Serie A

ညီအစ်ကိုချင်း အထုပ်ဖြည်တဲ့ မားသီးယပ်စ်ရဲ့ အုပ်စုဖွဲ့ ငွေညှစ်မှုကို ပြန်ဖော်လိုက်တဲ့ ပေါ့ဂ်ဘာ

ပေါလ် ပေါ့ဂ်ဘာဟာ ၎င်းရဲ့အစ်ကိုဖြစ်သူ ရိုက်ကူးထားတဲ့ ဂျူဗင်တပ်ကစားသမားအကြောင်းနဲ့ပတ်သက်ပြီး အကြီးမားဆုံး ထုတ်ဖော်မှုကြီးဆိုတဲ့ ဗီဒီယိုဖိုင် ထွက်ပေါ်လာခဲ့ပြီးနောက် ငွေညှစ်မှုလို့ ရည်ညွှန်းတဲ့ ထုတ်ပြန်ကြေညာချက် ထုတ်ခဲ့ပါတယ်။

ဂီနီယာလက်ရွေးစင်ကစားသမားဟောင်း မားသီးယပ်စ် ပေါ့ဂ်ဘာဟာ ပြီးခဲ့တဲ့အပတ်မှာ အင်္ဂလိပ်၊ ပြင်သစ်၊ အီတလီ၊ စပိန် ဘာသာစကား ၄ မျိုးနဲ့ ညီဖြစ်သူ ပေါ့ဂ်ဘာနဲ့ သူ့ရဲ့ အေးဂျင့် ရာဖယ်လာ ပီမန်တာတို့နဲ့ပတ်သက်ပြီး ကြီးမားတဲ့ ထုတ်ဖော်မှုကြီးကို ပြုလုပ်သွားမယ်လို့ ပြောကြားထားတဲ့ ဗီဒီယိုတွေကို တင်ခဲ့တာဖြစ်ပါတယ်။

“ပြင်သစ်၊ အင်္ဂလိပ်၊ အီတလီ၊ စပိန်နဲ့ တစ်နည်းအားဖြင့် တစ်ကမ္ဘာလုံးက လူတွေ၊ ကျွန်တော့်ညီရဲ့ပရိသတ်တွေရောနဲ့ အဲဒီထက်တောင်ပိုတာက ပြင်သစ်အသင်းနဲ့ ဂျူဗင်တပ်၊ ကျွန်တော့်ညီ အသင်းဖော်တွေနဲ့ သူ့ စပွန်ဆာတွေအနေနဲ့ အဖြစ်မှန်တွေကို သိဖို့ သင့်ပါတယ်”

“သူက ပရိသတ်တွေရဲ့ ယုံကြည်မှု၊ လေးစားမှု၊ ချစ်ခင်မှုနဲ့ ထိုက်တန်လားဆိုတာကို အသိဉာဏ်နဲ့ ဆုံးဖြတ်ချက်ချနိုင်ဖို့ အသိပေးချင်တာပါ။ သူ့အနေနဲ့ ကမ္ဘာ့ဖလားမှာ ပြင်သစ်အသင်းအတွက် ကစားပေးဖို့ နေရာတစ်နေရာနဲ့ထိုက်တန်လား၊ ဂျူဗင်တပ်မှာ ပွဲထွက်ကစားသမားဖြစ်ဖို့ ထိုက်တန်လား၊ သူက ကစားသမားတိုင်းက သူ့ဘက်မှာ ရှိနေဖို့သင့်တဲ့ ယုံကြည်အားထားရတဲ့လူတစ်ယောက်လားဆိုတာ သိအောင်ပါ။ ခင်ဗျား ရာဖယ်လာ ပီမန်တာအကြောင်းလည်း ကြားမှာပါ။ ကျွန်တော်တို့ သူမရဲ့ ဂုဏ်သိက္ခာ၊ ပရော်ဖက်ရှင်နယ်ပီသမှု၊ သစ္စာစောင့်သိမှုနဲ့ မီနို ရွိုင်းအိုလာရဲ့အသင်းကို တာဝန်ယူဖို့ အခွင့်အရေးနဲ့ ထိုက်တန်မှုရှိ၊ မရှိဆိုတာကို သိအောင် ကျွန်တော်တို့ ပြောပြသွားမှာပါ”

