Premier League

ေနာက္ဆုံးရ အာဆင္နယ္သတင္းမ်ား စုစည္းမွဳ – ၂၆.၈.၂၀၂၀

– အက္သလက္တီကို မက္ဒရစ္ကေတာ့ သူတုိ႔ စိတ္ဝင္စားေနတဲ့ လာကာဇက္အတြက္ ပါေတးကို ျပန္လည္ေတာင္းဆုိမွဳဟာ ေဈးႏွဳန္းသတ္မွတ္မွဳအရ မျဖစ္ႏုိင္ဘူးလို႔ တုံ႔ျပန္သြားခဲ့ၿပီး ဒီျပင္သစ္တိုက္စစ္မွဴးအတြက္ဆိုရင္ ေသာမတ္စ္ လီမာ၊ ဗီတိုလိုနဲ႔ အန္ဟဲလ္ ေကာ္ရီးယားတုိ႔တစ္ဦးကိုသာ ျပန္ေပးႏုိင္မယ္လို႔ဆို။

– အာဆင္နယ္ခံစစ္မွာ ဦးစားေပးမျဖစ္ႏုိင္ေတာ့တဲ့ ေရာ့ဘ္ ဟိုးလ္ဒင္းကို ေခၚယူဖို႔ လိဒ္စ္ယူႏုိက္တက္နဲ႔ နယူးကာဆယ္လ္ယူႏုိက္တက္တုိ႔က စိတ္ဝင္စားေနၿပီး အငွားနဲ႔ စတင္ေခၚယူသြားႏုိင္ဖို႔ စီစဥ္၊ အသင္းဂႏၴဝင္ေနာက္ခံလူ ႏုိက္ဂ်ယ္လ္ ဝင္တာဘန္ကေတာ့ ဆက္လက္ထိန္းသိမ္းေစလို။

– ေသာမတ္စ္ ပါေတးကို ေခၚယူဖို႔အတြက္ အာဆင္နယ္တုိ႔ ျပန္လည္ေနာက္ဆုတ္သြားဖြယ္ရွိေနၿပီး ရာသီသစ္ စတင္ဖို႔ နီးကပ္လာခ်ိန္မွာ အမွန္တကယ္ေခၚယူႏုိင္မယ့္ ကြင္းလယ္အဖ်က္ကစားသမားေတြထဲက တစ္ဦးကို ေျပာင္းလဲႀကဳိးစားဖြယ္ရွိေန။

– ကြာရန္တင္းဝင္ေနတဲ့ ေနာက္ခံလူ ဂါဘရီယယ္လ္ မာဂါလိုင္စ္ဟာ အသင္းအတြက္ ေကာင္းေကာင္းႀကီး အက်ဳိးျပဳႏုိင္မယ့္ ေခၚယူမွဳလို႔ အသင္းဂႏၴဝင္ ဘယ္ေနာက္ခံလူေဟာင္းႀကီး ဝင္တာဘန္းက ခ်ီးက်ဴးခဲ့ၿပီး ဆာလီဘာနဲ႔ တြဲဖက္ျမင္ေတြ႕လိုေန။

– အသင္းကေန ယြန္းဘတ္ ထြက္ခြာသြားတာဟာ မွန္ကန္တဲ့ ေရြးခ်ယ္မွဳျဖစ္ေၾကာင္းနဲ႔ သူ႕မွာ အာဆင္နယ္အသင္းအတြက္ လုံေလာက္တဲ့ အေတြ႕ႀကဳံနဲ႔ အရည္အေသြးေတြကို စုေဆာင္းဖို႔ လိုေနေသးၿပီး သူ႕ရဲ႕ ယာယီကိုင္တြယ္မွဳကို ၾကည့္ရင္ သိသာေၾကာင္း ဂ်ာနယ္လစ္ အက္ဒရီယန္ ကလာ့ခ္သုံးသပ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– အက်သလက်တီကို မက်ဒရစ်ကတော့ သူတို့ စိတ်ဝင်စားနေတဲ့ လာကာဇက်အတွက် ပါတေးကို ပြန်လည်တောင်းဆိုမှုဟာ ဈေးနှုန်းသတ်မှတ်မှုအရ မဖြစ်နိုင်ဘူးလို့ တုံ့ပြန်သွားခဲ့ပြီး ဒီပြင်သစ်တိုက်စစ်မှူးအတွက်ဆိုရင် သောမတ်စ် လီမာ၊ ဗီတိုလိုနဲ့ အန်ဟဲလ် ကော်ရီးယားတို့တစ်ဦးကိုသာ ပြန်ပေးနိုင်မယ်လို့ဆို။

– အာဆင်နယ်ခံစစ်မှာ ဦးစားပေးမဖြစ်နိုင်တော့တဲ့ ရော့ဘ် ဟိုးလ်ဒင်းကို ခေါ်ယူဖို့ လိဒ်စ်ယူနိုက်တက်နဲ့ နယူးကာဆယ်လ်ယူနိုက်တက်တို့က စိတ်ဝင်စားနေပြီး အငှားနဲ့ စတင်ခေါ်ယူသွားနိုင်ဖို့ စီစဉ်၊ အသင်းဂန္ထဝင်နောက်ခံလူ နိုက်ဂျယ်လ် ဝင်တာဘန်ကတော့ ဆက်လက်ထိန်းသိမ်းစေလို။

– သောမတ်စ် ပါတေးကို ခေါ်ယူဖို့အတွက် အာဆင်နယ်တို့ ပြန်လည်နောက်ဆုတ်သွားဖွယ်ရှိနေပြီး ရာသီသစ် စတင်ဖို့ နီးကပ်လာချိန်မှာ အမှန်တကယ်ခေါ်ယူနိုင်မယ့် ကွင်းလယ်အဖျက်ကစားသမားတွေထဲက တစ်ဦးကို ပြောင်းလဲကြိုးစားဖွယ်ရှိနေ။

– ကွာရန်တင်းဝင်နေတဲ့ နောက်ခံလူ ဂါဘရီယယ်လ် မာဂါလိုင်စ်ဟာ အသင်းအတွက် ကောင်းကောင်းကြီး အကျိုးပြုနိုင်မယ့် ခေါ်ယူမှုလို့ အသင်းဂန္ထဝင် ဘယ်နောက်ခံလူဟောင်းကြီး ဝင်တာဘန်းက ချီးကျူးခဲ့ပြီး ဆာလီဘာနဲ့ တွဲဖက်မြင်တွေ့လိုနေ။

– အသင်းကနေ ယွန်းဘတ် ထွက်ခွာသွားတာဟာ မှန်ကန်တဲ့ ရွေးချယ်မှုဖြစ်ကြောင်းနဲ့ သူ့မှာ အာဆင်နယ်အသင်းအတွက် လုံလောက်တဲ့ အတွေ့ကြုံနဲ့ အရည်အသွေးတွေကို စုဆောင်းဖို့ လိုနေသေးပြီး သူ့ရဲ့ ယာယီကိုင်တွယ်မှုကို ကြည့်ရင် သိသာကြောင်း ဂျာနယ်လစ် အက်ဒရီယန် ကလာ့ခ်သုံးသပ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.