Premier League

ဖိုဖာနာကို ဆေးစစ်ဖို့ အမေရိကားအထိ ချဲလ်ဆီးတို့ ဘာကြောင့်ပို့လိုက်တာလဲ

ချဲလ်ဆီးအသင်းဟာ ကာလရှည်ပစ်မှတ်ဖြစ်တဲ့ ဝက်စ်လေ ဖိုဖာနာကို ဆေးစစ်မှု အပြီးသတ်ဖို့အတွက် အမေရိကားကို ပို့လိုက်ပြီလို့ သိရပါတယ်။

အသက် ၂၁ နှစ်အရွယ်နောက်ခံကစားသမားဟာ ယခုနွေရာသီအပြောင်းအရွှေ့ကာလ အချိန်တော်တော်များများမှာ လက်စတာစီးတီးကနေ ထွက်ခွာဖို့ သတင်းတွေ အခိုင်အမာထွက်ပေါ်နေခဲ့သူဖြစ်ပြီး နောက်ဆုံးမှာတော့ ကင်းပါဝါကွင်းကို စွန့်ခွာဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဆီကနေ ကမ်းလှမ်းမှု အများအပြား ငြင်းပယ်ခဲ့ပြီးနောက် လက်စတာစီးတီးအသင်းဟာ နောက်ဆုံးမှာတော့ ပြင်သစ်နောက်ခံကစားသမားအတွက် ပေါင်သန်း ၇၀ ဝန်းကျင်နဲ့ သဘောတူညီလိုက်ပြီလို့ The Athletic က ဖော်ပြခဲ့ပြီး ဖိုဖာနာဟာ ချဲလ်ဆီးနဲ့ တစ်နှစ်သက်တမ်းတိုးခွင့်ပါဝင်တဲ့ ၅ နှစ်စာချုပ် ချုပ်ဆိုဖို့ သဘောတူညီလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

စာချုပ်ပါ အချက်အလက်အချို့ကို ပြီးခဲ့တဲ့အပတ်မှာ သဘောတူညီမှု ရရှိခဲ့တာဖြစ်ပေမယ့်လည်း ချဲလ်ဆီးအသင်းဟာ ကစားသမားသစ်ကို ဆေးစစ်ဖို့ နယူးယောက်ကို စေလွှတ်ခဲ့ပြီးနောက် ရက်တော်တော်ကြာတဲ့အထိ အပြောင်းအရွှေ့ကို တရားဝင် အပြီးသတ်နိုင်ဦးမှာမဟုတ်သေးတာဖြစ်ပါတယ်။

ဖိုဖာနာအနေနဲ့ ယူကေမှာလည်း ဆေးစစ်လို့ ရပေမယ့်လည်း ဘာကြောင့် အမေရိကားကို စေလွှတ်ခံခဲ့ရတာလဲဆိုတဲ့ မေးခွန်းကလည်း ရှိလာပြီး The Athletic ကလောင်ရှင် ဒေးဗစ် အွန်းစတိုင်းရဲ့ ပြောကြားချက်အရ ချဲလ်ဆီးအသင်းပိုင်ရှင် တော့ဒ် ဘိုလီဟာ ဒဏ်ရာပြဿနာတွေ ဆက်တိုက်ကြုံခဲ့ရတဲ့ ဖိုဖာနာကို စိတ်အေးလက်အေး အနားယူနိုင်ဖို့ပါ ရည်ရွယ်ပြီး အမေရိကားကို ပို့ထားတာဖြစ်တယ်လို့ သိရပါတယ်။

လက်စတာစီးတီး နောက်ခံကစားသမားဟာ ပြီးခဲ့တဲ့ရာသီတုန်းက ခြေထောက်ကျိုးပြီး ခြေချင်းဝတ် လွဲသွားခဲ့တာကြောင့် ၇ လအထိ အနားယူခဲ့ရတာဖြစ်ပြီး Football Insider နဲ့ အင်တာဗျူးမှာ ဆေးပညာအထူးကျွမ်းကျင်သူ ဘန် ဒင်နယ်ရီက ဖိုဖာနာရဲ့ ဒဏ်ရာဟာ ချဲလ်ဆီးအသင်းက ခေါ်ယူဖို့ ကြိုးပမ်းမှုကို မတားဆီးနိုင်ဘူးလို့ ပြောကြားခဲ့ပါတယ်။

