Ligue1

ကေဒရာမာကြည့်စရာမလိုဘဲ မက်ဆီ လူစားလဲခံရတာမြင်ရုံနဲ့ ခံစားမှုစုံလင်ခဲ့တဲ့ ပရိသတ်များ

မိုနာကိုအသင်းနဲ့ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်မှာ လူစားလဲလှယ်ခြင်း ခံခဲ့ရပြီးနောက် လီယွန်နယ်မက်ဆီရဲ့ မျက်နှာ အမူအရာဟာ ပရိသတ်တွေအတွက် ခံစားမှုတွေ အစုံအလင် ပေးစွမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

နေမာရဲ့ ဒုတိယပိုင်း ပင်နယ်တီက ကီဗင် ဗော်လန်းရဲ့ အဖွင့်ဂိုးကို ပယ်ဖျက်နိုင်ခဲ့တာကြောင့် လိဂန်းချန်ပီယံတွေဟာ ၄ ပွဲကစားပြီးနောက်မှာ အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ရှုံးပွဲမရှိ ဆက်လက် ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းအတွက် နောက်ဆုံး ၂၂ ပွဲမှာ မိနစ် ၉၀ အပြည့် ပါဝင်ကစားပေးခဲ့ပြီးနောက် မက်ဆီဟာ နည်းပြသစ် ခရစ္စတိုဖီ ဂဲလ်တီယာရဲ့ လူစား လဲလှယ်ခြင်းကို ခံခဲ့ရတာဖြစ်ပြီး အသင်းက အနိုင်ဂိုး သွင်းဖို့ ကြိုးပမ်းနေချိန် ၈၇ မိနစ်မှာ ပါဘလို ဆာရာဘီယာနဲ့ လူစားလဲလှယ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကင်မရာတွေက အရန်ခုံတန်းမှာ ထိုင်နေတဲ့ ဘလွန်ဒေါ ၇ ဆုရှင် လီယွန်နယ် မက်ဆီကို ရိုက်ပြခဲ့ချိန်မှာတော့ အာဂျင်တီးနားကြယ်ပွင့်ဟာ တော်တော်လေးကို စိတ်ပျက်ပြီး မကျေမနပ်ဖြစ်နေခဲ့ပုံပေါ်နေတာကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

ပုံမှန်အားဖြင့် မက်ဆီလို ကမ္ဘာ့ထိပ်တန်းအဆင့် ကစားသမားတစ်ဦးအနေနဲ့ လူစားလဲလှယ်ခြင်းခံရတယ်ဆိုတာဟာ ဒဏ်ရာရသွားလို့ သို့မဟုတ် အနိုင်သေချာနေလို့ ပရိသတ်တွေ လက်ခုပ်တီးသံ နားထောင်ပြီး ကွင်းထဲကနေ ထွက်ခွာရတာမျိုးပဲ ဖြစ်ရမှာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းနည်းပြဟောင်း ပက် ဂွါဒီယိုလာက အရင်တုန်းက ပြောခဲ့ဖူးတဲ့ စကားတစ်ခွန်းက မှတ်တမ်းတစ်ခုအဖြစ် ရှိနေခဲ့ပြီး အဲဒီစကားကတော့ မက်ဆီဟာ ဘယ်လို အခြေအနေမျိုးမှာမှ လူစားလဲလှယ်ခြင်း မခံရသင့်ဘူးဆိုတာပဲ ဖြစ်ပါတယ်။

