La Liga Premier League Transfer News

လန်ဒန်ကို ရောက်လာတဲ့ ဒီ ယုံးကြောင့် မျက်ကလူးဆန်ပြာဖြစ်နေတဲ့ ကြီး ၃ ကြီးပရိသတ်များ

ဖရန်ကီ ဒီ ယုံးဟာ အပြောင်းအရွှေ့ဈေးကွက်ပိတ်ခါနီး ၂ ရက်အလို မန်ချက်စတာယူနိုက်တက်၊ ချဲလ်ဆီး လီဗာပူးလ်တို့ စိတ်ဝင်စားခြင်းခံနေရချိန်မှာ လန်ဒန်ကို လေယာဉ်နဲ့ ထွက်ခွာသွားတာကို မြင်တွေ့ခဲ့ရပါတယ်။

ဒီ ယုံးရဲ့ ဘာစီလိုနာအသင်းကနေ ထွက်ခွာနိုင်ခြေရှိတယ်ဆိုတဲ့ သတင်း ထွက်နေခဲ့တာ တစ်နွေလုံး ဖြစ်ခဲ့ပြီး ပထမဆုံး သတင်းထွက်လာတာကတော့ မေလတုန်းက မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ သတင်းထွက်ခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်နဲ့ ဘာစီလိုနာအသင်းတို့က ပြောင်းရွှေ့ကြေးအတွက် သဘောတူညီမှု ရခဲ့ပေမယ့် ကစားသမားကတော့ လူကြီးတွေ ပေးစားတာကို လက်မခံနိုင်တဲ့ သတို့သမီးလောင်းတစ်ဦးလိုပဲ အိုးထရက်ဖို့ဒ်ကို သွားဖို့ ခါးခါးသီးသီး ဖြစ်နေခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်က ဒတ်ချ်ကွင်းလယ်ကစားသမားကို ခေါ်ယူဖို့ ဆန္ဒရှိနေသလို ဘာစီလိုနာကလည်း ဒီ ယုံးအကြွေး ပေါင် ၁၇ သန်း မပေးချင်လို့ ရောင်းထုတ်ချင်ပေမယ့်လည်း ဒတ်ချ်ကွင်းလယ်ကစားသမားရဲ့ စိတ်ကို ပြောင်းလဲအောင်လုပ်ဖို့အတွက် အချိန်အများကြီးမကြာခဲ့တာဖြစ်ပါတယ်။ တန်ဟက်ရဲ့အသင်းဟာ အိုင်းယက်စ်ကြယ်ပွင့်ဟောင်းနဲ့ သတင်းထွက်နေခဲ့တဲ့ တစ်ခုတည်းသော အသင်းတော့မဟုတ်ဘဲ ချဲလ်ဆီးအသင်းကလည်း စိတ်ဝင်စားကြောင်း ပြသထားခဲ့တာ ရက်သတ္တပတ်တော်တော်လေး ကြာနေခဲ့ပြီ ဖြစ်ပါတယ်။

လီဗာပူးလ်ကလည်း ယခုအပတ်မှာ ဒီ ယုံးကို စိတ်ဝင်စားနေတဲ့အသင်းတွေထဲမှာ ပါဝင်လာခဲ့ပြီး နည်းပြ ယာဂန် ကလော့ပ်က မန်ချက်စတာယူနိုက်တက်ကို ရှုံးနိမ့်အပြီး ၎င်းရဲ့ အပြောင်းအရွှေ့မူဝါဒက မှားယွင်းတဲ့ကွင်းလယ်ကစားသမားကို မခေါ်ယူမိဖို့ဖြစ်တယ်လို့ ထုတ်ဖော် ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒီ ယုံးဟာ အပြောင်းအရွှေ့ဈေးကွက်ပိတ်ဖို့ ၂ ရက်သာ လိုတော့တဲ့အချိန်မှာ လန်ဒန်ကို လေကြောင်းနဲ့ ထွက်ခွာသွားမှုက ပရီးမီးယားလိဂ်ကလပ်အသင်း ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို ကျိန်းသေပေါက် ခံရမှာဖြစ်ပြီး လန်ဒန်မှာ အခြေစိုက်တဲ့ ချဲလ်ဆီးနဲ့ ပြောဆိုဆွေးနွေးနိုင်သလို မန်ယူနိုက်တက်ရဲ့ ရုံးခန်းတွေကလည်း လန်ဒန်မှာ ရှိနေတာဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ် ကွင်းလယ်ကစားသမားရဲ့ ခရီးဟာ ဘာစီလိုနာအသင်းက ပေးတဲ့ နားရက် ၄ ရက်ထဲက တစ်စိတ်တပိုင်း ဖြစ်ပေမယ့် အပြောင်းအရွှေ့ ပြောဆိုမှုတွေ ပြုလုပ်ဖို့အတွက်တော့ မဟုတ်ဘူးလို့ သိရပါတယ်။

