Premier League

အာဆင်နယ်နဲ့ပွဲမှာ အန်တိုနီကို ပွဲဦးထွက်ခိုင်းပြီး အနိုင်ရလဒ်ရယူသွားချင်နေတဲ့ တန်ဟက်

အိုင်းယက်စ်တောင်ပံကစားသမား အန်တိုနီဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ပေါင် ၈၅ သန်းနဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိခဲ့ပြီးနောက် လာမယ့် ၄၈ နာရီအတွင်း အသင်းနဲ့ ဆေးစစ်မှု ခံယူသွားမယ်လို့ မျှော်မှန်းခြင်း ခံထားရပါတယ်။

အသက် ၂၂ နှစ်အရွယ် တောင်ပံကစားသမားဟာ မန်ချက်စတာယူနိုက်တက်နဲ့ စာချုပ် ချုပ်ဆိုဖို့ ဆေးစစ်မှု ပထမအပိုင်းကို မပြုလုပ်မီ တနင်္လာနေ့ညမှာ အင်္ဂလန်အနောက်မြောက်ပိုင်းကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။

အန်တိုနီဟာ အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့ချင်တဲ့ ဆန္ဒကို လျှို့ဝှက်ထားခြင်း မရှိခဲ့သူဖြစ်ပြီး အိုင်းယက်စ်အသင်းဟာ ဘရာဇီးလ်ကြယ်ပွင့်ကို ရောင်းချမှာမဟုတ်ဘူးလို့ ပြောထားပေမယ့်လည်း တနင်္ဂနွေနေ့မှာ တောင်ပံကစားသမားအတွက် အသင်းစံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ လက်ခံခဲ့ရတာဖြစ်ပါတယ်။

အန်တိုနီဟာ အလုပ်လုပ်ခွင့်ပါမစ်နဲ့ ဗီဇာ လိုအပ်ချက်ကြောင့် ယခုလာမယ့်ကြာသပတေးနေ့ လက်စတာစီးတီးအသင်းနဲ့ ပွဲစဉ်အတွက် အချိန်မီ စာရင်းသွင်းခံရဖွယ်မရှိတာဖြစ်ပြီး အဲဒီလို စာရင်းသွင်းချင်တယ်ဆိုရင် ဗုဒ္ဓဟူးနေ့ နေ့လယ်မတိုင်ခင် အပြီးသတ်ပြောင်းရွှေ့နိုင်မှ ဖြစ်နိုင်မှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘယ်လိုပဲဖြစ်ဖြစ် နည်းပြ တန်ဟက်က အန်တိုနီကို ပွဲဦးထွက်ပါဝင်မကစားမီ အသင်းဖော်သစ်တွေနဲ့ အနည်းဆုံး လေ့ကျင့်ရေး အချိန် တော်တော်များများ ပြုလုပ်ထားစေချင်နေတာဖြစ်ပြီး ဘရာဇီးလ်တောင်ပံကစားသမားရဲ့ အပြောင်းအရွှေ့ဟာ ဗုဒ္ဓဟူးနေ့မှာ အပြီးသတ်နိုင်မယ်ဆိုရင် တနင်္ဂနွေနေ့ အာဆင်နယ်နဲ့ ကစားရမယ့်ပွဲစဉ်မှာ ပွဲဦးထွက်ပါဝင်ကစားစေဖို့ အန်တိုနီအတွက် စီစဉ်ထားတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အန်တိုနီဟာ အိုင်းယက်စ်အသင်းရဲ့ နောက်ဆုံးပွဲစဉ် ၂ ပွဲကို ပါဝင်ကစားပေးခဲ့ခြင်းမရှိတာကြောင့် အာဆင်နယ်နဲ့ပွဲမှာ ပွဲထွက်ပါဝင်ကစားပေးဖွယ် မရှိပေမယ့်လည်း အာတီတာရဲ့အသင်းနဲ့ပွဲစဉ်မှာ အရန်ခုံကနေ လူစားဝင်ကစားဖို့တော့ မျှော်လင့်နိုင်မှာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဟာ အန်တိုနီကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီးနောက် နယူးကာဆယ်လ် ယူနိုက်တက်ဂိုးသမား မာတင် ဒူဗရက်ဗ်ကာကို ယခုရာသီကုန်မှာ ပေါင် ၅ သန်းနဲ့ အပြီးသတ် ခေါ်ယူခွင့် ပါဝင်တဲ့ တစ်ရာသီ အငှားစာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ပြီး နောက်ထပ် ကွင်းလယ်ကစားသမားတစ်ဦးနဲ့ တိုက်စစ်ကစားသမားတစ်ဦး ထပ်မံခေါ်ယူသွားနိုင်ဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အိုင္းယက္စ္ေတာင္ပံကစားသမား အန္တိုနီဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းကို ေပါင္ ၈၅ သန္းနဲ႔ ေျပာင္းေ႐ႊ႕ဖို႔ သေဘာတူညီမႈ ရရွိခဲ့ၿပီးေနာက္ လာမယ့္ ၄၈ နာရီအတြင္း အသင္းနဲ႔ ေဆးစစ္မႈ ခံယူသြားမယ္လို႔ ေမွ်ာ္မွန္းျခင္း ခံထားရပါတယ္။

