Analysis Premier League

ပရီးမီးယားလိဂ် ပွဲစဉ် (၅)အတွက် ပေါလ်မာဆန်ရဲ့ ခန့်မှန်းချက်များ

ခရစ္စတယ်လ်ပဲလေ့စ်-ဘရန့်ဖို့ဒ်
ဇာဟာ မပါပေမယ့် မန်စီးတီးကို ပထမပိုင်းမှာ အနိုင်ယူနိုင်ခဲ့တဲ့ ပဲလေ့စ်တို့ ပုံစံကို အမှတ်ကောင်းကောင်း ပေးရပါလိမ့်မယ်။ ဒီပွဲမှာတော့ ဇာဟာ ပြန်ကစားမလား၊ ချဲလ်ဆီးနဲ့ ချိတ်ဆက်တာပဲ အောင်မြင်သွားလို့ ပြောင်းရွှေ့မလားတော့ မပြောနိုင်ပါဘူး။ အဲဗာတန်ကို သရေကျတဲ့ပွဲမှာ ဘရန့်ဖို့ဒ်တို့ရဲ့ ရုန်းအားကတော့ လျော့တိလျော့ရဲဖြစ်နေသလိုပါပဲ။ ဇာဟာ ပါပါမပါပါ ပဲလေ့စ်တို့အနေနဲ့ အိမ်ကွင်းကောင်းပြီး ကစားပုံလည်း မာကျောလို့ ဒီနေ့ပွဲမှာ အနိုင်ရသွားဖို့ များနေပါတယ်။ (ပဲလေ့စ် 2-1 ဘရန့်ဖို့ဒ်)

ဖူလ်ဟမ်-ဘရိုက်တန်
အာဆင်နယ်နဲ့ပွဲမှာ ဖူလ်ဟမ်က တော်တော်လေးကောင်းခဲ့ပြီး အနိုင်ကို မထိန်းနိုင်ခဲ့လို့ အမှတ်ပျောက်ခဲ့ရတာပါ။ ဘရိုက်တန်တို့ကတော့ ပုံစံကောင်း ရနေပြီး ဂိုးရှေ့မှာတော့ ဒီထက် ပိုကောင်းဖို့ လိုနေသေးတာကို တွေ့ရပါတယ်။ ဘရိုက်တန်တို့ ဖန်တီးမှုပိုင်းမှာ ကောင်းပေမယ့် အဆုံးသတ်ဖို့ အရမ်းခက်ခဲနေတာမျိုးတော့ မဖြစ်သင့်ဘူး ထင်မိပြီး ဒါကလည်း အထောင်တိုက်စစ်မှာ လူကောင်း မရှိတဲ့ ပုံစံကို ပြသနေတာပါ။ ဒီပွဲကတော့ ရင်ခုန်စရာ ကောင်းကောင်းဖြစ်မယ်လို့ ထောက်ခံချင်ပြီး ဂိုးသွင်းပြီး သရေကျသွားကြမယ်လို့ ယူဆရပါတယ်။ (ဖူလ်ဟမ် 2-2 ဘရိုက်တန်)

ဆောက်သမ်တန်-ချဲလ်ဆီး
လက်စတာနဲ့ပွဲမှာ တစ်ယောက်လျော့နဲ့ အနိုင်ကစားနိုင်ခဲ့တာကြောင့် ချဲလ်ဆီးတို့ စိတ်ဓာတ်တက်ကြွနေမှာ သေချာပါတယ်။ ဒါပေမယ့် အဝေးကွင်းမှာ သူတို့တွေ ဘယ်လိုပြိုလဲတတ်သလဲဆိုတာကိုတော့ ပြင်ဆင်နိုင်ဖို့ လုပ်ဆောင်ရမှာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်လိုမျိုး ဆောက်သမ်တန်ကို လိုအပ်တဲ့ နိုင်ပွဲ ရယူနိုင်ဖို့ ထိန်းချုပ်ကစားနိုင်ရမှာပါ။ အိမ်ရှင်တွေအတွက်တော့ သူတို့ရဲ့ ပြိုင်ဘက်ကို ကျော်လွန်နိုင်ဖို့ စွမ်းတာထက် ပိုပြီး လုပ်ပြရမလိုဖြစ်နေသလို ကစားပုံကလည်း တည်ငြိမ်ခြင်း မရှိသေးတာကြောင့် ချဲလ်ဆီးတို့ လွယ်လွယ်နိုင်သွားလိမ့်မယ်ထင်ပါတယ်။ (စိန့် 0-3 ချဲလ်ဆီး)

