Article Bundesliga La Liga Ligue1 Other Leagues Premier League Serie A

ဥရောပထိပ်တန်းအသင်းတွေ ထင်ထားတာထက်ပိုပြီး ဂိုးမိုးရွာချခဲ့တဲ့ စနေတနင်္ဂနွေ

ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေ ရက်သတ္တပတ်မှာ ဥရောပရဲ့ ထိပ်တန်း အမှတ်ပေးပြိုင်ပွဲတွေကို စောင့်စားကြည့်ရှုသူ ပရိသတ်တွေအနေနဲ့ အသင်းကြီး၊ အသင်းလတ်တွေရဲ့ ထင်ထားတာထက် ပိုများတဲ့ သွင်းဂိုးတွေကို ရယူနိုင်ခဲ့တာကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ကြရပြီး ဂိုးပြတ်နိုင်ပွဲတွေကတော့ ဒီတစ်ပတ်မှာ တော်တော်လေးများခဲ့ပါတယ်။

စနေနေ့မှာ တစ်ပွဲမှ မနိုင်သေးတာကို ပေါက်ကွဲရင်း ဂိုးသွင်းရပ်ဖို့ ဘရိတ်မမိဘဲ စတင်လိုက်သူကတော့ လီဗာပူးလ်အသင်းဖြစ်ပြီး သူတို့အနေနဲ့ အိမ်ကွင်း အန်းဖီးလ်မှာ ဘုန်းမောက်အသင်းကို ကိုးဂိုး-ဂိုးမရှိနဲ့ ချေမှုန်းခဲ့သလို ဖာမီနိုနဲ့ လူးဝစ် ဒီယက်စ်က နှစ်ဂိုးစီ၊ ဗန်ဒိုက်၊ အဲလီးယော့၊ ကာဗာလ်ယို၊ အလက်ဇန်းဒါး-အာနိုးလ်ဒ်နဲ့ တစ်ဖက်နောက်ခံလူ မက်ဖမ် ကိုယ့်ဂိုးကိုယ်သွင်းတဲ့ တစ်ဂိုးစီနဲ့ ဒီလောက်များသွားခဲ့တာပါ။

အဲ့ဒီနေ့မှာပဲ နောက်ထပ် ဂိုးသွင်းကြမ်းသူကတော့ ဒီရာသီ ဘွန်ဒက်စ်လီဂါမှာ ပုံစံကောင်းနဲ့ အမှတ်ပေးဇယားမှာ ဘိုင်ယန်မြူးနစ်နဲ့ အမှတ်တူ ဖြစ်နေတဲ့ ယူနီယံဘာလင်ဖြစ်ပြီး အဝေးကွင်းမှာ ရှော်လ်ကာကို ခြောက်ဂိုး-တစ်ဂိုးနဲ့ နိုင်ပွဲဆင်ခဲ့သလို စကော့တလန်ကလပ် အဘာဒင်းန်က ငါးဂိုးပြတ်၊ ဒတ်ချ်ကလပ် ဖီယင်နု၊ ဘယ်လ်ဂျီယမ်ကလပ် ဂျင့်ခ်နဲ့ နောက်ထပ် စကော့တစ်သင်းဖြစ်တဲ့ ရိန်းဂျားစ်က လေးဂိုးသွင်းခဲ့ကြပါတယ်။

ပရီးမီးယားလိဂ်ကလပ် မန်စီးတီးနဲ့ ပဲလေ့စ်တို့ကတော့ နှစ်သင်းပေါင်း ခြောက်ဂိုးနဲ့ လေးဂိုး-နှစ်ဂိုးပွဲစဉ်ကို ဖော်ဆောင်ခဲ့ကြပြီး တိုက်စစ်မှူး အာလင်း ဟားလန်းကတော့ သူ့ရဲ့ ပထမဆုံး အင်္ဂလန်မြေက ဟက်ထရစ်ကို ရယူနိုင်ခဲ့သလို ၄ ပွဲမှာ ၆ ဂိုးသွင်းပြီး ရွှေဖိနပ်ဆုအတွက်လည်း ဟာရီကိန်း၊ မီထရိုဗစ်ချ်နဲ့ ရိုဒရီဂိုတို့ရဲ့ ရှေ့က နှစ်ဂိုးအသာနဲ့ ဦးဆောင်ခဲ့တာပါ။

