Match Report Serie A

၂ ဂိုးသွင်းထားတာတောင် လူစားလဲတဲ့ မော်ရင်ညိုရဲ့လက်ကို အနမ်းပေးပြီး အားလုံးကို ကြည်နူးစေခဲ့တဲ့ ဒီဘားလား

အင်္ဂါနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ရိုးမားနဲ့ မွန်ဇာတို့ရဲ့ ပွဲစဉ်မှာ အိမ်ရှင် ရောမသားတွေက ၃-၀ နဲ့ သက်တောင့်သက်သာ နိုင်ပွဲ ရရှိသွားခဲ့ပါတယ်။

ရိုးမားအသင်းအတွက် သွင်းဂိုးတွေကို ဒီဘားလားနဲ့ ရော်ဂျာ အီဘာညက်ဇ်တို့က သွင်းယူပေးသွားကြတာဖြစ်ပြီး ဒီနိုင်ပွဲကြောင့် ရိုးမားဟာ ရာသီအဖွင့် ၄ ပွဲကနေ ရမှတ် ၁၀ နဲ့ စီးရီးအေအမှတ်ပေးဇယားကို ထိပ်ဆုံးက ဦးဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ပထမပိုင်း ၁၈ မိနစ်မှာတော့ တမ်မီ အေဘရာဟမ် ကွင်းလယ်မှာ ခေါင်းတိုက်ပေးခဲ့တဲ့ ဘောလုံးကို ဒီဘားလားက ဂိုးရှေ့ထိ တောက်လျှောက်ဆွဲပြေးပြီး ဂိုးညာဖက်အောက်ထောင့်ကို အပြင်းကန်သွင်းယူပြီး ရိုးမားတို့ ဦးဆောင်ဂိုး စတင်ရရှိခဲ့တာဖြစ်ပါတယ်။

၃၂ မိနစ်မှာ တမ်မီ အေဘရာဟမ်ရဲ့ ဂိုးကန်သွင်းချက်ကို မွန်ဇာ ဂိုးသမား ပုတ်ထုတ်ကာကွယ်ရာကနေ ပြန်လျှံထွက်လာတဲ့ ဘောလုံးကို ဒီဘားလားက အပြေးဝင် ပိတ်သွင်းယူပြီး ရိုးမားအသင်း ဒုတိယမြောက် ဦးဆောင်ဂိုး ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ ဒီသွင်းဂိုးဟာ ဒီဘားလားရဲ့ စီးရီးအေ ဂိုး ၁၀၀ ပြည့်မြောက်တဲ့ သွင်းဂိုးလည်း ဖြစ်ခဲ့တာဖြစ်ပြီး ဂျူဗင်တပ်ကြယ်ပွင့်ဟောင်းဟာ ရောမကို ရောက်ရောက်ချင်း အကောင်းဆုံးပုံစံကို ဆက်လက်ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒုတိယပိုင်း ၆၁ မိနစ်မှာတော့ ရိုးမားအသင်း ထောင့်ကန်ဘော ကန်ခွင့် ရရှိခဲ့ရာမှာ ပယ်လီဂရီနီက ကန်တင်ပေးပို့ခဲ့ပြီး လူကပ်ထားတဲ့ကြားက ရော်ဂျာ အီဘာညက်ဇ်က ခေါင်းတိုက်ပြီး ရိုးမားအသင်းအတွက် တတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

၆၅ မိနစ်မှာ ရိုးမားအသင်းနည်းပြ ဟိုဆေး မော်ရင်ညိုက လူစားလဲလှယ်ပြီး ကစားကွက်ကို ပြောင်းလဲဖို့ ဆုံးဖြတ်ခဲ့ပုံပေါ်ပြီး ဟက်ထရစ်သွင်းဂိုး ရရှိဖို့ ကြိုးပမ်းနေတဲ့ ဒီဘားလားနဲ့ ဇာလက်ဗ်စကီးတို့ရဲ့နေရာမှာ အယ်လ်ရှာရာဝီ၊ စပီနာဇိုလာတို့ကို လူစားဝင်ကစားပေးခဲ့ပါတယ်။