သတင်းတွေအရ ဖရန်ကီ ဒီ ယုံးဟာ အိုင်းယက်စ်အသင်းဖော်ဟောင်းဖြစ်တဲ့ ဒွန်နီ ဗန်ဒီဘိခ်နဲ့ တွေ့ဆုံဖို့အတွက် ယူကေကို ထွက်ခွာခဲ့တာဖြစ်တယ်လို့ သိရပြီး မန်ယူနိုက်တက်ကွင်းလယ်ကစားသမားဟာ ယခုအပတ်မှာ ချစ်သူနဲ့ လက်ထပ်ဖို့ ပြင်ဆင်နေတာဖြစ်ပြီး ဒီ ယုံးနဲ့အတူ ဘာစီလိုနာကြယ်ပွင့် မန်းဖစ် ဒီပိုင်းလည်း မင်္ဂလာဆောင်ဖိတ်ကြားခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ တန်ဟက်အပါအဝင် အခြား ကစားသမားတွေလည်း ဗန်ဒီဘိခ်ရဲ့ မင်္ဂလာဆောင်ကို တက်ရောက်နိုင်တာကြောင့် မင်္ဂလာပွဲအပြီးမှာ ထူးထူးခြားခြား ဖြစ်စဉ်အချို့တွေ ရှိလာနိုင်သေးတယ်လို့ ယူဆရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဖရန္ကီ ဒီ ယုံးဟာ အေျပာင္းအေ႐ႊ႕ေဈးကြက္ပိတ္ခါနီး ၂ ရက္အလို မန္ခ်က္စတာယူႏိုက္တက္၊ ခ်ဲလ္ဆီး လီဗာပူးလ္တို႔ စိတ္ဝင္စားျခင္းခံေနရခ်ိန္မွာ လန္ဒန္ကို ေလယာဥ္နဲ႔ ထြက္ခြာသြားတာကို ျမင္ေတြ႕ခဲ့ရပါတယ္။

ဒီ ယုံးရဲ႕ ဘာစီလိုနာအသင္းကေန ထြက္ခြာႏိုင္ေျခရွိတယ္ဆိုတဲ့ သတင္း ထြက္ေနခဲ့တာ တစ္ေႏြလုံး ျဖစ္ခဲ့ၿပီး ပထမဆုံး သတင္းထြက္လာတာကေတာ့ ေမလတုန္းက မန္ခ်က္စတာယူႏိုက္တက္ကို ေျပာင္းေ႐ႊ႕ဖို႔ သတင္းထြက္ခဲ့တာျဖစ္ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ဘာစီလိုနာအသင္းတို႔က ေျပာင္းေ႐ႊ႕ေၾကးအတြက္ သေဘာတူညီမႈ ရခဲ့ေပမယ့္ ကစားသမားကေတာ့ လူႀကီးေတြ ေပးစားတာကို လက္မခံႏိုင္တဲ့ သတို႔သမီးေလာင္းတစ္ဦးလိုပဲ အိုးထရက္ဖို႔ဒ္ကို သြားဖို႔ ခါးခါးသီးသီး ျဖစ္ေနခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္က ဒတ္ခ်္ကြင္းလယ္ကစားသမားကို ေခၚယူဖို႔ ဆႏၵရွိေနသလို ဘာစီလိုနာကလည္း ဒီ ယုံးအေႂကြး ေပါင္ ၁၇ သန္း မေပးခ်င္လို႔ ေရာင္းထုတ္ခ်င္ေပမယ့္လည္း ဒတ္ခ်္ကြင္းလယ္ကစားသမားရဲ႕ စိတ္ကို ေျပာင္းလဲေအာင္လုပ္ဖို႔အတြက္ အခ်ိန္အမ်ားႀကီးမၾကာခဲ့တာျဖစ္ပါတယ္။ တန္ဟက္ရဲ႕အသင္းဟာ အိုင္းယက္စ္ၾကယ္ပြင့္ေဟာင္းနဲ႔ သတင္းထြက္ေနခဲ့တဲ့ တစ္ခုတည္းေသာ အသင္းေတာ့မဟုတ္ဘဲ ခ်ဲလ္ဆီးအသင္းကလည္း စိတ္ဝင္စားေၾကာင္း ျပသထားခဲ့တာ ရက္သတၱပတ္ေတာ္ေတာ္ေလး ၾကာေနခဲ့ၿပီ ျဖစ္ပါတယ္။

