Premier League Transfer News

မန်ယူနိုက်တက်ကြောင့် Domino Effect ထိပြီး ဇယားရှုပ်ကုန်ပြီဖြစ်တဲ့ ချဲလ်ဆီးနဲ့ အာဆင်နယ်

မန်ချက်စတာယူနိုက်တက်အသင်းဟာ တနင်္ဂနွေနေ့ညနေမှာ အိုင်းယက်အသင်းကနေ အန်တိုနီကို ပေါင် ၈၄ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

အိုင်းယက်စ်အသင်းဟာ အန်တိုနီကို ယခုနွေရာသီထက် ကျော်လွန်ပြီး ထိန်းသိမ်းထားချင်ခဲ့ပေမယ့်လည်း ကစားသမားကိုယ်တိုင်ကရော နည်းပြဟောင်း တန်ဟက်ကပါ တွန်းအားပေး လုပ်ဆောင်လာခဲ့တာကြောင့် အဆုံးမှာ အပြောင်းအရွှေ့ကို လက်ခံလိုက်ရတာဖြစ်ပါတယ်။

အိုင်းယက်စ်အသင်းဟာ အန်တိုနီကို ဆုံးရှုံးရတော့မှာဖြစ်တာကြောင့် ချဲလ်ဆီးအသင်းမှာ ရုန်းကန်နေရတဲ့ ကစားသမားဟောင်း ဟာကင်း ဇီယက်ရှ်ကို ပြန်လည်ခေါ်ယူပြီး အစားထိုးခေါ်ယူမှုအဖြစ် လုပ်ဆောင်သွားဖို့ ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက လန်ဒန်မှာ ချဲလ်ဆီးအသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းကလည်း ၂၀၂၀ မှာ အိုင်းယက်စ်ကနေ ပြောင်းရွှေ့လာပြီးကတည်းက အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရ ကစားသမားတစ်ဦးအဖြစ် သက်သေပြသဖို့ ရုန်းကန်နေရတဲ့ မော်ရိုကို ကြယ်ပွင့်ကို ရောင်းထုတ်ချင်နေတာဖြစ်ပြီး လက်ရှိမှာတော့ ချဲလ်ဆီးတောင်ပံကစားသမားဟာ အိုင်းယက်စ်ပြန်ဖို့ အနီးစပ်ဆုံးအခြေအနေမှာရှိနေပြီလို့ ဂီအန်လူကာ ဒီ မာဇီယိုရဲ့ ဖော်ပြချက်အရ သိရပါတယ်။

အဲဒါကြောင့် ချဲလ်ဆီးအသင်းဟာ ဇီယက်ရှ်ရဲ့နေရာမှာ အစားထိုးခေါ်ယူမှု ပြုလုပ်ဖို့အတွက် အာဆင်နယ်အသင်းကို ပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်နေတဲ့ ခရစ္စတယ် ပဲလေ့စ် တောင်ပံကြယ်ပွင့် ဝီးလ်ဖရက်ဒ် ဇာဟာကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားမှုကို ပြန်လည်အသက်သွင်းခဲ့တာဖြစ်ပါတယ်။

အိုင်ဗရီကို့စ်တောင်ပံကစားသမားဟာ အရင်တုန်းက ချဲလ်ဆီးအသင်းရဲ့ ပစ်မှတ်ဖြစ်ခဲ့ဖူးတဲ့ ကစားသမားဖြစ်ပေမယ့်လည်း ပဲလေ့စ်က ပြီးခဲ့တဲ့နွေရာသီမှာ တောင်းဆိုခဲ့တဲ့ ပြောင်းရွှေ့ကြေးဟာ ပေါင်သန်း ၉၀ ဝန်းကျင်ရှိနေခဲ့တာကြောင့် လက်လျှော့ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဇာဟာ ဟာ လက်ရှိမှာ ခရစ္စတယ် ပဲလေ့စ်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ထဲကို ရောက်ရှိနေပြီဖြစ်တာကြောင့် အဲဒီလောက်ပမာဏ ပေးချေရတော့မှာမဟုတ်ဘဲ ဆဲလ်ဟတ်စ် ပါ့ခ်က တာဝန်ရှိသူတွေလည်း ပြီးခဲ့တဲ့ အပြောင်းအရွှေ့ဈေးကွက်တွေတုန်းကလောက် လေသံမမာနိုင်တော့တာ ဖြစ်ပါတယ်။