တနင်္ဂနွေနေ့မှာတော့ မထင်မှတ်ထားတာကို လုပ်ပြသွားခဲ့သူတွေက ပရီးမီးယားလိဂ်တိုက်စစ်မှူးဟောင်း အိုလီဗီးယေး ဂျီရူးနဲ့အတူ ထင်ရှားခဲ့တဲ့ မောင့်ပယ်လီယာတို့ဖြစ်ပြီး သူတို့ကလည်း အဝေးကွင်းမှာ ဘရက်စ်အသင်းကို ခုနစ်ဂိုး-ဂိုးမရှိနဲ့ ပွဲကြမ်းခဲ့တာပါ။ ဘွန်ဒက်စ်လီဂါရဲ့ ဝါဒါဘရီမင်နဲ့ ဖရန့်ဖတ်တို့ရဲ့ ပွဲကလည်း ၇ ဂိုးသွင်းတဲ့ပွဲ ဖြစ်ခဲ့ပြီး ဧည့်သည် ဖရန့်ဖတ်တို့က လေးဂိုး-သုံးဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

အင်္ဂလန်က လီဗာပူးလ်တို့ရဲ့ စံချိန်ကို တနင်္ဂနွေနေ့မှာ လိုက်မီခဲ့သူကတော့ ရေမြေချင်း ဆက်နေတဲ့ စကော့တလန်က ဆဲလ်တစ်တို့ဖြစ်ကြပြီး ဂျပန်သား ဖူရူဟရှိရဲ့ ပထမပိုင်း ဟက်ထရစ်နဲ့ စဖွင့်ခဲ့သလို အစ္စရေးတောင်ပံသမား အဘာဒါကလည်း ဒုတိယပိုင်းမှာ ဟက်ထရစ်ယူခဲ့ပြီး အဝေးကွင်းမှာ ဒန်းဒီးယူနိုက်တက်ကို ကိုးဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံနိုင်ခဲ့ကြတာပါ။

ဒတ်ချ်ကလပ် ပီအက်စ်ဗီကတော့ ချန်ပီယံလိဂ် ခြေစစ်ပွဲက ပြုတ်ခဲ့ရမှုကို တုံ့ပြန်တဲ့အနေနဲ့ အဝေးကွင်းမှာ အိတ်ဆယ်လ်စီယာကို ဆန်ဂါရေး၊ ဆီမွန်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူခြောက်ဂိုး-တစ်ဂိုးနဲ့ အနိုင်ယူခဲ့ပြီး ပေါ်တူဂီကလပ် စပို့တင်း ဘရာဂါကလည်း အဝေးကွင်းမှာပဲ အရူကာကို ခြောက်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာကတော့ အိမ်ကွင်းမှာ ဗယ်လာဒိုလစ်ကို လေးဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့သလို စီးရီးအေတန်းတက် ဆာလာနီတာနာကလည်း ဆမ့်ဒိုးရီးယားကို လေးဂိုး-ဂိုးမရှိနဲ့ပဲ အနိုင်ယူခဲ့ပြီး ရုရှားကလပ် ဇင်းနစ်ကလည်း ဒီရလဒ်ပဲ ရယူခဲ့ချိန်မှာ လိုကိုမိုးတစ် မော်စကိုကတော့ အိုရင်ဘတ်ကို ငါးဂိုး-တစ်ဂိုးနဲ့ အိမ်ကွင်းမှာ အောင်ပွဲခံခဲ့တာပါ။

ဒါကတော့ ဒီတစ်ပတ် ဥရောပရဲ့ များပြားလွန်းခဲ့တဲ့ ဂိုးပြတ်နိုင်ပွဲတွေကို စုစည်းတင်ဆက်ပေးလိုက်တာဖြစ်ပြီး ဒီလိုမျိုး ပွဲရလဒ်တွေကြောင့် ပရိသတ်တွေအနေနဲ့ ဂိုးမသွင်းတတ်တဲ့၊ ဒါမှမဟုတ် ဂိုးသွင်းနည်းခဲ့တဲ့ ကိုယ်အားပေးရာ အသင်းတွေကိုတော့ စိတ်ပျက်နေနိုင်ကြကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ၿပီးခဲ့တဲ့ စေန၊ တနဂၤေႏြ ရက္သတၱပတ္မွာ ဥေရာပရဲ႕ ထိပ္တန္း အမွတ္ေပးၿပိဳင္ပြဲေတြကို ေစာင့္စားၾကည့္ရႈသူ ပရိသတ္ေတြအေနနဲ႔ အသင္းႀကီး၊ အသင္းလတ္ေတြရဲ႕ ထင္ထားတာထက္ ပိုမ်ားတဲ့ သြင္းဂိုးေတြကို ရယူႏိုင္ခဲ့တာကို မ်က္ဝါးထင္ထင္ ေတြ႕ျမင္ခဲ့ၾကရၿပီး ဂိုးျပတ္ႏိုင္ပြဲေတြကေတာ့ ဒီတစ္ပတ္မွာ ေတာ္ေတာ္ေလးမ်ားခဲ့ပါတယ္။

