Premier League

ဒဟေးယားရဲ့ကာကွယ်မှုအပြီး ပရိသတ်တွေမမြင်တွေ့ခဲ့တဲ့ မာတီနက်ဇ်ရဲ့တုံ့ပြန်မှု

မန်ချက်စတာယူနိုက်တက် နောက်ခံကစားသမားသစ်ဖြစ်တဲ့ လီဆန်ဒရို မာတီနက်ဇ်ဟာ ဆောက်သမ်တန်နဲ့ပွဲစဉ်မှာ ဒဟေးယားက အံ့အားသင့်ဖွယ် ကာကွယ်မှု ပြုလုပ်နိုင်ခဲ့ပြီးနောက် စိတ်အားထက်သန်တဲ့ တုံ့ပြန်မှုကို ပြုလုပ်ခဲ့ပါတယ်။

ဘရူနို ဖာနန်ဒက်စ်က အဲရစ် တန်ဟက်ရဲ့အသင်းကို ၁-၀ နဲ့ ဦးဆောင်နိုင်အောင် ၅၅ မိနစ်မှာ အလွန်လှပသေသပ်တဲ့ မြေမကျဘောနဲ့ ကန်သွင်းယူပေးသွားခဲ့တာကြောင့် ဆောက်သမ်တန်အသင်းက ချေပဂိုး ပြန်လည်သွင်းယူဖို့ ကြိုးပမ်းလာခဲ့ပြီး ယူနိုက်တက်ရဲ့ အာရုံစူးစိုက်မှုအဆင့်အတန်းဟာ အမြင့်မားဆုံးအဆင့်မှာ ရှိလာခဲ့တာဖြစ်ပါတယ်။

၆၆ မိနစ်မှာ အဒမ် အမ်းစထရောင်းက ဘယ်တောင်ပံကနေ ဖြတ်တင်ပေးပို့လိုက်ရာမှာ ဂျိုး အရီဘိုက မန်ချက်စတာယူနိုက်တက် ဂိုးပေါက်ဆီကို တန်းတန်းမတ်မတ်နဲ့ ခေါင်းတိုက် သွင်းယူခဲ့တာဖြစ်ပါတယ်။ ခေါင်းတိုက်ချက်က အားပါပြင်းထန်သလို ဂိုးပေါက်ဆီကို တည့်တည့် ဦးတည်လာပေမယ့်လည်း ဒဟေးယားဆီမှာ တခြားအကြံအစည်တစ်ခုရှိခဲ့ပြီး ဆောက်သမ်တန်အသင်းရဲ့ ချေပဂိုးကို ငြင်းပယ်ဖို့ အံ့အားသင့်ဖွယ် ကာကွယ်မှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ ဒဟေးယားရဲ့ လက်စွမ်းပြ ကာကွယ်ခဲ့တဲ့ ဗီဒီယိုဖိုင် ထွက်ပေါ်လာပြီဖြစ်ပြီး အဲဒီဗီဒီယိုဖိုင်ထဲမှာ မာတီနက်ဇ်ဆီကနေ အလွန်ကောင်းမွန်တဲ့ တုံ့ပြန်မှုကို မြင်တွေ့ခဲ့ရပြီး အာဂျင်တီးနားနောက်ခံကစားသမားဟာ စပိန်ဂိုးသမားနဲ့ မျက်နှာချင်းဆိုင် အော်ဟစ်ပြီး ခေါင်းကို ချစ်စနိုးနဲ့ ပုတ်ခဲ့တာဖြစ်ပါတယ်။

