Premier League Transfer News

30 Aug နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်တို့အနေနဲ့ တောင်ပံကစားသမားသစ်တစ်ဦးကို ထပ်မံခေါ်ယူဖို့ လက်ကျန် အပြောင်းအရွှေ့ကာလ ကုန်ဆုံးမယ့် ကြာသပတေးနေ့အမီ ခေါ်ယူသွားလိမ့်မယ်လို့ ဖာဘရီဇီယို ရိုမာနိုက ခန့်မှန်းလိုက်ပြီး စပိန်အခြေစိုက် ကစားသမားတွေ ဖြစ်ကြတဲ့ ယယ်ရမီ ပီနိုနဲ့ မာကို အဆန်စီယိုတို့ကို ထင်မြင်ချက်ပေး။

– ဂန်းနားတွေအနေနဲ့ တောင်ပံပစ်မှတ်အတွက် အသက်ငယ်တဲ့ ကစားသမားသစ် တစ်ဦးကို အလိုရှိနေပြီး ရှက်ခ်တာဒိုးနက်စ်ခ်ရဲ့ ယူကရိန်း တောင်ပံကစားသမား မိုက်ခါလို မူဒရစ်ခ်ကို‌ ခေါ်ယူဖို့ ပြင်ဆင်နေသလို ပေါင်သန်း ၃၀ သတ်မှတ်ဈေးအတွက် ညှိနှိုင်းသွားဖို့ ပြင်ဆင်နေ။

– လက်စတာစီးတီးကွင်းလယ်လူ ယူရီ တီးလီးမန်းစ်ကို အာဆင်နယ်တို့ အလိုရှိနေပေမယ့် မြေခွေးတွေဘက်က သဘောထားပျော့ပျောင်းမှုကို စောင့်ဆိုင်းနေပြီး ကျွမ်းကျင်သူတွေ ခန့်မှန်းတဲ့အတိုင်း လက်ကျန်စာချုပ် ၁၀ လသာ ရှိတော့ချိန်မှာ ပေါင် ၁၇ သန်းနဲ့ ရရှိရင် ခေါ်ယူသွားဖို့ အသင့်ပြင်ထား။

– အာဆင်နယ်တို့အနေနဲ့ တောင်ပံ ကစားသမားသစ် ခေါ်ယူဖို့အတွက် အသည်းအသန် ကြိုးစားမနေလည်း ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ထောက်ပြလိုက်ပြီး ဖာဘီယို ဗီယာရာနဲ့ မားကင်ညို့စ်တို့ကို ဘူကာယို ဆာကာရဲ့ အရန်အဖြစ် သုံးစွဲနိုင်သလို ကွင်းလယ်အထိုင်အတွက်ပဲ ဦးစားပေးရလိမ့်မယ်လို့ ညွှန်ပြခဲ့ကြ။

– ဘရိုက်တန်အသင်းမှာ ခြေစွမ်းပြနေတဲ့ အသက် ၂၀ အရွယ် လူငယ်ကွင်းလယ်လူ မွိုက်ဆက်စ် ကိုင်စီဒိုကို ဒီနွေရာသီမှာ အာဆင်နယ်တို့ စိတ်ဝင်စားရုံ စိတ်ဝင်စားပြီး မခေါ်ယူဖြစ်ခဲ့ဘူးဆိုရင်တော့ ဒါဟာ မိုက်မဲတာပဲလို့ ဒေးလီးအိပ်စ်ပရက်စ် ဂျာနယ်လစ် ရိုင်ယန် တေလာက ဝေဖန်လိုက်ပြီး သူတို့ရဲ့ ရည်မှန်းချက်တွေအတွက် လက်မနှေးသင့်ဘူးလို့ဆို။

– အသင်းမှာ စွယ်စုံရကစားသမားဆိုပြီး ဆရာကြီးဖြစ်ရမယ့်အစား ကွင်းလယ်မှာပဲ ကစားချင်တယ်လို့ မူရင်း ငပေါကြီးဖြစ်သွားတဲ့ အိန်းစလီ မိတ်လန်းနိုင်းလ်စ်ကို ရောင်းချနိုင်ဖို့ အာဆင်နယ်တို့ ကမ်းလှမ်းမှုနှစ်ခု ရရှိထားပြီး ဆောက်သမ်တန်နဲ့ ဘုန်းမောက်တို့ ဖြစ်တယ်လို့ သတင်းကြားနေရသလို ဝက်စ်ဟမ်းနဲ့ ဖူလ်ဟမ်တို့ကလည်း စောင့်ကြည့်နေ။

– လောလောဆယ်မှာ အသင်းရဲ့ အစီအစဉ်ထဲမှာ မပါဘဲ ရောင်းချပြီး ဘဏ္ဏာရေး ထိန်းညှိဖို့ ငွေဖော်လို့ရမယ့် ကစားသမားမျိုး ရှိမနေသလို UEFA ရဲ့ စောင့်ကြည့်ခြင်း ခံနေရတဲ့အတွက် အာဆင်နယ်တို့အနေနဲ့ ပေါင်သန်း ၅၀ ကနေ ၆၀ ကြား ကျသင့်နိုင်တဲ့ ဝုလ်ဗ်စ်တောင်ပံသမား ပက်ဒရို နီတိုကို ကမ်းလှမ်းနိုင်ခြေနည်းလာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္တို႔အေနနဲ႔ ေတာင္ပံကစားသမားသစ္တစ္ဦးကို ထပ္မံေခၚယူဖို႔ လက္က်န္ အေျပာင္းအေ႐ႊ႕ကာလ ကုန္ဆုံးမယ့္ ၾကာသပေတးေန႔အမီ ေခၚယူသြားလိမ့္မယ္လို႔ ဖာဘရီဇီယို ႐ိုမာႏိုက ခန႔္မွန္းလိုက္ၿပီး စပိန္အေျခစိုက္ ကစားသမားေတြ ျဖစ္ၾကတဲ့ ယယ္ရမီ ပီႏိုနဲ႔ မာကို အဆန္စီယိုတို႔ကို ထင္ျမင္ခ်က္ေပး။