လိဒ်စ်ယူနိုက်တက်-အဲဗာတန်
ပြီးခဲ့တဲ့ ဘရိုက်တန်ကို ရှုံးပွဲမှာ သူ့ရဲ့ ကစားသမားတွေအနေနဲ့ ညွှန်ကြားထားတဲ့အတိုင်း မကစားနိုင်ဘူးလို့ လိဒ်စ်နည်းပြ ဂျက်ဆီ မာ့ရှ်က ထုတ်ဖော်သွားခဲ့ပြီး အခုပွဲကတော့ ဒါကို ပြန်လည်ပြင်ဆင်ဖို့ လုပ်ဆောင်လာကြမှာပါ။ နည်းပြတစ်ယောက်အနေနဲ့ ဒီလို ထုတ်ပြောတာက သူ့အသင်းကို ပုံစံပေးတော့မယ်လို့ ဆိုလိုက်တာလည်းဖြစ်ပြီး နိုင်ပွဲတစ်ပွဲကသာ သူ့အတွက် ကျေနပ်စေမှာဖြစ်ပါတယ်။ အဲဗာတန်တို့ကတော့ ချဲလ်ဆီးနဲ့ ချိတ်နေတဲ့ ဂေါ်ဒန်ကို ထိန်းနိုင်ရင်လည်း ပုံစံကောင်းရဖို့ မလွယ်သေးလို့ အိမ်ရှင်တွေပဲ အနိုင်ရသွားမှာပါ။ (လိဒ်စ် 2-0 အဲဗာတန်)

ဘုန်းမောက်-ဝုလ်ဗာဟမ့်ပ်တန်
ကိုးဂိုး-ဂိုးမရှိနဲ့ လီဗာပူးလ်ကို ရှုံးအပြီးမှာ စကော့ ပါကားတစ်ယောက် သူ့လူတွေကို စုစည်းထားနိုင်ပါ့မလားဆိုတာ သံသယရှိစရာပါပဲ။ အဖွင့်ပွဲမှာ ဗီလာကို အနိုင်ရပြီး မန်စီးတီး၊ အာဆင်နယ်၊ လီဗာပူးလ်တို့နဲ့ ဆက်တိုက်အမှတ်ပျောက်ခဲ့သလို ၁၆ ဂိုးအထိ ပေးခဲ့ရလို့ ဒီတစ်ခါ အိမ်ကွင်းမှာ တန်းမဆင်းရဖို့ ပြန်ရုန်းမယ်ဆိုရင်တော့ ရုန်းနိုင်ရမယ့် အချိန်ပါ။ ဝုလ်ဗ်စ်ကလည်း နိုင်ပွဲတစ်ပွဲမှ မရသေးဘဲ တန်းဆင်းဇုန်အထိ ကျဆင်းနေပြီး သူတို့ရဲ့ ကစားပုံနဲ့ ရလဒ်တွေက မကိုက်ညီသလို ဘာဖြစ်မယ်ဆိုတာတောင် ခန့်မှန်းဖို့ ခက်တဲ့ အသင်းဖြစ်ပါတယ်။ တစ်ခါတစ်လေတော့ စိတ်ဓာတ်ပိုပြင်းပြမယ့် အိမ်ရှင်တွေကို ယုံကြည့်ဖို့ ကောင်းပါတယ်။ (ဘုန်းမောက် 1-0 ဝုလ်ဗ်စ်)