“အမ်ဘာပေနဲ့ပတ်သက်ပြီးလည်း အရမ်းအရေးကြီးတဲ့အရာတွေကို ကျွန်တော် ပြောသွားမှာဖြစ်ပြီး ကျွန်တော့်စကားတွေ ဟုတ်၊ မဟုတ်ဆိုတာ အစစ်ဆေးခံနိုင်တဲ့ အရာတွေနဲ့ သက်သေတွေလည်း ရှိပါတယ်။ အရာအားလုံးက ပေါက်ကွဲလာနိုင်ပြီး ဆူညံသံတွေ အများကြီး ရှိလာနိုင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

အသက် ၂၉ နှစ်အရွယ် မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်ဟောင်းအပြင် မိခင်ဖြစ်သူ ရီအို မိုရီဘာနဲ့ အေးဂျင့် ပီမန်တာတို့ လက်မှတ်ထိုး ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာ အဲဒီဗီဒီယိုတွေဟာ ကံဆိုးစွာနဲ့ပဲ အံ့အားသင့်စရာမဟုတ်ဘူးလို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“သူတို့တွေဟာ ပေါလ် ပေါ့ဂ်ဘာကို အုပ်စုဖွဲ့ ခြိမ်းခြောက်ဖို့နဲ့ ငွေညှစ်ဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။ အီတလီနဲ့ ပြင်သစ်မှာရှိတဲ့ ကျွမ်းကျင်အဖွဲ့အစည်းတွေကို လွန်ခဲ့တဲ့ တစ်လလောက်ကတည်းက အသိပေးထားခဲ့ပြီး ဆက်လက်လုပ်ဆောင်နေဆဲဖြစ်တဲ့ စုံစမ်းစစ်ဆေးမှုတွေနဲ့ဆက်စပ်ပြီး နောက်ထပ် မှတ်ချက်ပေးစရာ မရှိပါဘူး”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မားသီးယပ်စ် ပေါ့ဂ်ဘာဟာ ဝရက်စ်ဟမ်း၊ ခရူ အလက်ဆန်ဒရာ၊ ပါတစ်ခ် သစ်ဆယ်တို့အပါအဝင် ပရော်ဖက်ရှင်နယ်ကလပ်အများအပြားအတွက် ကစားပေးခြ့သူဖြစ်ပြီး ပြီးခဲ့တဲ့အပတ် ဗီဒီယိုဖိုင်ထဲမှာ လူတွေအနေနဲ့ ၎င်းရဲ့ ညီဖြစ်သူဟာ ကမ္ဘာ့ဖလားမှာ ပြင်သစ်အသင်းအတွက် ကစားပေးဖို့ နေရာနဲ့ ထိုက်တန်လားဆိုတာကို သိဖို့လိုတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ပေါလ် ပေါ့ဂ်ဘာဟာ ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားတုန်းက ပြင်သစ်နဲ့အတူ ရရှိခဲ့တဲ့ ချန်ပီယံဘွဲ့ကို ယခုနှစ်နှောင်းပိုင်း ကာတာမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကာကွယ်ဖို့အတွက် ပြင်ဆင်နေတာဖြစ်ပြီး ယခုနွေရာသီအစောပိုင်းမှာ မန်ချက်စတာယူနိုက်တက်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် ဂျူဗင်တပ်ကို အလွတ်နဲ့ ပြန်လည်ပြောင်းရွှေခဲ့တာဖြစ်ပါတယ်။

ပြင်သစ်လက်ရွေးစင်ကွင်းလယ်ကြယ်ပွင့်ဟာ ၂၀၀၉ ခုနှစ်တုန်းက အသက် ၁၆ နှစ်သားအရွယ်မှာ Le Havre ကနေ အိုးထရက်ဖို့ဒ်ကို ပထမဆုံးရောက်ရှိလာခဲ့တာဖြစ်ပြီး ၂၀၁၂ ခုနှစ်မှာ မန်ချက်စတာယူနိုက်တက်က အလွတ်နဲ့ ထွက်ခွာခွင့်ပြုခဲ့ပြီးနောက် ဂျူဗင်တပ်ကို ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေပါလ္ ေပါ့ဂ္ဘာဟာ ၎ရဲ႕အစ္ကိုျဖစ္သူ ႐ိုက္ကူးထားတဲ့ ဂ်ဴဗင္တပ္ကစားသမားအေၾကာင္းနဲ႔ပတ္သက္ၿပီး အႀကီးမားဆုံး ထုတ္ေဖာ္မႈႀကီးဆိုတဲ့ ဗီဒီယိုဖိုင္ ထြက္ေပၚလာခဲ့ၿပီးေနာက္ ေငြညႇစ္မႈလို႔ ရည္ၫႊန္းတဲ့ ထုတ္ျပန္ေၾကညာခ်က္ ထုတ္ခဲ့ပါတယ္။

