္တုရင္ဂႏၲဝင္ မက္ဂ္နပ္စ္ ကာလ္ဆန္ဟာ ေရာ္နယ္လ္ဒိုက ၎ရဲ႕ အႏွစ္သက္ဆုံး ကစားသမားမဟုတ္ေပမယ့္လည္း ရီးရဲလ္မက္ဒရစ္က ေျပာခိုင္းခဲ့တဲ့အတိုင္း ေျပာခဲ့ရတယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

ေရာ္နယ္လ္ဒိုဟာ ေဘာလုံးေလာကရဲ႕ တသက္တာ အေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးျဖစ္ေနဆဲျဖစ္ၿပီး အသက္ ၃၇ ႏွစ္အ႐ြယ္ရွိေနၿပီျဖစ္တာေတာင္မွ ကမာၻ႔ထိပ္တန္းအဆင့္မွာ ကစားႏိုင္ဆဲ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း လက္ရွိအခ်ိန္မွာေတာ့ ေရာ္နယ္လ္ဒိုဟာ မန္ခ်က္စတာယူႏိုက္တက္မွာ အနာဂတ္မေရမရာျဖစ္ေနၿပီး အိုးထရက္ဖို႔ဒ္မွာ ဆက္ရွိေနေသးတာကိုက ၿပိဳင္ဘက္အသင္းေတြအတြက္ အဟန႔္တစ္ခုအျဖစ္ ရွိေနေသးတာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ရီးရဲလ္မက္ဒရစ္မွာ ကစားခဲ့တဲ့အခ်ိန္တုန္းကေတာ့ တသက္တာအေကာင္းဆုံးကစားသမားက ဘယ္သူလဲဆိုတဲ့ အျငင္းအခုံေတြမွာ ေရာ္နယ္လ္ဒိုက အေကာင္းဆုံးဆိုတာ သံသယျဖစ္စရာမရွိခဲ့တာျဖစ္ေပမယ့္လည္း အျခားပရိသတ္ေတြက လီယြန္နယ္ မက္ဆီက အေကာင္းဆုံးလို႔ ျငင္းခုံခဲ့တာျဖစ္ပါတယ္။

ပရိသတ္တစ္ဦးကေတာ့ ဘလြန္ေဒါ ၅ ဆုရွင္ကို အရွင္လတ္လတ္ ျမင္ေတြ႕ရဖို႔အတြက္ လုံေလာက္တဲ့ ကံေကာင္းမႈမ်ိဳး ရွိခဲ့ၿပီး အဲဒီလူကေတာ့ စစ္တုရင္ေလာကမွာ ေဘာလုံးေလာကရဲ႕ ေရာ္နယ္လ္ဒိုနဲ႔ ႏႈိင္းယွဥ္ခံခဲ့ရတဲ့ ဂႏၲဝင္ မက္ဂ္နပ္စ္ ကာလ္ဆန္ပဲ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ေနာ္ေဝလူမ်ိဳး စစ္တုရင္ ဂရန္းမာစတာက ရီးရဲလ္မက္ဒရစ္ပရိသတ္ျဖစ္ေပမယ့္လည္း ခရစၥတီယာႏို ေရာ္နယ္လ္ဒိုထက္ မက္ဆီကို တကယ္တမ္း ပိုမိုႏွစ္သက္သူျဖစ္ၿပီး ေပၚတူဂီတိုက္စစ္မႉးက ၎ရဲ႕ အႏွစ္သက္ဆုံး ရီးရဲလ္မက္ဒရစ္ကစားသမား မဟုတ္ခဲ့တာ ျဖစ္ပါတယ္။