မန်ချက်စတာစီးတီး-နော့တင်ဟမ် ဖောရက်စ်
ဘယ်နှစ်ဂိုးသွင်းမယ်ထင်လဲလို့ လိုက်မေးရမယ့်ပွဲပါ။ စီးတီးတို့ရဲ့ ပုံစံကောင်းနဲ့ ရုန်းအားက ဒီလိုပွဲမျိုးကို လွယ်လွယ်ကူကူ နိုင်နိုင်သလို စပါးစ်နဲ့ ပွဲမှာ အသင်းကြီးတွေနဲ့ ယှဉ်လို့မရသေးတဲ့ ပုံစံကို ပြသသွားတဲ့ ဖောရက်စ်တို့က ရှုံးပွဲဆက်ဖို့ပဲ များနေပါတယ်။ ဟန်ဒါဆန် လက်စွမ်းပြနေပေမယ့် နည်းပြ ကူးပါးအနေနဲ့ လူသစ်တွေကို နေရာမချနိုင်သေးဘဲ ရှိနေသလို အချင်းချင်း အစေးကပ်ဖို့နဲ့ အကောင်းဆုံး ၁၁ ယောက်ကို သိဖို့လည်း အချိန်ယူရဦးမှာပါ။ ဟားလန်းကတော့ လေးပွဲမှာ ဘောလုံးထိချက် ၃၅ ချက်သာ ရှိသေးပေမယ့် ၆ ဂိုး ရထားခဲ့လို့ သူ့ကို ရွှေဖိနပ် ကြိုအပ်ထားရင် ကောင်းမယ်ထင်ပါတယ်။ စီးတီးတို့ ဂိုးပြတ်အနိုင်ရမှာပါ။ (မန်စီးတီး 5-0 ဖောရက်စ်)

အာဆင်နယ်-အက်စ်တန်ဗီလာ
ဗီလာတို့ရဲ့ ရုန်းကန်နေရတဲ့ ပုံစံကြောင့် အာဆင်နယ်တို့ နိုင်ပွဲရဖို့ လွယ်ကောင်းလွယ်နိုင်ပါတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ မခံချင်စိတ်နဲ့ ရုန်းထလာနိုင်တာကို ကြောက်ရပြီး အသင်းဟောင်းနဲ့ဆို လက်စွမ်းပြတတ်တဲ့ ဂိုးသမား မာတီနက်ဇ်ကိုလည်း စိုးရိမ်ရပါတယ်။ အာတီတာအနေနဲ့ သူ့ရဲ့ အကောင်းဆုံးလူတွေကို စနစ်တကျ သုံးစွဲနေပေမယ့် ဂျရတ်ကတော့ ဘယ်သူက ပွဲထွက်သင့်သလဲဆိုတာတောင် ကောင်းကောင်းမသိတဲ့ ပုံစံမျိုးဖြစ်နေလို့ ဗီလာဖန်ဆိုရင်တော့ စိတ်ဆင်းရဲစရာပါပဲ။ အော်ဒီဂွါဒ် ဦးဆောင်ကစားနေတဲ့ အသင်းက ပုံစံကောင်းရှိနေလို့ အာဆင်နယ်တို့ လူမစုံဘူးဆိုရင်တောင် အနိုင်ရဖို့ ဖြစ်နိုင်ပါလိမ့်မယ်။ (အာဆင်နယ် 2-1 ဗီလာ)

ဝက်စ်ဟမ်း-တော့တင်ဟမ် ဟော့စပါးစ်
ဗီလာနဲ့ အဝေးကွင်းပွဲမှာ နိုင်ပွဲစရလိုက်တဲ့ ဝက်စ်ဟမ်းတို့ ဒီနေ့ပွဲမှာ ရလဒ်ကောင်းဖို့ တွန်းအားရှိနေပြီး ကြိုးစားကြတော့မှာပါ။ စပါးစ်တို့ကတော့ ပုံစံကောင်း မရသေးပေမယ့် ရလဒ်ကောင်းတွေ ရထားပြီး တစ်နည်းအားဖြင့်တော့ ပုံစံနဲ့ ရလဒ် မတန်ဘူးလို့ ဆိုရပါလိမ့်မယ်။ ရစ်ချာလစ်ဆန်ကတော့ ပြီးခဲ့တဲ့ ပွဲမှာ နေမာပုံစံအတိုင်း မြို့မေတ္တာခံယူခဲ့ပြီး ဘရင်နန် ဂျွန်ဆန် သမတာ ခံခဲ့ရသလို မာနကြီးတဲ့ ကစားသမားတွေရှေ့မှာ အဲ့ဒီလို ကျောသလို မောသလို ပုံမျိုးလုပ်ရင် ထပ်ကြိတ်ခံရဦးမှာပါ။ လန်ဒန်ဒါဘီဖြစ်နေတဲ့အတွက် ရလဒ်တွေက ပြတ်သားဖို့ မလွယ်သလို ပရိသတ်တွေကလည်း အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်လာကြဦးမှာဆိုတော့ သရေကျဖို့ပဲ များနေပါတယ်။ (ဝက်စ်ဟမ်း 1-1 စပါးစ်)