“အကြီးမားဆုံးဒဏ်ရာက သူ့ရဲ့ခြေချင်းဝတ်ကျိုးပြီး နေရာလွဲသွားခဲ့တာပါ။ သူ ကာလရှည်ဒဏ်ရာပြဿနာကနေ ပြန်လာခဲ့ပြီး လက်စတာစီးတီးခံစစ်ကို ကူညီပေးနိုင်ခဲ့တယ်။ ခင်ဗျား ပြင်းထန်တဲ့ ဒဏ်ရာပြဿနာအကြောင်း ထည့်သွင်းစဉ်းစားတဲ့အခါမှာ အရမ်းကောင်းတဲ့ စွမ်းဆောင်ရည်အချို့လည်း ရှိခဲ့ပါတယ်။ ချဲလ်ဆီးကလည်း ဒဏ်ရာပြဿနာကို ကောင်းကောင်း သတိပြုမိမှာပါ”

“ခေါ်ယူဖို့ တကယ်စိတ်ဝင်စားခဲ့မယ်ဆိုရင် အဲဒါက ဆေးဘက်ဆိုင်ရာမှာ အာရုံစိုက်မှုရဲ့ တစ်စိတ်တပိုင်းပဲ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့်လည်း သူတို့တွေ အဲဒါကို ကျေနပ်ပြီး စစ်ဆေးမှုတွေကို အောင်မြင်ခဲ့မယ်ဆိုရင် ဒီကစားသမားနဲ့ပတ်သက်ပြီး ကာလရှည်ပြဿနာ ဘာတစ်ခုမှ ကျွန်တော် မမြင်ပါဘူး”

“သူက ပြန်ကောင်းလာကတည်းက ကြွက်သားပြဿနာအနည်းငယ် ရခဲ့ပေမယ့် အဲဒီလိုဖြစ်မယ်လို့ မျှော်လင့်ထားပြီးသားပါ။ သူက မှန်းထားတဲ့အချိန်ထက် နည်းနည်းစောပြီး ပြန်လာပြီးနောက် အချိန်အများစုမှာ ပါဝင်ကစားပေးနိုင်အောင် ကိုယ့်ဘာသာ ကိုယ်လုပ်ခဲ့တယ်။ အချိန်အများစုမှာ သူ့စွမ်းဆောင်ရည်က ဒဏ်ရာကနေ ပြန်ကောင်းလာပြီး ခြေစွမ်းကျဆင်းနေတဲ့ အရိပ်အယောင်မျိုး မပြသခဲ့ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးအသင္းဟာ ကာလရွည္ပစ္မွတ္ျဖစ္တဲ့ ဝက္စ္ေလ ဖိုဖာနာကို ေဆးစစ္မႈ အၿပီးသတ္ဖို႔အတြက္ အေမရိကားကို ပို႔လိုက္ၿပီလို႔ သိရပါတယ္။

အသက္ ၂၁ ႏွစ္အ႐ြယ္ေနာက္ခံကစားသမားဟာ ယခုေႏြရာသီအေျပာင္းအေ႐ႊ႕ကာလ အခ်ိန္ေတာ္ေတာ္မ်ားမ်ားမွာ လက္စတာစီးတီးကေန ထြက္ခြာဖို႔ သတင္းေတြ အခိုင္အမာထြက္ေပၚေနခဲ့သူျဖစ္ၿပီး ေနာက္ဆုံးမွာေတာ့ ကင္းပါဝါကြင္းကို စြန႔္ခြာဖို႔ ျပင္ဆင္ေနၿပီျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းဆီကေန ကမ္းလွမ္းမႈ အမ်ားအျပား ျငင္းပယ္ခဲ့ၿပီးေနာက္ လက္စတာစီးတီးအသင္းဟာ ေနာက္ဆုံးမွာေတာ့ ျပင္သစ္ေနာက္ခံကစားသမားအတြက္ ေပါင္သန္း ၇၀ ဝန္းက်င္နဲ႔ သေဘာတူညီလိုက္ၿပီလို႔ The Athletic က ေဖာ္ျပခဲ့ၿပီး ဖိုဖာနာဟာ ခ်ဲလ္ဆီးနဲ႔ တစ္ႏွစ္သက္တမ္းတိုးခြင့္ပါဝင္တဲ့ ၅ ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုဖို႔ သေဘာတူညီလိုက္ၿပီျဖစ္တယ္လို႔ သိရပါတယ္။

စာခ်ဳပ္ပါ အခ်က္အလက္အခ်ိဳ႕ကို ၿပီးခဲ့တဲ့အပတ္မွာ သေဘာတူညီမႈ ရရွိခဲ့တာျဖစ္ေပမယ့္လည္း ခ်ဲလ္ဆီးအသင္းဟာ ကစားသမားသစ္ကို ေဆးစစ္ဖို႔ နယူးေယာက္ကို ေစလႊတ္ခဲ့ၿပီးေနာက္ ရက္ေတာ္ေတာ္ၾကာတဲ့အထိ အေျပာင္းအေ႐ႊ႕ကို တရားဝင္ အၿပီးသတ္ႏိုင္ဦးမွာမဟုတ္ေသးတာျဖစ္ပါတယ္။