Youtuber လက္စ္ ဖရစ္ဒ္မန္းရဲ႕ ခ်န္နယ္မွာ စကားေျပာဆိုရာမွာ ကာလ္ဆန္က စပိန္လာလီဂါထိပ္သီးအသင္းႀကီးက ၎ရဲ႕ အႏွစ္သက္ဆုံး ကစားသမားနဲ႔ပတ္သက္ၿပီး အေျဖကို သေဘာမက်ခဲ့တာေၾကာင့္ အေျဖကို ေျပာင္းလဲ ေျပာဆိုေပးခဲ့ရတယ္လို႔ ထုတ္ေဖာ္ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“မက္ဆီရဲ႕ ဘက္စုံထူးခြၽန္မႈေၾကာင့္ ဘယ္သူ႔ကိုမွ သူ႔ထက္ပိုၿပီး ေကာင္းတယ္လို႔ ေျပာဖို႔က ေတာ္ေတာ္ေလး ခက္ခဲတယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ ကြၽန္ေတာ့္ ရီးရဲလ္မက္ဒရစ္ ပရိသတ္ေတြက ေရာ္နယ္လ္ဒို ေခတ္ကို ႏွစ္သက္ၾကတဲ့သူေတြပါ။ ဒုတိယ ေရာ္နယ္လ္ဒိုကို ေျပာတာပါ။ ပထမ ႐ိုနယ္လ္ဒိုကိုမဟုတ္ပါဘူး။ ကြၽန္ေတာ္ အၿမဲတမ္း ေရာ္နယ္လ္ဒိုကို ႏွစ္သက္ခဲ့ေပမယ့္ အၿမဲတမ္း ေတြးခဲ့မိတာက မက္ဆီက ပိုေကာင္းမြန္ခဲ့တယ္ဆိုတာပါ။ ကြၽန္ေတာ္ မက္ဒရစ္ပြဲေတာ္ေတာ္မ်ားမ်ား သြားၾကည့္ခဲ့ၿပီး သူတို႔ေတြ(ရီးရဲလ္မက္ဒရစ္)က ကြၽန္ေတာ့္ကို ေတာ္ေတာ္ေလး အကူအညီေပးဖို႔ ရွိေနခဲ့တယ္”

“တစ္ခုရွိတာက သူတို႔ေတြက အင္တာဗ်ဴးလုပ္ၿပီး ကြၽန္ေတာ့္ရဲ႕ အႏွစ္သက္ဆုံး ကစားသမားက ဘယ္သူလဲဆိုၿပီး ေမးၾကတာပဲ။ ကြၽန္ေတာ္က တျခားလူတစ္ေယာက္ကို ေျပာခဲ့တယ္။ အဲဒီအခ်ိန္မွာ အစၥကိုလို႔ ကြၽန္ေတာ္ ထင္တယ္။ သူတို႔ေတြျဖစ္သြားတဲ့ပုံစံက ‘ေကာင္းၿပီ။ ဒုတိယတစ္ေယာက္။ အခု ခင္ဗ်ား ေရာ္နယ္လ္ဒိုလို႔ ေျပာလိုက္ေတာ့’ဆိုတဲ့ပုံစံမ်ိဳးပါ။ အဲဒါက သူတို႔အတြက္ အရမ္းကို အေရးႀကီးေပမယ့္ ကြၽန္ေတာ့္အတြက္က်ေတာ့ အဲဒီေလာက္ႀကီး ႀကီးမားတဲ့ကိစၥမဟုတ္ပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။

အသက္ ၃၅ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ လီယြန္နယ္ မက္ဆီကလည္း ၎ရဲ႕ အဓိကၿပိဳင္ဘက္အတိုင္းပဲ ကစားသမားဘဝ စြမ္းအားအျမင့္ဆုံးအေျခအေနမွာ ရွိမေနေတာ့ေပမယ့္လည္း ယခုရာသီမွာ ပီအက္စ္ဂ်ီအသင္းနဲ႔အတူ ေကာင္းမြန္တဲ့ရာသီအစကို ပိုင္ဆိုင္ေနသူျဖစ္ၿပီး တနဂၤေႏြေန႔က မိုနာကိုနဲ႔ပြဲစဥ္မွာ လူစားလဲလွယ္ခံခဲ့ရတာေၾကာင့္ မေပ်ာ္မ႐ႊင္ျဖစ္ေနတာကို သတင္းေတြက ေဖာ္ျပခဲ့ၾကပါတယ္။

ပီအက္စ္ဂ်ီနည္းျပသစ္ ဂဲလ္တီယာဟာ မိုနာကိုနဲ႔ တစ္ဖက္ ၁ ဂိုးစီ သေရက်ေနခ်ိန္မွာ အႏိုင္ဂိုး သြင္းယူဖို႔ ႀကိဳးပမ္းေနတဲ့ မက္ဆီကို ထုတ္ၿပီး ဆာရာဘီယာကို လူစားလဲလွယ္ခဲ့တာေၾကာင့္ အာဂ်င္တီးနားဂႏၲဝင္ရဲ႕ပရိသတ္ေတြက ေဒါသထြက္ခဲ့ၾကတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.