လီဗာပူးလ်-နယူးကာဆယ်လ်ယူနိုက်တက်
နယူးကာဆယ်လ်တို့ ရှုံးပွဲမရှိသေးဘဲ လီဗာပူးလ်တို့နဲ့ တွေ့ဆုံရာမှာရော ဆက်ထိန်းထားနိုင်မလား စောင့်ကြည့်ရမှာပါ။ လီဗာပူးလ်တို့ကတော့ ဘုန်းမောက်ကို စံချိန်တင်ရလဒ်နဲ့ ထပ်တူဖြစ်တဲ့ ကိုးဂိုးသွင်းခဲ့ပေမယ့် လူမစုံသေးဘဲ ကွင်းလယ်မှာ လူငယ်တွေနဲ့ ကစားနေခဲ့ရတာက အားနည်းချက် ဖြစ်နေပါတယ်။ နယူးကာဆယ်လ်တို့အနေနဲ့ တိုက်စစ်မှာတော့ ထင်သလောက် မကောင်းသေးသလို စန်မက်ဇီမန်တစ်ယောက်ပဲ ခြေမှန်လို့ သူ့အပေါ် ပုံအပ်နေရတာဖြစ်ပြီး နည်းပြ အက်ဒီဟောင်းကလည်း မဆိုးဘူးဆိုပေမယ့် အသင်းကြီးတွေနဲ့ဆိုရင် နည်းနည်းနုသေးတာမို့ ယာဂန် ကလော့ပ်ဘက်က နှစ်ဂိုးလောက်ဆိုရင် မျှတမယ်ထင်ပါတယ်။ (လီဗာပူးလ် 2-0 နယူးကာဆယ်လ်)

လက်စတာစီးတီး-မန်ချက်စတာယူနိုက်တက်
ဆောက်သမ်တန်နဲ့ပွဲမှာ ယူနိုက်တက်တို့ သူတို့ရဲ့ ကံကောင်းမှုနဲ့ နိုင်ပွဲရခဲ့တာလို့ မညှာမတာ ဝေဖန်ရပါလိမ့်မယ်။ သူတို့ရဲ့ ကစားပုံက မကောင်းသလို ဆောက်သမ်တန်ကတော့ အဲ့ဒီထက် ပိုဆိုးရွားခဲ့တာပါ။ လက်စတာတို့ကတော့ ဆယ်ယောက်နဲ့ ချဲလ်ဆီးကို ကစားရတာတောင် မနိုင်ဘူး ဆိုတာက သူတို့မဟုတ်သလို ပုံစံကို ပြသနေပါတယ်။ ဖိုဖာနာက အသင်းက ထွက်သွားပြီဖြစ်သလို တီးလီးမန်းစ်နဲ့ မက်ဒီဆန်တို့ အပြောင်းအရွှေ့ကာလမှာ ဗျာများနေတာကလည်း ရလဒ်တွေကို ကျဆင်းစေပါတယ်။ လီဗာပူးလ်ရဲ့ ကစားပုံ ဆိုးရွားလွန်းလို့ နိုင်ခဲ့ပြီး ဆောက်သမ်တန်ကိုလည်း ဒီနည်းနဲ့ပဲ နိုင်ခဲ့သလို လက်စတာကိုလည်း ဒီလိုပဲ ထပ်ဖြစ်ဦးမလား မသိပေမယ့် သူတို့ရဲ့ အိမ်ကွင်းက ကစားပုံက ပိုကောင်းလို့ သရေပဲဖြစ်နိုင်ပါတယ်။ (လက်စတာ 2-2 မန်ယူ)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခရစၥတယ္လ္ပဲေလ့စ္-ဘရန႔္ဖို႔ဒ္
ဇာဟာ မပါေပမယ့္ မန္စီးတီးကို ပထမပိုင္းမွာ အႏိုင္ယူႏိုင္ခဲ့တဲ့ ပဲေလ့စ္တို႔ ပုံစံကို အမွတ္ေကာင္းေကာင္း ေပးရပါလိမ့္မယ္။ ဒီပြဲမွာေတာ့ ဇာဟာ ျပန္ကစားမလား၊ ခ်ဲလ္ဆီးနဲ႔ ခ်ိတ္ဆက္တာပဲ ေအာင္ျမင္သြားလို႔ ေျပာင္းေ႐ႊ႕မလားေတာ့ မေျပာႏိုင္ပါဘူး။ အဲဗာတန္ကို သေရက်တဲ့ပြဲမွာ ဘရန႔္ဖို႔ဒ္တို႔ရဲ႕ ႐ုန္းအားကေတာ့ ေလ်ာ့တိေလ်ာ့ရဲျဖစ္ေနသလိုပါပဲ။ ဇာဟာ ပါပါမပါပါ ပဲေလ့စ္တို႔အေနနဲ႔ အိမ္ကြင္းေကာင္းၿပီး ကစားပုံလည္း မာေက်ာလို႔ ဒီေန႔ပြဲမွာ အႏိုင္ရသြားဖို႔ မ်ားေနပါတယ္။ (ပဲေလ့စ္ 2-1 ဘရန႔္ဖို႔ဒ္)

