Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာစီးတီးသတင္းမ်ား စုစည္းမွဳ – ၂၆.၈.၂၀၂၀

– ဘာစီလုိနာအသင္းကေန ထြက္ခြာဖို႔ ခြင့္ေတာင္းထားၿပီး ရာသီမစခင္မွာ ထြက္ခြာခြင့္ရွိတယ္ဆုိတဲ့ သေဘာတူညီခ်က္အရ ရွင္းလင္းၿပီး သြားခဲ့ရင္ လီယြန္နီ မက္ဆီရဲ႕ စိတ္ႀကဳိက္အေတြ႕ဆုံး ေျပာင္းေရႊ႕မယ့္ေနရာက မန္ခ်က္စတာစီးတီးပဲ ျဖစ္လာႏုိင္။

– နာပုိလီအသင္းအေနနဲ႔ လူငယ္ေနာက္ခံလူ အဲရစ္ ဂါစီယာကို အလိုရွိေနေပမယ့္ ခါလီဒူး ကူလီေဘလီရဲ႕ အေျပာင္းအေရႊ႕အတြက္ ေငြသားသီးသန္႔ခ်ည္း ယူ႐ိုသန္း ၇၀ အလိုရွိေနၿပီး သပ္သပ္စီသာ ေဆြးေႏြးသြားမွာျဖစ္သလို ေလွ်ာ့ေပါ့ေရာင္းခ်ဖို႔ မရွိဘူးလို႔ဆုိ။

– မက္ဆီရဲ႕ အေျပာင္းအေရႊ႕အတြက္ မန္စီးတီးအေနနဲ႔ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ မေခၚယူႏုိင္ဘဲ ဘာစီလိုနာဘက္က ေတာင္းဆုိတဲ့ ေျပာင္းေရႊ႕ေၾကးကို ေပးေခ်ရမယ္ဆုိရင္ အသင္းရဲ႕ တုိက္စစ္မွဴး ဂါဘရီယယ္လ္ ေဂ်ဆူးစ္ကို အလိုက္ေပးသြားဖြယ္ရွိေန။

– ဘာစီလိုနာအသင္းက ထြက္ခြာဖို႔ ရွိေနတဲ့ မက္ဆီအေနနဲ႔ သူ႕ရဲ႕ အသင္းသစ္ရွာေဖြမွဳအတြက္ နည္းျပေဟာင္း ပက္ပ္ ဂြါဒီယိုလာနဲ႔ သူ႕ရဲ႕ ခင္မင္ရင္းႏွီးတဲ့ သူငယ္ခ်င္းျဖစ္တဲ့ ပီအက္စ္ဂ်ီတုိက္စစ္မွဴး ေနမာတုိ႔ဆီကို ဆက္သြယ္ထားခဲ့တယ္လုိ႔ဆုိ။

– မန္စီးတီးအသင္းအေနနဲ႔ မက္ဆီကို ေခၚယူခဲ့မယ္ဆုိရင္ အသင္းရဲ႕ ခံစစ္ပုိင္းအားျဖည့္မွဳကို စြန္႔လႊတ္ရဖြယ္ရွိေနၿပီး ပရီးမီးယားလိဂ္ကို စြန္႔လႊတ္ခဲ့ရတဲ့ လက္ရွိလူအင္အားကို ကစားသမားသစ္ နာသန္ ေအကီတစ္ဦးတည္း ေပါင္းထည့္ၿပီး ေနာက္တစ္ရာသီဆက္ၿပီး စခန္းသြားရဖြယ္ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ဘာစီလိုနာအသင်းကနေ ထွက်ခွာဖို့ ခွင့်တောင်းထားပြီး ရာသီမစခင်မှာ ထွက်ခွာခွင့်ရှိတယ်ဆိုတဲ့ သဘောတူညီချက်အရ ရှင်းလင်းပြီး သွားခဲ့ရင် လီယွန်နီ မက်ဆီရဲ့ စိတ်ကြိုက်အတွေ့ဆုံး ပြောင်းရွှေ့မယ့်နေရာက မန်ချက်စတာစီးတီးပဲ ဖြစ်လာနိုင်။

– နာပိုလီအသင်းအနေနဲ့ လူငယ်နောက်ခံလူ အဲရစ် ဂါစီယာကို အလိုရှိနေပေမယ့် ခါလီဒူး ကူလီဘေလီရဲ့ အပြောင်းအရွှေ့အတွက် ငွေသားသီးသန့်ချည်း ယူရိုသန်း ၇၀ အလိုရှိနေပြီး သပ်သပ်စီသာ ဆွေးနွေးသွားမှာဖြစ်သလို လျှော့ပေါ့ရောင်းချဖို့ မရှိဘူးလို့ဆို။

– မက်ဆီရဲ့ အပြောင်းအရွှေ့အတွက် မန်စီးတီးအနေနဲ့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ မခေါ်ယူနိုင်ဘဲ ဘာစီလိုနာဘက်က တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးကို ပေးချေရမယ်ဆိုရင် အသင်းရဲ့ တိုက်စစ်မှူး ဂါဘရီယယ်လ် ဂျေဆူးစ်ကို အလိုက်ပေးသွားဖွယ်ရှိနေ။

– ဘာစီလိုနာအသင်းက ထွက်ခွာဖို့ ရှိနေတဲ့ မက်ဆီအနေနဲ့ သူ့ရဲ့ အသင်းသစ်ရှာဖွေမှုအတွက် နည်းပြဟောင်း ပက်ပ် ဂွါဒီယိုလာနဲ့ သူ့ရဲ့ ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းဖြစ်တဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး နေမာတို့ဆီကို ဆက်သွယ်ထားခဲ့တယ်လို့ဆို။

– မန်စီးတီးအသင်းအနေနဲ့ မက်ဆီကို ခေါ်ယူခဲ့မယ်ဆိုရင် အသင်းရဲ့ ခံစစ်ပိုင်းအားဖြည့်မှုကို စွန့်လွှတ်ရဖွယ်ရှိနေပြီး ပရီးမီးယားလိဂ်ကို စွန့်လွှတ်ခဲ့ရတဲ့ လက်ရှိလူအင်အားကို ကစားသမားသစ် နာသန် အေကီတစ်ဦးတည်း ပေါင်းထည့်ပြီး နောက်တစ်ရာသီဆက်ပြီး စခန်းသွားရဖွယ်ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.