ဖိုဖာနာအေနနဲ႔ ယူေကမွာလည္း ေဆးစစ္လို႔ ရေပမယ့္လည္း ဘာေၾကာင့္ အေမရိကားကို ေစလႊတ္ခံခဲ့ရတာလဲဆိုတဲ့ ေမးခြန္းကလည္း ရွိလာၿပီး The Athletic ကေလာင္ရွင္ ေဒးဗစ္ အြန္းစတိုင္းရဲ႕ ေျပာၾကားခ်က္အရ ခ်ဲလ္ဆီးအသင္းပိုင္ရွင္ ေတာ့ဒ္ ဘိုလီဟာ ဒဏ္ရာျပႆနာေတြ ဆက္တိုက္ႀကဳံခဲ့ရတဲ့ ဖိုဖာနာကို စိတ္ေအးလက္ေအး အနားယူႏိုင္ဖို႔ပါ ရည္႐ြယ္ၿပီး အေမရိကားကို ပို႔ထားတာျဖစ္တယ္လို႔ သိရပါတယ္။

လက္စတာစီးတီး ေနာက္ခံကစားသမားဟာ ၿပီးခဲ့တဲ့ရာသီတုန္းက ေျခေထာက္က်ိဳးၿပီး ေျခခ်င္းဝတ္ လြဲသြားခဲ့တာေၾကာင့္ ၇ လအထိ အနားယူခဲ့ရတာျဖစ္ၿပီး Football Insider နဲ႔ အင္တာဗ်ဴးမွာ ေဆးပညာအထူးကြၽမ္းက်င္သူ ဘန္ ဒင္နယ္ရီက ဖိုဖာနာရဲ႕ ဒဏ္ရာဟာ ခ်ဲလ္ဆီးအသင္းက ေခၚယူဖို႔ ႀကိဳးပမ္းမႈကို မတားဆီးႏိုင္ဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

“အႀကီးမားဆုံးဒဏ္ရာက သူ႔ရဲ႕ေျခခ်င္းဝတ္က်ိဳးၿပီး ေနရာလြဲသြားခဲ့တာပါ။ သူ ကာလရွည္ဒဏ္ရာျပႆနာကေန ျပန္လာခဲ့ၿပီး လက္စတာစီးတီးခံစစ္ကို ကူညီေပးႏိုင္ခဲ့တယ္။ ခင္ဗ်ား ျပင္းထန္တဲ့ ဒဏ္ရာျပႆနာအေၾကာင္း ထည့္သြင္းစဥ္းစားတဲ့အခါမွာ အရမ္းေကာင္းတဲ့ စြမ္းေဆာင္ရည္အခ်ိဳ႕လည္း ရွိခဲ့ပါတယ္။ ခ်ဲလ္ဆီးကလည္း ဒဏ္ရာျပႆနာကို ေကာင္းေကာင္း သတိျပဳမိမွာပါ”

“ေခၚယူဖို႔ တကယ္စိတ္ဝင္စားခဲ့မယ္ဆိုရင္ အဲဒါက ေဆးဘက္ဆိုင္ရာမွာ အာ႐ုံစိုက္မႈရဲ႕ တစ္စိတ္တပိုင္းပဲ ျဖစ္ပါလိမ့္မယ္။ ဒါေပမယ့္လည္း သူတို႔ေတြ အဲဒါကို ေက်နပ္ၿပီး စစ္ေဆးမႈေတြကို ေအာင္ျမင္ခဲ့မယ္ဆိုရင္ ဒီကစားသမားနဲ႔ပတ္သက္ၿပီး ကာလရွည္ျပႆနာ ဘာတစ္ခုမွ ကြၽန္ေတာ္ မျမင္ပါဘူး”

“သူက ျပန္ေကာင္းလာကတည္းက ႂကြက္သားျပႆနာအနည္းငယ္ ရခဲ့ေပမယ့္ အဲဒီလိုျဖစ္မယ္လို႔ ေမွ်ာ္လင့္ထားၿပီးသားပါ။ သူက မွန္းထားတဲ့အခ်ိန္ထက္ နည္းနည္းေစာၿပီး ျပန္လာၿပီးေနာက္ အခ်ိန္အမ်ားစုမွာ ပါဝင္ကစားေပးႏိုင္ေအာင္ ကိုယ့္ဘာသာ ကိုယ္လုပ္ခဲ့တယ္။ အခ်ိန္အမ်ားစုမွာ သူ႔စြမ္းေဆာင္ရည္က ဒဏ္ရာကေန ျပန္ေကာင္းလာၿပီး ေျခစြမ္းက်ဆင္းေနတဲ့ အရိပ္အေယာင္မ်ိဳး မျပသခဲ့ပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.