La Liga

မြောက်လန်ဒန်မှာလို ထင်ပြီး အကြွားသန်မိလို့ ဓားပြတွေ ဆော်ပလော်တီးတာခံလိုက်ရတဲ့ အူဘာမီယန်း

ဘာစီလိုနာတိုက်စစ်မှူး အူဘာမီယန်းဟာ တနင်္လာနေ့ မနက်အစောပိုင်းက ဘာစီလိုနာမြို့က နေအိမ်မှာ ဓားပြတိုက် အနုကြမ်းစီးခြင်းကို ခံခဲ့ရပြီး လက်နက်ကိုင် လုယက်သူအများအပြားရဲ့ ရိုက်နှက်ခြင်းကို ခံခဲ့ရတယ်လို့ သိရပါတယ်။

အနည်းဆုံး ၄ ဦးရှိတဲ့ လက်နက်ကိုင် လုယက်သူတွေဟာ ကက်စတယ်လဖဲလ်စ်က အိမ်ရာမှာရှိတဲ့ အူဘာမီယန်းရဲ့ ပန်းခြံထဲကို တံတိုင်းကျော် ဝင်ရောက်လာခဲ့ပြီး ဘာစီလိုနာတိုက်စစ်မှူးကို သေနတ်၊ သံတုတ်တွေနဲ့ ခြိမ်းခြောက် လုယက်ခဲ့တာဖြစ်ပါတယ်။

အနုကြမ်းသမားတွေဟာ အူဘာမီယန်းရဲ့ မီးခံသေတ္တာကို ခြိမ်းခြောက်ဖွင့်ခိုင်းခဲ့ပြီးနောက် လက်ဝတ်ရတနာတွေနဲ့အတူ ထွက်ပြေးလွတ်မြောက်သွားခဲ့တာဖြစ်ပြီး အာဆင်နယ်ကြယ်ပွင့်ဟောင်းဟာ ၎င်းရဲ့ ဇနီးဖြစ်သူ အလီရှာရဲ့ရှေ့မှာပဲ ဓားပြတွေရဲ့ ရိုက်နှက်ခြင်းကို ခံခဲ့ရပြီးနောက် ပြစ်မှုကျူးလွန်သူတွေဟာ အဖြူရောင် Audi A3 ကားနဲ့ ထွက်ပြေးသွားခဲ့တာဖြစ်တယ်လို့ သတင်းတွေအရ သိရပါတယ်။

အသက် ၃၃ နှစ်အရွယ် တိုက်စစ်မှူးဟာ ဇနီးဖြစ်သူ အလီရှာနဲ့ အေစီမီလန်မှာကစားခဲ့စဉ်အတွင်း တွေ့ဆုံခဲ့ပြီးနောက် လက်ထပ်ပေါင်းသင်းခဲ့တဲ့ ၁၀ နှစ်ကျော်ကာလအတွင်း သားသမီး ၂ ဦး ထွန်းကားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်အထိတော့ ဓားပြတိုက် အနုကြမ်းစီးခံရချိန်မှာ ကလေး ၂ ဦး အိမ်မှာ ရှိနေခဲ့လားဆိုတာကိုတော့ မသိရသေးဘဲ အလီရှာဟာ ဓားပြတွေ ထွက်သွားသွားချင်းပဲ စပိန်ရဲတပ်ဖွဲ့ကို အလျင်အမြန်အကြောင်းကြားခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ပြစ်မှုကျူးလွန်သူတွေကို တာဝန်ရှိသူတွေက ဖမ်းဆီးဖို့ ရှာဖွေနေကြပြီ ဖြစ်ပါတယ်။

အူဘာမီယန်းဟာ ချဲလ်ဆီးအသင်းဆီကနေ စိတ်ဝင်စားမှု ရရှိခဲ့ပြီးနောက် ပရီးမီးယားလိဂ်ကို ပြန်လည်ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်နေခဲ့ချိန်မှာ ဒီဖြစ်စဉ် ဖြစ်ပွားခဲ့တာဖြစ်ပြီး ဂါဘွန်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလကမှ အာဆင်နယ်ကနေ အလွတ်နဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။

အူဘာမီယန်းဟာ အမိုက်စား ပြိုင်ကစားတွေကို မောင်းနှင်ပြီး ဒီဇိုင်နာသီးသန့် ချုပ်ပေးထားတဲ့ အဝတ်အစားအကောင်းစားတွေနဲ့ လက်ဝတ်ရတနာတွေကို ပြသတတ်သူအဖြစ် လူသိများပြီး မြောက်လန်ဒန်မှာ ရှိတုန်းကတော့ အမြင်ကပ်သူတွေလောက်သာ ရှိခဲ့ကြပေမယ့်လည်း စပိန်နိုင်ငံမှာတော့ လူစုံ၊ စရိုက်စုံရှိတာကြောင့် ခံလိုက်ရတာဖြစ်ပါတယ်။