ဂီနီယာလက္ေ႐ြးစင္ကစားသမားေဟာင္း မားသီးယပ္စ္ ေပါ့ဂ္ဘာဟာ ၿပီးခဲ့တဲ့အပတ္မွာ အဂၤလိပ္၊ ျပင္သစ္၊ အီတလီ၊ စပိန္ ဘာသာစကား ၄ မ်ိဳးနဲ႔ ညီျဖစ္သူ ေပါ့ဂ္ဘာနဲ႔ သူ႔ရဲ႕ ေအးဂ်င့္ ရာဖယ္လာ ပီမန္တာတို႔နဲ႔ပတ္သက္ၿပီး ႀကီးမားတဲ့ ထုတ္ေဖာ္မႈႀကီးကို ျပဳလုပ္သြားမယ္လို႔ ေျပာၾကားထားတဲ့ ဗီဒီယိုေတြကို တင္ခဲ့တာျဖစ္ပါတယ္။

“ျပင္သစ္၊ အဂၤလိပ္၊ အီတလီ၊ စပိန္နဲ႔ တစ္နည္းအားျဖင့္ တစ္ကမာၻလုံးက လူေတြ၊ ကြၽန္ေတာ့္ညီရဲ႕ပရိသတ္ေတြေရာနဲ႔ အဲဒီထက္ေတာင္ပိုတာက ျပင္သစ္အသင္းနဲ႔ ဂ်ဴဗင္တပ္၊ ကြၽန္ေတာ့္ညီ အသင္းေဖာ္ေတြနဲ႔ သူ႔ စပြန္ဆာေတြအေနနဲ႔ အျဖစ္မွန္ေတြကို သိဖို႔ သင့္ပါတယ္”

“သူက ပရိသတ္ေတြရဲ႕ ယုံၾကည္မႈ၊ ေလးစားမႈ၊ ခ်စ္ခင္မႈနဲ႔ ထိုက္တန္လားဆိုတာကို အသိဉာဏ္နဲ႔ ဆုံးျဖတ္ခ်က္ခ်ႏိုင္ဖို႔ အသိေပးခ်င္တာပါ။ သူ႔အေနနဲ႔ ကမာၻ႔ဖလားမွာ ျပင္သစ္အသင္းအတြက္ ကစားေပးဖို႔ ေနရာတစ္ေနရာနဲ႔ထိုက္တန္လား၊ ဂ်ဴဗင္တပ္မွာ ပြဲထြက္ကစားသမားျဖစ္ဖို႔ ထိုက္တန္လား၊ သူက ကစားသမားတိုင္းက သူ႔ဘက္မွာ ရွိေနဖို႔သင့္တဲ့ ယုံၾကည္အားထားရတဲ့လူတစ္ေယာက္လားဆိုတာ သိေအာင္ပါ။ ခင္ဗ်ား ရာဖယ္လာ ပီမန္တာအေၾကာင္းလည္း ၾကားမွာပါ။ ကြၽန္ေတာ္တို႔ သူမရဲ႕ ဂုဏ္သိကၡာ၊ ပေရာ္ဖက္ရွင္နယ္ပီသမႈ၊ သစၥာေစာင့္သိမႈနဲ႔ မီႏို ႐ြိဳင္းအိုလာရဲ႕အသင္းကို တာဝန္ယူဖို႔ အခြင့္အေရးနဲ႔ ထိုက္တန္မႈရွိ၊ မရွိဆိုတာကို သိေအာင္ ကြၽန္ေတာ္တို႔ ေျပာျပသြားမွာပါ”

“အမ္ဘာေပနဲ႔ပတ္သက္ၿပီးလည္း အရမ္းအေရးႀကီးတဲ့အရာေတြကို ကြၽန္ေတာ္ ေျပာသြားမွာျဖစ္ၿပီး ကြၽန္ေတာ့္စကားေတြ ဟုတ္၊ မဟုတ္ဆိုတာ အစစ္ေဆးခံႏိုင္တဲ့ အရာေတြနဲ႔ သက္ေသေတြလည္း ရွိပါတယ္။ အရာအားလုံးက ေပါက္ကြဲလာႏိုင္ၿပီး ဆူညံသံေတြ အမ်ားႀကီး ရွိလာႏိုင္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

