Premier League Transfer News

ခံစစ္ကစားသမားသစ္ေတြကို ရက္ပုိင္းအတြင္း ေၾကျငာသြားဖို႔ ရွိေနတဲ့ ခ်ဲလ္ဆီး

ခ်ဲလ္ဆီးအသင္းအေနနဲ႔ အသင္းအတြက္ ခံစစ္ပုိင္း အားျဖည့္မွဳေတြျဖစ္တဲ့ ပီအက္စ္ဂ်ီေနာက္ခံလူ သီယာဂို ေဆးလ္ဗားနဲ႔ လက္စတာစီးတီး ေနာက္ခံလူ ဘန္ ေခ်းလ္ဝဲလ္တုိ႔ကို လာမယ့္ ၂၄ နာရီကေန ရက္ပုိင္းအတြင္း ကစားသမားသစ္ေတြအျဖစ္ ေၾကျငာႏုိင္ေအာင္ အပူတျပင္း လုပ္ေဆာင္ေနခဲ့တယ္လုိ႔ သိရပါတယ္။

အသက္ ၂၃ ႏွစ္အရြယ္ အဂၤလန္ေနာက္ခံလူ ေခ်းလ္ဝဲလ္အတြက္ေတာ့ ေဆြးေႏြးညႇိႏွဳိင္းမွဳေတြက ၿပီးခဲ့တဲ့ အဂၤါေန႔က ၿပီးျပတ္ခဲ့ၿပီျဖစ္ၿပီး ဗုဒၶဟူးေန႔မွာ ကစားသမားသစ္အျဖစ္ ေၾကျငာႏုိင္ဖို႔ ေမွ်ာ္လင့္ေနၾကသလို နည္းျပ ဖရန္႔ လမ္းပတ္အတြက္ေတာ့ စိတ္ႀကဳိက္ကစားသမားတစ္ဦးကို ရရွိႏုိင္မွာလည္းျဖစ္ပါတယ္။

ေခ်းလ္ဝဲလ္ ေရာက္ရွိလာရင္ေတာ့ အသင္းရဲ႕ လက္ရွိဘယ္ေနာက္ခံလူေတြထဲက မားကို႔စ္ အလြန္ဆုိကိုေတာ့ ဆက္လက္ထိန္းသြားဖို႔ရွိၿပီး အီတလီသား အီမာဆန္ ပယ္လ္မီယာရီကိုေတာ့ ဘဏၰာေရးက႑ ခ်ိန္ညႇိဖို႔အတြက္ အင္တာမီလန္အသင္းဆီကို ျပန္လည္ေရာင္းထုတ္သြားမယ္လုိ႔လည္း ဆုိပါတယ္။

ျပင္သစ္ကလာတဲ့ သတင္းေတြအရေတာ့ ခ်ဲလ္ဆီးအသင္းအေနနဲ႔ သီယာဂို ေဆးလ္ဗားကို ပုဂၢဳိလ္ေရးသေဘာတူညီမွဳေတြ လုပ္ေဆာင္ႏိုင္ခဲ့ၿပီး ေဆးစစ္မွဳ ျပဳလုပ္သြားဖို႔ ရွိေနေပမယ့္ အသက္ ၃၅ ႏွစ္အရြယ္ ကစားသမားအတြက္ ပီအက္စ္ဂ်ီအသင္းဆီက သက္တမ္းတုိးဖို႔ ေနာက္က်ကမ္းလွမ္းမွဳနဲ႔ ရင္ဆုိင္ေနရတယ္လို႔ ေဖာ္ျပေနၾကပါတယ္။