ဂါဘွန်တိုက်စစ်မှူးဟာ ခိုးဆိုးလုယက်သူတွေရဲ့ သားကောင်ဖြစ်ခဲ့တဲ့ ပထမဆုံးသော ကစားသမားတော့မဟုတ်ခဲ့ဘဲ ယခုလအစောပိုင်းကမှ နူးကမ့်ကို ပြောင်းရွှေ့လာခဲ့တဲ့ လီဗန်ဒေါ့ဗ်စကီးဆိုရင် အသင်းလေ့ကျင့်ရေးကွင်းအပြင်ဘက်မှာတင် ပေါင် ၅၉၀၀၀ တန်နာရီ အခိုးခံခဲ့ရပြီးဖြစ်ပါတယ်။

ဘာစီလိုနာအသင်းနဲ့ ညနေပိုင်း လေ့ကျင့်ရေးအစီအစဉ် မပြုလုပ်မီ လေ့ကျင့်ရေးကွင်းနားမှာ လာရောက်စောင့်ဆိုင်းနေတဲ့ ပရိသတ်တွေနဲ့ နှုတ်ဆက်နေချိန်မှာ လီဗန်ဒေါ့ဗ်စကီးရဲ့ကားတံခါးကိုဖွင့်ပြီး နာရီအပြင် လက်မှတ်ထိုးထားတဲ့စာအုပ်ကိုပါ မသွားခဲ့တာဖြစ်ပါတယ်။ ရဲတပ်ဖွဲ့က လျင်လျင်မြန်မြန်နဲ့ပဲ သံသယရှိသူကို ဖမ်းဆီးခဲ့ပြီးနောက် လေ့ကျင့်ရေးအစီအစဉ် မစတင်ခင်မှာပဲ လီဗန်ဒေါ့ဗ်စကီးရဲ့ နာရီကို ပြန်လည် ရရှိခဲ့တာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘာစီလိုနာတိုက္စစ္မႉး အူဘာမီယန္းဟာ တနလၤာေန႔ မနက္အေစာပိုင္းက ဘာစီလိုနာၿမိဳ႕က ေနအိမ္မွာ ဓားျပတိုက္ အႏုၾကမ္းစီးျခင္းကို ခံခဲ့ရၿပီး လက္နက္ကိုင္ လုယက္သူအမ်ားအျပားရဲ႕ ႐ိုက္ႏွက္ျခင္းကို ခံခဲ့ရတယ္လို႔ သိရပါတယ္။

အနည္းဆုံး ၄ ဦးရွိတဲ့ လက္နက္ကိုင္ လုယက္သူေတြဟာ ကက္စတယ္လဖဲလ္စ္က အိမ္ရာမွာရွိတဲ့ အူဘာမီယန္းရဲ႕ ပန္းၿခံထဲကို တံတိုင္းေက်ာ္ ဝင္ေရာက္လာခဲ့ၿပီး ဘာစီလိုနာတိုက္စစ္မႉးကို ေသနတ္၊ သံတုတ္ေတြနဲ႔ ၿခိမ္းေျခာက္ လုယက္ခဲ့တာျဖစ္ပါတယ္။

အႏုၾကမ္းသမားေတြဟာ အူဘာမီယန္းရဲ႕ မီးခံေသတၱာကို ၿခိမ္းေျခာက္ဖြင့္ခိုင္းခဲ့ၿပီးေနာက္ လက္ဝတ္ရတနာေတြနဲ႔အတူ ထြက္ေျပးလြတ္ေျမာက္သြားခဲ့တာျဖစ္ၿပီး အာဆင္နယ္ၾကယ္ပြင့္ေဟာင္းဟာ ၎ရဲ႕ ဇနီးျဖစ္သူ အလီရွာရဲ႕ေရွ႕မွာပဲ ဓားျပေတြရဲ႕ ႐ိုက္ႏွက္ျခင္းကို ခံခဲ့ရၿပီးေနာက္ ျပစ္မႈက်ဴးလြန္သူေတြဟာ အျဖဴေရာင္ Audi A3 ကားနဲ႔ ထြက္ေျပးသြားခဲ့တာျဖစ္တယ္လို႔ သတင္းေတြအရ သိရပါတယ္။

အသက္ ၃၃ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ဇနီးျဖစ္သူ အလီရွာနဲ႔ ေအစီမီလန္မွာကစားခဲ့စဥ္အတြင္း ေတြ႕ဆုံခဲ့ၿပီးေနာက္ လက္ထပ္ေပါင္းသင္းခဲ့တဲ့ ၁၀ ႏွစ္ေက်ာ္ကာလအတြင္း သားသမီး ၂ ဦး ထြန္းကားခဲ့တာ ျဖစ္ပါတယ္။