ပရိသတ်တွေက မာတီနက်ဇ်ရဲ့ အပြုအမူကို အလျင်အမြန်ပဲ တုံ့ပြန်ခဲ့ကြပြီး “သားသတ်သမားက အခုဆိုရင် ငါ့ရဲ့ အနှစ်သက်ဆုံး ကစားသမားသစ်ဖြစ်နေပြီ”လို့ ပရိသတ်တစ်ဦးက ရေးသားခဲ့ပြီး “ဒီကောင်လေးက နှစ်တော်တော်ကြာကြာ ပရိသတ်တွေ အနှစ်သက်ဆုံးကစားသမားဖြစ်လာတော့မယ်။ ငါတို့တွေ သူ့နားမှာ အရည်အသွေးရှိတဲ့ ကစားသမားတွေနဲ့ ဝန်းရံပေးပြီး ထိန်းသိမ်းထားဖို့တော့ လိုအပ်လိမ့်မယ်”လို့ နောက်ထပ် ပရိသတ်တစ်ဦးကလည်း မှတ်ချက်ပေးခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက် ဘာဖြစ်ဖြစ် အပြောအဆိုခံပြီး အားပေးလာတဲ့ ပရိသတ်တစ်ဦးဖြစ်ပုံရတဲ့ တွစ်တာအသုံးပြုသူတစ်ဦးကလည်း “နောက်တန်းမှာ ပိတ်ဆို့မှု၊ ကာကွယ်မှု၊ ဂိုးစည်းပေါ်က ရှင်းထုတ်မှုတွေအတွက် အောင်ပွဲခံတာကို ဂိုးသွင်းလို့ အောင်ပွဲခံတဲ့အတိုင်းပဲ နှစ်သက်မိတယ်။ ဟားဟား။ ဒါက ငါ စောင့်ဆိုင်းနေခဲ့တဲ့အရာပဲ”လို့ ပြောကြားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ၁-၀ နဲ့ ဦးဆောင်မှုကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ တနင်္လာနေ့ညက လီဗာပူးလ်ကို ၂-၁ နဲ့ အနိုင်ရရှိပြီးနောက် ပရီးမီးယားလိဂ် ၂ ပွဲဆက် နိုင်ပွဲ ရရှိခဲ့တာကြောင့် ဒဟေးယားရဲ့ ကာကွယ်မှုက အရေးကြီးခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္ ေနာက္ခံကစားသမားသစ္ျဖစ္တဲ့ လီဆန္ဒ႐ို မာတီနက္ဇ္ဟာ ေဆာက္သမ္တန္နဲ႔ပြဲစဥ္မွာ ဒေဟးယားက အံ့အားသင့္ဖြယ္ ကာကြယ္မႈ ျပဳလုပ္ႏိုင္ခဲ့ၿပီးေနာက္ စိတ္အားထက္သန္တဲ့ တုံ႔ျပန္မႈကို ျပဳလုပ္ခဲ့ပါတယ္။

ဘ႐ူႏို ဖာနန္ဒက္စ္က အဲရစ္ တန္ဟက္ရဲ႕အသင္းကို ၁-၀ နဲ႔ ဦးေဆာင္ႏိုင္ေအာင္ ၅၅ မိနစ္မွာ အလြန္လွပေသသပ္တဲ့ ေျမမက်ေဘာနဲ႔ ကန္သြင္းယူေပးသြားခဲ့တာေၾကာင့္ ေဆာက္သမ္တန္အသင္းက ေခ်ပဂိုး ျပန္လည္သြင္းယူဖို႔ ႀကိဳးပမ္းလာခဲ့ၿပီး ယူႏိုက္တက္ရဲ႕ အာ႐ုံစူးစိုက္မႈအဆင့္အတန္းဟာ အျမင့္မားဆုံးအဆင့္မွာ ရွိလာခဲ့တာျဖစ္ပါတယ္။

၆၆ မိနစ္မွာ အဒမ္ အမ္းစထေရာင္းက ဘယ္ေတာင္ပံကေန ျဖတ္တင္ေပးပို႔လိုက္ရာမွာ ဂ်ိဳး အရီဘိုက မန္ခ်က္စတာယူႏိုက္တက္ ဂိုးေပါက္ဆီကို တန္းတန္းမတ္မတ္နဲ႔ ေခါင္းတိုက္ သြင္းယူခဲ့တာျဖစ္ပါတယ္။ ေခါင္းတိုက္ခ်က္က အားပါျပင္းထန္သလို ဂိုးေပါက္ဆီကို တည့္တည့္ ဦးတည္လာေပမယ့္လည္း ဒေဟးယားဆီမွာ တျခားအႀကံအစည္တစ္ခုရွိခဲ့ၿပီး ေဆာက္သမ္တန္အသင္းရဲ႕ ေခ်ပဂိုးကို ျငင္းပယ္ဖို႔ အံ့အားသင့္ဖြယ္ ကာကြယ္မႈ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