ခံစစ္ပုိင္းအတြက္ တျခားအင္အားျဖည့္မွဳတစ္ရပ္ျဖစ္တဲ့ နိစ္ေနာက္ခံလူေဟာင္း မာလန္း ဆားရ္ကိုေတာ့ အလြတ္ေျပာင္းေရႊ႕ေၾကး၊ ငါးႏွစ္စာခ်ဳပ္နဲ႔ ေခၚယူသြားဖို႔ နီးစပ္ေနၿပီး လမ္းပတ္အေနနဲ႔ သူ႕ကို သုံးစြဲဖို႔ထက္ ဘြန္ဒက္စ္လီဂါနဲ႔ စီးရီးေအၿပဳိင္ပြဲတစ္ရပ္ရပ္ဆီကို အငွားခ်သြားဖို႔ ရွိေနၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ချဲလ်ဆီးအသင်းအနေနဲ့ အသင်းအတွက် ခံစစ်ပိုင်း အားဖြည့်မှုတွေဖြစ်တဲ့ ပီအက်စ်ဂျီနောက်ခံလူ သီယာဂို ဆေးလ်ဗားနဲ့ လက်စတာစီးတီး နောက်ခံလူ ဘန် ချေးလ်ဝဲလ်တို့ကို လာမယ့် ၂၄ နာရီကနေ ရက်ပိုင်းအတွင်း ကစားသမားသစ်တွေအဖြစ် ကြေငြာနိုင်အောင် အပူတပြင်း လုပ်ဆောင်နေခဲ့တယ်လို့ သိရပါတယ်။

အသက် ၂၃ နှစ်အရွယ် အင်္ဂလန်နောက်ခံလူ ချေးလ်ဝဲလ်အတွက်တော့ ဆွေးနွေးညှိနှိုင်းမှုတွေက ပြီးခဲ့တဲ့ အင်္ဂါနေ့က ပြီးပြတ်ခဲ့ပြီဖြစ်ပြီး ဗုဒ္ဓဟူးနေ့မှာ ကစားသမားသစ်အဖြစ် ကြေငြာနိုင်ဖို့ မျှော်လင့်နေကြသလို နည်းပြ ဖရန့် လမ်းပတ်အတွက်တော့ စိတ်ကြိုက်ကစားသမားတစ်ဦးကို ရရှိနိုင်မှာလည်းဖြစ်ပါတယ်။

ချေးလ်ဝဲလ် ရောက်ရှိလာရင်တော့ အသင်းရဲ့ လက်ရှိဘယ်နောက်ခံလူတွေထဲက မားကို့စ် အလွန်ဆိုကိုတော့ ဆက်လက်ထိန်းသွားဖို့ရှိပြီး အီတလီသား အီမာဆန် ပယ်လ်မီယာရီကိုတော့ ဘဏ္ဏာရေးကဏ္ဍ ချိန်ညှိဖို့အတွက် အင်တာမီလန်အသင်းဆီကို ပြန်လည်ရောင်းထုတ်သွားမယ်လို့လည်း ဆိုပါတယ်။

ပြင်သစ်ကလာတဲ့ သတင်းတွေအရတော့ ချဲလ်ဆီးအသင်းအနေနဲ့ သီယာဂို ဆေးလ်ဗားကို ပုဂ္ဂိုလ်ရေးသဘောတူညီမှုတွေ လုပ်ဆောင်နိုင်ခဲ့ပြီး ဆေးစစ်မှု ပြုလုပ်သွားဖို့ ရှိနေပေမယ့် အသက် ၃၅ နှစ်အရွယ် ကစားသမားအတွက် ပီအက်စ်ဂျီအသင်းဆီက သက်တမ်းတိုးဖို့ နောက်ကျကမ်းလှမ်းမှုနဲ့ ရင်ဆိုင်နေရတယ်လို့ ဖော်ပြနေကြပါတယ်။

ခံစစ်ပိုင်းအတွက် တခြားအင်အားဖြည့်မှုတစ်ရပ်ဖြစ်တဲ့ နိစ်နောက်ခံလူဟောင်း မာလန်း ဆားရ်ကိုတော့ အလွတ်ပြောင်းရွှေ့ကြေး၊ ငါးနှစ်စာချုပ်နဲ့ ခေါ်ယူသွားဖို့ နီးစပ်နေပြီး လမ်းပတ်အနေနဲ့ သူ့ကို သုံးစွဲဖို့ထက် ဘွန်ဒက်စ်လီဂါနဲ့ စီးရီးအေပြိုင်ပွဲတစ်ရပ်ရပ်ဆီကို အငှားချသွားဖို့ ရှိနေကြာင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.