လက္ရွိအခ်ိန္အထိေတာ့ ဓားျပတိုက္ အႏုၾကမ္းစီးခံရခ်ိန္မွာ ကေလး ၂ ဦး အိမ္မွာ ရွိေနခဲ့လားဆိုတာကိုေတာ့ မသိရေသးဘဲ အလီရွာဟာ ဓားျပေတြ ထြက္သြားသြားခ်င္းပဲ စပိန္ရဲတပ္ဖြဲ႕ကို အလ်င္အျမန္အေၾကာင္းၾကားခဲ့တာျဖစ္ၿပီး လက္ရွိမွာေတာ့ ျပစ္မႈက်ဴးလြန္သူေတြကို တာဝန္ရွိသူေတြက ဖမ္းဆီးဖို႔ ရွာေဖြေနၾကၿပီ ျဖစ္ပါတယ္။

အူဘာမီယန္းဟာ ခ်ဲလ္ဆီးအသင္းဆီကေန စိတ္ဝင္စားမႈ ရရွိခဲ့ၿပီးေနာက္ ပရီးမီးယားလိဂ္ကို ျပန္လည္ေျပာင္းေ႐ႊ႕ဖို႔ သတင္းေတြ ထြက္ေပၚေနခဲ့ခ်ိန္မွာ ဒီျဖစ္စဥ္ ျဖစ္ပြားခဲ့တာျဖစ္ၿပီး ဂါဘြန္တိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့ ဇန္နဝါရီလကမွ အာဆင္နယ္ကေန အလြတ္နဲ႔ ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ပါတယ္။

အူဘာမီယန္းဟာ အမိုက္စား ၿပိဳင္ကစားေတြကို ေမာင္းႏွင္ၿပီး ဒီဇိုင္နာသီးသန႔္ ခ်ဳပ္ေပးထားတဲ့ အဝတ္အစားအေကာင္းစားေတြနဲ႔ လက္ဝတ္ရတနာေတြကို ျပသတတ္သူအျဖစ္ လူသိမ်ားၿပီး ေျမာက္လန္ဒန္မွာ ရွိတုန္းကေတာ့ အျမင္ကပ္သူေတြေလာက္သာ ရွိခဲ့ၾကေပမယ့္လည္း စပိန္ႏိုင္ငံမွာေတာ့ လူစုံ၊ စ႐ိုက္စုံရွိတာေၾကာင့္ ခံလိုက္ရတာျဖစ္ပါတယ္။

ဂါဘြန္တိုက္စစ္မႉးဟာ ခိုးဆိုးလုယက္သူေတြရဲ႕ သားေကာင္ျဖစ္ခဲ့တဲ့ ပထမဆုံးေသာ ကစားသမားေတာ့မဟုတ္ခဲ့ဘဲ ယခုလအေစာပိုင္းကမွ ႏူးကမ့္ကို ေျပာင္းေ႐ႊ႕လာခဲ့တဲ့ လီဗန္ေဒါ့ဗ္စကီးဆိုရင္ အသင္းေလ့က်င့္ေရးကြင္းအျပင္ဘက္မွာတင္ ေပါင္ ၅၉၀၀၀ တန္နာရီ အခိုးခံခဲ့ရၿပီးျဖစ္ပါတယ္။

ဘာစီလိုနာအသင္းနဲ႔ ညေနပိုင္း ေလ့က်င့္ေရးအစီအစဥ္ မျပဳလုပ္မီ ေလ့က်င့္ေရးကြင္းနားမွာ လာေရာက္ေစာင့္ဆိုင္းေနတဲ့ ပရိသတ္ေတြနဲ႔ ႏႈတ္ဆက္ေနခ်ိန္မွာ လီဗန္ေဒါ့ဗ္စကီးရဲ႕ကားတံခါးကိုဖြင့္ၿပီး နာရီအျပင္ လက္မွတ္ထိုးထားတဲ့စာအုပ္ကိုပါ မသြားခဲ့တာျဖစ္ပါတယ္။ ရဲတပ္ဖြဲ႕က လ်င္လ်င္ျမန္ျမန္နဲ႔ပဲ သံသယရွိသူကို ဖမ္းဆီးခဲ့ၿပီးေနာက္ ေလ့က်င့္ေရးအစီအစဥ္ မစတင္ခင္မွာပဲ လီဗန္ေဒါ့ဗ္စကီးရဲ႕ နာရီကို ျပန္လည္ ရရွိခဲ့တာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.