ပက်ထရစ် ဗီယာရာဟာ ဇာဟာကို ထိန်းသိမ်းချင်နေပေမယ့်လည်း အသင်းက ချန်ပီယံလိဂ်မှာ ကစားချင်တဲ့ အိုင်ဗရီကို့စ်တောင်ပံကစားသမားရဲ့ ရည်မှန်းချက်ကို သိရှိနေသလို တောင်ပံကစားသမားအတွက် ယခုအချိန်ဟာ ကြီးမားတဲ့ ငွေကြေးပမာဏရရှိဖို့ နောက်ဆုံးအခွင့်အရေးလည်း ဖြစ်နေတာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ ဇာဟာအပေါ် စိတ်ဝင်စားမှု ပြန်လည်အသက်သွင်းခဲ့ပြီဖြစ်တာကြောင့် ယခုအပတ်အတွင်းမှာပဲ ခရစ္စတယ် ပဲလေ့စ်အသင်းနဲ့ ပြောဆိုဆွေးနွေးသွားလိမ့်မယ်လို့ The Independent က ဖော်ပြခဲ့ပြီး လင်းယုန်တွေအနေနဲ့ အိုင်ဗရီကို့စ် တောင်ပံကစားသမားအတွက် ပြောင်းရွှေ့ကြေး ဘယ်လောက်အထိ တောင်းဆိုသွားမလဲဆိုတာကို စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

အာဆင်နယ်အသင်းကလည်း ယခုနွေရာသီမှာ နိစ်အသင်းကို တစ်ရာသီ အငှားနဲ့ ထွက်ခွာသွားတဲ့ နီကိုလာ ပေပေရဲ့ နေရာမှာ အစားထိုးခေါ်ယူမှုအဖြစ် ခရစ္စတယ် ပဲလေ့စ်တောင်ပံကြယ်ပွင့် ဇာဟာနဲ့ ဝုလ်ဗ်စ်တောင်ပံကစားသမား ပက်ဒရို နေတိုတို့ကို ပစ်မှတ်ထားနေတာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်က စလိုက်တဲ့ အပြောင်းအရွှေ့ကြောင့် ယခုနွေရာသီအပြောင်းအရွှေ့ဈေးကွက် နောက်ဆုံးအပတ်မှာ ချဲလ်ဆီးနဲ့ အာဆင်နယ်တို့ Domino Effect နဲ့ ဘယ်လောက်အထိတောင် ဇယားရှုပ်ကုန်ကြမလဲဆိုတာကို စောင့်ကြည့်ဖို့သာ ကျန်တော့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ တနဂၤေႏြေန႔ညေနမွာ အိုင္းယက္အသင္းကေန အန္တိုနီကို ေပါင္ ၈၄ သန္းနဲ႔ ေခၚယူဖို႔ သေဘာတူညီမႈရရွိခဲ့ၿပီျဖစ္တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

အိုင္းယက္စ္အသင္းဟာ အန္တိုနီကို ယခုေႏြရာသီထက္ ေက်ာ္လြန္ၿပီး ထိန္းသိမ္းထားခ်င္ခဲ့ေပမယ့္လည္း ကစားသမားကိုယ္တိုင္ကေရာ နည္းျပေဟာင္း တန္ဟက္ကပါ တြန္းအားေပး လုပ္ေဆာင္လာခဲ့တာေၾကာင့္ အဆုံးမွာ အေျပာင္းအေ႐ႊ႕ကို လက္ခံလိုက္ရတာျဖစ္ပါတယ္။

အိုင္းယက္စ္အသင္းဟာ အန္တိုနီကို ဆုံးရႈံးရေတာ့မွာျဖစ္တာေၾကာင့္ ခ်ဲလ္ဆီးအသင္းမွာ ႐ုန္းကန္ေနရတဲ့ ကစားသမားေဟာင္း ဟာကင္း ဇီယက္ရွ္ကို ျပန္လည္ေခၚယူၿပီး အစားထိုးေခၚယူမႈအျဖစ္ လုပ္ေဆာင္သြားဖို႔ ၿပီးခဲ့တဲ့ရက္ပိုင္းကတည္းက လန္ဒန္မွာ ခ်ဲလ္ဆီးအသင္းနဲ႔ ေဆြးေႏြးမႈေတြ ျပဳလုပ္ေနခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းကလည္း ၂၀၂၀ မွာ အိုင္းယက္စ္ကေန ေျပာင္းေ႐ႊ႕လာၿပီးကတည္းက အသင္းမွာ ပုံမွန္ပြဲထြက္ခြင့္ရ ကစားသမားတစ္ဦးအျဖစ္ သက္ေသျပသဖို႔ ႐ုန္းကန္ေနရတဲ့ ေမာ္႐ိုကို ၾကယ္ပြင့္ကို ေရာင္းထုတ္ခ်င္ေနတာျဖစ္ၿပီး လက္ရွိမွာေတာ့ ခ်ဲလ္ဆီးေတာင္ပံကစားသမားဟာ အိုင္းယက္စ္ျပန္ဖို႔ အနီးစပ္ဆုံးအေျခအေနမွာရွိေနၿပီလို႔ ဂီအန္လူကာ ဒီ မာဇီယိုရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။