“ခင်ဗျား သူ ဘာပြောမလဲဆိုတာကို အရမ်းကို ဂရုတစိုက်နဲ့ နားထောင်ရမှာဖြစ်ပြီး သူက ဘယ်တော့မှ ကွင်းထဲကနေ လူစားလဲခံရလို့ ထွက်တာမျိုး မဖြစ်ရပါဘူး။ သူက လူစားလဲလှယ်မခံရသင့်ဘူးဆိုတာကို ခင်ဗျား မေ့လို့မရဘူး။ ပွဲပြီးဆုံးခါနီးမှာတောင်မှ ပရိသတ်တွေရဲ့ လက်ခုပ်သြဘာပေးတာခံရဖို့အတွက် ခင်ဗျား လူစားလဲလှယ်လို့ မရနိုင်ပါဘူး”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မိုနာကိုအသင္းနဲ႔ တစ္ဖက္ ၁ ဂိုးစီ သေရက်ခဲ့တဲ့ ပြဲစဥ္မွာ လူစားလဲလွယ္ျခင္း ခံခဲ့ရၿပီးေနာက္ လီယြန္နယ္မက္ဆီရဲ႕ မ်က္ႏွာ အမူအရာဟာ ပရိသတ္ေတြအတြက္ ခံစားမႈေတြ အစုံအလင္ ေပးစြမ္းႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ေနမာရဲ႕ ဒုတိယပိုင္း ပင္နယ္တီက ကီဗင္ ေဗာ္လန္းရဲ႕ အဖြင့္ဂိုးကို ပယ္ဖ်က္ႏိုင္ခဲ့တာေၾကာင့္ လိဂန္းခ်န္ပီယံေတြဟာ ၄ ပြဲကစားၿပီးေနာက္မွာ အမွတ္ေပးဇယားထိပ္ဆုံးေနရာမွာ ရႈံးပြဲမရွိ ဆက္လက္ ရပ္တည္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီအသင္းအတြက္ ေနာက္ဆုံး ၂၂ ပြဲမွာ မိနစ္ ၉၀ အျပည့္ ပါဝင္ကစားေပးခဲ့ၿပီးေနာက္ မက္ဆီဟာ နည္းျပသစ္ ခရစၥတိုဖီ ဂဲလ္တီယာရဲ႕ လူစား လဲလွယ္ျခင္းကို ခံခဲ့ရတာျဖစ္ၿပီး အသင္းက အႏိုင္ဂိုး သြင္းဖို႔ ႀကိဳးပမ္းေနခ်ိန္ ၈၇ မိနစ္မွာ ပါဘလို ဆာရာဘီယာနဲ႔ လူစားလဲလွယ္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ကင္မရာေတြက အရန္ခုံတန္းမွာ ထိုင္ေနတဲ့ ဘလြန္ေဒါ ၇ ဆုရွင္ လီယြန္နယ္ မက္ဆီကို ႐ိုက္ျပခဲ့ခ်ိန္မွာေတာ့ အာဂ်င္တီးနားၾကယ္ပြင့္ဟာ ေတာ္ေတာ္ေလးကို စိတ္ပ်က္ၿပီး မေက်မနပ္ျဖစ္ေနခဲ့ပုံေပၚေနတာကို ျမင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။

ပုံမွန္အားျဖင့္ မက္ဆီလို ကမာၻ႔ထိပ္တန္းအဆင့္ ကစားသမားတစ္ဦးအေနနဲ႔ လူစားလဲလွယ္ျခင္းခံရတယ္ဆိုတာဟာ ဒဏ္ရာရသြားလို႔ သို႔မဟုတ္ အႏိုင္ေသခ်ာေနလို႔ ပရိသတ္ေတြ လက္ခုပ္တီးသံ နားေထာင္ၿပီး ကြင္းထဲကေန ထြက္ခြာရတာမ်ိဳးပဲ ျဖစ္ရမွာ ျဖစ္ပါတယ္။

ဘာစီလိုနာအသင္းနည္းျပေဟာင္း ပက္ ဂြါဒီယိုလာက အရင္တုန္းက ေျပာခဲ့ဖူးတဲ့ စကားတစ္ခြန္းက မွတ္တမ္းတစ္ခုအျဖစ္ ရွိေနခဲ့ၿပီး အဲဒီစကားကေတာ့ မက္ဆီဟာ ဘယ္လို အေျခအေနမ်ိဳးမွာမွ လူစားလဲလွယ္ျခင္း မခံရသင့္ဘူးဆိုတာပဲ ျဖစ္ပါတယ္။

“ခင္ဗ်ား သူ ဘာေျပာမလဲဆိုတာကို အရမ္းကို ဂ႐ုတစိုက္နဲ႔ နားေထာင္ရမွာျဖစ္ၿပီး သူက ဘယ္ေတာ့မွ ကြင္းထဲကေန လူစားလဲခံရလို႔ ထြက္တာမ်ိဳး မျဖစ္ရပါဘူး။ သူက လူစားလဲလွယ္မခံရသင့္ဘူးဆိုတာကို ခင္ဗ်ား ေမ့လို႔မရဘူး။ ပြဲၿပီးဆုံးခါနီးမွာေတာင္မွ ပရိသတ္ေတြရဲ႕ လက္ခုပ္ၾသဘာေပးတာခံရဖို႔အတြက္ ခင္ဗ်ား လူစားလဲလွယ္လို႔ မရႏိုင္ပါဘူး”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.