အသက္ ၂၉ ႏွစ္အ႐ြယ္ မန္ခ်က္စတာယူႏိုက္တက္ၾကယ္ပြင့္ေဟာင္းအျပင္ မိခင္ျဖစ္သူ ရီအို မိုရီဘာနဲ႔ ေအးဂ်င့္ ပီမန္တာတို႔ လက္မွတ္ထိုး ထုတ္ျပန္ခဲ့တဲ့ ထုတ္ျပန္ေၾကညာခ်က္ထဲမွာ အဲဒီဗီဒီယိုေတြဟာ ကံဆိုးစြာနဲ႔ပဲ အံ့အားသင့္စရာမဟုတ္ဘူးလို႔ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

“သူတို႔ေတြဟာ ေပါလ္ ေပါ့ဂ္ဘာကို အုပ္စုဖြဲ႕ ၿခိမ္းေျခာက္ဖို႔နဲ႔ ေငြညႇစ္ဖို႔ လုပ္ေဆာင္ေနတာျဖစ္ပါတယ္။ အီတလီနဲ႔ ျပင္သစ္မွာရွိတဲ့ ကြၽမ္းက်င္အဖြဲ႕အစည္းေတြကို လြန္ခဲ့တဲ့ တစ္လေလာက္ကတည္းက အသိေပးထားခဲ့ၿပီး ဆက္လက္လုပ္ေဆာင္ေနဆဲျဖစ္တဲ့ စုံစမ္းစစ္ေဆးမႈေတြနဲ႔ဆက္စပ္ၿပီး ေနာက္ထပ္ မွတ္ခ်က္ေပးစရာ မရွိပါဘူး”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အသက္ ၃၂ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ မားသီးယပ္စ္ ေပါ့ဂ္ဘာဟာ ဝရက္စ္ဟမ္း၊ ခ႐ူ အလက္ဆန္ဒရာ၊ ပါတစ္ခ္ သစ္ဆယ္တို႔အပါအဝင္ ပေရာ္ဖက္ရွင္နယ္ကလပ္အမ်ားအျပားအတြက္ ကစားေပးျခ့သူျဖစ္ၿပီး ၿပီးခဲ့တဲ့အပတ္ ဗီဒီယိုဖိုင္ထဲမွာ လူေတြအေနနဲ႔ ၎ရဲ႕ ညီျဖစ္သူဟာ ကမာၻ႔ဖလားမွာ ျပင္သစ္အသင္းအတြက္ ကစားေပးဖို႔ ေနရာနဲ႔ ထိုက္တန္လားဆိုတာကို သိဖို႔လိုတယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ေပါလ္ ေပါ့ဂ္ဘာဟာ ၂၀၁၈ ခုႏွစ္ ကမာၻ႔ဖလားတုန္းက ျပင္သစ္နဲ႔အတူ ရရွိခဲ့တဲ့ ခ်န္ပီယံဘြဲ႕ကို ယခုႏွစ္ေႏွာင္းပိုင္း ကာတာမွာ က်င္းပမယ့္ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ကာကြယ္ဖို႔အတြက္ ျပင္ဆင္ေနတာျဖစ္ၿပီး ယခုေႏြရာသီအေစာပိုင္းမွာ မန္ခ်က္စတာယူႏိုက္တက္နဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးၿပီးေနာက္ ဂ်ဴဗင္တပ္ကို အလြတ္နဲ႔ ျပန္လည္ေျပာင္းေ႐ႊခဲ့တာျဖစ္ပါတယ္။

ျပင္သစ္လက္ေ႐ြးစင္ကြင္းလယ္ၾကယ္ပြင့္ဟာ ၂၀၀၉ ခုႏွစ္တုန္းက အသက္ ၁၆ ႏွစ္သားအ႐ြယ္မွာ Le Havre ကေန အိုးထရက္ဖို႔ဒ္ကို ပထမဆုံးေရာက္ရွိလာခဲ့တာျဖစ္ၿပီး ၂၀၁၂ ခုႏွစ္မွာ မန္ခ်က္စတာယူႏိုက္တက္က အလြတ္နဲ႔ ထြက္ခြာခြင့္ျပဳခဲ့ၿပီးေနာက္ ဂ်ဴဗင္တပ္ကို ေျပာင္းေ႐ႊ႕သြားခဲ့တာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.