စေနေန႔မွာ တစ္ပြဲမွ မႏိုင္ေသးတာကို ေပါက္ကြဲရင္း ဂိုးသြင္းရပ္ဖို႔ ဘရိတ္မမိဘဲ စတင္လိုက္သူကေတာ့ လီဗာပူးလ္အသင္းျဖစ္ၿပီး သူတို႔အေနနဲ႔ အိမ္ကြင္း အန္းဖီးလ္မွာ ဘုန္းေမာက္အသင္းကို ကိုးဂိုး-ဂိုးမရွိနဲ႔ ေခ်မႈန္းခဲ့သလို ဖာမီႏိုနဲ႔ လူးဝစ္ ဒီယက္စ္က ႏွစ္ဂိုးစီ၊ ဗန္ဒိုက္၊ အဲလီးေယာ့၊ ကာဗာလ္ယို၊ အလက္ဇန္းဒါး-အာႏိုးလ္ဒ္နဲ႔ တစ္ဖက္ေနာက္ခံလူ မက္ဖမ္ ကိုယ့္ဂိုးကိုယ္သြင္းတဲ့ တစ္ဂိုးစီနဲ႔ ဒီေလာက္မ်ားသြားခဲ့တာပါ။

အဲ့ဒီေန႔မွာပဲ ေနာက္ထပ္ ဂိုးသြင္းၾကမ္းသူကေတာ့ ဒီရာသီ ဘြန္ဒက္စ္လီဂါမွာ ပုံစံေကာင္းနဲ႔ အမွတ္ေပးဇယားမွာ ဘိုင္ယန္ျမဴးနစ္နဲ႔ အမွတ္တူ ျဖစ္ေနတဲ့ ယူနီယံဘာလင္ျဖစ္ၿပီး အေဝးကြင္းမွာ ေရွာ္လ္ကာကို ေျခာက္ဂိုး-တစ္ဂိုးနဲ႔ ႏိုင္ပြဲဆင္ခဲ့သလို စေကာ့တလန္ကလပ္ အဘာဒင္းန္က ငါးဂိုးျပတ္၊ ဒတ္ခ်္ကလပ္ ဖီယင္ႏု၊ ဘယ္လ္ဂ်ီယမ္ကလပ္ ဂ်င့္ခ္နဲ႔ ေနာက္ထပ္ စေကာ့တစ္သင္းျဖစ္တဲ့ ရိန္းဂ်ားစ္က ေလးဂိုးသြင္းခဲ့ၾကပါတယ္။

ပရီးမီးယားလိဂ္ကလပ္ မန္စီးတီးနဲ႔ ပဲေလ့စ္တို႔ကေတာ့ ႏွစ္သင္းေပါင္း ေျခာက္ဂိုးနဲ႔ ေလးဂိုး-ႏွစ္ဂိုးပြဲစဥ္ကို ေဖာ္ေဆာင္ခဲ့ၾကၿပီး တိုက္စစ္မႉး အာလင္း ဟားလန္းကေတာ့ သူ႔ရဲ႕ ပထမဆုံး အဂၤလန္ေျမက ဟက္ထရစ္ကို ရယူႏိုင္ခဲ့သလို ၄ ပြဲမွာ ၆ ဂိုးသြင္းၿပီး ေ႐ႊဖိနပ္ဆုအတြက္လည္း ဟာရီကိန္း၊ မီထ႐ိုဗစ္ခ်္နဲ႔ ႐ိုဒရီဂိုတို႔ရဲ႕ ေရွ႕က ႏွစ္ဂိုးအသာနဲ႔ ဦးေဆာင္ခဲ့တာပါ။