လက္ရွိမွာေတာ့ ဒေဟးယားရဲ႕ လက္စြမ္းျပ ကာကြယ္ခဲ့တဲ့ ဗီဒီယိုဖိုင္ ထြက္ေပၚလာၿပီျဖစ္ၿပီး အဲဒီဗီဒီယိုဖိုင္ထဲမွာ မာတီနက္ဇ္ဆီကေန အလြန္ေကာင္းမြန္တဲ့ တုံ႔ျပန္မႈကို ျမင္ေတြ႕ခဲ့ရၿပီး အာဂ်င္တီးနားေနာက္ခံကစားသမားဟာ စပိန္ဂိုးသမားနဲ႔ မ်က္ႏွာခ်င္းဆိုင္ ေအာ္ဟစ္ၿပီး ေခါင္းကို ခ်စ္စႏိုးနဲ႔ ပုတ္ခဲ့တာျဖစ္ပါတယ္။

ပရိသတ္ေတြက မာတီနက္ဇ္ရဲ႕ အျပဳအမူကို အလ်င္အျမန္ပဲ တုံ႔ျပန္ခဲ့ၾကၿပီး “သားသတ္သမားက အခုဆိုရင္ ငါ့ရဲ႕ အႏွစ္သက္ဆုံး ကစားသမားသစ္ျဖစ္ေနၿပီ”လို႔ ပရိသတ္တစ္ဦးက ေရးသားခဲ့ၿပီး “ဒီေကာင္ေလးက ႏွစ္ေတာ္ေတာ္ၾကာၾကာ ပရိသတ္ေတြ အႏွစ္သက္ဆုံးကစားသမားျဖစ္လာေတာ့မယ္။ ငါတို႔ေတြ သူ႔နားမွာ အရည္အေသြးရွိတဲ့ ကစားသမားေတြနဲ႔ ဝန္းရံေပးၿပီး ထိန္းသိမ္းထားဖို႔ေတာ့ လိုအပ္လိမ့္မယ္”လို႔ ေနာက္ထပ္ ပရိသတ္တစ္ဦးကလည္း မွတ္ခ်က္ေပးခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ ဘာျဖစ္ျဖစ္ အေျပာအဆိုခံၿပီး အားေပးလာတဲ့ ပရိသတ္တစ္ဦးျဖစ္ပုံရတဲ့ တြစ္တာအသုံးျပဳသူတစ္ဦးကလည္း “ေနာက္တန္းမွာ ပိတ္ဆို႔မႈ၊ ကာကြယ္မႈ၊ ဂိုးစည္းေပၚက ရွင္းထုတ္မႈေတြအတြက္ ေအာင္ပြဲခံတာကို ဂိုးသြင္းလို႔ ေအာင္ပြဲခံတဲ့အတိုင္းပဲ ႏွစ္သက္မိတယ္။ ဟားဟား။ ဒါက ငါ ေစာင့္ဆိုင္းေနခဲ့တဲ့အရာပဲ”လို႔ ေျပာၾကားခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ၁-၀ နဲ႔ ဦးေဆာင္မႈကို ဆက္လက္ထိန္းသိမ္းႏိုင္ခဲ့ၿပီး ၿပီးခဲ့တဲ့ တနလၤာေန႔ညက လီဗာပူးလ္ကို ၂-၁ နဲ႔ အႏိုင္ရရွိၿပီးေနာက္ ပရီးမီးယားလိဂ္ ၂ ပြဲဆက္ ႏိုင္ပြဲ ရရွိခဲ့တာေၾကာင့္ ဒေဟးယားရဲ႕ ကာကြယ္မႈက အေရးႀကီးခဲ့တယ္လို႔ ဆိုရမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.