ဖူလ္ဟမ္-ဘ႐ိုက္တန္
အာဆင္နယ္နဲ႔ပြဲမွာ ဖူလ္ဟမ္က ေတာ္ေတာ္ေလးေကာင္းခဲ့ၿပီး အႏိုင္ကို မထိန္းႏိုင္ခဲ့လို႔ အမွတ္ေပ်ာက္ခဲ့ရတာပါ။ ဘ႐ိုက္တန္တို႔ကေတာ့ ပုံစံေကာင္း ရေနၿပီး ဂိုးေရွ႕မွာေတာ့ ဒီထက္ ပိုေကာင္းဖို႔ လိုေနေသးတာကို ေတြ႕ရပါတယ္။ ဘ႐ိုက္တန္တို႔ ဖန္တီးမႈပိုင္းမွာ ေကာင္းေပမယ့္ အဆုံးသတ္ဖို႔ အရမ္းခက္ခဲေနတာမ်ိဳးေတာ့ မျဖစ္သင့္ဘူး ထင္မိၿပီး ဒါကလည္း အေထာင္တိုက္စစ္မွာ လူေကာင္း မရွိတဲ့ ပုံစံကို ျပသေနတာပါ။ ဒီပြဲကေတာ့ ရင္ခုန္စရာ ေကာင္းေကာင္းျဖစ္မယ္လို႔ ေထာက္ခံခ်င္ၿပီး ဂိုးသြင္းၿပီး သေရက်သြားၾကမယ္လို႔ ယူဆရပါတယ္။ (ဖူလ္ဟမ္ 2-2 ဘ႐ိုက္တန္)

ေဆာက္သမ္တန္-ခ်ဲလ္ဆီး
လက္စတာနဲ႔ပြဲမွာ တစ္ေယာက္ေလ်ာ့နဲ႔ အႏိုင္ကစားႏိုင္ခဲ့တာေၾကာင့္ ခ်ဲလ္ဆီးတို႔ စိတ္ဓာတ္တက္ႂကြေနမွာ ေသခ်ာပါတယ္။ ဒါေပမယ့္ အေဝးကြင္းမွာ သူတို႔ေတြ ဘယ္လိုၿပိဳလဲတတ္သလဲဆိုတာကိုေတာ့ ျပင္ဆင္ႏိုင္ဖို႔ လုပ္ေဆာင္ရမွာျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္လိုမ်ိဳး ေဆာက္သမ္တန္ကို လိုအပ္တဲ့ ႏိုင္ပြဲ ရယူႏိုင္ဖို႔ ထိန္းခ်ဳပ္ကစားႏိုင္ရမွာပါ။ အိမ္ရွင္ေတြအတြက္ေတာ့ သူတို႔ရဲ႕ ၿပိဳင္ဘက္ကို ေက်ာ္လြန္ႏိုင္ဖို႔ စြမ္းတာထက္ ပိုၿပီး လုပ္ျပရမလိုျဖစ္ေနသလို ကစားပုံကလည္း တည္ၿငိမ္ျခင္း မရွိေသးတာေၾကာင့္ ခ်ဲလ္ဆီးတို႔ လြယ္လြယ္ႏိုင္သြားလိမ့္မယ္ထင္ပါတယ္။ (စိန႔္ 0-3 ခ်ဲလ္ဆီး)