ဒီဘားလားဟာ သွင်းဂိုး ၂ ဂိုး ယူထားနိုင်ခဲ့ပြီးဖြစ်တာတောင်မှ လူစားလဲလှယ်ခြင်း ခံခဲ့ရတဲ့အချိန်မှာ မပျော်မရွှင်ဖြစ်တဲ့ပုံစံမျိုး မရှိခဲ့ဘဲ နည်းပြ မော်ရင်ညိုရဲ့ ဆုံးဖြတ်ချက်ကို လေးစားကြောင်း ပြသခဲ့ပြီး အိုလင်ပီကို ကွင်းထဲက ပရိသတ်တွေရော၊ တကမ္ဘာလုံးက တိုက်ရိုက်ကြည့်ရှုနေတဲ့ ပရိသတ်တွေကို ကြည်နူးပျော်ရွှင်စေခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားတိုက်စစ်မှူးဟာ ၆၅ မိနစ်မှာ လူစားလဲလှယ်ခြင်းခံရပြီးနောက် ကွင်းဘေးစည်းကို ပရိသတ်တွေကို လက်ခုပ်တီးပေးရင်း လျှောက်လာခဲ့ပြီး နည်းပြ မော်ရင်ညိုနဲ့ နှုတ်ဆက်ရာမှာ လက်ကို ဆွဲယူပြီး အနမ်းပေးခဲ့တာဖြစ်ပါတယ်။

နည်းပြ မော်ရင်ညိုဟာ ဂျူဗင်တပ်အသင်းနဲ့ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်အပြီးမှာ ကစားသမားတွေကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ရာမှာ ကစားသမားတွေကြောင့် အရှက်ရမိတယ်လို့ ပြောကြားခဲ့ပြီး အထူးသဖြင့် အေဘရာဟမ်ကို ပြစ်တင်ခဲ့ပေမယ့်လည်း အင်္ဂါနေ့ညပွဲစဉ်မှာတော့ ကစားသမားတွေကို ချီးကျူး ဂုဏ်ပြုသွားခဲ့တာဖြစ်ပါတယ်။

“ဒီနေ့ တမ်မီ အေဘရာဟမ် ကစားသွားတဲ့ပုံစံကို ကျွန်တော် ကြိုက်တယ်လို့ ပြောချင်ပါတယ်။ ဒီညမှ ကျွန်တော့်ရဲ့ တမ်မီဖြစ်ခဲ့တာပါ။ ဒီပွဲက ပေါ်လိုရဲ့ ညနေခင်းဖြစ်ပေမယ့် တမ်မီက ထူးခြားဆန်းကြယ်ခဲ့ပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အဂၤါေန႔ညက ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ႐ိုးမားနဲ႔ မြန္ဇာတို႔ရဲ႕ ပြဲစဥ္မွာ အိမ္ရွင္ ေရာမသားေတြက ၃-၀ နဲ႔ သက္ေတာင့္သက္သာ ႏိုင္ပြဲ ရရွိသြားခဲ့ပါတယ္။

႐ိုးမားအသင္းအတြက္ သြင္းဂိုးေတြကို ဒီဘားလားနဲ႔ ေရာ္ဂ်ာ အီဘာညက္ဇ္တို႔က သြင္းယူေပးသြားၾကတာျဖစ္ၿပီး ဒီႏိုင္ပြဲေၾကာင့္ ႐ိုးမားဟာ ရာသီအဖြင့္ ၄ ပြဲကေန ရမွတ္ ၁၀ နဲ႔ စီးရီးေအအမွတ္ေပးဇယားကို ထိပ္ဆုံးက ဦးေဆာင္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။ ပထမပိုင္း ၁၈ မိနစ္မွာေတာ့ တမ္မီ ေအဘရာဟမ္ ကြင္းလယ္မွာ ေခါင္းတိုက္ေပးခဲ့တဲ့ ေဘာလုံးကို ဒီဘားလားက ဂိုးေရွ႕ထိ ေတာက္ေလွ်ာက္ဆြဲေျပးၿပီး ဂိုးညာဖက္ေအာက္ေထာင့္ကို အျပင္းကန္သြင္းယူၿပီး ႐ိုးမားတို႔ ဦးေဆာင္ဂိုး စတင္ရရွိခဲ့တာျဖစ္ပါတယ္။

၃၂ မိနစ္မွာ တမ္မီ ေအဘရာဟမ္ရဲ႕ ဂိုးကန္သြင္းခ်က္ကို မြန္ဇာ ဂိုးသမား ပုတ္ထုတ္ကာကြယ္ရာကေန ျပန္လွ်ံထြက္လာတဲ့ ေဘာလုံးကို ဒီဘားလားက အေျပးဝင္ ပိတ္သြင္းယူၿပီး ႐ိုးမားအသင္း ဒုတိယေျမာက္ ဦးေဆာင္ဂိုး ရရွိသြားခဲ့တာ ျဖစ္ပါတယ္။ ဒီသြင္းဂိုးဟာ ဒီဘားလားရဲ႕ စီးရီးေအ ဂိုး ၁၀၀ ျပည့္ေျမာက္တဲ့ သြင္းဂိုးလည္း ျဖစ္ခဲ့တာျဖစ္ၿပီး ဂ်ဴဗင္တပ္ၾကယ္ပြင့္ေဟာင္းဟာ ေရာမကို ေရာက္ေရာက္ခ်င္း အေကာင္းဆုံးပုံစံကို ဆက္လက္ျပသႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ဒုတိယပိုင္း ၆၁ မိနစ္မွာေတာ့ ႐ိုးမားအသင္း ေထာင့္ကန္ေဘာ ကန္ခြင့္ ရရွိခဲ့ရာမွာ ပယ္လီဂရီနီက ကန္တင္ေပးပို႔ခဲ့ၿပီး လူကပ္ထားတဲ့ၾကားက ေရာ္ဂ်ာ အီဘာညက္ဇ္က ေခါင္းတိုက္ၿပီး ႐ိုးမားအသင္းအတြက္ တတိယေျမာက္ ဦးေဆာင္ဂိုးကို သြင္းယူေပးသြားခဲ့တာျဖစ္ပါတယ္။