– ဂန္းနားေတြအေနနဲ႔ ေတာင္ပံပစ္မွတ္အတြက္ အသက္ငယ္တဲ့ ကစားသမားသစ္ တစ္ဦးကို အလိုရွိေနၿပီး ရွက္ခ္တာဒိုးနက္စ္ခ္ရဲ႕ ယူကရိန္း ေတာင္ပံကစားသမား မိုက္ခါလို မူဒရစ္ခ္ကို‌ ေခၚယူဖို႔ ျပင္ဆင္ေနသလို ေပါင္သန္း ၃၀ သတ္မွတ္ေဈးအတြက္ ညႇိႏႈိင္းသြားဖို႔ ျပင္ဆင္ေန။

– လက္စတာစီးတီးကြင္းလယ္လူ ယူရီ တီးလီးမန္းစ္ကို အာဆင္နယ္တို႔ အလိုရွိေနေပမယ့္ ေျမေခြးေတြဘက္က သေဘာထားေပ်ာ့ေပ်ာင္းမႈကို ေစာင့္ဆိုင္းေနၿပီး ကြၽမ္းက်င္သူေတြ ခန႔္မွန္းတဲ့အတိုင္း လက္က်န္စာခ်ဳပ္ ၁၀ လသာ ရွိေတာ့ခ်ိန္မွာ ေပါင္ ၁၇ သန္းနဲ႔ ရရွိရင္ ေခၚယူသြားဖို႔ အသင့္ျပင္ထား။

– အာဆင္နယ္တို႔အေနနဲ႔ ေတာင္ပံ ကစားသမားသစ္ ေခၚယူဖို႔အတြက္ အသည္းအသန္ ႀကိဳးစားမေနလည္း ျဖစ္တယ္လို႔ ကြၽမ္းက်င္သူေတြက ေထာက္ျပလိုက္ၿပီး ဖာဘီယို ဗီယာရာနဲ႔ မားကင္ညိဳ႕စ္တို႔ကို ဘူကာယို ဆာကာရဲ႕ အရန္အျဖစ္ သုံးစြဲႏိုင္သလို ကြင္းလယ္အထိုင္အတြက္ပဲ ဦးစားေပးရလိမ့္မယ္လို႔ ၫႊန္ျပခဲ့ၾက။

– ဘ႐ိုက္တန္အသင္းမွာ ေျခစြမ္းျပေနတဲ့ အသက္ ၂၀ အ႐ြယ္ လူငယ္ကြင္းလယ္လူ မြိဳက္ဆက္စ္ ကိုင္စီဒိုကို ဒီေႏြရာသီမွာ အာဆင္နယ္တို႔ စိတ္ဝင္စား႐ုံ စိတ္ဝင္စားၿပီး မေခၚယူျဖစ္ခဲ့ဘူးဆိုရင္ေတာ့ ဒါဟာ မိုက္မဲတာပဲလို႔ ေဒးလီးအိပ္စ္ပရက္စ္ ဂ်ာနယ္လစ္ ႐ိုင္ယန္ ေတလာက ေဝဖန္လိုက္ၿပီး သူတို႔ရဲ႕ ရည္မွန္းခ်က္ေတြအတြက္ လက္မေႏွးသင့္ဘူးလို႔ဆို။

– အသင္းမွာ စြယ္စုံရကစားသမားဆိုၿပီး ဆရာႀကီးျဖစ္ရမယ့္အစား ကြင္းလယ္မွာပဲ ကစားခ်င္တယ္လို႔ မူရင္း ငေပါႀကီးျဖစ္သြားတဲ့ အိန္းစလီ မိတ္လန္းႏိုင္းလ္စ္ကို ေရာင္းခ်ႏိုင္ဖို႔ အာဆင္နယ္တို႔ ကမ္းလွမ္းမႈႏွစ္ခု ရရွိထားၿပီး ေဆာက္သမ္တန္နဲ႔ ဘုန္းေမာက္တို႔ ျဖစ္တယ္လို႔ သတင္းၾကားေနရသလို ဝက္စ္ဟမ္းနဲ႔ ဖူလ္ဟမ္တို႔ကလည္း ေစာင့္ၾကည့္ေန။

– ေလာေလာဆယ္မွာ အသင္းရဲ႕ အစီအစဥ္ထဲမွာ မပါဘဲ ေရာင္းခ်ၿပီး ဘဏၰာေရး ထိန္းညႇိဖို႔ ေငြေဖာ္လို႔ရမယ့္ ကစားသမားမ်ိဳး ရွိမေနသလို UEFA ရဲ႕ ေစာင့္ၾကည့္ျခင္း ခံေနရတဲ့အတြက္ အာဆင္နယ္တို႔အေနနဲ႔ ေပါင္သန္း ၅၀ ကေန ၆၀ ၾကား က်သင့္ႏိုင္တဲ့ ဝုလ္ဗ္စ္ေတာင္ပံသမား ပက္ဒ႐ို နီတိုကို ကမ္းလွမ္းႏိုင္ေျခနည္းလာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.