အဲဒါေၾကာင့္ ခ်ဲလ္ဆီးအသင္းဟာ ဇီယက္ရွ္ရဲ႕ေနရာမွာ အစားထိုးေခၚယူမႈ ျပဳလုပ္ဖို႔အတြက္ အာဆင္နယ္အသင္းကို ေျပာင္းေ႐ႊ႕ဖို႔ သတင္းေတြထြက္ေပၚေနတဲ့ ခရစၥတယ္ ပဲေလ့စ္ ေတာင္ပံၾကယ္ပြင့္ ဝီးလ္ဖရက္ဒ္ ဇာဟာကို ေခၚယူဖို႔အတြက္ စိတ္ဝင္စားမႈကို ျပန္လည္အသက္သြင္းခဲ့တာျဖစ္ပါတယ္။

အိုင္ဗရီကို႔စ္ေတာင္ပံကစားသမားဟာ အရင္တုန္းက ခ်ဲလ္ဆီးအသင္းရဲ႕ ပစ္မွတ္ျဖစ္ခဲ့ဖူးတဲ့ ကစားသမားျဖစ္ေပမယ့္လည္း ပဲေလ့စ္က ၿပီးခဲ့တဲ့ေႏြရာသီမွာ ေတာင္းဆိုခဲ့တဲ့ ေျပာင္းေ႐ႊ႕ေၾကးဟာ ေပါင္သန္း ၉၀ ဝန္းက်င္ရွိေနခဲ့တာေၾကာင့္ လက္ေလွ်ာ့ခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဇာဟာ ဟာ လက္ရွိမွာ ခရစၥတယ္ ပဲေလ့စ္နဲ႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္သက္တမ္း ေနာက္ဆုံးႏွစ္ထဲကို ေရာက္ရွိေနၿပီျဖစ္တာေၾကာင့္ အဲဒီေလာက္ပမာဏ ေပးေခ်ရေတာ့မွာမဟုတ္ဘဲ ဆဲလ္ဟတ္စ္ ပါ့ခ္က တာဝန္ရွိသူေတြလည္း ၿပီးခဲ့တဲ့ အေျပာင္းအေ႐ႊ႕ေဈးကြက္ေတြတုန္းကေလာက္ ေလသံမမာႏိုင္ေတာ့တာ ျဖစ္ပါတယ္။

ပက္ထရစ္ ဗီယာရာဟာ ဇာဟာကို ထိန္းသိမ္းခ်င္ေနေပမယ့္လည္း အသင္းက ခ်န္ပီယံလိဂ္မွာ ကစားခ်င္တဲ့ အိုင္ဗရီကို႔စ္ေတာင္ပံကစားသမားရဲ႕ ရည္မွန္းခ်က္ကို သိရွိေနသလို ေတာင္ပံကစားသမားအတြက္ ယခုအခ်ိန္ဟာ ႀကီးမားတဲ့ ေငြေၾကးပမာဏရရွိဖို႔ ေနာက္ဆုံးအခြင့္အေရးလည္း ျဖစ္ေနတာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ ဇာဟာအေပၚ စိတ္ဝင္စားမႈ ျပန္လည္အသက္သြင္းခဲ့ၿပီျဖစ္တာေၾကာင့္ ယခုအပတ္အတြင္းမွာပဲ ခရစၥတယ္ ပဲေလ့စ္အသင္းနဲ႔ ေျပာဆိုေဆြးေႏြးသြားလိမ့္မယ္လို႔ The Independent က ေဖာ္ျပခဲ့ၿပီး လင္းယုန္ေတြအေနနဲ႔ အိုင္ဗရီကို႔စ္ ေတာင္ပံကစားသမားအတြက္ ေျပာင္းေ႐ႊ႕ေၾကး ဘယ္ေလာက္အထိ ေတာင္းဆိုသြားမလဲဆိုတာကို ေစာင့္ၾကည့္ရေတာ့မွာျဖစ္ပါတယ္။

အာဆင္နယ္အသင္းကလည္း ယခုေႏြရာသီမွာ နိစ္အသင္းကို တစ္ရာသီ အငွားနဲ႔ ထြက္ခြာသြားတဲ့ နီကိုလာ ေပေပရဲ႕ ေနရာမွာ အစားထိုးေခၚယူမႈအျဖစ္ ခရစၥတယ္ ပဲေလ့စ္ေတာင္ပံၾကယ္ပြင့္ ဇာဟာနဲ႔ ဝုလ္ဗ္စ္ေတာင္ပံကစားသမား ပက္ဒ႐ို ေနတိုတို႔ကို ပစ္မွတ္ထားေနတာျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္က စလိုက္တဲ့ အေျပာင္းအေ႐ႊ႕ေၾကာင့္ ယခုေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္ ေနာက္ဆုံးအပတ္မွာ ခ်ဲလ္ဆီးနဲ႔ အာဆင္နယ္တို႔ Domino Effect နဲ႔ ဘယ္ေလာက္အထိေတာင္ ဇယားရႈပ္ကုန္ၾကမလဲဆိုတာကို ေစာင့္ၾကည့္ဖို႔သာ က်န္ေတာ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.