တနဂၤေႏြေန႔မွာေတာ့ မထင္မွတ္ထားတာကို လုပ္ျပသြားခဲ့သူေတြက ပရီးမီးယားလိဂ္တိုက္စစ္မႉးေဟာင္း အိုလီဗီးေယး ဂ်ီ႐ူးနဲ႔အတူ ထင္ရွားခဲ့တဲ့ ေမာင့္ပယ္လီယာတို႔ျဖစ္ၿပီး သူတို႔ကလည္း အေဝးကြင္းမွာ ဘရက္စ္အသင္းကို ခုနစ္ဂိုး-ဂိုးမရွိနဲ႔ ပြဲၾကမ္းခဲ့တာပါ။ ဘြန္ဒက္စ္လီဂါရဲ႕ ဝါဒါဘရီမင္နဲ႔ ဖရန႔္ဖတ္တို႔ရဲ႕ ပြဲကလည္း ၇ ဂိုးသြင္းတဲ့ပြဲ ျဖစ္ခဲ့ၿပီး ဧည့္သည္ ဖရန႔္ဖတ္တို႔က ေလးဂိုး-သုံးဂိုးနဲ႔ အႏိုင္ရရွိခဲ့ပါတယ္။

အဂၤလန္က လီဗာပူးလ္တို႔ရဲ႕ စံခ်ိန္ကို တနဂၤေႏြေန႔မွာ လိုက္မီခဲ့သူကေတာ့ ေရေျမခ်င္း ဆက္ေနတဲ့ စေကာ့တလန္က ဆဲလ္တစ္တို႔ျဖစ္ၾကၿပီး ဂ်ပန္သား ဖူ႐ူဟရွိရဲ႕ ပထမပိုင္း ဟက္ထရစ္နဲ႔ စဖြင့္ခဲ့သလို အစၥေရးေတာင္ပံသမား အဘာဒါကလည္း ဒုတိယပိုင္းမွာ ဟက္ထရစ္ယူခဲ့ၿပီး အေဝးကြင္းမွာ ဒန္းဒီးယူႏိုက္တက္ကို ကိုးဂိုး-ဂိုးမရွိနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကတာပါ။

ဒတ္ခ်္ကလပ္ ပီအက္စ္ဗီကေတာ့ ခ်န္ပီယံလိဂ္ ေျခစစ္ပြဲက ျပဳတ္ခဲ့ရမႈကို တုံ႔ျပန္တဲ့အေနနဲ႔ အေဝးကြင္းမွာ အိတ္ဆယ္လ္စီယာကို ဆန္ဂါေရး၊ ဆီမြန္တို႔ရဲ႕ သြင္းဂိုးေတြနဲ႔အတူေျခာက္ဂိုး-တစ္ဂိုးနဲ႔ အႏိုင္ယူခဲ့ၿပီး ေပၚတူဂီကလပ္ စပို႔တင္း ဘရာဂါကလည္း အေဝးကြင္းမွာပဲ အ႐ူကာကို ေျခာက္ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရခဲ့တာျဖစ္ပါတယ္။

ဘာစီလိုနာကေတာ့ အိမ္ကြင္းမွာ ဗယ္လာဒိုလစ္ကို ေလးဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရခဲ့သလို စီးရီးေအတန္းတက္ ဆာလာနီတာနာကလည္း ဆမ့္ဒိုးရီးယားကို ေလးဂိုး-ဂိုးမရွိနဲ႔ပဲ အႏိုင္ယူခဲ့ၿပီး ႐ုရွားကလပ္ ဇင္းနစ္ကလည္း ဒီရလဒ္ပဲ ရယူခဲ့ခ်ိန္မွာ လိုကိုမိုးတစ္ ေမာ္စကိုကေတာ့ အိုရင္ဘတ္ကို ငါးဂိုး-တစ္ဂိုးနဲ႔ အိမ္ကြင္းမွာ ေအာင္ပြဲခံခဲ့တာပါ။

ဒါကေတာ့ ဒီတစ္ပတ္ ဥေရာပရဲ႕ မ်ားျပားလြန္းခဲ့တဲ့ ဂိုးျပတ္ႏိုင္ပြဲေတြကို စုစည္းတင္ဆက္ေပးလိုက္တာျဖစ္ၿပီး ဒီလိုမ်ိဳး ပြဲရလဒ္ေတြေၾကာင့္ ပရိသတ္ေတြအေနနဲ႔ ဂိုးမသြင္းတတ္တဲ့၊ ဒါမွမဟုတ္ ဂိုးသြင္းနည္းခဲ့တဲ့ ကိုယ္အားေပးရာ အသင္းေတြကိုေတာ့ စိတ္ပ်က္ေနႏိုင္ၾကေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.