လိဒ္စ္ယူႏိုက္တက္-အဲဗာတန္
ၿပီးခဲ့တဲ့ ဘ႐ိုက္တန္ကို ရႈံးပြဲမွာ သူ႔ရဲ႕ ကစားသမားေတြအေနနဲ႔ ၫႊန္ၾကားထားတဲ့အတိုင္း မကစားႏိုင္ဘူးလို႔ လိဒ္စ္နည္းျပ ဂ်က္ဆီ မာ့ရွ္က ထုတ္ေဖာ္သြားခဲ့ၿပီး အခုပြဲကေတာ့ ဒါကို ျပန္လည္ျပင္ဆင္ဖို႔ လုပ္ေဆာင္လာၾကမွာပါ။ နည္းျပတစ္ေယာက္အေနနဲ႔ ဒီလို ထုတ္ေျပာတာက သူ႔အသင္းကို ပုံစံေပးေတာ့မယ္လို႔ ဆိုလိုက္တာလည္းျဖစ္ၿပီး ႏိုင္ပြဲတစ္ပြဲကသာ သူ႔အတြက္ ေက်နပ္ေစမွာျဖစ္ပါတယ္။ အဲဗာတန္တို႔ကေတာ့ ခ်ဲလ္ဆီးနဲ႔ ခ်ိတ္ေနတဲ့ ေဂၚဒန္ကို ထိန္းႏိုင္ရင္လည္း ပုံစံေကာင္းရဖို႔ မလြယ္ေသးလို႔ အိမ္ရွင္ေတြပဲ အႏိုင္ရသြားမွာပါ။ (လိဒ္စ္ 2-0 အဲဗာတန္)

ဘုန္းေမာက္-ဝုလ္ဗာဟမ့္ပ္တန္
ကိုးဂိုး-ဂိုးမရွိနဲ႔ လီဗာပူးလ္ကို ရႈံးအၿပီးမွာ စေကာ့ ပါကားတစ္ေယာက္ သူ႔လူေတြကို စုစည္းထားႏိုင္ပါ့မလားဆိုတာ သံသယရွိစရာပါပဲ။ အဖြင့္ပြဲမွာ ဗီလာကို အႏိုင္ရၿပီး မန္စီးတီး၊ အာဆင္နယ္၊ လီဗာပူးလ္တို႔နဲ႔ ဆက္တိုက္အမွတ္ေပ်ာက္ခဲ့သလို ၁၆ ဂိုးအထိ ေပးခဲ့ရလို႔ ဒီတစ္ခါ အိမ္ကြင္းမွာ တန္းမဆင္းရဖို႔ ျပန္႐ုန္းမယ္ဆိုရင္ေတာ့ ႐ုန္းႏိုင္ရမယ့္ အခ်ိန္ပါ။ ဝုလ္ဗ္စ္ကလည္း ႏိုင္ပြဲတစ္ပြဲမွ မရေသးဘဲ တန္းဆင္းဇုန္အထိ က်ဆင္းေနၿပီး သူတို႔ရဲ႕ ကစားပုံနဲ႔ ရလဒ္ေတြက မကိုက္ညီသလို ဘာျဖစ္မယ္ဆိုတာေတာင္ ခန႔္မွန္းဖို႔ ခက္တဲ့ အသင္းျဖစ္ပါတယ္။ တစ္ခါတစ္ေလေတာ့ စိတ္ဓာတ္ပိုျပင္းျပမယ့္ အိမ္ရွင္ေတြကို ယုံၾကည့္ဖို႔ ေကာင္းပါတယ္။ (ဘုန္းေမာက္ 1-0 ဝုလ္ဗ္စ္)

မန္ခ်က္စတာစီးတီး-ေနာ့တင္ဟမ္ ေဖာရက္စ္
ဘယ္ႏွစ္ဂိုးသြင္းမယ္ထင္လဲလို႔ လိုက္ေမးရမယ့္ပြဲပါ။ စီးတီးတို႔ရဲ႕ ပုံစံေကာင္းနဲ႔ ႐ုန္းအားက ဒီလိုပြဲမ်ိဳးကို လြယ္လြယ္ကူကူ ႏိုင္ႏိုင္သလို စပါးစ္နဲ႔ ပြဲမွာ အသင္းႀကီးေတြနဲ႔ ယွဥ္လို႔မရေသးတဲ့ ပုံစံကို ျပသသြားတဲ့ ေဖာရက္စ္တို႔က ရႈံးပြဲဆက္ဖို႔ပဲ မ်ားေနပါတယ္။ ဟန္ဒါဆန္ လက္စြမ္းျပေနေပမယ့္ နည္းျပ ကူးပါးအေနနဲ႔ လူသစ္ေတြကို ေနရာမခ်ႏိုင္ေသးဘဲ ရွိေနသလို အခ်င္းခ်င္း အေစးကပ္ဖို႔နဲ႔ အေကာင္းဆုံး ၁၁ ေယာက္ကို သိဖို႔လည္း အခ်ိန္ယူရဦးမွာပါ။ ဟားလန္းကေတာ့ ေလးပြဲမွာ ေဘာလုံးထိခ်က္ ၃၅ ခ်က္သာ ရွိေသးေပမယ့္ ၆ ဂိုး ရထားခဲ့လို႔ သူ႔ကို ေ႐ႊဖိနပ္ ႀကိဳအပ္ထားရင္ ေကာင္းမယ္ထင္ပါတယ္။ စီးတီးတို႔ ဂိုးျပတ္အႏိုင္ရမွာပါ။ (မန္စီးတီး 5-0 ေဖာရက္စ္)