လီဗာပူးလ္ကလည္း ယခုအပတ္မွာ ဒီ ယုံးကို စိတ္ဝင္စားေနတဲ့အသင္းေတြထဲမွာ ပါဝင္လာခဲ့ၿပီး နည္းျပ ယာဂန္ ကေလာ့ပ္က မန္ခ်က္စတာယူႏိုက္တက္ကို ရႈံးနိမ့္အၿပီး ၎ရဲ႕ အေျပာင္းအေ႐ႊ႕မူဝါဒက မွားယြင္းတဲ့ကြင္းလယ္ကစားသမားကို မေခၚယူမိဖို႔ျဖစ္တယ္လို႔ ထုတ္ေဖာ္ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

ဒီ ယုံးဟာ အေျပာင္းအေ႐ႊ႕ေဈးကြက္ပိတ္ဖို႔ ၂ ရက္သာ လိုေတာ့တဲ့အခ်ိန္မွာ လန္ဒန္ကို ေလေၾကာင္းနဲ႔ ထြက္ခြာသြားမႈက ပရီးမီးယားလိဂ္ကလပ္အသင္း ပရိသတ္ေတြရဲ႕ အာ႐ုံစိုက္မႈကို က်ိန္းေသေပါက္ ခံရမွာျဖစ္ၿပီး လန္ဒန္မွာ အေျခစိုက္တဲ့ ခ်ဲလ္ဆီးနဲ႔ ေျပာဆိုေဆြးေႏြးႏိုင္သလို မန္ယူႏိုက္တက္ရဲ႕ ႐ုံးခန္းေတြကလည္း လန္ဒန္မွာ ရွိေနတာျဖစ္ပါတယ္။

အသက္ ၂၅ ႏွစ္အ႐ြယ္ ကြင္းလယ္ကစားသမားရဲ႕ ခရီးဟာ ဘာစီလိုနာအသင္းက ေပးတဲ့ နားရက္ ၄ ရက္ထဲက တစ္စိတ္တပိုင္း ျဖစ္ေပမယ့္ အေျပာင္းအေ႐ႊ႕ ေျပာဆိုမႈေတြ ျပဳလုပ္ဖို႔အတြက္ေတာ့ မဟုတ္ဘူးလို႔ သိရပါတယ္။

သတင္းေတြအရ ဖရန္ကီ ဒီ ယုံးဟာ အိုင္းယက္စ္အသင္းေဖာ္ေဟာင္းျဖစ္တဲ့ ဒြန္နီ ဗန္ဒီဘိခ္နဲ႔ ေတြ႕ဆုံဖို႔အတြက္ ယူေကကို ထြက္ခြာခဲ့တာျဖစ္တယ္လို႔ သိရၿပီး မန္ယူႏိုက္တက္ကြင္းလယ္ကစားသမားဟာ ယခုအပတ္မွာ ခ်စ္သူနဲ႔ လက္ထပ္ဖို႔ ျပင္ဆင္ေနတာျဖစ္ၿပီး ဒီ ယုံးနဲ႔အတူ ဘာစီလိုနာၾကယ္ပြင့္ မန္းဖစ္ ဒီပိုင္းလည္း မဂၤလာေဆာင္ဖိတ္ၾကားျခင္း ခံခဲ့ရတာ ျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းနည္းျပ တန္ဟက္အပါအဝင္ အျခား ကစားသမားေတြလည္း ဗန္ဒီဘိခ္ရဲ႕ မဂၤလာေဆာင္ကို တက္ေရာက္ႏိုင္တာေၾကာင့္ မဂၤလာပြဲအၿပီးမွာ ထူးထူးျခားျခား ျဖစ္စဥ္အခ်ိဳ႕ေတြ ရွိလာႏိုင္ေသးတယ္လို႔ ယူဆရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.