အသက္ ၂၂ ႏွစ္အ႐ြယ္ ေတာင္ပံကစားသမားဟာ မန္ခ်က္စတာယူႏိုက္တက္နဲ႔ စာခ်ဳပ္ ခ်ဳပ္ဆိုဖို႔ ေဆးစစ္မႈ ပထမအပိုင္းကို မျပဳလုပ္မီ တနလၤာေန႔ညမွာ အဂၤလန္အေနာက္ေျမာက္ပိုင္းကို ေရာက္ရွိလာၿပီ ျဖစ္ပါတယ္။

အန္တိုနီဟာ အိုးထရက္ဖို႔ဒ္ကို ေျပာင္းေ႐ႊ႕ခ်င္တဲ့ ဆႏၵကို လွ်ိဳ႕ဝွက္ထားျခင္း မရွိခဲ့သူျဖစ္ၿပီး အိုင္းယက္စ္အသင္းဟာ ဘရာဇီးလ္ၾကယ္ပြင့္ကို ေရာင္းခ်မွာမဟုတ္ဘူးလို႔ ေျပာထားေပမယ့္လည္း တနဂၤေႏြေန႔မွာ ေတာင္ပံကစားသမားအတြက္ အသင္းစံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ လက္ခံခဲ့ရတာျဖစ္ပါတယ္။

အန္တိုနီဟာ အလုပ္လုပ္ခြင့္ပါမစ္နဲ႔ ဗီဇာ လိုအပ္ခ်က္ေၾကာင့္ ယခုလာမယ့္ၾကာသပေတးေန႔ လက္စတာစီးတီးအသင္းနဲ႔ ပြဲစဥ္အတြက္ အခ်ိန္မီ စာရင္းသြင္းခံရဖြယ္မရွိတာျဖစ္ၿပီး အဲဒီလို စာရင္းသြင္းခ်င္တယ္ဆိုရင္ ဗုဒၶဟူးေန႔ ေန႔လယ္မတိုင္ခင္ အၿပီးသတ္ေျပာင္းေ႐ႊ႕ႏိုင္မွ ျဖစ္ႏိုင္မွာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဘယ္လိုပဲျဖစ္ျဖစ္ နည္းျပ တန္ဟက္က အန္တိုနီကို ပြဲဦးထြက္ပါဝင္မကစားမီ အသင္းေဖာ္သစ္ေတြနဲ႔ အနည္းဆုံး ေလ့က်င့္ေရး အခ်ိန္ ေတာ္ေတာ္မ်ားမ်ား ျပဳလုပ္ထားေစခ်င္ေနတာျဖစ္ၿပီး ဘရာဇီးလ္ေတာင္ပံကစားသမားရဲ႕ အေျပာင္းအေ႐ႊ႕ဟာ ဗုဒၶဟူးေန႔မွာ အၿပီးသတ္ႏိုင္မယ္ဆိုရင္ တနဂၤေႏြေန႔ အာဆင္နယ္နဲ႔ ကစားရမယ့္ပြဲစဥ္မွာ ပြဲဦးထြက္ပါဝင္ကစားေစဖို႔ အန္တိုနီအတြက္ စီစဥ္ထားတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အန္တိုနီဟာ အိုင္းယက္စ္အသင္းရဲ႕ ေနာက္ဆုံးပြဲစဥ္ ၂ ပြဲကို ပါဝင္ကစားေပးခဲ့ျခင္းမရွိတာေၾကာင့္ အာဆင္နယ္နဲ႔ပြဲမွာ ပြဲထြက္ပါဝင္ကစားေပးဖြယ္ မရွိေပမယ့္လည္း အာတီတာရဲ႕အသင္းနဲ႔ပြဲစဥ္မွာ အရန္ခုံကေန လူစားဝင္ကစားဖို႔ေတာ့ ေမွ်ာ္လင့္ႏိုင္မွာ ျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္နည္းျပ အဲရစ္ တန္ဟက္ဟာ အန္တိုနီကို ေခၚယူဖို႔ သေဘာတူညီမႈ ရရွိခဲ့ၿပီးေနာက္ နယူးကာဆယ္လ္ ယူႏိုက္တက္ဂိုးသမား မာတင္ ဒူဗရက္ဗ္ကာကို ယခုရာသီကုန္မွာ ေပါင္ ၅ သန္းနဲ႔ အၿပီးသတ္ ေခၚယူခြင့္ ပါဝင္တဲ့ တစ္ရာသီ အငွားစာခ်ဳပ္နဲ႔ ေခၚယူႏိုင္ခဲ့ၿပီး ေနာက္ထပ္ ကြင္းလယ္ကစားသမားတစ္ဦးနဲ႔ တိုက္စစ္ကစားသမားတစ္ဦး ထပ္မံေခၚယူသြားႏိုင္ဖို႔ ေမွ်ာ္လင့္ေနတယ္လို႔ သိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.