အာဆင္နယ္-အက္စ္တန္ဗီလာ
ဗီလာတို႔ရဲ႕ ႐ုန္းကန္ေနရတဲ့ ပုံစံေၾကာင့္ အာဆင္နယ္တို႔ ႏိုင္ပြဲရဖို႔ လြယ္ေကာင္းလြယ္ႏိုင္ပါတယ္။ ဒါေပမယ့္ တစ္ခ်ိန္တည္းမွာပဲ မခံခ်င္စိတ္နဲ႔ ႐ုန္းထလာႏိုင္တာကို ေၾကာက္ရၿပီး အသင္းေဟာင္းနဲ႔ဆို လက္စြမ္းျပတတ္တဲ့ ဂိုးသမား မာတီနက္ဇ္ကိုလည္း စိုးရိမ္ရပါတယ္။ အာတီတာအေနနဲ႔ သူ႔ရဲ႕ အေကာင္းဆုံးလူေတြကို စနစ္တက် သုံးစြဲေနေပမယ့္ ဂ်ရတ္ကေတာ့ ဘယ္သူက ပြဲထြက္သင့္သလဲဆိုတာေတာင္ ေကာင္းေကာင္းမသိတဲ့ ပုံစံမ်ိဳးျဖစ္ေနလို႔ ဗီလာဖန္ဆိုရင္ေတာ့ စိတ္ဆင္းရဲစရာပါပဲ။ ေအာ္ဒီဂြါဒ္ ဦးေဆာင္ကစားေနတဲ့ အသင္းက ပုံစံေကာင္းရွိေနလို႔ အာဆင္နယ္တို႔ လူမစုံဘူးဆိုရင္ေတာင္ အႏိုင္ရဖို႔ ျဖစ္ႏိုင္ပါလိမ့္မယ္။ (အာဆင္နယ္ 2-1 ဗီလာ)

ဝက္စ္ဟမ္း-ေတာ့တင္ဟမ္ ေဟာ့စပါးစ္
ဗီလာနဲ႔ အေဝးကြင္းပြဲမွာ ႏိုင္ပြဲစရလိုက္တဲ့ ဝက္စ္ဟမ္းတို႔ ဒီေန႔ပြဲမွာ ရလဒ္ေကာင္းဖို႔ တြန္းအားရွိေနၿပီး ႀကိဳးစားၾကေတာ့မွာပါ။ စပါးစ္တို႔ကေတာ့ ပုံစံေကာင္း မရေသးေပမယ့္ ရလဒ္ေကာင္းေတြ ရထားၿပီး တစ္နည္းအားျဖင့္ေတာ့ ပုံစံနဲ႔ ရလဒ္ မတန္ဘူးလို႔ ဆိုရပါလိမ့္မယ္။ ရစ္ခ်ာလစ္ဆန္ကေတာ့ ၿပီးခဲ့တဲ့ ပြဲမွာ ေနမာပုံစံအတိုင္း ၿမိဳ႕ေမတၱာခံယူခဲ့ၿပီး ဘရင္နန္ ဂြၽန္ဆန္ သမတာ ခံခဲ့ရသလို မာနႀကီးတဲ့ ကစားသမားေတြေရွ႕မွာ အဲ့ဒီလို ေက်ာသလို ေမာသလို ပုံမ်ိဳးလုပ္ရင္ ထပ္ႀကိတ္ခံရဦးမွာပါ။ လန္ဒန္ဒါဘီျဖစ္ေနတဲ့အတြက္ ရလဒ္ေတြက ျပတ္သားဖို႔ မလြယ္သလို ပရိသတ္ေတြကလည္း အေရးပါတဲ့ အခန္းက႑က ပါဝင္လာၾကဦးမွာဆိုေတာ့ သေရက်ဖို႔ပဲ မ်ားေနပါတယ္။ (ဝက္စ္ဟမ္း 1-1 စပါးစ္)