၆၅ မိနစ္မွာ ႐ိုးမားအသင္းနည္းျပ ဟိုေဆး ေမာ္ရင္ညိဳက လူစားလဲလွယ္ၿပီး ကစားကြက္ကို ေျပာင္းလဲဖို႔ ဆုံးျဖတ္ခဲ့ပုံေပၚၿပီး ဟက္ထရစ္သြင္းဂိုး ရရွိဖို႔ ႀကိဳးပမ္းေနတဲ့ ဒီဘားလားနဲ႔ ဇာလက္ဗ္စကီးတို႔ရဲ႕ေနရာမွာ အယ္လ္ရွာရာဝီ၊ စပီနာဇိုလာတို႔ကို လူစားဝင္ကစားေပးခဲ့ပါတယ္။

ဒီဘားလားဟာ သြင္းဂိုး ၂ ဂိုး ယူထားႏိုင္ခဲ့ၿပီးျဖစ္တာေတာင္မွ လူစားလဲလွယ္ျခင္း ခံခဲ့ရတဲ့အခ်ိန္မွာ မေပ်ာ္မ႐ႊင္ျဖစ္တဲ့ပုံစံမ်ိဳး မရွိခဲ့ဘဲ နည္းျပ ေမာ္ရင္ညိဳရဲ႕ ဆုံးျဖတ္ခ်က္ကို ေလးစားေၾကာင္း ျပသခဲ့ၿပီး အိုလင္ပီကို ကြင္းထဲက ပရိသတ္ေတြေရာ၊ တကမာၻလုံးက တိုက္႐ိုက္ၾကည့္ရႈေနတဲ့ ပရိသတ္ေတြကို ၾကည္ႏူးေပ်ာ္႐ႊင္ေစခဲ့တာျဖစ္ပါတယ္။

အာဂ်င္တီးနားတိုက္စစ္မႉးဟာ ၆၅ မိနစ္မွာ လူစားလဲလွယ္ျခင္းခံရၿပီးေနာက္ ကြင္းေဘးစည္းကို ပရိသတ္ေတြကို လက္ခုပ္တီးေပးရင္း ေလွ်ာက္လာခဲ့ၿပီး နည္းျပ ေမာ္ရင္ညိဳနဲ႔ ႏႈတ္ဆက္ရာမွာ လက္ကို ဆြဲယူၿပီး အနမ္းေပးခဲ့တာျဖစ္ပါတယ္။

နည္းျပ ေမာ္ရင္ညိဳဟာ ဂ်ဴဗင္တပ္အသင္းနဲ႔ တစ္ဖက္ ၁ ဂိုးစီ သေရက်ခဲ့တဲ့ ပြဲစဥ္အၿပီးမွာ ကစားသမားေတြကို ျပင္းျပင္းထန္ထန္ ေဝဖန္ခဲ့ရာမွာ ကစားသမားေတြေၾကာင့္ အရွက္ရမိတယ္လို႔ ေျပာၾကားခဲ့ၿပီး အထူးသျဖင့္ ေအဘရာဟမ္ကို ျပစ္တင္ခဲ့ေပမယ့္လည္း အဂၤါေန႔ညပြဲစဥ္မွာေတာ့ ကစားသမားေတြကို ခ်ီးက်ဴး ဂုဏ္ျပဳသြားခဲ့တာျဖစ္ပါတယ္။

“ဒီေန႔ တမ္မီ ေအဘရာဟမ္ ကစားသြားတဲ့ပုံစံကို ကြၽန္ေတာ္ ႀကိဳက္တယ္လို႔ ေျပာခ်င္ပါတယ္။ ဒီညမွ ကြၽန္ေတာ့္ရဲ႕ တမ္မီျဖစ္ခဲ့တာပါ။ ဒီပြဲက ေပၚလိုရဲ႕ ညေနခင္းျဖစ္ေပမယ့္ တမ္မီက ထူးျခားဆန္းၾကယ္ခဲ့ပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.