လီဗာပူးလ္-နယူးကာဆယ္လ္ယူႏိုက္တက္
နယူးကာဆယ္လ္တို႔ ရႈံးပြဲမရွိေသးဘဲ လီဗာပူးလ္တို႔နဲ႔ ေတြ႕ဆုံရာမွာေရာ ဆက္ထိန္းထားႏိုင္မလား ေစာင့္ၾကည့္ရမွာပါ။ လီဗာပူးလ္တို႔ကေတာ့ ဘုန္းေမာက္ကို စံခ်ိန္တင္ရလဒ္နဲ႔ ထပ္တူျဖစ္တဲ့ ကိုးဂိုးသြင္းခဲ့ေပမယ့္ လူမစုံေသးဘဲ ကြင္းလယ္မွာ လူငယ္ေတြနဲ႔ ကစားေနခဲ့ရတာက အားနည္းခ်က္ ျဖစ္ေနပါတယ္။ နယူးကာဆယ္လ္တို႔အေနနဲ႔ တိုက္စစ္မွာေတာ့ ထင္သေလာက္ မေကာင္းေသးသလို စန္မက္ဇီမန္တစ္ေယာက္ပဲ ေျခမွန္လို႔ သူ႔အေပၚ ပုံအပ္ေနရတာျဖစ္ၿပီး နည္းျပ အက္ဒီေဟာင္းကလည္း မဆိုးဘူးဆိုေပမယ့္ အသင္းႀကီးေတြနဲ႔ဆိုရင္ နည္းနည္းႏုေသးတာမို႔ ယာဂန္ ကေလာ့ပ္ဘက္က ႏွစ္ဂိုးေလာက္ဆိုရင္ မွ်တမယ္ထင္ပါတယ္။ (လီဗာပူးလ္ 2-0 နယူးကာဆယ္လ္)

လက္စတာစီးတီး-မန္ခ်က္စတာယူႏိုက္တက္
ေဆာက္သမ္တန္နဲ႔ပြဲမွာ ယူႏိုက္တက္တို႔ သူတို႔ရဲ႕ ကံေကာင္းမႈနဲ႔ ႏိုင္ပြဲရခဲ့တာလို႔ မညႇာမတာ ေဝဖန္ရပါလိမ့္မယ္။ သူတို႔ရဲ႕ ကစားပုံက မေကာင္းသလို ေဆာက္သမ္တန္ကေတာ့ အဲ့ဒီထက္ ပိုဆိုး႐ြားခဲ့တာပါ။ လက္စတာတို႔ကေတာ့ ဆယ္ေယာက္နဲ႔ ခ်ဲလ္ဆီးကို ကစားရတာေတာင္ မႏိုင္ဘူး ဆိုတာက သူတို႔မဟုတ္သလို ပုံစံကို ျပသေနပါတယ္။ ဖိုဖာနာက အသင္းက ထြက္သြားၿပီျဖစ္သလို တီးလီးမန္းစ္နဲ႔ မက္ဒီဆန္တို႔ အေျပာင္းအေ႐ႊ႕ကာလမွာ ဗ်ာမ်ားေနတာကလည္း ရလဒ္ေတြကို က်ဆင္းေစပါတယ္။ လီဗာပူးလ္ရဲ႕ ကစားပုံ ဆိုး႐ြားလြန္းလို႔ ႏိုင္ခဲ့ၿပီး ေဆာက္သမ္တန္ကိုလည္း ဒီနည္းနဲ႔ပဲ ႏိုင္ခဲ့သလို လက္စတာကိုလည္း ဒီလိုပဲ ထပ္ျဖစ္ဦးမလား မသိေပမယ့္ သူတို႔ရဲ႕ အိမ္ကြင္းက ကစားပုံက ပိုေကာင္းလို႔ သေရပဲျဖစ္ႏိုင္ပါတယ္။ (လက္စတာ 2-2 မန္ယူ)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.